Saturday, November 7, 2009
ဖတ်မိတဲ့ကဗျာ
Thursday, November 5, 2009
Tag ... Tag & Tag
1. What is your name : Zephyr
(:!!!!!Pls be careful ...!!!!! Your bad pronunciation can be hazardous to my pen name)
2. A four Letter Word : Zero (That Zero is what I got for this life and afterlife or beyond that ....)
3. A boy's Name : Zephyr (Correct? I think I am still a boy, if you watched hell boy, you will see that old guy also is a boy ... I am younger than HELL BOY)
4. A girl's Name : Zeus (Sure .. the Old God has been t-girl now (can say MTF(Male to Female) transsexual or transgender girl now ... If you don't know about Zeus' latest situation, please wait, my book will come out soon ... :P ))
5. An occupation : Zookeeper (Another one is Zoologist, this is an value added answer for my sweet customer ... ask one get one free ....promo !!! Yee-Haw!!!)

6. A color : Zaffre - (a deep blue and orange pigment)
7. Something you'll wear : zucchetto (This one is for high rank clergy in christianity)
8. A food : Zingers (snack cakes like Twinkies) (Frankly I don't know what's that but it is a question, so I don't wanna leave a blank. And fortunately, it is not an exam with negative points system ... )
9. Something found in the bathroom : z Z Z Z ....(The snoring rhyme of the shampoo, shower foam, and facial foam, of course, you can find by your mind only ...)
10. A place : Zephyr's bed
11. A reason for being late : Zephyr is Zephyr ...(This is my bad habit to go somewhere in time ... It seems to be quite boring and even for going to office, I come late and work late and go back home late and sleep late and woke up late)
12. Something you'd shout : Zip မပါလာရင် ဘာကို ကုတ်ပြီး နတ်ပြည်ပို့မလဲ။
13. A movie title : Zoom (Just found in web, I didn't watch this movie)
14. Something you drink : Zip (soft drink in Israel) (I don't know what's that .. but I chose one of the non-alcoholic beverages)

15. A musical group : Zombie Zephyr ....(Yeah you will not know this group yet, we are still finding correct players for our band, for me, I will paly Wah_Lat_Khoke)
16. An animal : Zephyr Ant. This is my name when I was an animal long time ago. May be I bit your neck and you squeezed my head and ended my life. Who knows!
17. A street name : Zephyr Street. Very clear ... I gave the name to the street in front of my house. No one called this street Zephyr Street though, it is OK.
18. A type of car : - (I don't know. I am an environmentalist and I will not buy a car in my life. Not interested in it.)
19. The title of a song : - Zig Zag Stories (Vanilla Ice )
20. A verb : Zonk out (Fall asleep)

Monday, November 2, 2009
ခါလီဂျီဘရမ်နှင့် လမ်းလျှောက်ထွက်ခြင်း
Saturday, October 31, 2009
ကျွန်တော်နှင့် မော်ဒန်


-the-key.jpg)

Friday, October 30, 2009
လူနှင့် ကြီးမြတ်ခြင်း ၀ိသေသ
အခုအချိန်မှာ အကြိုက်ဆုံး Quotation တစ်ခုက
The only difference between you and God is that you have forgotten you are divine.
ဘုရားသခင် နဲ့ သင်နဲ့ ကြားမှာ တစ်ခုတည်းသော ကွာခြားချက်က သင်က သင်ရဲ့ ကြီးမြတ်မှုကို မေ့ပစ်လိုက်တာ။
ဒီ အဆိုအမိန့်ကို The Lost Symbol စာအုပ်ကနေ တွေ့တာပါ။ Peter Solomon က Langdon ကို ပြောခဲ့တဲ့စကားပါ။
“A wise man once told me,” Peter said, his voice faint now, “the only difference between you and God is that you have forgotten you are divine.”
