Wednesday, December 15, 2010

Zephyr is reading

Zephyr is reading

ပြီးခဲ့တဲ့အပတ်က စာအုပ်သွားဝယ်ပါတယ်။
အမေ့အတွက်ဝယ်ရင်း အိုရှိုရဲ့စာအုပ်တွေတွေ့တာနဲ့တစ်အုပ်အရင်ဝယ်ခဲ့ပါတယ်။ ခေါင်းစဉ်က Courage, The Joy of Living Dangerously ဖြစ်ပါတယ်။

စာအုပ်ကိုအတော်လေးသဘောကျပါတယ်။
ဖတ်နေရင်း ကြိုက်တာလေးတစ်ခုတွေ့လို့ တစ်ခါတည်းရေးပြီးတင်လိုက်ပါတယ်။ အိုရှိုဟာ ဒီဘက်ခေတ်မှာ ထိပ်သီး ဘာသာရေးဆရာ၊၀ိညာဉ်ရေးလမ်းပြတစ်ယောက်ပါပဲ။ သူပြောတာလေးကို ဖတ်ကြည့်ကြရအောင်။ အတူဖတ်ကြည့်ကြတာပေါ့။

One who is ready to go on the exploration called truth has to be ready also to commit manny errors, mistakes- has to be able to risk.
အမှန်တရားဆိုတဲ့ စူးစမ်းရှာဖွေရေးခရီးကြီးကို သွားမယ့်သူဟာ အမှားတွေ၊အလွဲတွေကို လုပ်ဖို့ အသင့်ဖြစ်ကိုဖြစ်နေရမယ်။ စွန့်စားနိုင်ရမယ်။

တော်တော်သဘောကျတယ်။ အဲဒီအယူအဆကို ...။ ဘာမှမလုပ်လို့ ဘာမှမမှားဘူး။ ဘာမှလည်းဖြစ်မလာဘူးဆိုတာကို နည်းနည်းမှသဘောမကျဘူး။ အိုရှိုကို ပစ်ပျက်ထောက်ခံလိုက်တယ်။ ဆက်ဖတ်ကြည့်ကြမယ်။

One may go astray, but that is how one arrives. Going many many times astray, one learns how not to go astray. Committing many mistakes, one learns what is a mistake and how not to commit it.

အမှန်တရားကို ရှာတဲ့သူဟာ လမ်းလွဲနိုင်တယ်။ လမ်းလွဲတယ်ဆိုတာကလည်း ရောက်ရှိသွားဖို့ပဲ။ အကြိမ်ကြိမ် လမ်းလွဲတယ်၊သွေဖယ်သွားပြီးမှ အမှန်တရားကိုရှာတဲ့သူဟာ ဘယ်လို လမ်းမလွဲအောင်သွားမလဲဆိုတာကို သိလာတယ်။တတ်မြောက်လာတယ်။ အလွဲတွေ လုပ်မိပြီးမှ ဘာတွေက အလွဲတွေလဲဆိုတာကို သိလာတယ်။ ဘယ်လို မလွဲအောင်လုပ်မလဲဆိုတာကိုလည်းသိလာတယ်။

အဲဒါကိုသဘောကျတယ်။ ကျွန်တော်တို့ဟာ အမှန်တရားကို ကိုယ်တိုင်သိဖို့ ကိုယ်ဘာသာကိုယ်ကြိုးစားကြရမယ်။ ရှေ့ကပြောသွားတဲ့သူတွေပြောတာမှန်တယ်ထင်ရင်တောင် ကိုယ်တိုင်မှန်မမှန်လုပ်ကြည့်ကြရမယ်။ အမှန်တရားလို့ ယုံကြည်တာအတွက် စွန့်စားကြရမယ်။ ကိုယ်တိုင်သိအောင်၊ ဘ၀င်ကျ လက်ခံမိအောင် ကြိုးစားရမယ်။ အမှန်ကို ရှာတာတောင် အမှားကို တာဝန်ယူနိုင်တဲ့ စိတ်နဲ့သတ္တိရှိရှိရှာဖို့ပြောထားတာပါ။

Knowing what is error, one comes closer and closer to what is truth. It is an individual exploration; you cannot depend on others' conclusions.

အမှားဆိုတာဘာလဲသိမှ အမှန်တရားကိုရှာတဲ့သူဟာ အမှန်တရားဆိုတဲ့အရာနဲ့ နီးသထက်နီးလာမယ်။ ဒါဟာ တစ်ယောက်ချင်းစီ စူးစမ်းရှာဖွေရမယ့်ကိစ္စပဲ။ သင်ဟာ တစ်ခြားသူတွေရဲ့ ကောက်ချက်တွေကို မီခိုလို့မရဘူး။

အဲဒီနောက်ဆုံးအကြောင်းလေးအကြိုက်ဆုံးပဲ။ အမှန်တရားကိုသိဖို့ဟာလည်းကိုယ့်တာဝန်ပဲ။ တခြားသူတွေပြောတာမှန်တယ်လို့ သိပ်ယုံလို့မရဘူး။ အဲဒါလေးကို သိပ်သဘောကျသွားတယ်။ သတ္တိရှိတယ်ဆိုတာ အမှန်တရားကို ခဲရာခဲဆစ် မရအရ လိုက်ရှာနိုင်တာမျိုးပဲ။ အမှန်တရားကို ကျင့်သုံးသွားဖို့၊ ကျင့်သုံးရင်း စိတ်က အမှန်တရားမှာ အမြဲမနေနိုင်ဘဲ ချော်ထွက်သွားရင်လည်း အမှန်တရားဘက် ပြန်လာပြီး ဆက်ကြိုးစားသွားဖို့၊ကိုယ့်ကိုယ်ကိုယ် တာဝန်အပြည့်ယူလိုက်တဲ့သတ္တိမျိုးလိုတယ်။ အခုခေတ်မှာ ဒီလိုသတ္တိမျိုးပိုလိုပါတယ်။

ဒါလေးကိုပဲထပ်ခါတလဲလဲဖတ်ပြီး ဆက်စဉ်းစားကြည့်ပါဦး ......။
ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ မှားမှာကြောက်လို့ မတိုးတက်တာများလားလို့တွေးမိပါတယ်။ လူငယ်တွေဟာ မှားခွင့်ရှိသလို၊ အမှားကို တာဝန်ယူရမယ့် သတ္တိလည်းရှိဖို့လိုတယ်။ အမှန်ဘက်ကို ရောက်အောင်သွားရဲတဲ့သတ္တိလိုတယ်။ အခုခေတ်မှာ သတ္တိဆိုတာ တိုက်ရဲခိုက်ရဲတာမဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ဘယ်လောက်တာဝန်ယူရဲလဲဆိုတာဟာ သတ္တိပါပဲ။

.....စကားမစပ် သင်ရော သတ္တိရှိသူတစ်ယောက်လား ......................................။ ။

The Gardener

Notes:
Dedicated to Mom, ko ko and ym.



Peace B with U.