Monday, January 26, 2009

ပျော်စရာကောင်းတဲ့ ကာတွန်းလေးတွေ





Gong Xi Fa Chai

ကောင်းသောနှစ်သစ်လေးဖြစ်ပါစေ ...

ကန္တာရပင်လေးကို စိုက်ပျိုးထားဖြစ်တယ် ...
ဘ၀မှာ ဆူးတွေထူထပ်ခဲ့ပေမယ့် ရိုးသားစွာ စိမ်းလန်း နေလို့ ဒီအပင်ပုလေးကို သန္တိလို့ နာမည်ပေးထားလိုက်တယ် .....။

မနေ့က စာကြည့်တိုက်မှာ အချိန်ခဏဖြုန်းရင်း .... ကာတွန်းတွေကို phone က camera နဲ့ ရိုက်ယူလာခဲ့တယ် ....။ ကလေးတွေကို ချစ်တတ်သူတိုင်းအတွက် ရည်ရွယ်ပါတယ် ....။ အဲဒီစာအုပ်ကလည်း chicken soup series တွေထဲက တစ်ခုပါပဲ .....။ အဖေတွေအတွက် နှလုံးသား အဟာရ .... ဆိုတဲ့စာအုပ် ...။

ပျော်စရာကောင်းတဲ့ ကာတွန်းလေးတွေပါပဲ ....။ခံစားကြည့်ပါဦး ....။

ပုံအောက်မှာ ရေးထားတာက Thanks to the wonders of virtual reality, fathers can now completely experience the miracle of giving birth ... တဲ့ ...



မွေးခန်းထဲက မိန်းမကို အားပေးနေတာလေ .... ။



ကလေးတွေရဲ့ အရုပ်တွေကို ထိမှာစိုးလို့ပေါ့ ....။


ကဲကြည့် နည်းသိရင် အလွယ်လေးနော် .....။


ဒါကတော့ insurance ကိုလှောင်ထားတာပါ ....မွေးပြီးတာတဲ့ သူတို့ကိုပြန်လွှတ်လိုက်တော့ဆိုလို့တဲ့ ....


ကဲကြည့် သားဦး .. မလို့ထင်ပါရဲ့ ... ဖခင် လောင်း ခမျာ ... စီယာတိုင်ပါ ဆွဲဖြုတ် ပြီး ထွက်လာမိတော့တယ် ...။




ကလေးအဖေ ရဲ့ အကြံက ဒီလို ... မွေးလမ်းကြောင်းရဲ့ရှေ့မှာ .... ကြိုးတားထားလိုက် ရင် သူ့ ကလေးက ပြေးထွက်လာမှာပေါ့တဲ့ ... ကင်မရာနဲ့ ရိုက်ဖို့တောင်လုပ်ထားပြီဆိုပဲ .... အပြေးပြိုင်ပွဲထဲကလိုပေါ့လေ ... ဟဲဟဲ ...


ဒီတစ်ခုက နောက်ဆုံးပေါ် stress test တဲ့ .... နို့ဗူးတစ်ဗူးထဲနဲ့ နို့ဆာနေတဲ့ ကလေးတပြုံကြီးကို တိုက်ကြည့် ရမယ်တဲ့ ....


ပုံအောက်က စာက တိုက်ဂါးဝုဒ် ရဲ့ early months ... တဲ့ ... ဗိုက်ထဲက ကလေးက ဂေါ့(ဖ်)နဲ့ပတ်သက်တဲ့ဝေဖန်ချက်တွေပေးနေတာ .... မြင်ကတည်းက ပြုံးချင်နေတာ ... တိုက်ဂါးဝုဒ် ဖြစ်လာမယ့်ကလေးလို့ ရေးလိုက်တော့ ပို ရယ်မိတယ် ....။ library ထဲမှာ ဆိုတော့ ရယ်တာတောင် ... silent mode ပြောင်းပြီးမှ ရယ်ရတယ် .... :)




မအိပ်တဲ့ ကလေးတွေကြောင့် မိဘနှစ်ပါးစလုံး ဖြစ်ပျက်နေတဲ့ပုံက ရယ်စရာ ... ကလေးကို အပြေးစက်ပေါ်မှာ တင်ပြီး ... အမြန်ပြေးတဲ့ mode ကို မိနစ် ၂၀ လောက်ပြောင်းထားလိုက်မယ် ... ပြီးမှ သိပ်လိုက်ကြတာပေါ့တဲ့ ....


တစ်ညလုံးသိပ်ထားဆိုလို့ အဖေက ထူးထူးခြားခြားစဉ်းစားပြီး အကောင်အထည်ဖော်နေတာလေ ... ဧရာမ နို့ဗူး နည်း ဆိုပါတော့ ... ။


တော်တော်နောက်တဲ့ ဆရာဝန် ... ဒီမှာတွေ့လား ကလေးတွေ ခေါင်းခြောက်ခေါင်း .... (ခြောက်မွှာပူး) ဆိုလို့ မိဘတွေ ဇောချွေးပြန်နေတော့ မှ .... စတာ ပါ .... တကယ်က ငါးမွှာပူးတဲ့ ...။


သြစတြေးလျက အဖေ



ကလေးက အနံ့ထွက်နေတယ်ဆိုလို့ .... အနံ့ပျောက်ဆေးတွေ .... ထည့်ထားပေးတဲ့ အဖေ ...




ကဲဒီင်္မှာကြည့် ငါ့မျက်လုံးက မင်းမျက်လုံးထက် နှစ်ဆ ပိုဖြူနေပြီ ... ဒီတစ်ခါမင်းသွားချော့ ... တဲ့လေ....





မိဘတွေအတွက် .... ကလေး အနှီးလဲတဲ့စက်တဲ့ ....




အရယ်ရဆုံးဟာသပဲ ....။
ဆေးရုံမှာ .... ဆေးဝါးနဲ့ ဆရာဝန်၊နပ်(စ်)တွေ ကို ချွေတာတဲ့ အနေနဲ့ လုပ်ထားတာတဲ့ ... ကိုယ်ဝန်ဆောင်မိခင်က အဲဒီ ဂျွမ်းဘားလေ့ကျင့်တဲ့အ၀ိုင်းပြားပေါ်မှာ ခုန်နေပေါ့ ... ကလေးက ထွက်ကျလာတော့မှ လွယ်လွယ်ကူကူ မွေးလိုက်ရုံပဲပေါ့ ... ရန်ကုန်မှာတောင် ဒီစနစ်ကို စတင်နေပြီ ထင်ပါရဲ့ ...။





Peace B with U.