Saturday, January 30, 2010

ဟာသနှင့်ဆန့်ထွက်တွေးခြင်း (မူရင်းရေးသူကိုရှာမတွေ့သေးပါ)


အခုတလော အဆိုအမိန့်တွေ ကို ကျွန်တော် သိပ်သဘောကျတယ်ဗျာ .....။
သူ့တို့ရဲ့ အဆိုအမိန့်တွေက ကျွန်တော့်ကို homesick ဖြစ်စေတယ်။

သူတို့ပြောတာလေးတွေနည်းနည်း
စဉ်းစားကြည့်ရအောင်။ အဲဒီ စဉ်းစားကြည့်ရအောင်ဆိုတဲ့ စကားလုံးက တစ်ချို့လူတွေအတွက် ကျန်းမာရေးထိခိုက်နိုင်တယ်လို့ သိရပါတယ်။ အဲဒီလိုလူတွေက ဒီတစ်ပိုဒ်ကို ကျော်ဖတ်လိုက်ပါ။
ဘယ်လိုမဲပေးကြသလဲဆိုတာ အရေးမကြီးဘူး။ မဲတွေ ဘယ်လို ရေတွက်သလဲ ဆိုတာကပဲ အရေးကြီးတယ်။ (စတာလင်)
မှန်လိုက်တာ နော် ... စတာလင်လို ဉာဏ်ကြီးရှင်နေရာအတွက် ပါရမီလောင်းစစ်စစ်များကို သတိရမိပါတယ်။
လူရှိတယ်နော် ၊ ပြဿနာရှိတယ်။ လူမရှိဘူးနော် ၊ ပြဿနာမရှိတော့ဘူး (စတာလင်)
ဟိုက်ရှားဘား စတာလင် ...။ မင်းမသိတာက လူတွေကို တစ်နေရာမှာ စုထားလိုက်ပြီး ပိတ်ထားလိုက်လည်း ပြဿနာမရှိဘူး။ 
ကတိတည်ချင်ရင် ကတိမပေးနဲ့ (နပိုလီယံ)
ဟုတ်လိုက်လေ လို့တောင် ပစ်ပျက်ထောက်ခံမိသွားတယ်။ .... ကတိပေးထားတာတွေကို မေ့သွားရင် ပြောစရာဖြစ်မယ်။ ကျွန်တော်က ၂၅ ရာခိုင်နှုန်းပဲယူမယ်။ မီးလာစေရမယ်၊ အဲဒီလိုကတိမပေးတော့ဘူးလို့ စဉ်းစားမိတယ်။ တချိန်ကြရင် ဒါက ရယ်စရာဖြစ်မယ်။
ဘုရင်တွေနဲ့ ချိုပေါက်နေတဲ့ယောကျာ်းတွေဟာ သူတို့ကို ၀ိုင်းပြီး ရယ်သွမ်းသွေးတယ် ဆိုတာကို နောက်အကျဆုံးသိရတဲ့သူတွေ။ (နပိုလီယံ)
ဒါကတော့သိပ်မသိဘူး။ မင်းတရားကြီးနဲ့တွေ့မှ လျှောက်မေးရမယ့်စကားမျိုး။
"မုန်းချင်မုန်းပါစေ ကြောက်ရင်ပြီးရော"(ကာလီဂူလာ-ရောမဘုရင်)
နောက်ဘ၀များရှိခဲ့ရင် ဆန္ဒအတိုင်း ရုပ်ကလည်း ကြောက်စရာကောင်းလောက်အောင်ဆိုးပြီး လူမုန်းများတဲ့ကောင်ကြီး ဖြစ်ဦးမယ်ဆိုတာ တွေးမိပါတယ်။ အခုအချိန်များ ကာလီဂူလာသာ လူဝင်စားဖြစ်တယ်ဆိုပါတော့ ... တခြားလူမဖြစ်နိုင်ဘူးလို့ ကျွန်တော်တွေးမိပါတယ်။ ဘာလို့ ခင်များကလည်း အဲဒီလူပဲလို့ တစ်ထစ်ချယုံကြည်ရတာလဲ....။ ဒါပေမယ့် ခင်များထင်တာမှန်တယ်ဗျ ....။
ရုရှမှာ ဘာတွေလုပ်နေကြသလဲဆိုတဲ့မေးခွန်းကို ခိုးနေကြတယ်လို့ တစ်ခွန်းတည်းဖြေလိုက်မယ်။ (နီကိုလိုင် ကာရမ်ဇင် ၁၇၆၆-၁၈၂၆ စာရေးဆရာ၊ သမိုင်းပညာရှင်)
နီကိုလိုင်ရေ .. ခင်များမသိသေးတာက ရုရှမှာ အဲဒီလို လုပ်ငန်းကျွမ်းကျင်မှုရှိတယ်ကြားလို့ အခုပဲ ပညာတော်သင်တွေလွှတ်နေပါတယ်။ ... နောက်ကျရင် ကျွန်တော်လည်း ခင်ဗျားလို တစ်ခွန်းတည်းဖြေနိုင်မှာပါ ...။
ကမ္ဘာ့တံခါးကို သတင်းစာနဲ့ပိတ်လို့ရတယ်။(လက်စ်)
ဘုရားကိုစေတီကွယ်သလို .. အမှန်တရားကို ကွယ်တဲ့သတင်းစာတွေ .... 
စာရင်းဇယားတွေ မလိမ်ဘူး။ ဒါပေမယ့် စာရင်းဇယားတွေ အကူအညီနဲ့ လွယ်လွယ်လေးလိမ်လို့ရတယ်။ (ဇဗွန်နာရော့- သတင်းစာဆရာ)
ဟုတ်မယ်ထင်တယ် ဆရာရေ.... ကွက်လပ် ကွက်လပ် လက်ထက် အတွင်း တည်ဆောက်ခဲ့သာ မြစ်ကူးတံတား အရေအတွက်မှာ ..... ၊ စာသင်ကျောင်းထောက်ပံ့မှု အတွက် မြေဖြူအချောင်းရေ မည်မျှ၊ သံဃာတော်များ အေးအေးချမ်းချမ်းစာသင်ကြားနိုင်စေရန် စာသင်တိုက်များကို ဟိမ၀ိန္တာသို့ရွှေ့ရန် သာသနာရေးအဖွဲ့မှအကြံပေးချက်နှင့်အညီ ဆောက်လုပ်နေသော ငါးထပ်ကျောင်းဆောင်မည်မျှ၊

