Saturday, July 3, 2010

နက်(က)တိုင်စည်းခြင်း အနုပညာ

နက်(က)တိုင်စည်းခြင်း အနုပညာ


ဆရာမြသန်းတင့် ကို သတိရလို့ အနုပညာဆိုတာကို သုံးလိုက်တာပါ။ စစ်နှင့်ငြိမ်းချမ်းရေး နဲ့ ခန်းဆောင်နီအိမ်မက် စာအုပ်တွေတွေ့တော့ ဘာတွေးမိသလဲဆိုရင် ဘာသာပြန်ဖို့အသာထား ...။ ကူးရေးဖို့တောင် စိတ်မကူးချင်ဘူးလို့ ....။ ဆရာဇော်ဂျီကိုယ်တိုင်ကတောင် ဆရာမြသန်းတင့်တို့က professional စာရေးဆရာလို့ပြောပါတယ်။ သူ့ကိုယ်သူတော့ ပြောက်ကြားစာရေးဆရာ လို့ပြောပါတယ်။ အသက်မွေးဝမ်းကျောင်းအနေနဲ့ မလုပ်ဘဲ ကြိုကြားကြိုကြားရေးတာကို ပြောတာပါ။ ဒါက အနုပညာကိုရှင်းတာပါ ....။ ရေးမှာကတော့ သိပ်အနုပညာတွေမဟုတ်ပါဘူး ....။ ပေါ့ပေါ့ပါးပါး ဟိုက်ဒရိုဂျင် စာစုများဆိုတဲ့ မထုတ်ဝေရသေးတဲ့ စာအုပ်မှာ မရေးရသေးတဲ့ article တစ်ခုပါ ....။


Necktie သို့မဟုတ် tie ကို အရင်က စာဟောဆရာတွေ လည်ပင်းအေးမှာစိုးလို့စည်းတယ်လို့ ဒန်ဘရောင်းလေးပြောတာကို တစ်ခါလည်းရေးပြီးပါပြီ။ လည်ပင်းလေးနွေးနေအောင်လို့ စဉ်းစားပြီးသုံးစွဲခဲ့ပုံရပါတယ်။ နောက်တော့လည်း အခုလို အလှအပ ပစ္စည်းအနေနဲ့ silk တွေ polyester နဲ့ လုပ်လာကြပါတယ်။ wiki မှာတော့ နှစ်သုံးဆယ် စစ်ပွဲ မှာ ခိုရေးရှန်း စစ်သားတွေ စည်းခဲ့တဲ့ လည်စီးကနေစလာတာလို့လည်းဖြစ်မှာပါ။ တစ်ချိန်မှာ ပုံတောင် ပုံညာက ပရိုင်းမိတ်မှာ လည်ပင်းမှာ အ၀တ်စုတ်တစ်ခုစည်းထားတာများတွေ့လိုက်ရင် Necktie အစ မြန်မာက ဆိုတဲ့ စာသားပြူးပြူးကြီး နိုင်ငံတော်ပိုင် သတင်းစာမှာပါလာဦးမယ်ထင်ပါတယ်။


မနေ့က အလုပ်အသစ်မှာ ဓာတ်ပုံရိုက်ဖို့ Necktie လိုတယ်ဆိုလို့ ရှိတဲ့ Tie ကသေးနေလို့ နည်းနည်းကြီးတာသွားရှာပါတယ်။ Mark And Spencer နဲ့ G2000 မှာ ကြည့်ပါတယ်။ အဆင်မပြေပါဘူး။ တွဲရောင်းတာတွေကိုလည်းမလိုချင်ပါဘူး။ မေးရင် မဖြေချင်သလို လုပ်တာကိုလည်း မ၀ယ်ချင်ပါဘူး။ ရောင်းတဲ့သူက လူငယ်မဟုတ်လို့ သည်းခံလိုက်ပေမယ့် ... ဒါဟာ ဈေးသည်ကောင်းမဆန်ဘူးလို့တွေးမိပါတယ်။ နောက်တော့မှ City Mall က Mark And Spencer မှာမှ အဆင်ပြေတာတွေ့ပါတယ်။ Necktie ဈေးတွေကတော့ သုံးဆယ်ကနေ ၁၄၈ အထိတွေ့ခဲ့ပါတယ်။ အဆင်ပြေတဲ့ Necktie တစ်ခုရှာရတာ .. ဆဟားရား (မူကွဲ ဆာဟာရ) မှာ ... ရှေ့ကလူ အပေါ့သွားခဲ့တဲ့ အကွက်ကလေးကို လိုက်ရှာရသလောက်ခက်ပါတယ် ...။


Tie နဲ့ပတ်သက်တာလေးတွေကို စဉ်းစားကြည့်ပါတယ်။
ဟာသလေးတွေလို့ပြောနိုင်ပါတယ်။ ငယ်ကတည်းက စာသာ ဖြစ်ဖြစ်မြောက်မြောက်မတော်ခဲ့ပေမယ့် ဟာသစာအုပ်တွေကိုတော့ ကျေကျေညက်ညက်ဖတ်ဖြစ်ပါတယ်။ Reader's Digest မှာဆိုလည်း ဟာသပဲဖတ်ဖြစ်ပါတယ်။


မှတ်မိတာတစ်ခုက ...
ကျွန်မယောကျာ်းက လူကြီးလူကောင်းပါ ...။ မိန်းမကို နက်ကတိုင် မချွတ်ဘဲ တစ်ခါမှ မရိုက်ဖူးဘူးတဲ့။ ....
အဲဒီဟာသကို သဘောကျပါတယ်။ နက်ကတိုင်စည်းထားတဲ့သူတွေတွေ့ရင် လူကြီးလူကောင်းတွေပဲ ...လို့ စပါတယ်။ ...ကိုယ်ပြောချင်တဲ့လူကြီးလူကောင်းက ဟာသထဲက လူကြီးလူကောင်းတွေပါ ...။


နောက်တစ်ခုက ရဲမှတ်ချက်တစ်ခုပါ ....။
အခင်းဖြစ်ပွားရာတွင် ... သေဆုံးသူသည် အသက်ရှူကြပ်ပြီး သေဆုံးသည်ဟုယူဆရ ...။ အနီးအနားတွင် မည်သူ့ကိုယ်မျှမတွေ့ရ။ Necktie ကောင်းစွာမစည်းတတ်သောကြောင့်ဖြစ်နိုင်။


နောက်တစ်ခုက ၁၈+ ဟာသဖြစ်ပါတယ်။
ကျော်ဖတ်လိုက်ပါ ....။
ယောကျာ်းက Boots အကောင်းစားကြီးဝယ်လာပါတယ်။
မိန်းမကို ကြွားချင်လို့ ဖိနပ်ကြီးတကားကားနဲ့ အိမ်ထဲဝင်လာပြီး ဘာထူးခြားသလဲလို့မေးပါတယ်။
မိန်းမကသေချာကြည့်ြ့ပီး ဘာမှမထူးပါဘူးလို့ပြောတယ်။
အဲဒီတော့ ယောကျာ်းကဒေါပွသွားတယ် ...။
အခန်းထဲသွား အ၀တ်တွေချွတ်ပြီး ဖိနပ်စီးရက်သား တခါထွက်လာတယ် ...။
ဒီလိုဆိုရင်ရော ကိုယ်ဘာထူးခြားသွားသလဲကြည့်စမ်းပါဦး .....လို့ပြောတယ်။
မိန်းမက သေချာကြည့်ပြီး ....
ဘာမှမထူးဘူး ...အရင်လည်း ငိုက်စိုက် ..အခုလည်း ငိုက်စိုက်ပဲတဲ့ .....။
ယောကျာ်းက ဒေါပွသွားတယ် ...။ ဟေ့ ...အဲဒါ boots အသစ်ကို ငုံ့ကြည့်နေတာကွ ...။ boots အသစ်ကို ငုံ့ကြည့်နေတာ ....။
..မိန်းမက ဒေါပွပြီး အော်ပြောလိုက်တယ် ...။
အမှန်က ရှင် Necktie ၀ယ်သင့်တယ် ...။ Necktie ၀ယ်သင့်တယ် ....တဲ့။


... အဲဒီဟာသကိုဖတ်ပြီး ရယ်လိုက်ရတာ ...။ ဒါကို သိတဲ့သူငယ်ချင်းတွေက ကျွန်တော် tie ၀ယ်တော့ မော့ကြည့်ချင်လို့လားလို့ပြောပါတယ် ...။ မဟုတ်ပါဘူး .. ဓာတ်ပုံရိုက်ဖို့ပါ ....။ ၀ိနည်းလွတ်အောင်ရေးထားပါတယ်ဆိုမှ ဘာမှငိုက်စိုက်လဲလို့ လာမေးတဲ့သူများရှိရင် ... မလေးကိုသွားပါ ...။ Twins Tower ထိပ်ကိုတက်ပြီး အပေါ်ဆုံးက ခုန်ချလိုက်ပါနော် ....။

