Saturday, July 11, 2009

စိတ်ချမ်းသာဖို့လိုရင်းပါ (အပိုင်း ၄)


စိတ်ချမ်းသာတဲ့သူတွေမှာရှိတတ်တဲ့ အချက် ၆ ချက်

စိတ်ချမ်းသာတဲ့သူတွေဟာ ကိုယ့်ကိုယ်ကို ကိုယ်ကျေနပ်တဲ့စိတ်ပိုရှိတယ်။ ကိုယ့်ကိုယ် ကိုအထင်မသေးဘူး။ကိုယ့်ကိုယ်ကို တော်တယ်လို့ ယူဆတယ်။ ကောင်းတယ်လို့ ယူဆတယ်။

(2)
The best predictor of general life satisfaction is not satisfaction with family life , friendships or income but the satisfaction with self .

ဘဝကိုကျေနပ်မှု ဘယ်လောက်ရတယ်ဆိုတာ ခန့်မှန်းချင်ရင် အကောင်းဆုံးအချက်က satisfaction with self ကိုယ့်ကိုယ်ကို ဘယ်လောက်ကျေနပ်သလဲဆိုတဲ့ အချက်က အကောင်းဆုံးပဲ။

Family life - မိသားစုဘဝက အကောင်းဆုံးအချက်မဟုတ်ဘူး။
Friendship - မိတ်ဆွေအပေါင်းအသင်းက အကောင်းဆုံးအချက်မဟုတ်ဘူး။
Income - ဝင်ငွေက အကောင်းဆုံးအချက်မဟုတ်ဘူး။
အဲဒါကိုကြည့်ရင် တခြားအချက်တွေဘယ်လောက်ပဲ ပြည့်စုံနေပါစေ ကိုယ့်ကိုယ်ကို မကျေနပ်တဲ့သူ အားမရတဲ့သူဟာ စိတ်ချမ်းသာမှု ပြည့်ပြည့်ဝဝမရနိုင်ဘူး။ ကိုယ်နဲ့ အမြဲတမ်းရှိနေတာ ကိုယ်ပဲ။ ဘယ်သွားသွား အမြဲ ကိုယ်နဲ့ပါနေတယ်။ တခြားသူတွေ က တစ်ခါတစ်လေတွေ့ရတယ်။ အမြဲတမ်း ကိုယ်သွားလေရာ မလိုက်နိုင်ဘူး။

ကိစ္စတစ်ခု အဆင်မပြေတာ ခဏပဲ။ ကိုယ့်ကိုယ်ကို ကိုယ်ကျေနပ်တာက ခဏမဟုတ် ဘူး။ တခြားကိစ္စတွေ တခြားလူတွေဟာ အပြင်မှာပဲရှိတယ်။ ကိုယ့်ကိုယ်နဲ့ ကိုယ်ကတော့ ခွဲသွားလို့မရဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ကျေနပ်နေတဲ့သူဟာ သွားလေရာမှာ ကျေနပ်စရာက ကိုယ်နဲ့အတူပါနေတယ်။ ကိုယ့်ကိုယ်ကို ကိုယ်မကျေ နပ်တဲ့သူက သွားလရာမှာ မကျေနပ်စရာက ကိုယ်နဲ့အတူပါနေတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကိုယ်ချစ်ဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို ကိုယ်နားလည်ဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးထားဖို့ သိပ်အရေးကြီးတယ်။ ဘယ်သူမှ အထင်မကြီးချင်ရင်နေပါစေ။ ကိုယ့်ကိုယ်ကို တော့အထင်မသေးဖို့လိုတယ်။ လူတိုင်းဟာ သူ့နည်းနဲ့သူ တန်ဖိုးရှိတဲ့သူတွေပဲ ဆိုတာကို လူတိုင်းနားလည်ဖို့ လိုတယ်။


ကလေးတွေကို ကိုယ့်ကိုယ်ကို ကိုယ် အထင်မသေးအောင် လူကြီးတွေက ဆက်ဆံရေး မှာ သတိထားဖို့လိုတယ်။ ကျောင်းမှာ ဆရာ ဆရာမတွေက ကျောင်းသူကျောင်းသား တွေကို ဆက်ဆံတဲ့အခါ မလေးမစားမပြောသင့်ဘူး။ လေးစားတယ်ဆိုတာလည်း ရိုသေတယ်ဆိုတာနဲ့ အဓိပ္ပာယ်မတူဘူးနော်။ ရိုသေရမယ်လို့ မဆိုလိုဘူး။လေးစားရ မယ်လို့ဆိုလိုတာပါ။


