Saturday, September 27, 2008

ရွှေရောင်မမ(၃) ...


သူ အိမ်ရှေ့ကို ပြေးတယ် ..
စာတိုက်ပုံးကို ကြည့်တယ် ...
ပြန်ဝင်သွားတယ် ...

သူ အိမ်ရှေ့ကို ပြေးတယ် ..
စာတိုက်ပုံးကို ကြည့်တယ် ...
ပြန်ဝင်သွားတယ် ...

သူ အိမ်ရှေ့ကို ပြေးတယ် ..
စာတိုက်ပုံးကို ကြည့်တယ် ...
ပြန်ဝင်သွားတယ် ...

..
...
....

..
...
......

အိမ်နီးနားချင်းက ဘာဖြစ်လို့ စာတိုက်ပုံးကို ခဏခဏ ထွက်ကြည့်နေတာလဲ ဆိုတော့ ...

Computer က .... စာရောက်နေတယ်ပဲ ပြောနေတာကိုး ... တဲ့လေ ...။ ။



Peace B with U.

ရွှေရောင်မမ(၂) ...


သူက Phone နံပါတ် မသိလို့ဆိုပြီး ... phone ဆက်တယ် ..







သူက orange juice ပုလင်းကို မိနစ် ၂၀ လောက်ငေးကြည့်တတ်တယ်။ ပုလင်းမှာ concentrate လို့ရေးထားလို့တဲ့။


သူက fax ပို့ရင် တံဆိပ်ခေါင်းကပ်ပြီးမှ ပို့တယ်။






သူက ဆုံးဖြတ်ချက်ချဖို့ (to make up her mind.) နှဖူးကို နှုတ်ခမ်းနီအရင်ဆိုးလိုက်တယ်။






သူက M&M's ကို alphabetical order စဉ်ဖို့ ကြိုးစားခဲ့တယ်။







သူ ငါးကို ရေနှစ်သတ်ဖို့ ကြိုးစား ခဲ့ဘူးတယ်။






သူက quarterback (American football က defender) ကို ငွေပြန်အမ်းတာလို့ထင်တယ်။







သူ စားသောက်ကုန်ဆိုင်မှာ ပိတ်မိတုန်းက ငတ်သေမလို ဖြစ်သွားတယ်။







သူဘယ်လောက်ကြာကြာ အိပ်သလဲ (how long she slept) သိရအောင် တိုင်းဖို့ ပေတံယူသွားပြီးအိပ်တယ် ...။





Dollar Store (နာမည်ကြီး supermarket ရဲ့ ဆိုင်နာမည်) မှာ ဒေါ်လာပေါက်ဈေးမေးတယ်။






သူက (blood test) သွေးစစ်ဖို့အတွက် စာကျက်ခဲ့ဖူးတယ်။






သူက Meow Mix (နာမည်ကြီးကြောင်စာ)ကို ကြောင်တွေအတွက် ထုတ်တဲ့ CD လို့ ထင်တာ။





သူ ရာဇ၀တ်မှုတွေရဲ့ ၉၀ % က (လူနေ)အိမ်နားမှာ ဖြစ်တယ် ဆိုတာဖတ်လိုက်မိပြီး ၊ အိမ်ပြောင်းသွားတယ်။





သူက နံပါတ် ၄၄ ကားလွတ်သွားရင် နံပါတ် ၂၂ ကားကို နှစ်ခါစီးတယ်။






သူ သူငယ်ချင်းတစ်ယောက်ကို လေဆိပ်လိုက်ပို့တုန်းက ... "Airport Left" ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်တာနဲ့ ကားကို အိမ် ပဲပြန်မောင်းလာခဲ့တယ်။


















(p.s တကယ်ဆို ရင် ကျွန်တော် ဒီလိုမပြောသင့်ဘူး .... ဒီဟာသ ဖတ်ပြီး ဂျောက်ဂျတ် ကို သတိရတယ်လို့ ....)



Peace B with U.

Friday, September 26, 2008

ရွှေရောင်မမ ...