ကျွန်တော်ရဲ့ဆန္ဒက သေးသေးဖွဲဖွဲလေးပါ။ နိုင်ငံတော် ခေါင်းဆောင်ရဲ့ ရုပ်ပုံကို တံဆိပ်ခေါင်းထက် ပိုမကြီးစေချင်တာတစ်ခုပါပဲ။
(နာဘာကော့၊ ၁၈၉၉-၁၉၇၇ စာရေးဆရာ)

နာဘောကော့ရေ ... အဲဒါကို ကျွန်တော် ရုရှက လူထု အော်သံမှာထည့်လိုက်တော့ ... နောက်နေ့မှာပါတာက ခွေးလေခွေးလွင့်များ နှိမ်နင်းပြီးဖြစ်... တဲ့။ ကျွန်တော့်အတွက် ပြန်ကြားချက်ပေးတာလားဟင်။ အဲဒါလေးမေးပေးပါ။ 
အင်မတန်ကောင်းတဲ့လူနဲ့ အင်မတန်ချမ်းသာတဲ့လူ တစ်ချိန်တည်းမဖြစ်နိုင်ဘူး(ပလေတို)
ဟုတ်ပါ့ ပလေတိုရေ ...။ ဒင်းက အင်မတန်ချမ်းသာတာကလား။ 

ဥပဒေရေးဆွဲပြဌာန်းဖို့ လူတွေ ရာနဲ့ချီပြီးစဉ်းစားကြရတယ်။
အဲဒီဥပဒေတွေကို ဘယ်လိုရှောင်ရမလဲ ဆိုတာကြတော့ လူတွေ သန်းနဲ့ချီပြီး စဉ်းစားကြတာကလား။ (ရှရှားသမ္မတ ပူတင်)

ပူတင်-လိုက်ဖက်ညီတဲ့ အဆိုအမိန့်နဲ့လူ။ ဥပဒေအထက်မှာ ဘယ်လူမှမရှိဘူး။ ရှိနေတာတွေကလည်း လူမဟုတ်ဘူးလို့ သဘောပေါက်မိပါတယ်။ 
ဒီမိုကရေစီခေတ်မှာ လူညံ့လူဖျင်းတွေဟာ မဲပေးခွင့်ပဲရတော့တယ်။
အာဏာရှင်ခေတ်မှာတော့ အုပ်စိုးပိုင်ခွင့်အထိရနိုင်တယ်။ (ဘာထရန်ရပ်ဆဲလ်)

ဟဲဟဲ ...ဟုတ်မယ်ဗျနော်။
လူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရတယ်။ ထောင်ကျနေတဲ့လူနဲ့ ထောင်ကျသင့်တဲ့သူ။ (မာစယ် အရှား-၁၈၉၉-၁၉၇၄ ပြင်သစ် စာရေးဆရာ)
အော်အရှားရယ် .. ခင်များ ပြင်သစ်မှာမွေးတာဟုတ်ရဲ့လားဗျာ ....