Necktie စည်းရတာ ရည်းစားထားရတာနဲ့တူတယ်လို့ ဆရာတစ်ယောက်ကပြောပါတယ်။ ကိုယ်ကတော့ချစ်လို့ အနားမှာရှိစေချင်တာ ...ကြာတော့ လည်ပင်းအစ်တယ်ကွာတဲ့ ....။ ... ကြည့်ရတာ သူ့ရည်စားက ဂျူဒိုသမားဖြစ်နိုင်ပါတယ် ...။

အမျိုးသားတွေကို အတွင်းခံဝတ်ရမယ်လို့ ဘယ်သူသတ်မှတ်ခဲ့သလဲ မသိကြသေးသလိုပဲ နက်(က)တိုင်ကို formal attire ထဲဘယ်သူထည့်သွားသလဲဆိုတာ ဘဲဥ အစကို မျက်မမြင်ရှာနေသလိုဖြစ်နေတုန်းပါပဲ ....။ ကြီးမြတ်တဲ့ ဗျစ်တသျှတွေကတော့ နက်(က)တိုင်မပါဘဲ ပွဲလမ်းသဘင်အခမ်းအနားလာတာဟာ ... zip မဖွင့်ပဲ အပေါ့သွားသလိုပဲ မဖွယ်မရာ အပြုအမူလို့ယူဆကြတယ်လို့ဆိုပါတယ်။

မဖွယ်မရာဆိုတဲ့စကားကိုကြားရင် divinity (ခ) moonsoon (ခ) ongoing (ခ) ... ကို သတိရပါတယ်။ သူပြောတာကတော့ ဟင်းတွေကို ဖွယ်ဖွယ်ရာရာချက်မထားတာကို ဖွယ်ဖွယ်ရာရာချက်မထားဘူးလို့သုံးတာနဲ့ မဖွယ်မရာချက်ထားတယ်လို့သုံးတာနဲ့ ဘာကွာလည်းဆိုတာပါ ...။ အနီးအနားမှာ ပညာယှိတွေများလွန်းလို့ တစ်ခါတစ်လေလည်း မျက်နှာငယ်ပါတယ်။ ဟိုတစ်လောကလည်း ရင်ဖုံးအင်္ကျီပြဿနာကို ရဲရဲနီက တင်ပြပါတယ်။ ရင်ဖုံးအင်္ကျီလို့ခေါ်ရင် ထမီကိုလည်း တင်ဖုံးထမီလို့ခေါ်မှ မြန်မာဆန်မယ်ဆိုလို့ ... ဒီပြဿနာတွေ လွယ်လွယ်နဲ့အေးပါ့မလားစိတ်ပူနေမိပါတယ်။

လူဆိုတာ ဦးနှောက်နဲ့တန်တဲ့စာကိုဖတ်ရတယ်လို့ သမိုင်းပညာရှင်တစ်ယောက်ကပြောဖူးပါတယ်။ ငယ်တုန်းက အဲဒီသမိုင်းပညာရှင်ကို သူ့မိဘတွေက ဦးခေါင်းခဏာ လက္ခဏာတို့ ခြေခဏာတို့ လိုပဲ သူကတော့ ဦးခေါင်းကို ကိုင်ကြည့်ပြီးဟောတာ ....။ အဲဒီလူက သမိုင်းပညာရှင်ဖြစ်လာမယ့်လူငယ်လေးကို ပြောတယ်....။ သားလေး ခေါင်းက သိပ်ကောင်းတဲ့ ခေါင်းအမျိုးအစား ...ဘာတွေဖတ်လဲ ပြောပြပါဦးဆိုတော့ ...ကလေးလေးက သူဖတ်တာတွေကိုပြောပြတယ် ....။ အဲဒီတော့ သမိုင်းလို နိုင်ငံရေးအမြင်လို စာမျိုးကို ဖတ်ဖို့တိုက်တွန်းလိုက်တယ် ...။ အဲဒီကလေးရဲ့စိတ်ထဲမှာ ဘာစွဲသွားသလဲဆိုတော့ ...ငါ့ခေါင်းက အင်မတန်ကောင်းတဲ့ခေါင်းဆိုတဲ့ အသိပဲ ....။ သူလည်း သမိုင်းပညာရှင်ဖြစ်လာပါတယ် ...။ပြောချင်တာက ကိုယ်နဲ့ ဆန့်သလောက်ဖတ်ဖို့ပါ ....။ ကျွန်တော်ဆို တန်ရာတန်ရာပဲဖတ်တယ် ...။ဥပမာ ဟာသတို့ဘာတို့ ...။ ရုပ်ရှင်ဆို ရှုပ်ရှုပ်ထွေးထွေးတွေနားမလည်ဘူး ....။ ကာတွန်းကားလောက်ပဲကြည့်တယ်။ နားမလည်တာတွေမကြည့်ဘူး ...။ ဥပမာဆိုပါတော့ ပွေ့ဖက်နမ်းရှုံ့ခန်းပေါ့ ...သာမန်နမ်းတာလောက်ဆိုရင် နားလည်သေးတယ်။ ဥပမာ ရဲ့ ဥပမာ lip kiss ဆိုပါတော့ အရင်ကတော့ ဆားမရှိရင် ငန်အောင် တစ်ယောက် နှုတ်ခမ်းကို တစ်ယောက်စုပ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ အခုတော့ ဆားတွေ ပြားငါးဆယ်ဆို အထုပ်ကြီးတစ်ထုပ်ရနေတာပဲမဟုတ်လား .....။ ဘာလို့လဲ ....။ နားမလည်တော့ပြန်ဘူး။ (နောက်မှ ဒီကိစ္စကို အကျယ်တ၀င့် ရေးတော့မယ် ....။)


သဘောကျတဲ့ဟာသလေးပြောချင်တယ် ...။ နပိုလီယန်ပြောတယ်လို့ပြောတာပဲ ... ဖွဲ့စည်းပုံရေးတဲ့သူတွေကို အကြံပေးစကားအမှာစကားပြောကြားတာပါ ....။
တိုတိုနဲ့ မရှင်းအောင်ရေး ...။

ကောင်းလိုက်တဲ့ အမှာစကား ၂၀၁၀ အထိကို အသုံးဝင်တယ် ...။


ဒီထက်ကြိုက်တာတစ်ခုကတော့
တစ်ချို့ဆေးတွေက ရောဂါထက်ပိုကြောက်စရာကောင်းတယ်
ဆိုတဲ့ ဘီစီ ၄ရာစုက ဆီနက်ကာဆိုတဲ့ပညာရှင်ပြောတဲ့စကားပါပဲ ...။ ကျွန်တော်တို့နိုင်ငံလည်း ချောက်ထဲကျသွားရင်တောင် အခုလောက်ဆို အပေါ်ပြန်တက်ပြီးလောက်ပြီလို့တွေးမိလို့ ...။ ကျွန်တော့်နှယ် .... ကျေးဇူးမသိတတ်လိုက်လေခြင်းနော်။

နောက်ထပ်ဟာသတစ်ခုပါ ...။တော်တော်လေးကြိုက်ပါတယ်.... so-called friend တွေကိုပြောတာပါ။
သူငယ်ချင်းကောင်းမဟုတ်တဲ့သူတွေဟာ အရိပ်လိုပဲ ...မိုးရွာပြီဆို သူပျောက်သွားပြီ .....။ နေသာနေပြီဆို အနားကကို မခွာတော့ဘူး တဲ့ ....။
တော်တော်လေးသဘောကျလို့ပြုံးမိပါတယ် ...။ မိုးရွာတဲ့အခါတွေမှာ ချေးငှားဖို့ သူငယ်ချင်းတွေရှိနေလို့ ... By the way, my dear friends .. I am broke now ... :P

နောက်ထပ်သဘောကျတဲ့ ဟာသတစ်ခုက
အစားထိုးလို့မရတာ မုဆိုးမ ပဲရှိတယ် တဲ့ ....။
ယောကျာ်းတွေအတွက်ရေးထားတဲ့ထဲမှာ အမှန်ဆုံးစကားပဲ ...။ ကျန်တာတွေ အစားထိုးလို့ရတယ် ....။ မုဆိုးမကိုတော့ အစားထိုးလို့မရဘူး ... မိန်းမက မုဆိုးမ ဖြစ်ပြီဆိုမှတော့ ကိုယ်လည်းသေပြီ ...အစားထိုးလို့ကိုမရဘူး ....။

အဲဒီဟာသတွေကို ဖတ်တော့ သိပ်မရယ်နိုင်ဘူး ..စည်းထားတဲ့ Necktie ကကြပ်နေလို့ ပြုံးရုံလေးပြုံးရတယ် ..။ မျက်စောင်းထိုးနေရာမှာထိုင်နေတဲ့ colleague တွေကလည်း သူတို့ကို ခဏခဏပြုံးပြတယ်ဆိုပြီး ပြန်ပြန်ပြုံးပြတယ် .....။ ရုံးအသစ်မှာ ဟာသတွေဖတ်ရင်း လည်ပင်းအစ်နေရတယ် ....။

