Wednesday, August 5, 2009

နာကျင်သောစိတ်တို့ဖြင့်သာ

ဘ၀မှာ တစ်ခါတစ်လေရလာတဲ့သောကတွေဟာ စိတ်နဲ့တောင်မမျှဘူးလို့တွေးမိပါတယ် ...။ ခေတ်ကိုက Age of Anxiety ဆိုတော့ နဂိုအခံကိုယ်ကု မအေးချမ်းတဲ့ကြားမှာ ကြုံလာရတဲ့လောကဓံတွေက ထပ်ဆင့်လာတဲ့အခါ စိတ်တွေဟာ လေးလံမှိုင်းညို့ကုန်တယ် ....။

စိတ်မချမ်းမသာဖြစ်နေတဲ့ သူငယ်ချင်းတွေအားလုံးကို စာပိုဒ်လေးတစ်ချို့ဖတ်ပြတယ်လို့ပဲ မှတ်ယူပါတယ် ...။

Your grief is dark cloud eclipsing the luster of your mind,
raining tears upon your heart that the tree of life may blossom again.

သင့်ရဲ့ဝမ်းနည်းပူဆွေးမှုဟာ သင့်စိတ်ရဲ့လင်းပမှုကို နေကြတ်သလိုဖြစ်စေတဲ့ မှောင်မိုက်တိမ်တိုက်တွေလိုပါပဲ ... နှလုံးသားပေါ်ရွာချနေတဲ့ မျက်ရည်တွေကပဲ ဘ၀သစ်ပင်လေး ပြန်လည်ပွင့်လန်းစေပါလိမ့်မယ် ....။

The turbulent emotions that pass through your heart follow the same laws
that direct the rivers toward the deep.

သင့်နှလုံးသားကို ဖြတ်သန်းသွားတဲ့ ရိုင်းခက်မာကျော ကြမ်းထန်လှတဲ့ ခံစားချက်တွေဟာ မြစ်တွေကို ပိုနက်ရှိုင်းရာကို လမ်းညွှန်ပေးတဲ့ နိယာမတစ်ခုကို တူညီစွာလိုက်နာနေတော့တယ် ....။

Surrender as a river surrenders to its source; you will be lifted above the hills again and again,
until at last you descend, laughing through the valleys on your way home.

့မြစ်နဒီလေးက သူ့ အသွင်သဏ္ဍာန်ကို စွန့်လွှတ်လိုက်သလို ...(ရေခိုးရေငွေ့အဖြစ်ပြောင်းလဲလိုက်တယ်လို့ဆိုလိုမယ်ထင်ပါတယ်)၊ သင်ဟာ တောင်ကုန်းတွေ အပေါ်ကို အကြီမ်ကြိမ်ပင့်တင်ခံရပြီးနောက်ဆုံးမှာ သင့်အိမ်ပြန်လမ်းက တောင်ကြားလမ်းတစ်လျှောက်ရယ်မောနိုင်သွားမှာပါ .....

Gazing into an apple like a crystal ball, I saw a candlelit room from my forgotten childhood. I sensed my brother's spirit, my mother's love and my father's pride.

ပန်းသီးတစ်လုံးကို အနာဂတ်ကြည့်ဖန်လုံးလို ငေးနေမိတယ် ....။ မေ့လျော့နေတဲ့ ကိုယ့်ရဲ့ငယ်ဘ၀က ဖယောင်းတိုင်ထွန်းထားတဲ့ အခန်းလေးကို မြင်ခဲ့ရတယ် ...။ ကိုယ် ကိုယ့်ညီရဲ့ ၀ိညာဉ်ကို အာရုံနဲ့သိနေရတယ် ... အမေ့ရဲ့မေတ္တာနဲ့ အဖေ့ရဲ့ဂုဏ်ယူမှုတွေကိုလည်း ခံစားနားလည်နေမိတယ် ....။

The well of love that waters your garden is at times filled with your tears.
သင့်ဥယျာဉ်ကို ရေစင်သွန်းလောင်းတဲ့ ချစ်ခြင်းမေတ္တာစမ်းရေတွင်းဟာ သင့်မျက်ရည်များနှင့်သာ အခါခပ်သိမ်းပြည့်လျက်ရှိပြီ ....။

And it is good as it is so, for no waters are purer than those precious droplets released in your moments of surrender.
ဒါဟာကောင်းပါတယ် ...။ ဘာလို့လဲဆိုတော့ ဘယ်ရေကမှ သင့်လက်နက်ချသလိုစွန့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်မှာ စီးဆင်းကျလာတဲ့ ဒီအဖိုးတန်မျက်ရည်စက်လေးတွေထက်မသန့်စင်နိုင်တော့လို့ .. အဲဒါဟာ ကောင်းမွန်ပါပေတယ် ...။