ရွှေရောင်ဆံပင် ရှိတဲ့ မိန်းမချောလေးတွေ (ရွှေရောင်မမတွေ) ကို ... ခပ်တုံးတုံးတွေလို့ သတ်မှတ်ထားကြတယ် ...
သူတို့ကို ဟာသ တွေလုပ်ပြီးလှောင်ကြတယ် .... ရွှေရောင်ဆံပင်နဲ့ ထက်ထက်မြက်မြက် ရှိတာကို Legally Blonde မှာပဲ တွေ့ဖူးတယ် ... ဒါပေမယ့် ... ကိုယ်ချင်းစာစိတ်နည်းတော့ ... Blonde ဟာသတွေဖတ်တော့ ရယ်မိတာပါပဲ ... တော်တယ် ... ညံ့တယ် ... ဆိုးတယ် ...ကောင်းတယ် ဆိုတာတွေက ... ပကတိတန်ဖိုး မရှိပါဘူး ... နှိုင်းရတန်ဖိုးတွေပါ ... တစ်နေကုန် ... ပင်ပန်းနေကြတဲ့ သူငယ်ချင်းတွေအတွက် ... ရယ်စရာတွေ ဘာသာပြန်ပေးလိုက်တာပါ ... ရုံးမှာ ရုပ်တည်ကြီးနဲ့ ဟာသတွေထိုင်ဖတ်နေရတော့ ... သူငယ်ချင်းတွေကို သတိရတယ် ... အရင်လိုလည်း သူငယ်ချင်းတွေနဲ့ ဟာသတွေ ထိုင်မပြောနိုင်တော့လို့ blog ကနေပဲ monologue လုပ်လိုက်တယ် ...


ရွှေရောင်မမ(၁) ...


ရွှေရောင်မမတွေ နဲ့ ချောက်ကမ်းပါး ...

- ထက်မြက်တဲ့ ရွှေရောင်မမ နဲ့ တုံးအတဲ့ ရွှေရောင်မမ ချောက်ထဲကို အတူခုန်ချတယ် ...
ဘယ်သူအရင် မြေကြီးပေါ်ကျမလဲ ...

- တုံးတဲ့တစ်ယောက်ပေါ့ ... ထက်မြက်တဲ့ ရွှေရောင်မမမှ မရှိတာ ...။



Peace B with U.

Thursday, September 25, 2008

ငါ မင်းဘက်က ရှိနေမယ်

I'll Stand By You

ငါ မင်းဘက်က ရှိနေမယ်

အိုး ... ဘာလို့များ မင်းဒီလောက် ၀မ်းနည်းနေရတာလဲ ကွယ် ...
မင်းရဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေဝေ့လို့ ....
လာပါ ... ငါ့ဆီကို အခုလာခဲ့ပါ ....
ငိုရမှာကို မရှက်ပါနဲ့ကွယ် ...
ငါ မင်းကို သေချာကြည့် ပါရစေ ...
ငါက မင်းဘ၀ရဲ့ အမှောင်ခြမ်းကိုလည်း သိပြီးသားဖြစ်နေလို့ပါ ....။

ညဉ့်နက်နက်တွေ မင်းအပေါ် ပြိုကျလာပြီး ..
မင်းဘာလုပ်ရမှန်း မသိတဲ့အခါ ...
ဘာမှဖွင့်မပြောဘဲနေရင်တော့ ...
ငါမင်းကို အချစ်လျော့သွားလိမ့်မယ် ...၊
ငါ မင်းဘက်က ရှိနေမယ် ၊
ငါ မင်းဘက်က ရှိနေမယ် ၊

မင်းကို ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်


မင်း လမ်းဆုံလမ်းခွမှာ .. ရပ်ပြီး ...
ဘယ်လမ်းကိုရွေးရမလဲ .. ဝေခွဲမရဖြစ်နေရင် ..
ငါ့ကို အတူလိုက်လာခွင့် ပြုပါ၊
မင်းမှားနေတယ်ဆိုရင်တောင် ...
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်
ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်

ငါ့ကို မင်းရဲ့အမှောင်ဆုံး အချိန်နာရီတွေဆီခေါ်သွားပါ ...
ပြီးတော့ ... ငါ .. မင်းကို ဘယ်တော့မှ မစွန့်ခွာသွားဘူး
ငါ မင်းဘက်က ရှိနေမယ်
ညဉ့်နက်နက်တွေ မင်းအပေါ် ပြိုကျလာရင်.... ကလေးရေ ..
မင်းတစ်ယောက်တည်း အထီးကျန်နေရင် ..
မင်းတစ်ယောက်တည်း မဟုတ်ဘူး
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်

မင်းကို ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်
ငါ့ကို မင်းရဲ့အမှောင်ဆုံး အချိန်နာရီတွေဆီခေါ်သွားပါ ...
ပြီးတော့ ... ငါ .. မင်းကို ဘယ်တော့မှ မစွန့်ခွာသွားဘူး
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်
။ ။

I'll Stand By You
I'll Stand By You (Lyrics)



Peace B with U.

