Update News:
အခုတလောကံကောင်းနေပုံကတော့ ကြံကြံဖန်ဖန်ကံကောင်းနေတယ်လို့ပဲပြောရလောက်အောင်ပါပဲ...။
အခုလည်းဆရာတော် ဦးဇောတိကစာအုပ်ကို pdf လုပ်ထားပြီးသားရပြီလို့ သတင်းကောင်းကြားပါတယ်။ ပဒုမ္မာ forum မှာ link တင်ထားတယ်လို့ပြောပါတယ်။ ကိုယ်တိုင်လည်း ကူးပြီးသားလူတစ်ယောက်ဆီကယူပြီး ဒီမှာ ဆက်တင်ဖြစ်မယ်ထင်ပါတယ်။ download link ကိုတော့ ဒီမှာမတင်ထားတော့ပါဘူး။ forum မှာသာ member ၀င်ပြီးဒေါင်းလုပ် လုပ်နိုင်ပြီဆိုတာကို အကြောင်းကြားပေးပါတယ်။
ဆရာတော့် စာအုပ် အသစ်တစ်အုပ်ကို ပူဇော်ဖြစ်ပါတယ် ...။
(၀ယ်ယူ)ပူဇော်ဖို့ မလွယ်တဲ့ အရပ်ရောက်နေတဲ့ သူတွေအတွက် အစ အဆုံး ရိုက်ပြီးတင်ပေးဖို့စိတ်ကူးထားပါတယ် ...။ (စာကူရိုက်ပေးနေကြတဲ့ မိတ်ဆွေကောင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။) အချိန် တစ်လလောက်ကြာမယ်လို့ အကြမ်းဖျင်းသတ်မှတ်ထားပါတယ်။
ရိုက်တာတွေပြီးရင် pdf လုပ်ပြီး share ဖို့လည်းစဉ်းစားထားပါတယ်။ အဲဒါကိုတော့ ရေတံခွန်စာပေကို အရင်မေးကြည့်ပါဦးမယ်။ သူတို့ခွင့်ပြုရင် pdf ဖြစ်လာမှာပါ။
Sigapore မှာရှိကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုတော့ Peninsula Plaza မှာ (၀ယ်ယူ)ပူဇော်နိုင်တဲ့အကြောင်း အကြောင်းကြားပေးပါတယ်။
စာလာဖတ်သူတွေအားလုံး စိတ်ချမ်းသာကြပါစေ ...။
လာမဖတ်သူတွေအားလုံးလည်း စိတ်ချမ်းသာကြပါစေ ..
ခင်မင်စွာဖြင်
့ Z
စာမျက်နှာ (၄၅) အထိ တင်ထားပါသည်။


Peace B with U.