နောက်ထပ်ဟာသတစ်ခုကိုတော့ တော်တော်လေး ကြိုက်ပါတယ်။
ဆေးလိပ်သောက်ခြင်းဟာ ဘာအတွက်မှ အကျိုးမရှိဘူးလို့မပြောပါနဲ့ ...။
ဆေးလိပ်သောက်ခြင်းဟာ ကိုယ့်အမွေစားအမွေခံအတွက် အကျိုးရှိစေပါတယ် တဲ့။
...
ဆေးလိပ်သောက်တာကိုတော့ နည်းနည်းမှ အားမပေးပါဘူး။ ဝေးဝေးမှာသောက်ရင် ပြဿနာမရှိပေမယ့် ရှေ့မှာဆေးလိပ်သောက်ပြီးလျှောက်သွားတဲ့လူရဲ့ နောက်ကလိုက်ရရင် လူဆိုတာ ရန်လိုတဲ့ agressive-type primate ကနေ ဆင်းသက်လာတယ်လို့ ခံစားရပါတယ်။ ပြေးပဲ ထုနှက်ရိုက်ဖဲ့လိုက်ရမလို ... ဆေးလိပ်သောက်လို့ အသက်တစ်ရက်တိုသွားပြီဆိုပြီး သနားရမလိုလို .. Passive Smoker ဆိုပြီး အလကားနေရင်း ရောဂါရတာကြီးကိုပဲ ကြေကွဲရမလိုလို .... Smoking is Hazardous to health လို့ပဲ မကြားတကြားရွတ်ရမလိုလို ...ဆေးလိပ်သောက်ခြင်းသည် သင့်ယောကျာ်းဘ၀ကို အဆုံးသတ်စေပါသည်လို့ ချဲ့ကားခြိမ်းခြောက်ရမလို ဖြစ်လာတတ်ပါတယ်။

နောက်ထပ်ဟာသတစ်ခုကိုထပ်ဖတ်လိုက်တော့ နေ့လည် သုံးနာရီခွဲတိတိရှိနေပါပြီ ...။
ဖတ်ဖို့လာပေးထားတဲ့ Project အကြောင်းတွေကိုမှတ်ဖို့ ဘောပင်တောင်းတော့ Companyမှာ ဘောပင်အပိုမရှိဘူးဆိုတာသိသွားပါတယ်။ အခုနလာသွားတဲ့ HR Admin မပေးဘူးလားတဲ့ ... မပေးဘူး ..သူ့မှာရော အပိုရှိလို့လားဆိုတော့ ရယ်ပါတယ် ...။ ကြည့်ရတာ တော်တော်လေးဆင်းရဲကြပုံရပါတယ်။ Admin နဲ့ ကိုယ်ကလည်း နီကိုရဲရဲ့ အလွဲများလောက်နီးနီးလွဲကြပါတယ်။ သူက စောစောခေါ်လို့ ကိုယ်က အစောကြီး ကျီးရော၊ အသက်ကြီးတဲ့ ကျီးအိုကြီးတွေ မနိုးခင်အိပ်ရာက ထပြီး သွားပေမယ့် သူ့ခမျာနောက်ကျတော့ တောင်းပန်ပြီး ခဏစောင့်ခိုင်းတဲ့ sms ပို့ပါတယ်။ မနက်စာ ကုလားစာလေးတွေ စားရင် သူပြန်ခေါ်မှထထွက်သွားပါတယ်။ ဖြစ်ချင်တော့ ရုံးက HQ နဲ့ Branch နဲ့ နှစ်ခုရှိပါတယ်။ သူက HQ ကိုခေါ်တာ ကိုယ်ကလည်း Branch ကို HQ ဆိုပြီးသွားလိုက်ပါတယ်။ သူက လေးထပ်ကိုတက်ဆိုတော့ ကိုယ်ကလည်း Branch မှာ လေးထပ်ကို တက်ပါတယ်။ ညာကွေ့ဆိုတော့ ညာကွေ့ပါတယ်။ တွေ့လားဆိုတော့ မတွေ့ဘူးဆိုတော့မှ သူရောကိုယ်ရော သဘောပေါက်ပါတယ်။ ရုံးကလွဲနေတာ ဘယ်လိုလုပ်တွေ့မှာလဲ ....။


ဒါနဲ့ပဲ မေးမြန်းပြီး HQ ကိုသွားပါတယ်။ မသိတော့ ကားစီးရပါတယ်။ ကားတစ်မှတ်တိုင်စီးသွားတဲ့နေရာက အမှန်က လမ်းလျှောက်သွားလို့ရပါတယ်။နီးနီးလေးပါ။ အဲဒီနားမှာ စင်ကာပူမှာ မီးပွိုင့်ထားရတဲ့ လမ်းတွေထဲမှာ အကျဉ်းဆုံးလမ်းတွေ့ပါတယ်။ကားတစ်စီးစာကို မီးပွိုင့်ထားတာတွေ့ရပါတယ်။ အဲဒီနေရာကိုဖြတ်တော့ HR Admin က အဲဒီအကြောင်းပြောပြပါတယ်။ SMU ရဲ့နောက်နားလေးမှာပါ။ ဘေးနားမှာ Museum ရှိပါတယ်။ အခုရုံးက မြန်မာတွေက Pennisula မှာ ထမင်းစားချိန် ဝေးဝေးလံလံလျှောက်ပြီး အချိန်ခိုးကြတယ်လို့သတင်းပေးပါတယ်။ မိုးရွာတဲ့အခါ ဘီယာလေးဘာလေးသောက်ပြီးမှ ပြန်တယ်လို့ပြောပါတယ်။ မြန်မာအချင်းချင်းရုံးမှာတွေ့ရတာ တော်တော်လေး ပျော်စရာကောင်းပါတယ်။ အခုလည်း တစ်ရပ်ကွက်တည်းသားသူငယ်ချင်းနဲ့ ကျောချင်းကပ်ထိုင်ရသလို နောက်ထပ်သူသူငယ်ချင်းတွေလည်းရပါတယ်။ ကံကောင်းချင်တော့ အတူလုပ်ရမယ့်အဖွဲ့သားတွေက ကူညီချင်စိတ်အပြည့်ရှိတဲ့ လူကောင်းတွေဖြစ်နေပါတယ်။ တစ်ယောက်က ပြည်ကြီးက ပေါင်ချိန်အမျိုး အသားမည်းတဲ့ တရုတ်ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ အမကြီးတစ်ယောက်ဖြစ်ပါတယ်။ သဘောကောင်းကြပါတယ်။ ဘာမှမလုပ်နဲ့ဦး ..အေးအေးဆေးဆေးပေါ့လို့ အခါ နှစ်ဆယ်စီလောက်ပြောပါတယ်။


၎ နာရီလောက်မှာ ဟာသလေးတွေဆက်ဖတ်ပါတယ်။ ရုံးမှာက Proxy သုံးလို့ အဆင်မပြေပါဘူး။ အရင်ရုံးက (အရင်ရုံးလို့ အခုပြောရတာကိုက အရသာရှိတယ် ...) ညီလေးကတော့ Phone နဲ့ချိတ်ပြီး Internet Tethering သုံးလို့ပြောပါတယ်။ သုံးနေရင်း Internet က download ရပ်သွားတာနဲ့ဘာနဲ့ တော်တော်လေးကို Inconvenient ဖြစ်ပါတယ်။ အိမ်မှာလို သုံးချင်တာကို Download လုပ်လို့မရတော့ပါဘူး။ အဆင်မပြေဘူးလို့ Complain တက်ပါတယ်။ အဲဒီမှာ အဲဒါ ထုံးစံပဲလို့ပြောပါတယ်။ သူတို့ကတော့ အားလုံးရှေးရိုးစွဲပုံစံ လုပ်ကြပါတယ်။ ဥပမာ software တစ်ခု install မလုပ်ထားဘူးဆိုရင် ဘာလုပ်ရမလဲမေးတော့ ...Install လုပ်တဲ့သူကို ဖုန်းဆက်ထားလိုက်တဲ့ ...။ နောက်တစ်ရက်တိတိစောင့်ပြီး မလာရင် သွားယူကြမယ်တဲ့...။ ကောင်းလိုက်တဲ့ဖြေရှင်းပုံ ....။