... လူတစ်ယောက်စီမှာ ရှိတဲ့ ပင်ကိုယ် စွမ်းအင်တွေအကြောင်းကို တွေးမိပါတယ်။ အဓိက တရားခံကတော့ Dan Brown စာအုပ်ဖြစ်ပါလိမ့်မယ်။ Dan Brown က နောက်ဆုံး ၁၅ မျက်နှာလောက်မှာ (သူ့ဗီလိန်ကို သတ်ပြီးတဲ့နောက်မှာ) သူပြောချင်တာတွေကို လူသုံးယောက်နေရာကနေမရပ်မနား မောစရာကောင်းလောက်အောင် ပြောသွားပါတယ်။ အဓိကပြောသွားတဲ့ အချက်က သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ လူတွေရဲ့ စိတ်စွမ်းအင်ကို အပြည့်အ၀ အသုံးချပြီး လူတွေဟာ ကိုယ့်ပင်ကိုယ် ကြီးမြတ်မှုကို ပြန်ရှာဖွေကြဖို့ဖြစ်ပါတယ်။ ကျမ်းစာကို OPV(Other Point of View) ကနေ သုံးသပ်ထားတာမျိုးကို တွေ့ရပါတယ်။ သမထအကြောင်းကို နည်းနည်း တို့ထားပါတယ်။.... တို့ထားတာမှန်းလည်း သိသာပါတယ်။ သေချာတာကတော့ နောက်ဆုံး ရှစ်မျက်နှာလောက်က ခရစ်ဝင်ကျမ်းတွေကို တီးမိခေါက်မိရင် တော်တော်လေးကို အသေးစိတ်ရေးထားတာကိုတွေ့ရပါလိမ့်မယ်။ ဇာတ်သိမ်းခန်းက ဒါဗင်ချီကုတ်ထ်ရဲ့ ဇာတ်သိမ်းခန်းနဲ့ တော်တော်လေးတူပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံး သူပြောချင်တာမပြောလိုက်ရတဲ့ ဒန်ဘရောင်းဟာ ဇာတ်သိမ်းမှာတော့ မြန်မာကားတွေ အကယ်ဒမီမှန်းထားတဲ့ ဒိုင်ယာလော့ခ်ဆန်ဆန်ပြောသွားပါတယ်။(နမူနာပြရရင်တော့ ငါ၊သူတပါး၊ယောကျာ်း၊ မိန်းမ ဆိုတဲ့ ကားမှာ ခင်ဇာခြည်ကျော်ကဆေးရုံမှာ သေလုမျောပါး မယ်သီလရှင်(ဆရာလေး) အဖြစ်သရုပ်ဆောင်ရင်း မရပ်မနား စကား မိနစ် ၂၀ လောက်ပြောသွားသလိုမျိုးလို့ အကြမ်းဖျင်းနားလည်စေချင်ပါတယ်။)
ကျမ်းစာမှာပါဝင်တဲ့ Temple ဆိုတဲ့ စကားလုံးဟာ ခန္ဓာအိမ်လို့ အဓိပ္ပါယ်ဖွင့်လိုက်တာကတော့ သေချာပါတယ်။ အရှေ့တိုင်း အယူအဆပါ။ ပြောမယ့်သာပြောရတယ်။ အနောက်တိုင်းကသူတွေက သိပ်သနားစရာကောင်းပါတယ်။ ရှိသမျှ ဘာသာကြီးတွေက ဘုရားတွေ(ဘုရားကြီးတွေ) ဟာ အရှေ့တိုင်းသားတွေပါပဲ။ ဒီကိစ္စက လူဖြူကလေးတွေကို အရှေ့တိုင်းသားတွေအနေနဲ့ ဘုရားမဖြစ်နိုင်တဲ့ လူတွေလို့ နှိမ်ချင်စရာကောင်းတဲ့ အချက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရှေ့တိုင်းဒဿနတွေကို လှလှပပ ဆက်စပ်ပြလိုက်တာကတော့ ယုတ္တိဗေဒကို ကျကျနနတတ်မြောက်ထားတဲ့ သိပ္ပံသမားစစ်စစ်ဖြစ်တယ်ဆိုတာကို သက်သေထူလိုက်ရာရောက်ပါတယ်။ Dan Brown ရဲ့ စာအုပ်တစ်အုပ်စာ ဗဟုသုတအတွက် သူ အနည်းဆုံး အချိန် တစ်နှစ်ကျော်လောက် စုဆောင်းရလိမ့်မယ်လို့ တွေးကြည့်မိတယ်။ သူ့အဆိုအရ GOD ဆိုတဲ့ စကားရဲ့ရင်းမြစ်က ဘုရားသခင်လို့ တစ်ဆူတည်းကို မရည်ညွှန်းဘူး။ ဘုရားများလို့အဓိပ္ပာယ်ရတယ်လို့ဆိုပါတယ်။ သူက ဘယ်လို တွေးသလဲဆိုတော့ ဘုရားက လူကိုဖန်ဆင်းတယ်ဆိုရင်တောင် လူကောင်ကြီးကို ဖန်ဆင်းလိုက်တာမျိုးမဟုတ်ဘဲ စိတ်ကိုဖန်ဆင်းခဲ့တာလို့ဆိုတယ်။ လူတွေရဲ့စိတ်ဟာ ရုပ်ဝတ္ထုတွေကို ဆက်လက်ဖန်ဆင်းသွားတာလို့ ဆိုတယ်။ လူတွေရဲ့စိတ်တွေဟာ ဘုရားရဲ့ စိတ်နဲ့ထပ်တူပဲ ဆိုတဲ့ အယူအဆမျိုးကိုထောက်ပြပါတယ်။ သဘောထားကွဲလွဲနိုင်စရာတွေရှိကောင်းရှိနိုင်ပေမယ့် ဒီအမြင်မျိုးကိုလည်း သေချာတွေးကြည့်ဖို့ကောင်းပါတယ်။ ဒီအယူအဆက ပြင်ပမှာရှိတာတွေအပေါ် စိတ်က လွှမ်းမိုးတယ်ဆိုတဲ့ အယူအဆကို ဖြစ်စေပါတယ်။ ပြီးတော့ ဘုရားနဲ့လူတွေဟာ အဆင့်တူတွေဖြစ်လာစေပါတယ်။ ဆိုလိုတာက လူ့စိတ်ဟာ ဘုရားအဖြစ် အထိ မြင့်မားနိုင်တဲ့ အစွမ်းတွေရှိရက်နဲ့ လူဆန်ဆန်ပဲ ကိုယ့်တက်လမ်းကိုယ်ပိတ်လိုက်တယ်လို့ သူကဆိုလိုချင်ပါတယ်။ ခရစ်ဝင်ကျမ်းတွေမှာလည်း ဘုရားက လူဟာ သူနဲ့ထပ်တူဖန်ဆင်းတယ်ဆိုတာမျိုးပါတယ်လို့ဆိုပါတယ်။ လူက အဖန်ဆင်းခံနေရာမှာသွားနေလိုက်ရာကနေ သူ့မှာ ဖန်ဆင်းနိုင်တဲ့ တန်ခိုးတွေ ပျောက်ဆုံးလာတယ်လို့ စာရေးဆရာကဆိုလိုချင်ပုံရပါတယ်။ အထူးသဖြင့် လူရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်လိုက်တာကိုသဘောကျပါတယ်။