ကျွှန်တော်က ဘာမှ မပြောတတ်လို့ လူများပြောတာတွေကို စဉ်းစားတာပါ။ နောက်ဆုံး အဆို အမိန့် သုံးခုပဲပြောချင်ပါတယ်။ ....
"မြစ်တွေနဲ့ အစိုးရတွေမှာ အပေါ့ဆုံးတွေ အပေါ်ကို တက်လာကြလေ့ရှိတယ်။" (ဘင်ဂျမင် ဖရန်ကလင်)
ဝေဖန်ရေးသမားဟာ မော်တော်ကားနဲ့တူတယ်။ ညံ့လေ အသံထွက်လေပဲ။ (တူဝင်- ပိုလန်ကဗျာဆရာ)
ကျွန်တော်လည်း အသံသိပ်ထွက်တဲ့ မော်တော်ကားမဖြစ်ချင်ဘူးဗျာ ... (Zephyr)

ခင်မင်စွာဖြင့်။
/zefa/ 



Peace B with U.

Wednesday, January 27, 2010

ကျွန်တော်နဲ့ ရေဒီယို နားထောင်ခြင်းရသများ


ဒီတစ်ပတ်သီချင်းနားထောင်ဖြစ်တယ်။ MYMC က နားထောင်တာပါ....။ အရင်က နားထောင်လေ့သိပ်မရှိတဲ့ မြန်မာ Hip-Hop တွေ Rap တွေနားထောင်ဖြစ်ပါတယ်။ တော်တော်လေးကို ဗဟုသုတရပါတယ်။ အဲဒါလေးပြောချင်လို့ ရုံးက စောစောပြန်လာပြီး အိမ်က ကွန်ပြူတာဂုန္တော အနန္တောရှေ့မှာ မိန့်မိန့်ကြီးထိုင်ပြီး .... ဒီစာကို ပြုံးပြုံးကြီးရေးလိုက်ပါတယ်။


မြန်မာတွေ English စာမကောင်းတာကိုက မျိုးချစ်စိတ်ရှိရာရောက်ပါတယ်။ အဲဒီလိုဆိုလို့ ကိုယ့်ကိုယ်ကို မျိုးချစ်စိတ်ရှိပြီး အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်တဲ့သူတွေလို့ ထင်သူတွေက မျက်မှောင်ကြုတ်ဖို့ တာစူနေပါဦးမယ်။ အထင်မလွဲလိုက်ပါနဲ့ ... ဒီလိုပါ ..... အရင်ကလည်းသတိထားမိပါတယ်။ Baby you should break my heart slowly ... ဆိုတဲ့သီချင်းပါ။ Heart ကို Hat လို့ ဆိုနေတော့ တော်တော်လေးခံစားရပါတယ်။ ခေါင်းကို ရိုက်ခွဲလိုက်သလိုကို ခံစားရတာပါ။ အသည်းကွဲတာက သေချင်မှသေမယ် .. ခေါင်းကွဲတာက သေဖို့ပိုနီးစပ်တယ်မလား ...(မှတ်ချက် ... စောင်းရေးတာမဟုတ်ဘူးနော် ညီလေး ....။)

နောက်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Rap သီချင်းတစ်ပုဒ်ကြားရပါတယ်။
ရှောက်သီးဆေးပြားလျက်တဲ့ ... ဘာလို့ ရှောက်သီးဆေးပြားကို လျက်ခိုင်းတာလဲပေါ့ ... တွေးနေတာ အကြာကြီးပဲ ....။ အစာကြေဆေးအနေနဲ့လားပေါ့နော် .. တွေးနေတာ။ နောက်တော့မှ နားလည်တယ် .... South East Asia Rap ... ကို ဆိုနေတာ ....။ ကိုယ့်ကိုယ်ကို တော်တော်သိမ်ငယ်သွားတယ်။ Listening ကောင်းအောင် လုပ်ခဲ့ပြီး နောက်တစ်ခါ ပြန်နားထောင်ကြည့်ပါဦးမယ်။