Wednesday, September 24, 2008

မွေးနေ့လက်ဆောင်

မွေးနေ့လက်ဆောင်

Bill ဟာ သူငယ်ချင်း Doug နဲ့ shopping mall တစ်ခုမှာတွေ့တယ်။
Doug လက်ထဲမှာ ပါကင်ထုပ်ထားတဲ့ ဘူးသေးသေးလေးကိုလည်း တွေ့ရတယ်။

Doug : "မနက်ဖြန် ငါ့မိန်းမ မွေးနေ့ကွ၊ သူ့မွေးနေ့မှာ ဘာလိုချင်လဲဆိုတာ ဟိုတစ်ပတ်ထဲက မေးထားရတာ ..."
Bill : "အဲဒီတော့ သူက ဘာလိုချင်တယ်တဲ့လဲ"
Doug : "အင်း၊ သူပြောတာက ... ဘာလိုချင်လဲတော့ သေချာမပြောတတ်ဘူး ... Diamond ပါတဲ့ ဘာအသုံးအဆောင်ဖြစ်ဖြစ် လိုချင်တယ်တဲ့ ..."
Bill : "အဲဒီတော့မင်းဘာဝယ်ပေးလိုက်လဲ ..."
Dough : "ဖဲထုပ် ၀ယ်လာတာပေါ့ ... ဒီမှာလေ ..."



Peace B with U.

လယ်သူမ

"လယ်သူမ"

ကျွန်တော့် တောင်ကုန်း ကလေးပါ
အလင်းတွေနဲ့
ခပ်မို့မို့ တည်ဆောက်ထားတယ်။
နေ့ရက်တွေကြာ
နွေအပြာတွေ ပွင့်ပွင့်သွား။
ဖြတ်သန်းပြီးသား တိမ်တွေ
တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။
... ... ...

ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။

(တာရာမင်းဝေ)

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။

သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။


သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင် လွမ်းတယ်။




Peace B with U.

Nice Photos







Peace B with U.

လက်စားချေခြင်း


လက်စားချေခြင်း

အရှက်အကြောက်ကြီးတဲ့ ကောင်လေး တစ်ယောက်က ဘား(bar) မှာ အရမ်းချောတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်။ တစ်နာရီလောက်ကြာအောင် သတ္တိမွေးပြီး သူ အဲဒီအမျိုးသမီး အနားသွားပြီး တွန့်ဆုတ် တွန့်ဆုတ် နဲ့ပြောတယ်၊ "ကျွန်တော်နဲ့ ခဏလောက်စကားစမြည်ပြောနိုင်မလား"

အဲဒါကို ... အမျိုးသမီးချောကြီးက "ငါ ဒီည မင်းနဲ့ လုံးဝမအိပ်နိုင်ဘူး" လို့ အာခေါင်ခြစ်ပြီး အော်လိုက်တယ်

ဘားထဲမှာရှိသမျှလူတွေက သူတို့ကိုဝိုင်းကြည့်ကုန်တယ်။ ကောင်လေးကသူ့ ထုံးစံအတိုင်း အရမ်းရှက်ပြီး စိတ်ပျက်သွားတယ်...။သူ့စားပွဲဆီကို တရွေ့ရွေ့ ပြန်လျှောက်သွားတယ်။

ခဏလေးကြာတော့ မိန်းမချောက သူ့နားကို လျှောက်လာပြီးတောင်းပန်တယ်။
သူ(မ)ကပြုံးပြီး "ကျွန်မတောင်းပန်ပါတယ်၊ကျွန်မက သတင်းထောက်ပါ ...
လူတွေရှက်တဲ့အခါဘယ်လို တုံ့ပြန်သလဲဆိုတာလေ့လာဖို့ assignment လုပ်ရမှာမို့လို့ပါ။"

အဲဒီတော့ ကောင်လေးက အာခေါင်ခြစ်ပြီးအော်လိုက်တယ် ....
"ဘာ...ဒေါ်လာ ၂၀၀ ဟုတ်လား"



Peace B with U.

Tuesday, September 23, 2008

အိမ်


Everyone wanna go home for different reasons ... but all believe home is the best place for us ..., though in this song, the guy wanna go home to meet his lover again..., there are so many people who wanna go home to meet their parents, their close friends, and maybe to meet their beloved pets ....
Dedicated to a friend who wanna go home ... as soon as possible....to meet with her mother .....

