စံပယ်ပန်းလေးဟာ ကြယ်ငေးသူတစ်ယောက်ပါပဲ။
ည ၁၁ နာရီခွဲမှာ ပန်းပင်ရေလောင်းရင်း သူ့ကိုတွေ့လိုက်ရတယ်။
ကောင်းကင်ရဲ့ရင်ခွင်မှာ ပန်းပွင့်က ဖြစ်တဲ့ကြယ်တွေရှိသတဲ့။
သူငေးနေတာ သူ့ရဲ့ကြယ်လေး ဆိုပဲ။
ကြွေသွားတဲ့ကြယ်ကို ငေးနေတဲ့သူအတွက်တော့ ကောင်းကင်မှာ ဘယ်တုန်းကမှ ကြယ်တွေ ရှိမနေခဲ့ဘူး။ လွမ်းဆွတ်ခြင်းဟာ ကြယ်ဖျောက်တရားဆိုပါတော့။ နှလုံးသားအမာရွတ်ပေါ် တည့်တည့် ကျလာတဲ့ မျက်ရည်စက်မှာ အက်ဆစ် ဂုဏ်သတ္တိပါသလား မသိပါ။ ကြယ်ကလေး မသိနိုင်ပါ။ ပင်လယ်ကြမ်းပြင်အောက်မှ ခရုခွံထဲ ဝပ်နေသော ကြယ်ကလေးမသိနိုင်ပါ။ သူ့ကို ကျွန်တော်ရှာနေမှန်း ကြယ်ကလေး မသိနိုင်ပါ။ စိတ်ထဲဘောင်ဘင်ခတ်နေသောလှိုင်းများသည် စိတ်ကိုရွေ့အောင် ပြုစား၍မရနိုင်ပါ။ စံပယ်သင်္ခါရ၊ ကြယ်သင်္ခါရပါပဲ .....။ ချစ်ခြင်းဟာ လေးတင်ခန်းမှာ တင်လို့မဖြစ်နိုင်တဲ့ ကြိုးမပါတဲ့လေးတစ်လက်မျှသာ။ စံပယ်ပွင့်လေး .. ကြယ်ငေးတရားမှာ ငြိမ်းချမ်းပါစေ ...။ ငြိမ်းချမ်းပါစေ။ ။
With Peace,
Zephyr

Peace B with U.