နောက်တော့ အလုပ်နဲ့ပတ်သက်ပြီး ငနဲကြီးက ခေါ်ပြီးရှုင်းပြတယ်။ Insurance မှာ နှစ်ခုပဲရှိတယ် ....။Policy နဲ့ Claim ဒါပဲတဲ့ ...။ ရှင်းလိုက်တာ ....။ နောက်တော့ လုပ်ရမယ့် အလုပ်ကို အကြမ်းဖျင်းပြောတယ်။ Maintainance လုပ်ရမယ်။ Data Patch လုပ်ဖို့လိုရင် လုပ်ရမယ်။ Database ကလည်း ကိုယ်နဲ့မဆိုင်ဘူး။ DBA ရှိတယ်။ သူ့ကိုQuery ပို့ပေးပြီး run ခိုင်းရုံပဲလို့ပြောပါတယ်။ အင်မတန် အချိန်ကုန်တဲ့နည်းလမ်းတွေနဲ့ အသားကျဖို့ စိတ်ကိုပြင်ဆင်ထားပါတယ်။ ပြဿနာလာရင် ဘယ်လောက်အတွင်းရှင်းပေးရမလဲဆိုတော့ အဆင်ပြေသလိုပဲတဲ့။ အဲဒီလို SLA မရှိဘူးလို့ပြောပါတယ်။ SLA ဆိုတာကတော့ Service Agreement ပါ။ ဘယ်လောက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိက၀တ်တစ်မျိုးပါ။ Customer တွေက အင်မတန် သဘောကောင်းတယ်ဆိုတာကို အခါ ၁၀၀ လောက်ပြောပါတယ်။ သဘောကောင်းတာကို ကျေနပ်ပေမယ့် အဲဒီလူတွေက ကောင်းကောင်းမစစ်နိုင်ဘူးမလားလို့မေးတော့ ကိုယ်ထင်တဲ့အတိုင်း သဘောပဲကောင်းပြီး Technical မကောင်းတဲ့သူတွေဖြစ်နေတာကို သိရပါတယ်။

ဒီရုံးမှာ တစ်နှစ်နဲ့ခြောက်လနေပါမယ် ....။
ပျော်စရာကောင်းမယ်လို့ယုံကြည်ပါတယ်။ အင်တာဗျူးလုပ်ကတည်းက Development ပဲလုပ်ချင်တယ်လို့ပြောလို့ Project Manager က တစ်နှစ်နဲ့ခြောက်လ နေနိုင်မလားလို့မေးပါတယ်။ ဒီမှာက အများဆုံးလုပ်ရရင် Change Request ပဲရှိတယ်လို့ပြောပါတယ်။ အမှန်ကတော့ ကိုယ့်အတွက် အရည်အချင်းသိပ်မတိုးတက်နိုင်တဲ့ အလုပ်တစ်ခုကို ပိုက်ဆံပိုရအောင်ရွေးရတာ ထင်သလောက်တော့လွယ်မှာမဟုတ်ပါဘူး ....။ ဒါပေမယ့် ဘ၀မှာ ကိုယ်ကြိုက်တာကို လုပ်ရင်း ကိုယ့်အတွက် အဆင်ပြေအောင်လည်း စဉ်းစားရပါတယ်။ တက်လမ်းတစ်ခုကို ရွေးတဲ့အခါ ဘယ်ဘက်မှာ နစ်နာသွားမလဲဆိုတာကိုလည်းတွေးကြည့်ဖြစ်ပါတယ်။ သေချာတာကတော့ ဒီနှစ်တွေမှာ Project အကြီးတစ်ခု ရထားတဲ့ အရင် company မှာ လုပ်သလောက် အလုပ်က ပညာရစရာမရှိပါဘူး.....။ အဲဒီအတွက် ပြန်ပြီး Cover ဖြစ်အောင် Cert တစ်ခု နှစ်ခု ပြန်ယုဖို့ကြိုးစားမယ်လို့စိတ်ကူးပါတယ်။ .... ဘ၀မှာ ပိုက်ဆံကို ပိုပြီး ဦးစားပေးရမယ့် အရွယ်ရောက်လာတဲ့အတွက်ပိုက်ဆံရှာဖို့ကိုရွေးလိုက်ပါတယ် ....။ အရည်အချင်းတိုးတက်တာကို ဒုတိယပို့ထားပါတယ်။

စင်ကာပူမှာ Struggling လုပ်ရတာတွေက သူလိုကိုယ်လိုပဲဆိုတော့ သိပ်မရေးဖြစ်ပါဘူး။
ဒါပေမယ့် တစ်နေ့နေ့မှာတော့ အဲဒါတွေလည်းဒီကို လာချင်တဲ့သူတွေအတွက်ရေးချင်ပါတယ်။
ကျွန်တော့်ရဲ့ အယူအဆကတော့ မမှန်တာတွေက ကိုယ့်ဆီမှာ လမ်းဆုံးရမယ်ဆိုတဲ့ မဟာမြိုင် ဆရာတော် ရဲ့ စကားနဲ့ထပ်တူပါပဲ။ မဟုတ်တာတွေကို ပြောရင် သူငယ်ချင်းပဲဖြစ်ပါစေ ..လက်မခံပါဘူး ...။ မစဉ်းမစားပို့လိုက်တဲ့ Forward EMAIL တွေကိုလည်း မဟုတ်တာကို မဟုတ်တာကြီးပါလို့ အားလုံးကိုပြန်ပို့လိုက်ပါတယ်။ မကျေနပ်လည်းမတတ်နိုင်ပါဘူး။ ကိုယ်သိတာကိုကြီးကို မဟုတ်ကဟုတ်ကတွေလာပြောနေရင် လက်မခံနိုင်ဘူး ....။ လူတွေက ဘာမဆို ကြားရတာကို PROCESS မလုပ်တော့ဘဲ forward လုပ်လိုက်တာဟာ တာဝန်ယူချင်စိတ်မရှိရာရောက်ပါတယ်။ ဒီမေးလ်ဟာ ဘယ်သူ့ကိုထိခိုက်စေသလဲဆိုတာကို သိဖို့လိုပါတယ်။ နောက်တစ်ခုက သဘာဝမကျတာကို ယုံတတ်တဲ့ ကိုယ့်ဦးနှောက်ကြီး ထုံအ နုံဖျင်းတာကို လူသိခံရာလည်းရောက်ပါတယ်။ နောက်တော့ သည်းမခံနိုင်တာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချတဲ့ အီးမေးလ်တွေပါ ....။ ဒါတွေကို အဲဒီလို ဖြန့်တာဟာ သိပ်ကို အဓိပ္ပါယ်မဲ့တယ်လို့ယူဆပါတယ်။ ကလေးတွေကို ပညာကောင်းကောင်းတတ်စေချင်ပါတယ် ...။ အသုံးချမခံရစေချင်ပါဘူး ...။ သူတို့ ပညာကောင်းကောင်းတတ်လာတဲ့နေ့ကြရင် အကောင်းဆုံးကို သူတို့ရွေးပါလိမ့်မယ် ...။ ကလေးတွေကို အရောင်တွေဆိုးချင်တာဟာ မှန်ကန်တဲ့ရည်ရွယ်ချက်မဟုတ်ပါဘူး ....။ ကလေးတွေဟာ နိုင်ငံရေးမလုပ်ဘဲ ပညာရေးကို တန်ဖိုးထားသင်ယူနေတာဟာ ဘာမှ မှားယွင်းမနေပါဘူး။ တစ်ချိန်မှာ ပညာရဲ့ အနှစ်သာရကို သူတို့သိလာပြီး နိုင်ငံရေးနဲ့ဝါဒရေးကို သူတို့လေ့လာနိုင်လာပါလိမ့်မယ်။ အမှန်ကို သိဖို့ အမှားကိုလည်း လေ့လာဖို့လိုပါတယ်။ အမှန်တစ်ခုကိုရွေးဖို့ အမှန်တွေ အများကြီးကို စမ်းသပ်ကြည့်ဖို့လည်းလိုပါတယ်။ ... အမှန်တရားကို တစ်ခုတည်းရှိနေမယ်လို့ပြောတဲ့ နေရာမှာတော့ Necktie မစည်းထားဘဲ အသက်ရှူကြပ်ပါတယ်။

ကျွန်တော်တို့တွေဟာ Necktie ကို မလွှဲသာမရှောင်သာတဲ့အခြေအနေမှာ စည်းနှောင်ကြပါတယ်။
Necktie တစ်ခုဟာ formal ဖြစ်သွားစေမယ်လို့ ပေါ့ပေါ့လေးပဲ ယုံကြည်လိုက်ပါတယ်။
Necktie က ပိုးချည်အတွက် ပိုးကောင်လေးတွေ ချည်မျှင်ထုတ်ခဲ့တာလား လို့စဉ်းစားမနေကြပါဘူး။
ဘာလို့ တံဆိပ်က ဈေးကြီးလာတာလဲဆိုတာကို ထပ်ပြီးတွေးမနေတော့ပါဘူး ....။
ကျွန်တော်တို့တွေဟာ ... အဆင်ပြေပြီးသားအမှန်တွေကို ပြဿနာမရှာကြပါဘူး။ ဘာလို့အဆင်ပြေနေတဲ့အခြေအနေတစ်ခုဟာ အဆင်ဆက်ပြေနေမှာပါလို့ ယုံနေမှန်းလဲမသိပါဘူး။တွေးလည်းမကြည့်ပါဘူး .....။
Necktie လေးတစ်ခုကို စည်းလိုက်ရုံနဲ့ Formal ဖြစ်သွားသလို စိတ်ရဲ့ ယဉ်ကျေးမှုမှာရော Casual wear နဲ့Formal ဘာနဲ့ခွဲခြားကြသလဲလို့ဆက်တွေးကြည့်ဖို့ကောင်းပါတယ်။ စိတ်မှာလည်း သူ့ Dignity အတွက် ၀တ်ဆင်ရတဲ့ နှလုံးသွင်းမှန်ကန်မှုတွေ ရှိပါလိမ့်မယ် ...။ သေချာတာကတော့ ယောနိသောမနသီကာရဟာ Necktie လိုတော့
အသက်ရှူကြပ်မနေဘူးဆိုတာပါပဲ .......။