HOME (Michael Buble)

အိမ်

Paris နဲ့ Rome မှာတော့
နောက်နွေရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိရင်လည်း ရှိလိမ့်မယ် ...
ဒါပေမယ့် ငါအထီးကျန်နေတယ် ...
မင်းသိမှာပါ ...
ငါ မင်းကို သိပ်လွမ်းတယ် ဆိုတာကို ....

နောက်ထပ် လေယာဉ်တစ်စီး
နောက်ထပ် နေသာတဲ့ နေရာတစ်ခု ၊
ငါ ကံကောင်းမှန်း ငါသိတယ် ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...
ငါ အိမ်ပြန်ရောက်တော့မှာပါ ...

ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းနဲ့ အရမ်းဝေးကွာနေလို့ပါ ...
ငါ အိမ်ပြန်လာချင်နေပြီ ....

ငါ တစ်ခြားလူတစ်ယောက်ရဲ့ ဘ၀ထဲမှာ ၀င်နေရသလို ခံစားရတယ် ...
အရာရာအဆင်ပြေနေတဲ့ နေရာမှာ ငါတစ်ယောက်ထဲ အပြင်ထွက်ရပ်နေသလိုပါပဲ ...
မင်း ဘာလို့ ငါနဲ့ အတူမလိုက်ခဲ့လည်း ဆိုတာ ငါ အခုမှ နားလည်တယ်။
ဒါဟာ မင်းမျှော်လင့်တဲ့ ဘ၀ မဟုတ်ဘူးလေ ...
ဒါပေမယ့် မင်း ငါ့ကို အမြဲ ယုံကြည်ပေးခဲ့တယ် ...။

Paris နဲ့ Rome မှာတော့
နောက်ထပ် ဆောင်းရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
... ငါ အိမ်ပြန်ချင်နေတယ် ...
... ငါ့ကို အိမ်ပြန်ခွင့်ပြုပါ .....

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိနေတယ် ...
ငါ အထီးကျန်နေဆဲပဲ ...
ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းကိုလွမ်းနေတာ မင်းသိပါတယ်။

ငါ့ကို အိမ်ပြန်ခွင့် ပြုပါ ..
ငါ အခု အပြေး လာခဲ့ ပြီ ...
ကောင်မလေးရေ ... ငါဆုံးဖြတ်လို့ ရသွားပြီ ...
ငါ အိမ်ကို ရောက်တော့မှာပါ ....
ငါ့ကို အိမ်ပြန်ခွင့်ပြုပါ ..
အားလုံး အဆင်ပြေသွားမှာပါ ....
ဒီညမှာ ငါ အိမ်ပြန် ရောက်ပြီ ...
ငါ အခု အိမ်ပြန်လာနေပြီ .........။ ။

HOME (Michael Buble)
Lyrics



Peace B with U.

ကံဆိုးလိုက်တဲ့နေ့



ကံဆိုးလိုက်တဲ့နေ့

လူတစ်ယောက် အရက်ဘားမှာထိုင်နေတယ် ... သူ့ရှေ့က အရက်ခွက်ကိုငေးပြီး ကြည့်နေတယ် ... အဲဒီလိုထိုင်နေတာ နာရီဝက်လောက် ရှိနေပြီ ....
အဲဒီအချိန်မှာ .. ပြဿနာရှာတတ်တဲ့ ကုန်တင်ကား ဒရိုင်ဘာက သူ့ရှေ့မှာ လာရပ်တယ် ... ပြီးတော့သူ့ခွက်ထဲက အရက်တွေကိုပါ အကုန် မော့သောက်ပစ်လိုက်တယ်။

အဲဒီတော့မှ ထိုင်ငေးနေတဲ့သူက စ ငိုတော့တာပဲ ...။
ကုန်တင်ကား ဒရိုင်ဘာက " မငိုပါနဲ့ကွာ ... ငါ စတာပါ .... ငါမင်းကို နောက်တစ်ခွက် ပြန်ဝယ်တိုက်ပါ့ မယ် ..
ငါ ယောက်ျားကြီးတစ်ယောက်ငိုနေတာမကြည့်ရက်ပါဘူးကွာ..."လို့ပြောတယ်။

