Thursday, April 30, 2009

စကားစမြည်

ကန္တာရပင်လေးပါမေမေ ...
အလင်းရတဲ့ဘက်ကို ယိုင်ရတာမောတယ်တဲ့ ..။
သူပြောတာကြားတော့ ...။
သား .. ရယ်နေမိတယ် ...။

ကောက်ကောက်ကြီးရပ်နေတဲ့ သစ်ပင်ကြီးကိုတွေ့တော့ ..
သားက..
ရိုးသားစမ်းပါဗျာလို့ပြောခဲ့တယ် ...။

သစ်ရွက်တွေက အစိမ်းရောင်တွေကို မုန်းတယ်တဲ့ မေမေရဲ့ ...
ကိုယ်ချက်လိုက်တဲ့ အစာကို
ပူပူကြီးစားရင်းဝမ်းနည်းပက်လက်ပြောနေတာ ...။

လူတွေတွေ့တယ်မေမေ...
ရင်ဘတ်ထဲမှာ ငါးမျှားချိတ်တွေနဲ့ ...
လက်ထဲမှာက ပုဆိန်တစ်လက် တောက်ပ၀င်းလက်နေတယ်မေမေ ..
ဒါနဲ့ပဲ ..
သား....
ပုန်းနေလိုက်ရတယ် ...။ ။



Peace B with U.

သတိတရ ...

ဆာဟာရကနေ ပျံထွက်လာတဲ့ အသံ ...
ဘာသာရေးအစွန်းရောက်မှုနဲ့ခွဲဖျက်လိုက်တဲ့ ခန္ဓာတစ်ခု ..
မိုးစင်စင်လင်းပြီမေမေ ...။

ကောင်းကင်ဘုံရဲ့ လမ်းသွယ်လှလှလေးက
ထိုင်ခုံလေးမှာထိုင်ရင်း ...
သစ်ပင်တွေကို ငေးနေလားမေမေ ...။

အပြာရောင်ဖျော့နေတဲ့ မျက်လုံးတွေနဲ့ ..
အကြိမ်ကြိမ်ငိုရှိုက်နေတဲ့ အဘိုးအိုက ..
ဘုရားသခင်ဆိုတာပဲလား ... မေမေ ...။

သိမ်းထားတဲ့ အကြွေလေးတွေကိုထုတ်လို့ ...
ဂရော့တို က အလှူခံသေတ္တာထဲကို ထည့်ဖို့သွားနေ့ကလေးတွေအတွက် ..
အပြုံးလှလှလေးတွေဖန်ဆင်းပေးခဲ့တဲ့ အတွက်ကျေးဇူးတင်လိုက်ပါမေမေ ..။

ဒီတစ်နေ့မှာခွဲခွာသွားကြတဲ့သူတွေ ..
နောက်ဘယ်နေ့ပြန်ဆုံကြမယ်တဲ့လဲ မေမေ ...။
...
....
.... ရွှေအိုရောင်တိမ်တိုက်တစ်ခုတော့ .. သားမြင်နေရသလို ခံစားလိုက်ရတယ်မေမေ...။ ။



Peace B with U.

အသိသက်သေ ...။

ငြိမ်သိမ် ... နူးညံ့ ... လင်းမြ ...တိုးသက် ...
စမ်းရေ .. .ပန်းလှေ..မေတ္တာပို့သံ ...ကြေကွဲမှု ...
ပျံလွှားငှက်တစ်ကောင် ...
တဆစ်ချင်းပွင့်ထွက်လာတဲ့ပန်းတစ်ပွင့် ...
မျက်ရည်စမ်းချောင်းငယ်လေး ..
နိမ့်ရာကို ဆန်တက်နေပြန်တယ် ....။ ။



Peace B with U.