လူတိုင်းကို စိတ်ချမ်းသာစေချင်ရင် လူတိုင်းဟာ သူ့နေရာနဲ့သူ အရေးပါတယ်။တန်ဖိုး ရှိတယ်။ လေးစားစရာကောင်းတယ်ဆိုတာကို ရိုးရိုးသားသား အသိအမှတ်ပြုဖို့ လိုတယ်။ တစ်ယောက်ကိုတစ်ယောက် အထင်သေးတဲ့အသိုင်းအဝိုင်းဟာ စိတ်ချမ်းသာစရာကောင်းတဲ့ အသိုင်းအဝိုင်း မဖြစ်နိုင်ဘူး။


ကိုယ့်ကိုလေးစားရင် သိပ်ကြိုက်တယ်နော်။ လူတိုင်းကြိုက်တယ်ဆိုတာကို မမေ့ဖို့ပဲ လိုပါတယ်။ လူတွေကိုစိတ်ချမ်းသာစေချင်ရင် တန်ဖိုးထားတဲ့စိတ်နဲ့ဆက်ဆံပါ။ ကိုယ့်ကိုယ်ကို ကိုယ်တန်ဖိုးထားတယ်။ကျေနပ်တယ်။ ကိုယ့်အသိုင်းအဝိုင်းကလည်း ကိုယ့်ကို တန်ဖိုးထားတယ်ဆိုရင် စိတ်ချမ်းသာမယ်။


(3)
People who like and accept themselves feel good about life in general.

ကိုယ့်ကိုယ်ကို ကိုယ်နှစ်သက်တဲ့သူ လက်ခံတဲ့သူဟာ ကိုယ့်ဘဝကိုယ် ခြုံပြီးတော့ စိတ်ချမ်းသာမှု ကျေနပ်မှုရတယ်။ ကိုယ့်အကြောင်းကို ကိုယ်တွေးရင် ပျော်တဲ့သူဟာ စိတ်ချမ်းသာတယ်။ တချို့လူတွေဟာ ကိုယ့်အကြောင်းကို ကိုယ်မတွေးချင်ဘူးလို့ ပြောတာကြားဖူးတယ်။ ကိုယ့်အကြောင်းကို လူသိမှာကြောက်တယ်။


ကိုယ့်ကိုယ်ကို ကိုယ်နှစ်သက်တယ်ဆိုတာ မြန်မာလူမျိုး မြန်မာနိုင်ငံသားဖြစ်ရတာ နှစ်သက်တယ်။ ကိုယ်ရဲ့ရုပ်ရည် အသားအရောင် ကိုယ့်စိတ်ထား စသဖြင့် ကိုယ်နဲ့ပတ် တသက်တာအားလုံးပဲ ။ကိုယ့်အကြောင်း မေ့ထားချင်တာရှိနေရင် တကယ်စိတ်မချမ်း သာစေဘူး။


(4)
Have close friendship or a certifying marriage .

ရင်းနှီးတဲ့မိတ်တွေတွေရှိတယ်။ အခုခေတ်မှာ အိမ်ထောင်မပြုတဲ့သူတွေ ပိုများလာတယ်လို့ ဆိုတယ်။ အိမ်ထောင်မရှိရင် ရင်းနှီးတဲ့ဆက်ဆံရေးမရှိဘူးလို့ ထင်ကြတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ အိမ်ထောင်ဖက်ဟာ ကိုယ်နဲ့ အရင်းနှီး ဆုံးဆက်ဆံရတဲ့သူပဲ။ အိမ်ထောင်မရှိပေမယ့် ရိုးရိုးသားသား ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆက်ဆံလို့ရတဲ့ မိတ်ဆွေသူငယ်ချင်းရှိရင် ကိုယ့်စိတ်ထဲရှိတာကို ပြောလို့ရတဲ့သူရှိတယ်။ ဝမ်းသာစရာရှိရင် မျှပြီးခံစားမယ့်သူရှိတယ်။ ဝမ်းနည်းစရာရှိရင် ကိုယ်ချင်းစာမယ့်သူရှိတယ်။ ဝါသနာပါတာကို အတူတူလုပ်လို့ရတဲ့သူရှိတယ်။ အဲဒါကြောင့် စိတ်ချမ်းးသာတယ်။ တချို့ကိစ္စတွေကို မိတ်ဆွေသူငယ်ချင်းနဲ့ပဲ လုပ်လို့ရ တယ်။ အိမ်ထောင်ဖက်နဲ့ လုပ်လို့မရဘူး။ ဒါ့ကြောင့် မိတ်ဆွေရှိတာဟာ စိတ်ချမ်းသာဖို့ အရေးကြီးတဲ့အချက်ဖြစ်တယ်။

Close relationship do indeed promote health.

ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကျန်းမာရေးကို တကယ်ပဲ ပိုကောင်းစေတယ်။



Peace B with U.