Monday, April 13, 2009

ထောင် နဲ့ အလုပ်

ဒါနက တဝေေ၀၊ ရေတွေကတရွှဲရွှဲ ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့ သာ ဆင့်ရော့ ....(ဆရာဇော်ဂျီ ...)

...မင်္ဂလာရှိတဲ့နေ့လေးမှာ ... ရယ်စရာ post လေးတစ်ခု တင်ပေးလိုက်ပါတယ် ...

မူရင်းpost ကိုပါ ပူးတွဲဖော်ပြလိုက်ပါတယ် ...။

ထောင် နဲ့ အလုပ်

ထောင်မှာ - သင်ရတဲ့အချိန်တွေရဲ့ အများစုကို ၁၀ ပေပတ်လည် အခန်းထဲမှာ ကုန်ဆုံးရတယ် ...

အလုပ်မှာ - သင်ရတဲ့အချိန်တွေရဲ့ အများစုကို ၈ ပေပတ်လည် စတုရန်းကွက်ထဲမှာ ကုန်ဆုံးရတယ် ...

ထောင်မှာ - တစ်နေ့မှာ အစား သုံးနပ်စားရတယ် ။
အလုပ်မှာ - အစားတနပ်အတွက် အားလပ်ချိန်ခဏလေးရမယ် ၊ အဲဒီအစားအစာအတွက်ကိုယ့်ဘာသာကိုယ်ငွေရှင်းရမယ် ...။

ထောင်မှာ - ကောင်းတဲ့ အပြုအမူ(အလုပ်ကြိုးစားတာမျိုး)အတွက် သင်ဟာ အားလပ်ချိန်ချီးမြင့်ခံမယ် ...။
အလုပ်မှာ - ကောင်းတဲ့ အပြုအမူ(အလုပ်ကြိုးစားတာမျိုး)အတွက် သင်ဟာ အလုပ်ပိုလုပ်ရမယ် ...။

ထောင်မှာ - အစောင့်က သင့် အတွက် တံခါးကို ပိတ်ပေး၊ ဖွင့်ပေးမယ် ..။
အလုပ်မှာ - တံခါးကတ် ကို ကိုယ့်ဖာသာ ယူသွားရပြီး .. တံခါးကို ကိုယ့်ဖာသာပဲ ဖွင့်ရမယ် ...။

ထောင်မှာ - သင်ဟာ တီဗွီ ကြည့်နိုင်တယ် ... ဂိမ်းဆော့နိုင်တယ် ...။
အလုပ်မှာ - တီဗွီကြည့် ဂိမ်းဆော့နေမယ်ဆိုရင် အလုပ် အထုတ်ခံရနိုင်တယ် ...။

ထောင်မှာ - ကိုယ်ပိုင် အိမ်သာတစ်ခုရမယ် ...။
အလုပ်မှာ - လူများတွေနဲ့ အိမ်သာကို ဝေငှသုံးရမယ် ...။ အဲဒီလူတွေက တစ်ခါတစ်လေ .. အိမ်သာထိုင်ခုံမှာ .. အပေါ့သွားထားတတ်သေးတယ် ...။

ထောင်မှာ - မိတ်ဆွေ နဲ့ မိသားစုဝင်တွေကို လာလည်ဖို့ခွင့်ပြုတယ် ..။
အလုပ်မှာ - မိသားစုနဲ့ စကားပြောဖို့ အခွင့်တောင်မရဘူး ..။

ထောင်မှာ - (အခွန်အခ၊ အသုံးစရိတ် အတွက်)ဘာမှလုပ်စရာ မလိုဘူး ... အခွန်ထမ်းဆောင်သူတွေက သင့် အသုံးစရိတ်ကို ပေးပေးလိမ့်မယ် ...။
အလုပ်မှာ - အလုပ် အတွက် အခွန်ကို ကိုယ့်ဘာသာကို သွားဆောင်ရမယ် ...အခွန်ရုံးကနေ .. ထောင်သားတွေအတွက် အခွန်ကောက်တာကို လည်း ... လစာထဲက ဖြတ်ခံရဦးမယ် ..။