With Peace,
Z

Notes:
အဆင်မပြေတဲ့သူတွေကိုလည်း အဆင်ပြေစေချင်ပါတယ်။
စိတ်ညစ်နေတဲ့သူတွေကိုလည်း စိတ်ချမ်းသာစေချင်ပါတယ်။
ဒါတွေအားလုံးအတွက်လိုနေတဲ့အဖြေဟာ အသင့်အတင့် နှလုံးသွင်းခြင်းဆိုတဲ့ ယောနိသော မနသီကာရလို့ပဲထင်ပါတယ်။
လူတွေနီးနေတာ ဝေးနေတာတွေထက် အချင်းချင်း စိတ်ထဲမှာရှိနေဖို့ပဲလိုပါတယ် ...။

တစ်ယောက်ရဲ့သောကကို တစ်ယောက်က နားလည်ပေးချင်တဲ့ စိတ်ရှိနေသေးသရွေ့ ...အကွာအဝေးတွေကို စိတ်ထဲမှာ တစ်ဗီဇနာပဲရှိပါလိမ့်မယ် ....။ Fighting ...။ In the long run, we will get what we deserve .... Don't Give Up ...
Don't cry for today, tomorrow and yesterday ... This is life ... not a playground for us ... :) .... Get up and try to be peaceful for sufferings of life .... I don't want to see tears of sorrow ... Juz wanna see your happy face ...

ရုံးမှာ ထိုင်တွေးလာတာတွေကို မပြုမပြင်ဘဲရေးလိုက်ပါတယ်။
FB မှာ လာနှုတ်ဆက်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။



Peace B with U.

Sunday, June 27, 2010

Cohabitation




Cohabitation

ဆိုတာက Living Together လို မြန်မာလိုပြောနေတဲ့စကားလုံးရဲ့ ဘာသာရပ်ဆိုင်ရာဝေါဟာရဖြစ်ပါတယ်။
ဒါက အကောင်းလား အဆိုးလား မဆိုးမကောင်းလား ဆိုတာတွေကို သုံးသပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ မြန့်မာရိုးရာယဉ်ကျေးမှုဆိုတဲ့ ပေတံကြီးလည်းမရှိတဲ့အတွက် အဲဒီပေတံကြီးနဲ့ တိုင်းပြီးလည်း ပြောမနေပါဘူး။ Living together ကို လက်မထပ်ဘဲ အတူနေတယ်လို့ဘာသာပြန်တာကို တော်တော်လေးလွဲချော်တယ်လို့ထင်ပါတယ်။ အဲဒီလို ဘာသာပြန်တဲ့ သူငယ်ချင်းကို ငယ်တုန်းကမေးကြည့်ပါတယ်။ မင်းအိမ်မှာခွေးမလေးရှိတယ်နော် ...။ မင်းတို့လက်ထပ်ထားလား။ လက်မထပ်ဘဲ အတူနေတယ်ဆိုတော့ မင်းနဲ့ မင်းခွေးမလေးဟာ Living together လို့ပြောနိုင်တာပေါ့။ ..... အဲဒါကိုတော့ သူက လက်မခံပါဘူး။ Living together ဆိုတာ ဒီလက်မထပ်ဘဲ အတူနေရုံလေးတော့ ဟုတ်ချင်မှဟုတ်မယ်ပေါ့လေ ....။

ဘာလို့ လက်မထပ်တာလဲ။
ပြောရရင်တော့အရှည်ကြီး ...။ သွားရရင်တော့ အဝေးကြီး ....။ ပြရရင်တော့ အကြီးကြီး ... လို့ငယ်တုန်းက လူပြက်တွေပြက်တာကို သတိရပါတယ်။ လက်မထပ်ချင်လို့ Living together ဖြစ်လာတာလားဆိုတော့လည်း အဲဒီလိုဟုတ်ပုံမရဘူး။ ဘာလို့လည်းဆိုတော့ တစ်ချို့လည်း တစ်သက်လုံး မြဲမြံစွာပေါင်းသွားလေသတည်းဆိုတာတွေရှိနေလို့ပါ။ ဆန့်ကျင်တဲ့သူတွေကတော့ Living together တွေဟာ Cherry သီးဝယ်ခါနီး မြည်းကြည့်နေတဲ့သူတွေလိုပဲ (Xanthos ပြောတာပါ။)။ ယူဖြစ်ရင်တော့ ဘာအရေးလဲ ...။ မယူဖြစ်ရင်ရောလို့ ကျွန်တော်က ၀င်ဆွေးနွေးတော့ အားလုံးက ကျွန်တော့်ကို အူကြောင်ကြောင်ကြည့်တယ်။ မယူဖြစ်တော့လည်း ဘာဖြစ်လဲတဲ့။ ... ကျွန်တော်ဟာ မြန်မာတစ်ယောက်ဆိုတာ သူတို့မေ့နေတယ်။ ... ဇီဝဗေဒအရတော့ ဘာမှအရေးမဟုတ်ဘူး။ ဓာတုဗေဒအရလည်း အရေးမဟုတ်ဘူး။ ရူပဗေဒအရလည်းအရေးမဟုတ်ဘူး။ ဒါပေမယ့် .. ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဒါဟာ အရေးဖြစ်လာတယ်။ အနောက်နိုင်ငံတွေနဲ့ အနောက်ဆန်တဲ့ အရှေ့နိုင်ငံတွေမှာတောင် မယူဖြစ်လဲ ဘာအရေးလဲဆိုတာကို တော်တော်လူပြောများလာကြပြီ။

ကျွန်တော်တွေးမိတာကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ။ လက်ထပ်ထားတယ်ဆိုရင် တခြားတွေတော့မသိဘူး။ အရှေ့တိုင်းသားအများစုကတော့ ဒါဟာ အတည်ပဲ။ ဒီတစ်ယောက်ကိုပဲ တစ်သက်လုံး ကောင်းကောင်းဆိုးဆိုး ယူလိုက်တော့မှာ .... လူကြီးတွေကိုလည်း ကိုယ် ဒီလူ့ကိုပဲ ယူတော့မှာလို့ ကတိပြုလိုက်သလို ... ကိုယ့်ကိုယ်ကိုလည်း ပိုင်းဖြတ်လိုက်တာ။ နောက်ထပ် ဂျိုလီလောက် ချောတဲ့သူတွေ့ရင်တောင် အိမ်ကဟာကြိးကိုပဲ မပြောင်းမလဲချစ်တော့မယ် လို့ ပိုင်းဖြတ်လိုက်တာ။ အဲဒီပိုင်းဖြတ်မှုမျိုးကို Living Together society မှာ မတွေ့နိုင်ဘူးလို့ ကျွန်တော်က ယူဆပါတယ်။ Living Together ရဲ့ အဓိပ္ပါယ်က ဘာနဲ့တူလဲဆိုတော့ အလုပ်တွေမှာဆို အစမ်းခန့်ကာလလိုပဲ ...တစ်ခုခုမကြိုက်ရင် ဒီဆက်ဆံရေးဟာ ပြိုကွဲမှာပဲ ...။ အလွယ်တကူပြိုကွဲလို့ရအောင်လုပ်ထားတာကိုက အတည်မပြုနိုင်သေးတဲ့သဘောပဲ။ အမြဲတမ်း Frame of Mind က ဘယ်လိုဖြစ်နေမလဲဆိုရင် အဆင်မပြေဘူးလား ..မပြေရင် လမ်းခွဲလိုက်ရုံပေါ့ဆိုတဲ့စိတ်မျိုးဖြစ်သွားနိုင်ပါတယ်။

အမှန်ကတော့ အခြေအနေအရပေါ်ပေါက်လာတဲ့စနစ်လည်းဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ကွာရှင်းရတာ ပိုက်ဆံအတော်လေးကုန်ပါတယ်။ အဲဒီလို အကုန်မခံချင်တော့ မကွဲချင်ဘူး။ မကွဲချင်မဖြစ်ကွဲရမယ်ဆိုလည်း အကုန်သက်သာအောင် မယူဘဲနေကြတယ်။ တော်တော်လေးကို Straightforward ဖြစ်ပါတယ်။ .... အဲဒီလို နိုင်ငံမျိုးမှာဆိုရင်တော့ ဒီကိစ္စကို ကပ်စေးနှဲပြီး မလိုတာ အကုန်မခံချင်တဲ့လူတိုင်းက ထောက်ခံနိုင်ပါတယ်။