အသက်ကြီးလာလို့နားတွေမကောင်းတော့တာနေမှာ ဆိုပြီး ... နောက်တစ်နေ့မှာ နောက်ထပ် Effect တွေပါတဲ့ အသံနဲ့ကောင်လေးတစ်ယောက်ဆိုတာ ထပ်နားထောင်လိုက်ပါတယ်။ မင်းအချိုးက စက်ဆီတဲ့ ....။ ကောင်မလေးက Workshop ကလို့ထင်မိတယ်။ သူက စက်ဆီတွေနဲ့ပေါ့လေ။ လားလား .. ဘယ်ဟုတ်မလဲ Sexy ကို မြန်မာမှုပြုထားတဲ့အသံ ... ဆိုလိုတာက Sexy ပဲတဲ့။

ဟဲဟဲ ... စတာပါဗျာ .. ကလေးတွေ လုပ်ချင်တာလုပ်တာဟာ လူကြီးတွေ နိုင်ငံကို အုပ်ချုပ်တာထက် ကြည့်ကောင်းပါတယ်။ အဲလေ ... လူကြီးတွေထက် ပေါ့ပါးတယ်လို့ ဆိုချင်တာပါ။

ဘန်နာမှာရေးထားတဲ့စာသားကတော့
Gettysburg Address ဆိုတဲ့ ... လင်ကွန်းရဲ့ မိန့်ခွန်းထဲက Government of the people, for the people by the people ကနေလာတယ်လို့ထင်ပါတယ်။ For youths by youths လို့ရေးထားတာတွေ့ပါတယ်။ ဆိုလိုတာကတော့ အသက်ကြီးတဲ့ တစ်ချိန်က Youths ကြီး တွေမပါဘူးလို့ဆိုလိုသလိုဖြစ်နေပါတယ်။ သီချင်းနားထောင် ရင်း တစ်ချို့ Government တွေက 0f the လည်း မပီးပဲ ဘိုင်သည်လည်းမပီးပဲ ပါဘဲလျက် အရပ်သားတွေ အသည်သားတွေ စသည်ဖြင့်တွေဆိုပြီး ခွဲသေးတယ်လို့ သတိထားမိသေးတယ်။


သီချင်းကို Musicals လို ဆိုတဲ့သူမပါတာတွေပဲ သဘောကျတဲ့အတွက် လူတွေဆိုနေတာ ကြာကြာနားမထောင်နိုင်ပါဘူး။ နားက sensitive (စမ်းစမ်းတင့်) ဖြစ်တဲ့အတွက် သီချင်းသံတွေကို ကြာကြာလက်မခံနိုင်ဘူးလို့ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် Active ဖြစ်တဲ့ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကိုတော့ အသိအမှတ်ပြုပါတယ်။ .... ရှေးသီချင်းထဲက... နောင်တစ်ခတ်မှာခေါင်းဆောင်ဖြစ်နိုင်တယ် ... ဆိုတဲ့စာသားကို သတိရပါတယ်။ ဒီတစ်ခေတ်မှာတော့ ... ဟဲဟဲ ...။

နစ်ရှေးရဲ့စကားလေးတစ်ခွန်းရှိပါတယ်။
Without music, life would be a mistake. (Friedrich Nietzsche)
ဂီတသာမရှိရင် ဘ၀ဟာ မှားယွင်းမှုတစ်ခုပဲဖြစ်လိမ့်မယ် ။ .... သိပ်ကို လှပတဲ့ အဆိုအမိန့်လေးပါ။ အဲဒါကို Gramophone ဆိုင်တွေမှာ ခပ်တည်တည်ကြီးနာမည်မတပ်ဘာမတပ်ရေးထားတာတွေ့ဖူးမှာပါ။ ဂီတကို ဘာသာရေးမှာတော့ အားမပေးဘူး။ ဘာလို့လဲတော့မသိဘူးဗျ။ ကျွန်တော်တို့ငယ်တုန်းက သင်ရတဲ့ Millionaire မောင်နှံ ... ကုဋေရှစ်ဆယ် သူဌေးသားနဲ့ ကုဋေရှစ်ဆယ် သူဌေးသမီး တို့ကို သူတို့အဖေအမေတွေက အတီးအမှုတ် အက အခုန်တွေ ငယ်ကတည်းက သင်ပေးတယ်။ အဲဒါတွေပဲသင်ပေးလိုက်တာဆိုပဲ။ အခုခေတ်ဆိုရင်တော့ Underground Dance တွေ၊ Hip-Hop တွေ Punk တွေ သင်ပေးလိုက်မယ်ထင်ပါတယ်။ အဲဒီ လင်မယားက စီးရီးမထုတ်စားပဲ တောင်းစားတဲ့အတွက် သိပ်မမြတ်လိုက်ရာကနေစပြီး အဲဒီ ဂီတဟာ နည်းနည်းပေါ့ ... အောက်သွားတယ်။ ပိန်းသွားတယ်။ တံထွေးခွက်ထဲမှာ ပက်လက်မျောနေတုန်း တံထွေးထပ်အထွေးခံရသလိုပေါ့ ... အဲဒီလို သိမ်ငယ်သွားတယ်။ တကယ်တော့ ပဉ္စသိင်္ခက Romance သီချင်းကို ကြိုးညှိလိုက်လို့ မြတ်စွာဘုရားရဲ့ စိတ်အစဉ်မှာ မလျော့မတင်း စောင်းကြိုးညင်း ဒဿန ပြန်ထင်လင်းလာတာကနေစပြီး ... ဂီတကြောင့် ခမ်းနားခဲ့တာတွေအများကြီးပါပဲ။