ဘုရားဖြစ်တာမဖြစ်တာ အပထား၊ လူဆိုတာ မြင့်မြတ်တဲ့စိတ်နဲ့မွေးကတည်းက for granted ဘုရားဖြစ်ခွင့်ရနေတာဆိုတာကိုက တော်တော်ကျေနပ် စရာကောင်းပါတယ်။ လုတစ်ယောက်စီဟာ တွေးနိုင်သလောက်၊ စိတ်ကူးနိုင်သလောက် ဖြစ်လာနိုင်တယ်ဆိုတာကို သဘောကျပါတယ်။ လူတွေရဲ့ ဖြစ်နိုင်စွမ်းကို စာရေးဆရာက အများကြီးပြောချင်ပုံရပါတယ်။ သူ့ ဇာတ်လမ်းအရ သူ့ဗီလိန်ကို မသတ်ချင်သတ်ချင်သတ်လိုက်ရတဲ့နောက်ပိုင်းမှာ စာရေးဆရာဟာ သူ့ အဓိက ဒဿနကို ဆက်ပြီး ပြောသွားပုံက ရုတ်တရတ် ချိုးကွေ့သွားသလိုမျိုး ... Order တွေထဲမှာ ရုတ်တရတ် Chaos ၀င်လာသလိုဖြစ်နေနိုင်ပါတယ်။ ဒါကလည်း သူတကယ်ပြောချင်တဲ့အချက်ပါ။ ခရစ်ယာန်တွေအတွက်တော့ နားလည်ရတာမခက်လောက်ဘူး ထင်ပါတယ်။ ခရစ်ယာန်မဟုတ်တဲ့ သူတွေအတွက်တော့ နောက်ဆုံး ၁၇ မျက်နှာက အကောက်အယူလွဲစရာ တရားဟောချက်လိုလိုဖြစ်နေနိုင်ပါတယ်။ Dan Brown ဟာ သေချာတာကတော့ ဘာသာတရားကို အမြင်သစ်တစ်ခုကနေ လေ့လာနေတဲ့သူတစ်ယောက်လို့ သူ့စာတွေအရသိနိုင်မှာပါ ။ သူက သေချာတဲ့ သိပံ္ပနယ်မြေမှာ ခြေတစ်လှမ်းအခိုင်ထားပြီး နောက်တစ်လှမ်းကို ဘာသာရေးဘက်ကို လှမ်းကြည့်နေတဲ့သူပါ။ ဒီစာအုပ်မှာဆိုရင်လည်း သမထကြောင့် ဦးနှောက်မှာ ဓာတ် တစ်မျိုးဖြစ်ပေါ်လာပြီး အဲဒီဓာတ်ဟာ ရောဂါတွေကို ပျောက်ကင်းစေတယ်ဆိုတာကို ထည့်ရေးထားပါတယ်။ ဒါကိုကြည့်ရင် သူက သူသိသလောက် အထောက်အထားအရပဲ ယုံနိုင်တယ်လို့ ယူဆစရာရှိပါတယ်။
ဒီတစ်အုပ်အရ Dan Brown ကို ခရစ်ယာန်တော်တော်များများ အမြင်ပြန်ကြည်လာစရာရှိပြီး Free Masons တွေကတော့ နည်းနည်းစိတ်ခုစရာရှိပါလိမ့်မယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဘုရားအဖြစ်ကိုမေ့လျော့ပြီး အသနားခံနေတဲ့ သိမ်ငယ်တဲ့သူ၊ တစ်ခုခုလိုချင်လို ဆုတောင်းနေတတ်ရုံလောက်လူ သာမန်မဟုတ်ဘူး ဆိုတဲ့အချက်ကိုတော့ သေချာတွေးချင်ပါသေးတယ်။