နောက်တစ်ချက်ပြောတာကတော့ ... ဆရာအောင်သင်းရဲ့စကားကို တစ်ယောက်က ပြန်ပြောတာပါ။ ရည်းစားတွေပြတ်တယ်ဆိုတာ အိမ်ထောင်ကွဲတာထက်စာရင်တော်ပါသေးတယ်ဆိုတာကိုပါ။ အဲဒါကို ဆန့်ထွက်ပြီး Living Together တွေ Living Separately ဖြစ်တာဟာ အိမ်ထောင်ကွဲတာထက်တော်ပါသေးတယ်ဆိုတာမျိုးပါ။ အဲဒါကိုတော့ မတူဘူးထင်လို့ အတော်လေးငြင်းခုံလိုက်ပါတယ်။ ရည်စားတွေကွဲတာနဲ့ Living Together တွေကွဲတာမတူနိုင်ပါဘူး...ယဉ်ကျေးမှုအသိုင်းအ၀ိုင်းပေါ်မူတည်ပြီး အဲဒါဟာ ပြဿနာရှိနိုင်တယ်။ အိမ်ထောင်ကွဲတဲ့ အကြောင်းရင်းနဲ့ Living Together ကွဲတာကို တစ်ခုထဲပေါင်းပြီးပြောလို့လည်းမရဘူးလို့ထင်ပါတယ်။

ရည်းစား ဆိုတဲ့ မြန်မာဝေါဟာရက တော်တော်လေးအဓိပ္ပါယ်ရှိပါတယ်။ ကြင်ဖော်ကြင်ဖက် အဖြစ် လျာထားသူလို့အဓိပ္ပါယ်ရပါတယ်။ လျာထားချက်ပြည့်မီမှ ယူမယ်ဆိုတဲ့သဘောလားတော့မသိပါဘူး။ ရှေး ကဗျာတွေထဲမှာတော့ ကလေးမတွေတောင် ရည်းစားတွေကို လွမ်းတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းပါဆိုတဲ့သူတွေကိုလည်း အဲဒီကဗျာတွေကို မြန်မာယဉ်ကျေးမှုထဲ ဆက်ထည့်ထားဖို့လိုမလို စဉ်းစားစေချင်ပါတယ်။ ... မြန်မာ့ယဉ်ကျေးမှုဆိုတာကိုက တော်တော်လေးပြဿနာရှိပါတယ်။ ဒေါက်တာသန်းထွန်းပြောသလိုဆိုရင် မြန်မာတွေက ပုဆိုးဝတ်တာနောက်ပိုင်းမှလို့ဆိုပါတယ်။ရှေးမြန်မာတွေက ဘောင်းဘီဝတ်တာဆိုတော့ ဘောင်းဘီဆက်ဝတ်နေတာဟာ မြန်မာ့ရိုးရာ စစ်စစ်ကိုထိန်းသိမ်းရာတောင်ရောက်နေပါသေးတယ်။ အဲဒီလိုပါပဲ ... မြန်မာ့ရိုးရာဆိုတဲ့စကားလုံးကို သုံးနှုန်းတဲ့အခါတိုင်း ဒီစကားလုံးရဲ့ အတိုင်းအတာကိုပဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Living Together နဲ့ပတ်သက်ပြီး သတိရနေမိတဲ့စာအုပ် သုံးအုပ်ရှိပါတယ်။ မြန်မာဝတ္ထုစာအုပ်တွေပါ.....။ အဲဒီမှာ သတိထားမိတာကတော့ တစ်ချို့လူတွေမှာ မွေးရာပါ စိတ်ခံစားချက်တွေရှိတယ်။ တစ်ချို့တွေမှာတော့ မိဘတွေရဲ့အိမ်ထောင်ရေးကို ကြည့်ပြီး လက်ထပ်စာချုပ်တစ်ခုဟာ တစ်သက်လုံးမချစ်တော့ရင်တောင် အတူဆက်နေဖို့ သံကြိုး၀၀ကြီးတွေလို့ယုံကြည်သွားကြတယ်။ တစ်ချို့ကြတော့လည်း အချုပ်အနှောင်လို့ထင်တယ်။ ဒါတွေကတော့ အခြေခံအကြောင်းတရားတွေထဲကတစ်ချို့ပါ။ နောက်ထပ်ဖြစ်နိုင်ခြေရှိတာက မိဘတွေနဲ့ဘာသာရေးတွေပါ။ မိန်းမ မယူတဲ့ ပုပ်ရဟန်းမင်းကြီးက တစ်လင်တစ်မယားစနစ်ကိုထောက်ခံတယ်ဆိုတဲ့စာကြောင်းကိုဖတ်ကြည့်ရင် တစ်မျိုးကြီးပါပဲ။ ဇီဝဗေဒအရတော့ ဒါဟာထောက်ခံစရာ ကန့်ကွက်စရာမရှိပါဘူး။ ဘာသာမတူဘဲလက်ထပ်ခြင်းကို mix married လို့ခေါ်ပါတယ်။ အဲဒီလို Mix married မဖြစ်နိုင်တဲ့နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေမှာ Living Together စနစ်ဟာ နောက်ဆုံးထွက်ပေါက်တစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မေးချင်တဲ့မေးခွန်းကတစ်ခုထဲပါ ... ဒါဟာ လိုအပ်တဲ့ ယဉ်ကျေးမှုဟုတ်လားမဟုတ်လားဆိုတာပါ။ ကိုယ်နေတဲ့နေရာက ယူချင်ရင်ယူလို့ရတယ်ဆိုရင်လည်း ဘာလို့ Living Together လုပ်ပြီး သူ့ပိုက်ဆံကိုယ်ချေး ..ကိုယ့်ပိုက်ဆံသူချေးနဲ့ သူစိမ်းဆန်နေရတာလဲ။ လက်ထပ်ထိမ်းမြားခြင်းဟာ စာချုပ်စာတမ်းအရ သော့ခတ်သိမ်းထားလိုက်တာလေးပဲမဟုတ်ဘူးလို့ ယုံကြည်မယ်ဆိုရင် Living Together စနစ်ဟာ ဒီလောက်အောင်မြင်လာစရာမရှိပါဘူး။

အောင်မြင်တာလား .... ခေတ်ရဲ့တောင်းဆိုမှုလားတော့မသိဘူးပေါ့ဗျာ .... Wiki မှာတော့ အခုလို ကိန်းဂဏန်းတွေနဲ့ပြောထားပါတယ်။

ဘူဂေးရီးယားမှာ မွေးတဲ့ကလေးတစ်ဝက်ကျော်ရဲ့ မိဘတွေဟာ လက်မထပ်ရသေးတဲ့ လူပျိုကြီး အပျိုကြီးတွေဖြစ်ကြသတဲ့။ ကြည့်ရတာ ကလေးတွေကို ပန်းကြဲခိုင်းဖို့ အရင်မွေးထားတာလို့ ယူဆမိပါတယ်။

ဒိန်းမတ်၊ နော်ဝေနဲ့ ဆွီဒင်တွေမှာလည်း ထိုနည်းလည်းကောင်းလို့သိရပါတယ်။

ယူကေမှာတော့ ကလေး လေးပုံတစ်ပုံလောက်ဟာ လူပျိုကြီး အပျိုကြီးတွေကို အဖေနဲ့အမေလို့ခေါ်ကြရပါသတဲ့။

ပြင်သစ်မှာတော့ ၁၉၉၉ စစ်တမ်းအရ ကလေးတွေရဲ့ ၁၇.၅ ရာခိုင်နှုန်းဟာ လက်မထပ်ထားတဲမိဘတွေရဲ့သားသမီးတွေလို့သိရပါတယ်။
စစ်တမ်းတွေရဲ့အဆိုအရတော့ နောက်ပိုင်းမှာလက်ထပ်သွားကြလေသတည်းဆိုတဲ့ ဇာတ်လမ်းတွေ အတွေ့ရများတယ်လို့ဆိုပါတယ်။

Living Together လို့ဆိုရင် Gay နဲ့ Les တွေကို ထည့်မပြောကြတာများပါတယ်။ သူတို့အနေနဲ့ တရားဝင်ယူခွင့်ပြုတဲ့နိုင်ငံတစ်ချို့မှာကလွဲရင် ကျန်တဲ့နိုင်ငံတွေမှာတော့ ဒီလိုပဲနေစရာရှိပါတယ်။