ထောင်မှာ - သင့်ဘ၀ကို သံတိုင်တွေကြားမှာကုန်ဆုံးရင်း ... အပြင်ထွက်နိုင်ဖို့ မျှော်လင့်တယ် ..။
အလုပ်မှာ - သင့်ဘ၀ကို အလုပ်ထဲမှာကုန်ဆုံးရင်း .. အလုပ်ထုတ်ခံရပြီးထောင်ထဲရောက်ချင်နေမယ် ..။

ထောင်မှာ - (နှိပ်စက်ရတာကို အရသာတွေ့တဲ့ )ရက်စက်တဲ့ ထောင်မှုးတွေနဲ့ ရင်ဆိုင်ရတယ် ....
အလုပ်မှာ - အဲဒီလိုလူတွေကို အလုပ်ထဲမှာတော့ (ထောင်ပိုင်တွေလို့မခေါ်ဘူး ..) မန်နေဂျာလို့ခေါ်တယ် ...။



Written By: Sujan Patel On April 9th, 2007

IN PRISON: You spend the majority of your time in a 10X10 cell.
AT WORK: You spend the majority of your time in an 8X8 cubicle.

IN PRISON: You get three meals a day.
AT WORK: You get a break for one meal and you have to pay for it.

IN PRISON: You get time off for good behavior.
AT WORK: You get more work for good behavior.

IN PRISON: The guard locks and unlocks all the doors for you.
AT WORK: You must often carry a security card and open all the doors for yourself.

IN PRISON: You can watch TV and play games.
AT WORK: You could get fired for watching TV and playing games.

IN PRISON: You get your own toilet.
AT WORK: You have to share the toilet with some people who pee on the seat.

IN PRISON: They allow your family and friends to visit.
AT WORK: You aren’t even supposed to speak to your family.

IN PRISON: All expenses are paid by the taxpayers with no work required.
AT WORK: you get to pay all your expenses to go to work, and they deduct taxes from your salary to pay for prisoners.

IN PRISON: You spend most of your life inside bars wanting to get out.
AT WORK: You spend most of your time wanting to get out and go inside bars.

IN PRISON: You must deal with sadistic wardens.
AT WORK: They are called managers.




p.s Thanks Bro Lion for giving me info about the Prison vs Work..



Peace B with U.

သတိတရ ...

သံသရာ ၏ တည်နေရာနယ်နိမိတ်ကို ငါမသိခဲ့ ...
မျှော်လင့်ခဲ့သော ကျေးဇူးဆပ်တင်နိုင်ခွင့်ကို ငါသည်မရခဲ့ ...။

စိမ်းလန်းသော ကျက်စားရာ အရပ်သို့ .... ပေါ့ပါးသွားထွက်ခွာသွားသော ...
ဝိညာဉ် သည်လည်း ... ငါ့ကို ခြောက်သွေ့စွာကြေကွဲစေ၏

နံနက်ခင်းတွင်လင်းနေမြဲဖြစ်သော အလင်းရောင်တို့သည်ပင် .... ယခု အထိပြန်မတောက်ပကြ ...
တမ်းတမှု အကွဲစများနှင့် ပြည့် နှက်နေသော ... တစပြင်၌ ငါသည် ... ဆိတ်ဆိတ်ရပ်နေ၏ ...

စိုက်ပျိုးခဲ့သမျှ ... မရိတ်သိမ်းသွားသော ဥယျာဉ်မှုးသည် .... ငါတို့ကို လွမ်းဆွတ်နေမည်လား ....။
သိမ်မွေ့စွာထွက်ခွာသွားသော ထွက်သက်နောက်သို့ .... ငါသည် မျှော်ငေးနာကျင်နေ၏ ....