ထိုင်ငိုနေတဲ့သူက ...
"အရက်မသောက်လိုက်ရလို့ငိုတာမဟုတ်ပါဘူးဗျာ ... ဒီနေ့က ကျုပ်ရဲ့ တစ်သက်နဲ့တစ်ကိုယ် ကံအဆိုးဆုံးနေ့ မို့လို့ပါ၊"
ပထမတစ်ခုကဒီလို ...
ဒီနေ့ ကျုပ် အိပ်မောကျနေတာနဲ့ ရုံးနောက်ကျသွားတယ်ဗျာ...
အဲဒါ ... သူဋ္ဌေးက အကြီးအကျယ်ဒေါပွသွားပြီး .. ကျုပ်ကိုအလုပ်ထုတ်ပစ်လိုက်တယ်။
ရုံးကထွက်လာတော့ ကားကိုမတွေ့ရတော့ဘူး ... ကားက အခိုးခံလိုက်ရပြီ .... ရဲတိုင်တော့ ရဲကလည်း သူတို့ဘာမှမတတ်နိုင်ဘူးလို့ပြောတယ်။
ဒါနဲ့ taxi ငှားပြီး အိမ်ပြန်လိုက်တယ်၊ .... Taxi ပေါ်ကဆင်းပြီးတော့မှ ပိုက်ဆံအိတ်နဲ့ credit card ကားပေါ်မှာကျန်ခဲ့မှန်း သတိရတယ်။ ... Taxi ကလည်း မောင်းသွားပြီ၊ မရှိတော့ဘူး ...
အိမ်ရောက်လို့ အိပ်ခန်းထဲဝင်လိုက်တော့ မိန်းမက မာလီနဲ့ ဖောက်ပြန်နေတယ် ....

ဒါနဲ့ အိမ်ကနေအရက်ဘားကိုထွက်လာတယ် ...
ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တွေးနေတုန်း ခင်ဗျားရောက်လာပြီး ...

ကျုပ်အဆိပ်ခွက်ကို လုသောက်သွား တာပဲ ...။ ။

Thank YOU yawnathan for sending me that link.



Peace B with U.

အနမ်း ၁၀၀







အနမ်း ၁၀၀

အချစ်ရေ ...
မောင် ... ဒီလ လခမပို့နိုင်လို့ .... မောင့်အချစ်အတွက် ... အနမ်း ၁၀၀ ပဲပို့ပေးလိုက်တယ် ...။
မင်းဟာ မောင့်ရဲ့ အချစ်တုံးလေးပါပဲ ...

အချစ်ရဲ့မောင် ...
Allen



ရက်အနည်းငယ်ကြာတော့ ဇနီးသည်ကစာပြန်လိုက်တယ် ...



အချစ်ဆုံး မောင်ရေ ...

မောင်ပို့ပေးလိုက်တဲ့ အနမ်း ၁၀၀ အတွက်ကျေးဇူးပဲ ... မောင်ရဲ့ အနမ်း ၁၀၀ စာရင်းကိုပို့ပေးလိုက်ပါတယ် ....
၁။ နွားနို့ပို့တဲ့သူကတော့ ... တစ်လလုံး နွားနို့ပို့ပေးခ ကို အနမ်း ၂ ခါနဲ့ သဘောတူ ခဲ့တယ် ..
၂။ မီးပြင်သမားကတော့ ... အနမ်း ၇ ခါနဲ့မှ သဘောတူ ခဲ့တယ် ..
၃။ မောင့် အိမ်ရှင်ကြီးကတော့ နေ့တိုင်းလာပြီး အိမ်လခအစား အနမ်း ၂ ခု၊ ၃ခု လာလာယူတယ်။
၎။ စူပါမားကတ် ပိုင်ရှင်ကတော့ အနမ်းချည်းသက်သက် လက်မခံဘူး ဆိုလို့ တစ်ခြားဟာတွေပါ ပေးလိုက်ရ သေးတယ်။
၅။ တစ်ခြားအထွေထွေ အသုံးစရိတ်က အနမ်း ၄၀
၆။ မောင် အချစ်အတွက် ဘာမှစိတ်မပူနေနဲ့နော်။ အချစ်မှာ အနမ်းလက်ကျန် ၃၅ ခု ရှိသေးတာပဲလေ ... ပြီးတော့ ဒီလအတွက်လည်း လောက်အောင် သုံးလို့ ရပါတယ်...

နောင်လတွေရော ဒီနှုန်းနဲ့ပဲ ဆက်သုံးရမှာလား .. အချစ်ကို အကြံပေးပါဦးနော် ....

မောင့်ရဲ့ အချစ်တုံးလေး ....




Thanks Ma Zar Gyi for your forward joke ...



Peace B with U.

Sunday, September 21, 2008

Funny Photos 5







Peace B with U.

Funny Photos 4










Peace B with U.

Funny Photos 3








Peace B with U.

Funny Photos 2







Peace B with U.