ဂီတဟာ သင့်နှလုံးသားကို နူးညံ့စေနိုင်တဲ့ တစ်ခုသော အကြောင်းတရားလည်းဖြစ်ပါတယ်။

အခုဆိုရင် Zephyr က မလေးက ညီလေးကိုမျိုးအတွက် ငါမင်းကို သတ်ချင်တယ်။ အလုပ်က ညီလေး အတွက် အောင်ခြင်းရှစ်ပါးနဲ့ ... မြန်မာပြည်က အမေအတွက် ...အမေနဲ့ရွာကိုလွမ်းတယ်၊ တမလွန်မှ အမေအတွက် ဗင်းဆင့်ဗန်ဂိုး တမ်းခြင်း၊ မွေးသဖခင်အတွက် အဖေ၊ အိမ်က နှစ်ထပ်ကုတင်လေးအတွက် အနှိုင်းမဲ့၊ အမိမြန်မာပြည်ကြီးအတွက် တို့တာဝန်အရေးသုံးပါး Remix။ ခေါင်းဆောင်ကြီးအတွက် ... နားနားပြီးပြောပါ။ ပေါင်တရာမပြည့်သေးသော ညီမတော်အတွက် အိမ်၊ လူနဲ့ကိစ္စများနေတဲ့လုံမကြီးအတွက် I don't like Mondays။ အလုပ်များနေတဲ့ Xanthos အတွက်Bonnie Tyler ရဲ့ It's a heartache. ညီလေးမောင်ဆက်အတွက် ပလက်ဖောင်းမင်းသား (မောင်မောင်ဇော်လတ်၊ ကျားပေါက် ဗားရှင်း)။ ဖန်ဆင်းတော်မူသော အဖအတွက် ... ပျင်းတောင်ပျင်းသေးတယ်။ အစအစ အရာရာ သည်းခံပြီးဖတ်ပေးတဲ့သူတွေအတွက် ....Life is Wonderful by Jason Mraz.
အထူးအစီအစဉ်အနေနဲ့ အခူအချိန်အထိ မျက်မှောင်ကြုံ့ပြီး ဖတ်လာတဲ့ ခင်ဗျားအတွက် ... အာအိုရ်စီခေ (ROCK) ရော့ခ် ရယ်တာရယ်တာပေါ့။
Club မှာ က,ချင်တဲ့ ကောင်မလေးများအတွက် ထံတျာတေရှင် ဒျန့်ဒျန့်၊ ဟိုလူကြီးရဲ့မြေးအတွက် တောဂေါ်လီ၊ အလွမ်းဓာတ်ခံရှိသူများအတွက် အယ်နောင်းရဲ့ နင်နဲ့ငါ။ မကြာမကြာ ကောက်ရိတ်တံလာလာထားတတ်တဲ့သေမင်းအတွက် Eminem ရဲ့ Without Me.အပြစ်လာဖြေမလားလို့စောင့်နေတဲ့ Gmail ထဲက ဘုန်းတော်ကြီးအတွက် We are all innocent. အမေရိကန် သမ္မတ အိုဘာမားစ်အတွက် Black & White သီချင်းတွေနဲ့အတူ ၂၀၁၀ မှာ ရန်ကုန်မြို့ ၂၄ နာရီ မီးရရှိရေး ကြိုးပမ်းနေသူများအတွက် .. ရွာငယ် ဇနပုဒ် .. မီးကလေး မှိတ်တုတ် .... အစချီတဲ့ကလေးသီချင်းကို တောင်းဆိုလိုက်ပါတယ်။ ။

ခင်မင်စွာဖြင့် ...
/Zefa/





Peace B with U.