Wednesday, October 8, 2008

ဘ၀အဓိပ္ပါယ် နှင့် ဘ၀သစ္စာကို မရှာဖွေခြင်း

လူဟာ ...
မွေးလာတုန်းက
ကိုယ်တုံးလုံးနဲ့ပေါ့ ။

နောက်တော့ ... လူဟာ
အင်္ကျီင်္ီထဲကို ၀င်သွားတယ်။
လူထဲကိုတော့
ရေ၊ နေရောင်ခြည်၊ တောင်တန်း၊ တိမ်တိုက်၊
ပန်းရနံ့၊ သစ်သီး၊ လေညင်း၊ ရောဂါပိုး၊
အချိန်ကာလ၊ စစ်ပွဲ၊ အနုပညာ၊ အ၀ိဇ္ဇာနဲ့
ကမ္ဘာကြီးတစ်ခုလုံး ၀င်သွားတယ်။
အဲဒါ ...
လူ
မြေကြီးထဲကို မ၀င်ခင်အထိပဲ
ဆိုပါတော့။ ။
(သစ္စာနီ)



Peace B with U.

Sunday, October 5, 2008

ရွှေရောင်မမ(၄) ...

ရွှေရောင်ဆံပင်နှင့် အမျိုးသမီးတစ်ယောက် ဆရာဝန်လာပြ၏။

ဆရာ...ကျွန်မ တစ်ကိုယ်လုံး ဘယ်နေရာထိထိ နာနေလို့ ... ခေါင်းကိုလက်နဲ့တို့လိုက်လည်းနာတယ်၊ ခြေမကို လက်နဲ့တို့လိုက်လည်းနာတယ်။ .... ဘယ်နေရာကို လက်နဲ့တို့တို့ နာနေတယ်....။

ဆရာဝန်က သေချာစမ်းသပ်ကြည့်သည်။

အင်း လက်ညှိုး ကျိုးနေတာကိုး ...။ ။



Peace B with U.