Friday, July 17, 2009

Friday ... Friday ... Everybody's Friday ....

သပ္ပူရိက နွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျား ... ယနေ့သည် သောကြာနေ့ ၊ရုံးပိတ်ရက်အဖိတ်နေ့ (Weekend eve) ဖြစ်ပါ၍ ... အလုပ်လျှော့လုပ်ပြီး ... နားနားနေနေ နေကြပါရန် ... အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ် ...။

ဒီနေ့ သဘောကျစရာ စိတ်ကူးလေးတစ်ခုကို တွေ့လိုက်ရပါတယ် ...။
မြန်မာ Transformer ဆိုတဲ့ ပုံလေးပါ ...။

ပြီးခဲ့တဲ့ အပတ်က Transformer သွားကြည့်ရင်း အိပ်ပျော်သွားတာကိုလည်းသတိရပါတယ် ... အီဂျစ်မှာ စက်ရုပ်တွေတိုက်ခိုက်နေတုန်း အိပ်ပျော်သွားပါတယ် ....။ ဇာတ်လမ်းမကောင်းပေမယ့် အပျော်ကြည့်သင့်တဲ့ကားပါပဲ ...။ ကြည့်ရင်းနဲ့ အိပ်ပျော်သွားတော့လည်းအမြတ်ပေါ့ ...။ ...

ပုံပို့ပေးတဲ့ ပြည်သစ်တည်ကိုလည်း ကျေးဇူးတင်ပါတယ် ...။ ဖန်တီးလိုက်တဲ့ ဒီဇိုင်နာကိုလည်း ချီးကျူးပါတယ် ...။

ဒီ site မှာ သွားကြည့်ပြီး comment ပေးနိုင်ပါတယ် ...။



Peace B with U.