Monday, December 1, 2008

ဟာသလေးတစ်ပုဒ် ....


ငယ်တုန်းက ကြားဖူးတဲ့ ဟာသလေးပါ ...။


... ငါသေရင် .. ငါ့ အဘိုးလို အေးအေးချမ်းချမ်း သက်တောင့်သက်သာလေး သေသွားချင်တယ် ...။
အဘိုးမောင်းလာတဲ့ ကားပေါ်က လူတွေလို ... အော်ဟစ်ကြောက်လန့်ပြီး မသေချင်ဘူးတဲ့ ... ။


..............



Peace B with U.

စိတ်ချမ်းသာမှု

စိတ်ချမ်းသာမှုတော်တော်များများဟာ ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေကြောင့် ဖြစ်ရတာ မဟုတ်ဘူး။ စိတ်ချမ်းသာမှု အများဆုံးဟာ ဆက်ဆံရေးတွေ အဆင်ပြေလို့ ၊ ကိုယ် ၀ါသနာပါတဲ့ အလုပ်လေးတွေ လုပ်နေရလို့၊ ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ စိတ်ချမ်းသာအောင် နေတတ်လို့ စိတ်ချမ်းသာတာပါ .... ။ ။
(ဆရာတော် ဦးဇောတိက)



Peace B with U.

Poem

ကျွန်တော်မြန်မာပြည်မှာရှိတုန်းက .. ဆရာအောင်ဝေးက ဘီလူးကျွန်းမှာ စာပေဟောပြောပွဲလုပ်သေးတယ်ဗျ ... အဲဒီ အခွေလေးကို နားထောင်လိုက်ရတယ် အဲဒီဟောပြောပွဲမှာ ဆရာအောင်ဝေးက Frost ရဲ့ကဗျာတစ်ပုဒ်ရွတ်တယ်... သိပ်ကောင်းတယ် ... Robert Frost ရဲ့ကဗျာလည်း အဲဒီကတည်းက သဘောကျတယ် ... ဆရာမဂျူးကလည်း ... သူ့ဇာတ်ကောင်တစ်ယောက် နိုင်ငံခြားသွားခါနီးမှာ ... ဒီကဗျာရွတ်ပြသွားသေးတယ် ... နောက်ပြီး အဲဒီကဗျာက Family Album မှာတောင်ပါသေးတယ် ...။ ကိုယ်ကြိုက်တဲ့ကဗျာဆိုတော့ Wiki မှာရှာပြီး...ဖတ်ကြည့်တော့ ... Frost က ကဗျာရှည်ကြီးတစ်ပုဒ် "New Hampshire" ကို တစ်ညလုံး ခက်ခက်ခဲခဲရေးပြီး မနက် အပြင်ခဏထွက်တုန်း ... ဒီ Stopping by Woods on a Snowy Evening ကဗျာရေးဖို့ idea ရသွားတယ်လို့တွေ့ရတယ် ...။

Stopping by Woods on a Snowy Evening


Whose woods these are I think I know.
His house is in the village, though;
He will not see me stopping here
To watch his woods fill up with snow.
My little horse must think it queer
To stop without a farmhouse near
Between the woods and frozen lake
The darkest evening of the year.

He gives his harness bells a shake
To ask if there's some mistake.
The only other sound's the sweep
Of easy wind and downy flake.

The woods are lovely, dark and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.


Robert Frost

Frost ရေ ... သွားချင်တဲ့ အချိန်မှာ ... သွားလို့ မရသေး ....
သွားလို့ရတဲ့ အချိန်ကျတော့ ... ကိုယ်လိုချင်တာတွေက ကိုယ့်ကို ဆွဲထားဦးမှာလား ....
အဲဒီ အချိန်ကြမှ ... ငါ မပြတ်မသားထပ်ဖြစ်ခဲ့ရင် ... ငါ့ကို ဒီကဗျာလေးရွတ်ပြပါဦးနော် ... ။

ကိုယ့်ကျေးရွာက အိမ်ငယ်လေးကို ငေးကြည့်ရုံလေးပါပဲ ...။
တွေးလိုက်တဲ့ အတွေးတွေတိုင်းအတွက် ငါတို့ ရလဒ်တစ်ခုစီ အမြဲရနေတာကို ငါဘာလို့မေ့သွားတာလဲ ...။

လှပနက်ရှိုင်းသိပ်သည်း ... ဒီ တောအုပ်လေးကို ငါရောက်လာခဲ့မယ် ....
အခုတော့ ငါ့မှာထိန်းသိမ်းထားရမယ့် ကတိတွေနဲ့ ... ...

...
... .... .....
စနစ်တကျ အချိန်ဖြုန်းခြင်းကို တတ်မြောက်လာတဲ့တစ်နေ့မှာ ... ငါပြန်လာမှာပါ ...။
တောင်တန်းက စိမ်းလန်းစွာ ...
စိမ့်စမ်းက ကြည်လင်စွာ ...
အဲဒီမှာ ဘာဆိုဘာမှ မရှိဘူး ....
ငါကလည်း ဘာမှမရှိခြင်းတွေကို သိမ်းဆည်းဖို့ပြန်လာမယ် ...။

အိပ်စက်တိတ်ဆိတ်ခြင်းမရောက်မီ ...
မိုင်ပေါင်းများစွာ ... ငါသွားရဦးမယ် ...



Peace B with U.