ကလေးတွေအကြောင်းပါလာတော့ .. အဲဒီမိသားစုတွေက ကလေးတွေရော အဖေနဲ့အမေဆိုတာကိုဘယ်လိုနားလည်သလဲ .... အိမ်ထောင်ပြုတယ်ဆိုတာကိုဘယ်လိုနားလည်သလဲ ဆိုတာကို တော်တော်လေးတွေးမိပါတယ်။ မိဘတွေကိုကြည့်ပြီးကြီးလာမယ့်ကလေးတွေမှာ မိဘတွေဆီက ဘာတွေ တတ်မြောက်လာဦးမလဲဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။

လူတွေဟာ ရပိုင်ခွင့်ကိုတော်တော်လေးပြောဆိုလာကြပါတယ်။ ရပိုင်ခွင့်ကို တန်ဖိုးထားဖို့ကြတော့ သိပ်မပြောတော့ပါဘူး။ ဥပမာ လွတ်လပ်ရေးရတာကို၁၉၄၈ နောက်ပိုင်းမှာ အရေးကြီးတယ်လို့ သင်ကြားခဲ့တာ သိပ်မရှိတော့ပါဘူး။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုမှာ ရသင့်တာတွေရဖို့ကိုပဲ အာရုံစိုက်ကြပါတော့တယ်။ လွတ်လပ်ရေးကို တန်ဖိုးမထားတဲ့အတွက် လွတ်လပ်ရေးရနေရက်နဲ့ လွတ်လပ်ရေးအစစ် ဆုံးရှုံးသွားပါတယ်။ ရပိုင်ခွင့်အကြောင်းကိုပဲတွေးနေမယ်ဆိုရင် တန်ဖိုးထားတတ်တဲ့ အလေ့အထ ပျောက်ဆုံးသွားပါလိမ့်မယ်။ သူ့ကျွန်ဘ၀ဆိုတာကို စာထဲမှာကြားရရင် မကောင်းဘူးဆိုတာလောက်ပဲခံစားရပါတယ်။ သေချာတွေးကြည့်တော့ ဆင်းရဲတာ ချမ်းသာတာထက် လွတ်လပ်ရေး ရတာ မရတာက အများကြီး စိတ်ပိုင်းဆိုင်ရာကို လုံခြုံစေပါတယ်။ ဘယ်နေရာမှာမဆို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရ မရ ဆိုတာကို တွေးသင့်ပါတယ်။ အိမ်ထောင်ပြုတာဖြစ်ဖြစ် Living Together ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကနေပဲ စပြီးတန်ဖိုးကို ပိုင်းဖြတ်သင့်တယ်လို့ထင်ပါတယ်။

တစ်ချိန်မှာ မယားပြိုင် ...(တော်တော်ကြားရဆိုးတာပဲနော် .. စကားလုံးလှလှနဲ့ အချစ်ကြီးချစ်သူကြီး ဖြစ်ဖြစ် ... မြိုင်မြိုင်ဆိုင်ဆိုင်လတစ်ဆောင်တိုင် ဖြစ်ဖြစ်ပြောင်းလဲခေါ်သင့်တယ်။) ... ကြုံလို့ပြောရရင် လင်ပြိုင်ဆိုပြီးမရှိတာကို သဘောမကျဘူး ....။ မဟာဖိုဝါဒသမားဆိုရင် မီးဖိုကိုဖက်ပြီး ဖိုထိုးနေတဲ့ ဆတ်ဖိုကြီးကိုပဲပြေးပြေးမြင်တယ်။ အရင်က ပညာတတ်တွေက ယောကျာ်းဘသားကြီးတွေဆိုတော့ အချင်းချင်း ဘက်နည်းနည်းလိုက်ခဲ့ကြတယ် ဆိုတာကိုတော့ ညာလို့မရဘူး။ အမျိုးသမီးတွေကို One down လုပ်ထားတာတွေကို တော်တော်လေး ယောကျာ်းမဆန်တဲ့ ယောကျာ်းကြီးတွေက လုပ်ခဲ့ကြတာကိုတွေ့ရတိုင်း ယောက်ျားဘသားကွလို့ ဂုဏ်ယူနေတာ နည်းနည်း Feeling out တယ်။ ပြောချင်တာကတော့ အခု အိမ်ထောင်ရှိတဲ့သူတွေ ၀ါသနာအရ မယားပြိုင်ယူလို့ရသလို Living Together တွေလည်း အပြိုင် တူဂဲသားလာရင် ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်တွေးချင်တဲ့သူတွေအတွက် အစထုတ်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ဥာဏ်မမီတဲ့အတွက် ကြုံရာတိုင်မှာ မီပြီး ရပ်နေခဲ့လိုက်ပါတယ်။ ဆက်တွေးကြပါ။ ဆက်တွေးကြပါ။

ဆိုကြပါတော့ Cliche ဖြစ်နေတာတဲ့စကားကို ပြန်ပြောကြရအောင် မင်းဘက်က ကြည့်တော့ လက်ဖမိုး ငါ့ဘက်က ကြည့်တော့ လက်ဖ၀ါးဆိုလား ...။ အဲဒါကြီးကိုပြောရတာတောင် ၁၉၆၂ လောက်ကစကားကို အခုပြန်ပြောရသလို အောက်တယ်။ ကျွန်တော့် ဥပမာနဲ့ပဲ ဥပမာပေးချင်ပါတယ်။
ဟိုတစ်နေ့က xanthos ဆီက မေးလ်ရတယ်။ ရေးထားတာက ငါ 141ယောင် ဖြစ်နေတယ်တဲ့။ ၁၄၁ ကိုဘာလို့ယောင်တာလဲဆိုတော့ မှ ၀မ်းဖောဝမ်းရောင်ကိုရေးထားတာပါလို့ပြောတယ်။ သူ့ဘက်က 141 ယောင်က ... ကိုယ့်ဘက်မှာ ၁၄၁ ယောင်ဖြစ်နေတယ်။ ဆိုလိုတာက တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူး ..သဘောထားမတူဘူး ...အမှိုက်ကောက်သမားတွေရဲ့ အမှိုက်ကောက်တံတွေတောင် အတိုအရှည်မတူတာ ပညာတတ်တွေရဲ့ တွေးခေါ်မှု Pattern တွေနဲ့ ဆက်စပ်တွေးခေါ်မှုတွေဟာလည်း ဘယ်လိုမှမတူနိုင်ဘူး။ အဲဒီတော့ အကောင်းအဆိုးတွေ ဆုံးဖြတ်ဖို့ တိုင်းတာတဲ့ပေတံတွေမတူဘူး။ တစ်ချို့လူတွေကိုင်ထားတဲ့ပေတံတွေကိုက ပေတံစဉ်မမီဘူး ....။ အဲဒီတော့ အမှန်အမှားကို ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူမဟုတ်ပါဘူး ...။ Living Together ဟာ မှန်လား မှားလားဆိုတာကို ဒါကို ကျင့်သုံးတဲ့သူတွေက အဖြေရှာပါလိမ့်မယ် ....။ သေချာတာကတော့ ကျိုးပဲ့မှုတွေကြောင့် အကောင်းအတိုင်းဖြစ်သွားတာမရှိပါဘူး။ Broken Family ကမွေးလာတဲ့ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေရှိသလို ကွဲကွာသွားတဲ့ Living Together တွေရဲ့ သားသမီးတွေမှာ ဘာတွေဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ လူနှစ်ဦးရဲ့ မိုက်မဲမှုကို သူတို့ရဲ့ ရင်သွေးတွေ မခံစားရရင် ကောင်းပါတယ်။ ..... ကျန်တာတွေကတော့ Good တယ်ထင်ရင် Do သာ Do လို့ပြောရပါမယ်။