Tears are seed drops of joy shed by your soul's physician.
မျက်ရည်တွေဟာ သင့် စိတ်ရဲ့သမားတော်ကြဲပက်ဖြန့်ချလိုက်တဲ့ ၀မ်းမြောက်မှုအစေ့လေးတွေပါပဲ ...။

You may curse the physician's medicine, but the cure for your suffering is in your tears.
သင်ဟာ အဲဒီသမားတော်ကြီးရဲ့ ဆေးဝါးကို မုန်းတီးကျိန်ဆိုမိနိုင်တယ် ...၊ ဒါပေမယ့် သင့်ရဲ့သောကတွေအတွက် သက်သာငြိမ်းချမ်းမှုဟာ သင့်မျက်ရည်တွေမှာ ဖွဲ့တည်ပါရှိနေတာပါပဲ ...။

Weep until seeds of joy take root in the womb of your soul.
သင့်စိတ်ဝိညာဉ်ရဲ့ ၀မ်းခေါင်းမှာ ၀မ်းမြောက်မှုသစ်စေ့လေးတွေ အမြစ်စွဲတဲ့အထိ ငိုကြွေးလိုက်ပါ ....။

Bliss grief, as it softens the sinew that shields your deprived heart.
Yield to pain, for armor must be torn from you to expose your innocent strength.

ပူဆွေးမှုအားမင်္ဂလာရှိပါစေသတည်း .... သူဟာ သင့်ရဲ့ဆင်းရဲညှိုးငယ်တဲ့ နှလုံးသားကို အုပ်ကွယ်ထားတဲ့ ကြမ်းတမ်းမာကျောတဲ့အရွတ်တွေကို နူးညံ့စေပါတယ် ...။ နာကျင်ခံစားမှုကိုဖော်ထုတ်ပြသလိုက်ပါ ...။ အဲဒီ သံချပ်ကာ(လိုအပေါ်ယံဟန်ဆောင်မှုတွေ)ဟာခွဲဖျက်ပစ်ခံရပြီး သင့်ရဲ့ အပြစ်ကင်းတဲ့ ခွန်အားကို ထိတွေ့နိုင်စေဖို့ နာကျင်မှုခံစားချက်ကို ထုတ်ဖော်ပြသပါ ....။

But what joy is there that know not pain?
နာကျင်မှုကိုမသိတဲ့သူဟာ ဘယ်လိုလုပ်ဝမ်းမြောက်မှုကိုသိနိုင်ပါ့မလဲ ...။

Verily, pain is your necessity.
အမှန်တော့ နာကျင်တဲ့စိတ်ခံစားချက်ဟာ သင့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုသာပါ ...။

Be patient, for time has a way of putting wings on tears.
စိတ်ရှည်ပါ ... အချိန်မှာ မျက်ရည်တွေကို တောင်ပံတပ်ပေးဖို့ နည်းလမ်းရှိပါတယ် ....။ ။


ခင်မင်စွာဖြင့်
Zephyr



Peace B with U.

Tuesday, August 4, 2009

အညိုရောင် အတွေးများ (၁)

...Could you keep your heart in wonder at the daily miracles of your life, your pain would not seem less wondrous than your joy.
သင်ဟာ သင့်စိတ်နှလုံးကို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ရဲ့ အံ့သြဖွယ်ရာတွေမှာ နှစ်မြုပ်ထားနိုင်ရင် သင့်ရဲ့နာကျင်မှုဟာ သင့်ရဲ့ပျော်ရွှင်မှုလောက် အံ့သြဖွယ်မကောင်းဘူးဆိုတာမဟုတ်မှန်း သင်သိလိမ့်မယ် ....။


ခါလီဂျီဘရမ်ပြောခဲ့တဲ့စကားလေးပါ...။ တစ်ခါတစ်လေ ဘ၀မှာစိတ်ဆင်းရဲစရာတွေကို မေ့ထားချင်တဲ့ လူသားအားလုံးအတွက် ရည်ရွယ်ပုံရပါတယ် ။

