ပလီစိ၆chat
စင်ကာပူမှာပါတီနှစ်ခုရှိတယ်။ တစ်ခုက အရှေ့တောင်အာရှငမွဲနိုင်ငံတွေကလာတဲ့ လစာနိမ့်လုပ်သားတွေကို ဖြစ်နိုင်ရင် မောင်းထုတ်ချင်တယ်ဆိုတာနဲ့ လူကြိုက်များလာတယ်။ နောက်တစ်ခုကလည်း အားကျမခံ နှိပ်စက်တာပဲလွယ်သလား ခက်သလားရာမ၊ ဒီကောင်တွေထက် ပိုနှိပ်စက်ပြမယ်။ ငါတို့ကို ယုံကြည်လိုက်စမ်းပါဆိုပြီး ကြိုးစားပြီးနှိပ်စက်ပါတယ်။ အဲဒီလိုနဲ့ ၄၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလျော့ချရေးဆိုတာတွေဖြစ်လာတယ်။
အရင်က EP ဆို လစာ သုံးထောင်ဆိုရင် ရပြီ။ အခု ဟိုတလောကပဲ တရားဝင်စာတွေထုတ်တယ်။ ရုံးတွေဆီကိုလည်းပို့တယ်။ Spass quota လျော့မယ်။ July 1 ကနေစပြီး တရားဝင်မယ့် ဥပဒေဆိုပြီး ပို့တယ်။ EP ဆိုရင်လည်း အလုပ်အတွေ့အကြုံပေါ်မူတည်ပြီး လစာကိုသတ်မှတ်တယ်။ ဘွဲ့ပေါ်လည်းမူတည်မယ်။ ပေးချင်မှလည်းပေးမယ်။ လစာက ၄၅၀၀ နဲ့အထက်ဆိုမှ valid ဖြစ်ဖို့များတယ်လို့ဆိုတယ်။ အဲဒီ rule နဲ့ငြိသွားတဲ့ EP တွေအားလုံး Spass ပြန်ပြောင်းလျှောက်ရတယ်။ အဲဒီမှာပြဿနာက Spass Quota ရှိတဲ့ company မှာလုပ်တဲ့သူတွေက ပြဿနာမရှိဘူး။ Quota မရှိရင်တော့ Agency တွေကနေတစ်ဆင့်ပြန်ခေါ်ရတယ်။ အလုပ်ပိုရှုပ်သွားတယ်။ Spass တစ်ယောက်ခေါ်ရင် တစ်လကို sgd 200 ကျော် အစိုးရကိုပေးရတယ်။ EP မှာ အစိုးရကဘာမှမရဘူး။ ပြန်ပေးရတာပဲရှိတယ်။ S Pass quota ကိုလည်း July 1 ကစပြီး အရင်လို ၂၅% မဟုတ်တော့ပါဘူး။ နည်းနည်းပိုပြီး ကြပ်မတ်လိုက်ပါတယ်။ စေတနာနဲ့ အရှေ့တောင်အာရှ နင်းပြားသီးသန့်နှိပ်စက်ရေးကိုဖော်ဆောင်တဲ့သဘောပါပဲ။ (အနောက်နိုင်ငံက) ခေါင်းနီတွေက လစာ ၁၀၀၀၀ လောက်ရနေတဲ့အတွက် သူတို့မှာ ဘာမှမထိခိုက်ပါဘူး လစာနည်းတဲ့သူတွေကို သီးသန့်ကွက်ပြီးနှိပ်စက်တဲ့သဘောပါ။ အဲဒီလူတွေကြောင့် နိုင်ငံသားတွေမှာ အလုပ်အကိုင်ခက်ရတယ်မဟုတ်လား။
အဲဒီတော့ EP renew လုပ်တဲ့သူတွေမှာလည်း Rejected ဖြစ်တာများလာတယ်။ ဒါတွေကို တစ်ချို့လည်းသတိထားမိမယ်ထင်ပါတယ်။ တစ်ချို့ လည်း သိပ်မသိကြဘူး။ သတိထားမိရင် အဆင်သင့်ပြင်ထားလို့ရပါတယ်။ ကိုယ့် company ရဲ့ HR ကို S pass quota ရှိမရှိမေးထားဖို့လိုရင်လည်း ကြိုမေးထားလို့ရပါတယ်။
အကောင်းဆုံးကတော့ လူမိုက်တို့များလာရင် အရပ်ကိုစွန့်ခွာပြီး ရှောင်တိမ်းရတယ်ဆိုသလိုပဲ လူမိုက်နည်းတဲ့အရပ်ကိုသာရွှေ့ပြောင်းတော်မူကြပါ။ ဒီကိုလာတဲ့သူအများစုဟာလည်း လူမိုက်တွေနဲ့ဝေးရာထွက်လာခဲ့ကြတဲ့သူများမယ်ထင်ပါတယ်။ လူမိုက်တွေကိုလည်း ပင်စင်လစာ များများပေးထားပြီး ထိန်းသိမ်းထားလိုက်ပါပြီ။ ကျန်တဲ့သူတွေလည်း ဒီလောက်မဆိုးတော့ဘူးထင်ပါတယ်။ ပြန်မယ်ဆိုရင်လည်း ပြန်ဖို့ကောင်းပါတယ်။ ဆက်သွားမယ်ဆိုရင် သွားဖို့ကောင်းပါပြီ။ Stepping Stone မှာ အိပ်ငိုက်နေကြကုန်သော ငါ့ရှင်တို့ ....... မိမိတို့ အလိုရှိအပ်၊တောင့်တအပ်သော စိတ်ချမ်းသာ၊ အလုပ်ချိန်နည်း၊လခများ၊ ကျန်းမာရေးနဲ့ညီညွတ်၊ ပျော်ရွှင်ဖွယ်ကောင်းသော ဘဝများ ပိုင်ဆိုင်ကုန်ကြသည် ဖြစ်စေသော်ဝ်။ ။
Regards,
The Gardener
၁၈၀၀စားနင်းပြား။
Notes:
Epass Renew Reject ထိရင် ဘာလုပ်ရမလဲ လမ်းညွှန် တစ်မိနစ်အမြန်မှတ်စု။
- လစာ 4500 တိုးပြီး ပြန်လျှောက်ခိုင်းကြည့်ပါ။ appeal နဲ့တကွ။
- အဲဒီလို တိုးပြီး မလျှောက်ပေးဘူးဆိုရင် Spass ပြန်လျှောက်ပါ။ Application အသစ်လျှောက်ရပါတယ်။ အသစ်မှာ ရွေးစရာ Option ပါပါတယ်။ Spass only ကိုပဲလျှောက်ပါ။ EP or Spass မလုပ်ရပါဘူး။ New Application မလျှောက်ဘဲ Renew မှာ Spass ဆိုပြီး ပြန်လုပ်ရင် Reject သေချာပေါက် နောက်တစ်ကြိမ်ထိပါတယ်။(Aplication No. ရဲ့ အစ စာလုံးက နှစ်မျိုးရှိပါတယ်။ A နဲ့ R ပါ။ A က New application ဖြစ်ပြီး R က Renewal Application ဖြစ်ပုံရပါတယ်။ အဲဒီနောက်မှာမှ date နဲ့ applicatin No အတွက် serial no. လိုက်ပါတယ်။ အဲဒါကိုကြည့်ပြီး ဘယ် application ရုံးက လျှောက်ထားလဲဆိုတာကို EP Online Status Check ကနေ ကြည့်နိုင်ပါတယ်။
- လစာမပြောင်းဘဲတင်တဲ့ Appeal မှန်သမျှကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
Peace B with U.