ဘာသာရေးအရဆိုရင်တော့ ယောကျာ်းလေးမှာ ကာမသေုဖြစ်ပြီး မိန်းကလေးမှာတော့ အခြား အကုသိုလ်တစ်မျိုးဖြစ်တယ်လို့မှတ်မိပါတယ်။ နေရင်းထိုင်ရင်း အကုသိုလ်ရနေသလိုဖြစ်နေတယ်လို့ ယူရမလိုဖြစ်နေပါတယ်။ ၀ိနည်းလွတ်အောင် ဘယ်အကုသိုလ်ကို ဘယ်ခေါင်းစဉ်အောက်မှာ ပြန်ထားမလဲဆိုတာကတော့ သေခါးနီးကြတဲ့ ဇောစိတ်က တာဝန်ယူပါလိမ့်မယ်။ ဘာသာရေးနဲ့တိုင်းတာတဲ့ အကျင့်ကိုလည်းနေရာတကာမှာ သုံးလို့မရတာကို ကျွန်တော်တို့ နားလည်လာကြပြီလို့ထင်ပါတယ်။ ဥပဒေပြုတဲ့သူဟာ ရာဇ၀တ်သားကို သေဒဏ်ပေးစရာ ဥပဒေရေးထားတာ သေစေချင်လို့ဟုတ်မှာမဟုတ်ပါဘူး။ လျှပ်စစ်ကုလားထိုင်ခလုတ်ကို နှိပ်နေရတဲ့သူတစ်ယောက် (အဲဒီလိုပြောရင် ခင်များတို့က Albert Camus ထဲက ငပေါကိုပဲပြေးမြင်နေဦးမယ်) ရဲ့ အကုသိုလ်လိုပဲ ...... သူ့မှာလည်း တာဝန်အရ နှိပ်နေရတာ ....။ Ideal ဖြစ်တဲ့အနေအထားမှာပဲ သုံးလို့ရတဲ့ ယဉ်ကျေးမှုတွေမှာ အမြဲတမ်းလိုအပ်ချက်တွေရှိနေဦးမှာပါ။ လူတွေဟာ ပြောင်းလဲနေတယ်။ အဲဒီပြောင်းလဲနေတာနဲ့ Flexible ဖြစ်တဲ့ ယဉ်ကျေးမှုတစ်ခုလိုအပ်လာပါတယ်။ မိဘတွေကလည်း သားသမီးတွေကို သဘောမတူဘူးဆိုရင် ခိုင်လုံတဲ့အကြောင်းရင်းမရှိရင် ဒါဟာ နူးညံ့တဲ့ ရာဇ၀တ်မှုပါပဲ ....။ မိဘကျေးဇူးကို နေရာတကာ အလွဲသုံးစားလုပ်တာလည်း အကုသိုလ်ပါပဲ။ ကုသိုလ် အကုသိုလ်ကို စိတ်ရဲ့ သန့်ရှင်းမှုနဲ့ပဲတိုင်းတာတဲ့ အသိုင်းအ၀န်းမှာပဲ လူတိုင်းဟာ နေချင်ပါတယ်။ ကုသိုလ် အကုသိုလ်ကို စာအုပ်ထဲရေးထားတဲ့ ယဉ်ကျေးမှုဟာ နေရတာ မွန်းကြပ်ပါတယ်။ စာအုပ်ထဲက ကုသိုလ်အကုသိုလ်ဟာ လူလည်တွေအတွက်တော့တော်တော်လေးကို လုပ်ရကိုင်ရလွယ်ပါတယ် ...။ မှတ်မိတာက အနာထပိဏ် ရဲ့သားကလေးထင်ပါတယ်။ ဥပုသ်စောင့်ခိုင်းရင် ဥပုသ်ယူပြီး သွားသွားအိပ်နေတာ။ စာထဲက အတိုင်းဆိုရင်တော့ သူသီလလုံနေတာပါပဲ ....။ ထပ်ခွဲရင်တော့ သူ့သီလဟာ ငုတ်တုတ်ထိုင်သီလလို့ခေါ်တဲ့ ဘာမှ တိုးတက်ဖို့မရှိတဲ့ သာမန်သီလဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ မဟာဇနကပါ ...။ ပင်လယ်ထဲ အစာမစားရမယ့်အတူတူ သီလယူတယ်တဲ့ ....။ ပါးနပ်တာကို ပြောချင်တာပါ။ သဘောလည်းကျပါတယ်။ အဲဒီလို Situational လုပ်ကိုင်ဆောင်ရွက်သွားတာတွေကို .... ။ နောက်ထပ်လည်းရှိပါသေးတယ် ကြံကြံဖန်ဖန်ပြောတဲ့ကောင်တွေ ... နာမည်တော့မပြောတော့ပါဘူး ....။ နေ့တိုင်းမလှူဘူး သာဓုပဲထိုင်ခေါ်နေမယ်ဆိုတဲ့ငနဲတွေ .....။ ပညာလွန်တော့ ကောက်ကျစ်တယ်ဆိုတာမျိုးတွေပါ။

Living Together ကို Temporary Solution လို့ပဲယူဆပါတယ်။
ဒါဟာ အဖြေမဟုတ်သေးပါဘူး။ ပြီးတော့ လူတိုင်းအတွက် လိုအပ်လာနိုင်တာမျိုးမဟုတ်ပါဘူး။
ရည်ရွယ်ချက်မှားပြီး လွတ်လပ်ခွင့်ကို တလွဲသုံးလိုက်မယ်ဆိုရင်တော့ အဲဒီလွတ်လပ်ခွင့်ဟာ ကိုယ့်ဆီကနေ အပြီးအပိုင်ထွက်ခွာသွားပါလိမ့်မယ်။ တန်ဖိုးထားတဲ့သူဟာ တန်ဖိုးအတွက် ထိုက်တန်တဲ့လဲလှယ်မှုကိုပဲ လုပ်မယ်။ ကိုယ်တန်ဖိုးထားတာတစ်ခုအတွက် .... အချိန်အနည်းငယ်စိတ်ရှည်သည်းခံလိုက်မယ်ဆိုတဲ့သူတွေ နည်းသထက်နည်းလာတာ ဆုတ်ကပ်ထဲမှာ သိသာတဲ့ အပြောင်းအလဲဖြစ်နိုင်ပါတယ်။၂၁ ရာစုနှစ်မှာ Conservative အမြင်ရှိတဲ့ ကျွန်တော်ရေးနေတာဟာ အတော်လေး OOD (Out of Date or Out Dated) ဖြစ်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကိုယ်ယုံကြည်တာကို ပြောကြရပါမယ် ....။ ကျွန်တော်တို့ယုံကြည်တာကို မပြောခဲ့ရင် ဘယ်သူကမှ ဒီအယူအဆကို ဘယ်သူတွေ ဘယ်လိုယုံကြည်ပြီး ဘယ်လို လက်ခံခဲ့သလဲတွေးကြမှာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ်လျှောက်နေတဲ့လမ်းကို ဘယ်ကိုရောက်သလဲဆိုတာတော့ မလျှောက်သွားခင်မှာ စဉ်းစားသင့်ပါတယ်။ တစ်ချိန်မှာ လမ်းဆုံးက ကိုယ်ထင်သလို မဟုတ်ပါလားဆိုရင် ပြန်လှည့်လို့မရတော့ပါဘူး။ ဘ၀ဟာ အဝေးပြေးလမ်းနဲ့တူပါတယ်။ U- Turn တွေဟာ တော်တော်ဝေးဝေးမှာမှရှိတတ်ပါတယ်။ လွယ်လွယ်နဲ့ U-Turn မလုပ်နိုင်တဲ့အခါမှ ..D0 နဲ့မျက်ရည်သုတ်ရတယ်တို့ ရင်ဘတ်ကို C တီးရတယ်တို့ ဖြစ်ရရင် မကောင်းပါဘူး။ ကိုယ်ရွေးချယ်တဲ့လမ်းကို အဆုံးအထိ အောင်မြင်စွာလျှောက်သွားနိုင်တာက ဘ၀မှာ ကျေနပ်စရာကောင်းတဲ့အောင်မြင်မှုဖြစ်ပါတယ်။

ကျွှန်တော် နောက်ဆုံးတွေးမိတာက .... လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တကယ်တန်ဖိုးထား ချစ်ခင်ရဲ့လားဆိုတာပါပဲ .....။


......။ ။


ခင်မင်စွာဖြင့် ...
အဖြေရောက်တဲ့အထိ စဉ်းစားလေ့မရှိသော
Zephyr


Notes:

Cohabitation is an arrangement whereby two people decide to live together on a longterm or permanent basis in an emotionally and/or sexually intimate relationship. The term is most frequently applied to couples who are not married.

Contributors List:

Zephyr
Xanthos

//Now, We are trying to make images for the post in order to read from phone which cannot use Zawgyi -one fonts from the browser. I also hate to jailbreak the phone and also hate to see myanmar fonts in squares. Someone should inform Apple to add Myanmar Language in default keyboard and font.

Thanks ye ye ne for his design. We thought a lot to get a suitable image for the post.
We don't want to distribute misleading concepts to youths .That's why we tried to present our thoughts frankly in this post.

There will be something that holds the relationship firmly ..that can be love or lock ...
But don't worry I will not post the philosophy of marriage or whatever concerned to it. Coz I don't believe in any sort of so-called relationship. I hate the term "legal" ... .

Let me say a joke. In California, it takes 6 months to divorce and it only takes 15 days to buy a gun. So .... for citizens, the government makes the solution to be easy ... do you wanna wait to divorce or choose the faster way ...That's it!!

Sometimes, our society is closed in everywhere .... Nobody discusses what he/she/gay/lesbian believes. So most of us only possess superstitions. And sometimes, we got allergies for conflicts instead of thinking further. And somebody starts presenting his or her or gay's or lesbian's belief,
we rejected not because of we see it is wrong but because of it conflicts with our traditional point of view.

I am sorry for not allowing comments section in my blog. But I love to discuss with my close friends and with elders for various issues. I do respect to readers who read and digest data into information. I will never make a conclusion for everything I believe. And will never say what I believe is the universal truth.

Thanks for reading a long post and notes.

With Peace,
Z

Post (part 1)
Post (part 2)



Peace B with U.