အတောင်တော် အရိပ်၌ ၀မ်းမြောက်နေလေခဲ့သလား ...။
မာယာမပါသော မိုးမုတ်သုန်တို့ ... တသွင်သွင် ရွာသွန်းနေလေသည်တကား ....။

ထွန်ကြောင်းများဖြင့် အက်ကွဲတုန်ခါနေသော ... သတိရခြင်းသည်သာ ငါ၏ အစားအစာ ဖြစ်လေ၏ ...
အကြိမ်ကြိမ် ဟစ်အော်သော်လည်း ... သွားနှင့်သူသည် မကြားလေတော့ပြီ ....။

ခက်ခဲခြင်းဂီတတို့ဖြင့် ... တိုးလျှိုးတောင်းပန်သော စောင်းကြိုးတို့သည် ... ပြတ်ခဲ့ပြီ ...
တစ်ဘ၀ခြားသွားသော ချောက်ကမ်းပါးသည်လည်း ... အသူတရာ မက နက်ခဲ့လေပြီ ....။

နေ့ဖြစ်စေ ... ညဖြစ်စေ ...
အစလည်းဖြစ်စေ ... အဆုံးလည်းဖြစ်စေ ....
ကံတရားသည်ပင် ... နာမည်တူမရှိခဲ့ ....
စီးဆင်းသွားသော ရေ အလျဉ်သည်လည်း ....ငါ့ကို ခေါ်ဆောင်မသွားခဲ့ .....။
ရေနည်းလှသောကြောင့်လည်း ... အသက်ရှူမ၀ခဲ့ ...
တောင်စွယ်၌ ကွယ်ခဲ့သောနေသည် ....
ငါ့စိတ်ကိုပင် သတ်လုပြီ ....။

... အမှောင်ထုသည် သိပ်သည်းနေလေ၏ ...
.... အမှောင်ထုသည် ....သိပ်သည်းနေလေ၏ ...

ကောင်းကင်သို့ ဆန့်မြောက်ထားသော လက်တံများကို ငြိမ်သက်စွာရုတ်သိမ်း၏ ....
... တန်ဖိုးဆိုသော အရာကို .... ခံစားနားလည်တတ်ခဲ့ချိန်တွင် ... ကန့်လန့်ကာတို့သည် ကျခဲ့လေပြီတကား ...။
နောင်တတရားသည် ငါ၏ မနိုင်ဝန်ဖြစ်ပေ၏ ...
သောကသည်သာ .... အငွေ့မပြန်နိုင်သော ၀န်ထုပ်ဖြစ်လေ၏ ....

ရိုးသားအေးချမ်းစွာ ...
လူတကာကို ယုံကြည်စွာ ...
နှိမ့်ချစွာ...
ချစ်ခင်စွာ...
ရိုင်းပင်းစွာ...
ကြင်နာစွာ...
တိတ်ဆိတ်စွာ...
နာခံစွာ ...
မြောက်မြားလှစွာသော ဂုဏ်ပုဒ်တို့ကို ငါရေရွတ်၏ ... မြည်တမ်း၏ ... ....

ဆူးလက်ချောင်းများဖြင့် ဖမ်းဆီးခံထားရသော ပန်းပွင့်ကဲ့သို့
နှလုံးသွင်းမှားလှစွာသော ငါ့စိတ်သည် ...
နာကျင်စွာ .... ခံစားချက်များ ယိုစီး၏ ....

အမိမဲ့ နေ့ရက်များသည် .. အနာဖေးမတက်နိုင်သော အနာများကဲ့သို့ . ရပ်စောင့်နေလေသည်တကား ...။

အေးချမ်းသော ဘုံဘ၀ ၌ ပိုမိုအေးချမ်းပါစေ ...
အေးချမ်းသော ဘုံဘ၀ ၌ ပိုမိုအေးချမ်းပါစေ ...
အေးချမ်းသော ဘုံဘ၀ ၌ ပိုမိုအေးချမ်းပါစေ ...


Dedicated to my Mom, ... who was passed away last six months ago ...



Peace B with U.