လူတွေဟာ မွေးလာတုန်းက ဘာမှမဟုတ်တာချင်းတူပေမယ့် သေဆုံးသွားတဲ့အခါ လူတစ်ချို့က သိပ်ကြီးမြတ် ခမ်းနားတာတွေ အများအပြား လုပ်ဆောင်ခဲ့ပြီး တစ်ချို့ကတော့ ဘာမှမလုပ်သွားဘဲသေသွားတယ်။ လူတွေက သူတို့အရည်အချင်းကို တကယ်သိပြီဆိုပါတော့ … စိတ်တွေဟာ ရုပ်ဝတ္ထုတွေကို လွှမ်းမိုးနိုင်တာကို နားလည်လာပြီဆိုပါတော့ … အဲဒီအချိန်ကြရင်တော့ လူတွေဟာ စိတ်ကို ပိုတန်ဖိုးထားလာမှာပါ။
ရုပ်ဝတ္ထုတွေကို သိပ်အသားပေးလာတဲ့ ခေတ်ထဲမှာ စိတ်ဟာ အရေးကြီးတယ်လို့ ဘယ်သူရေးရေး သဘောကျနေဦးမှာပါ။ ဘုရားလို တန်ခိုးကြီးလာမှာ မကြီးလာမှာ ခဏထားလိုက်ကြအောင်၊ အနည်းဆုံး ကိုယ့်စိတ်ကို ဂရုပြုတဲ့သူဟာ စိတ်ချမ်းသာလိမ့်မယ်။ ဂရုတစိုက်လမ်းလျှောက်တဲ့သူဟာ ချော်မလဲသလို၊ စိတ်ကို ဂရုပြုတဲ့သူဟာ လွန်ကဲတဲ့ ဒေါသ၊မောဟ၊လောဘ မဖြစ်နိုင်ဘူး။ လွန်ကဲတဲ့ ဒေါသ၊မောဟ၊လောဘ မရှိတဲ့သူဟာ ပိုမြင့်မြတ်တဲ့ အသိဥာဏ်နဲ့ထိုက်တန်လာမှာပါ။ စိတ်ကို စောင့်ရှောက်တာဟာ လူတစ်ယောက်ရဲ့ ယဉ်ကျေးမှုတွေထဲမှာ အမြင့်မားဆုံးယဉ်ကျေးမှုလည်းဖြစ်ပါတယ်။ ကိုယ့်စိတ်ကို စောင့်ရှောက်တဲ့သူတွေဟာ တခြားသူရဲ့စိတ်ကိုလည်း ဒုက္ခမပေးပါဘူး။ အားလုံး စိတ်ချမ်းသာအောင်နေတတ်သွားတဲ့အခါမှာ ကမ္ဘာကြီးဟာ နိဗ္ဗာန်ပိုဆန်လာမှာပါ။ ဘယ်သူက မှ တစ်ခြားတစ်ယောက်ကို ဒုက္ခမပေးဘူး ဆိုတဲ့ခေတ်တစ်ခေတ်မှာနေထိုင်တဲ့ လူတစ်ယောက်ရဲ့ ကြီးမြင့်မှုမျိုးဟာ ဘုရားဆန်တဲ့ မြင့်မြတ်မှုမျိုးဖြစ်ပါလိမ့်မယ်။
ခေတ်အဆက်ဆက်မေ့လာတာတွေထဲမှာ ကိုယ့်ရဲ့ ကြီးမြတ်မှုပါသွားတာကို စိတ်မကောင်းပါဘူး။ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့တွေဟာ သိပ်ကို ကြီးမြတ်တဲ့ လူသားမျိုးနွယ်တွေ ဖြစ်ခဲ့မလား။ .. ကျွန်တော်တို့ မသေချာပါဘူး …။ ဆက်ပြီးတွေးမိတော့ သေချာနေသေးတာတစ်ခုကိုတွေ့တယ် …။
လူတိုင်းမှာ အခြေခံအကျဆုံး လွတ်လပ်ခွင့်တစ်ခုအခုအထိရှိပါတယ်။
ကိုယ့်ဘာသာကိုယ် စိတ်ချမ်းသာအောင် လူတိုင်းနေနိုင်တယ်။
ဒီတစ်ခုလောက်ကို ပြန်သတိရတာကိုပဲ ဒီဘ၀အတွက် ကျေနပ်စရာ တစ်ခုတည်းသော အချက်လို့ပဲ သတ်မှတ်လိုက်ကြရအောင်ဗျာ …။ ။
ခင်မင်စွာဖြင့်
Zephyr