..... တစ်ခါတစ်လေ ကျွန်တော်တို့ဘ၀ထဲမှာ ဒဏ်ရာရာခဲ့တဲ့ ... နေ့စွဲတွေကို ခပ်တည်တည်မေ့ပစ်ချင်တယ် ... ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကိုပဲသတိရချင်တယ် .... ဖြစ်နိုင်ရင် စိတ်ညစ်စရာနေ့တွေကို ဖဲ့ထုတ်ပစ်လိုက်ချင်တယ် ...။ အဲဒီနေ့တွေမှာ ကိုယ်ပျော်ခဲ့ရတာတွေကို မပျော်ခဲ့ရတာတွေနဲ့ချေပစ်လိုက်တယ် ... ငါလုံးဝမပျော်ခဲ့တာ အသေအချာပဲလို့ ကိုယ့်ကိုယ်ကို ကျိန်းသေပစ်လိုက်တယ် ...။ တကယ်တော့ အကြောင်းမဲ့ဖြစ်တဲ့ အဖြစ်အပျက်တစ်ခုမှ မရှိတဲ့လောကထဲမှာ နာကျင်မှုတွေဟာလည်းပျော်ရွှင်မှုလိုပဲ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့နည်းနည်းတွေးကြည့်ဖို့ကောင်းတာပေါ့ ....။ တကယ်ပဲ နာကျင်စရာတွေဟာ အကျိုးတစ်ခုမှမရှိစေခဲ့ဘူးလား ...။ ဒဏ်ရာတွေဟာ ကျွန်တော်တို့ကို ရင့်ကျက်စေခဲ့တယ် ...။ နားလည်မှုလွဲမှားမှုတွေဟာ ကျွန်တော်တို့ကို လူကြီးဆန်စေခဲ့တယ် ...။ ချစ်သူကို ဆုံးရှုံးခြင်းဟာ ဆက်ဆံရေးကို ပိုတန်ဖိုးထားတတ်စေခဲ့ပြီး ကိုယ့် အပေါ်အမြဲတမ်း နားလည်တတ်တဲ့သူတွေကို ပိုပြီးသိမြင်စေခဲ့တယ် ....။ ကျရှုံးခဲ့တာတွေဟာ အောင်ပွဲအတွက်လိုအပ်တာတွေကို သင်ပေးခဲ့တယ် ...။ လဲကျခဲ့တာတွေဟာ အမှန်အတိုင်းရင်ဆိုင်ဖို့ခွန်အားပေးခဲ့တယ် ....။ ရှုံးနိမ့်ခဲ့တဲ့ စစ်တုရင်ပွဲလေးဟာ အနိုင်ရခဲ့တဲ့စစ်တုရင်ပွဲလေးတစ်ပွဲလို ကျေနပ်စရာကောင်းပါတယ် ....။ တစ်နေ့တစ်နေ့ အသစ်အဆန်းလောကဓံတွေနဲ့ ရင်ဆိုင်နေရတာပျော်စရာကောင်းပါတယ် ...။

ဒီအခက်အခဲတွေကြောင့်ပဲ ဘ၀ဟာ အသက်ဝင်နေတယ် ...။ ဒီအခက်အခဲတွေမရှိရင် ကိုယ့်အရည်အချင်းလည်း မသုံးရတော့လို့ ကိုယ့်ကိုယ်ကို ကျေနပ်မှုလည်းရမှာမဟုတ်တော့ဘူး ....။ တကယ်လို့ ဘာမှမလုပ်ရဘဲ သက်သက်သာသာ နေနေရတဲ့ဘုံတစ်ခုခုများရှိရင် ကျွန်တော်တို့ ဘယ်နှရက်လောက်များနေနိုင်မလဲမသိဘူး ...။ အလွန်ဆုံးတစ်နှစ်ပေါ့ ....။ ဘာမှမလုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ရှင်သန်နေမှုဟာ အဓိပ္ပာယ်မဲ့သလိုဖြစ်လာမှာပဲနော် ....။

တကယ်လို့ ဒီနေ့ရလိုက်တဲ့ဒဏ်ရာဟာ မနက်ဖြန်အတွက် တန်ဖိုးကြီးတဲ့ အရင်းအနှီးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခွင့်ရမယ်ဆိုရင် ... အဲဒီနာကျင်မှုတွေကိုလည်း ကျေကျေနပ်နပ်လိုက်ခံလာနိုင်မှာပါ ....။ သစ်ရွက်လေးတစ်ရွက်တောင် အကြောင်းမဲ့ကြွေမကျတတ်တဲ့လောကမှာ ... တန်ဖိုးကြီးတဲ့ ဒဏ်ရာလေးတွေကို မစွန့်ပစ်ဘဲ နားလည်ဖို့ကြိုးစားခြင်းဟာ လူသားဆန်တဲ့လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်နေမှာပါ ....။


...Could you keep your heart in wonder at the daily miracles of your life, your pain would not seem less wondrous than your joy.

သင်ဟာ သင့်စိတ်နှလုံးကို နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀ရဲ့ အံ့သြဖွယ်ရာတွေမှာ နှစ်မြုပ်ထားနိုင်ရင် သင့်ရဲ့နာကျင်မှုဟာ သင့်ရဲ့ပျော်ရွှင်မှုလောက် အံ့သြဖွယ်မကောင်းဘူးဆိုတာမဟုတ်မှန်း သင်သိလိမ့်မယ် ....။



Peace B with U.