Saturday, July 18, 2009

မြင့်မြတ်သော သီလ

ကိုတာရဲ့ သုစရိတ စက်ဝန်းဆိုတဲ့ စာအုပ်ကိုဖတ်ရင်း သဘောကျမိတဲ့ သီလအနက်ဖွင့်ပုံလေးကို ပြန်တင်ပေးထားတာပါ။ သစ်ခ်ညှတ်ဟန် ဗီယက်နမ် ဘုန်းကြီး တစ်ပါး ဟောတဲ့တရားပါ ....။ သီလကို စောင့်ထိန်းတယ်လို့ uni-direction မဟုတ်ပဲ .. စောင့်ထိန်းခြင်း နဲ့ ဖြည့်ကျင့်လုပ်ဆောင်ခြင်းဆိုတဲ့ bi-directions နဲ့ဟောထားတာတွေ့လို့ သဘောကျပါတယ် ...။

(၁) အသက်သတ်ခြင်းကို ကျူးလွန်မိခြင်းကြောင့်ဖြစ်သော မချမ်းသာခြင်း(ဒုက္ခ)ကို သတိရှိခြင်း အားဖြင့်

ကျွန်ုပ်သည် လူ၊တိရစ္ဆာန်၊သစ်ပင်တို့၏ အသက်များကို ကာကွယ်ရန် နည်းလမ်းများကို လိုက်နာပါမည်။ ကရုဏာစိတ်ကို မွေးမြူမည်ဟု ကတိပြုပါသည်။ မသတ်ရန်သော်လည်းကောင်း တခြားသူများ သတ်ဖြတ်နေခြင်းကို တားဆီးရန်သော်လည်းကောင်း၊ သတ်ဖြတ်နေသော အပြုအမူများကို မကူညီရန်သော်လည်းကောင်း သန္နိဌာန် ပြုပါသည်။

(၂) တရားမျှတမှုမရှိခြင်း ခေါင်းပုံဖြတ်ခြင်း၊ ခိုးခြင်း၊ နှိပ်နယ်ခြင်းတို့ကြောင့်ဖြစ်သော မချမ်းသာခြင်း (ဒုက္ခ) ကို သတိရှိခြင်းအားဖြင့်

ကျွန်ုပ်သည် လူ၊တိရစ္ဆာန်၊သစ်ပင်များ၏ အကျိုးစီးပွားကိုဆောင်သော နည်းလမ်းများကို လိုက်နာပါမည်။ မေတ္တာစိတ်ကိုမွေးမြူပါမည်ဟု ကတိပြုပါသည်။ မိမိ၏ အချိန်ကိုသော်လည်းကောင်း၊ စွမ်းအားကိုသော်လည်းကောင်း ၀တ္တုပစ္စည်းကိုသော်လည်းကောင်း စင်စစ် လိုအပ်နေသောများအား ဝေမျှသော ပေးကမ်းသော အကျင့်ကို ကျင့်ပါမည်။ မခိုးရန်နှင့် သူတစ်ပါးပိုင်သင့်သော ပစ္စည်းများကို ယင်းတို့ပိုင်ဆိုင်သော ပစ္စည်းများဟု သိမှတ်ရိုသေပါသည်။ သို့ရာတွင် ထိုသူတို့က ယင်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို အသုံးပြုလျက် လူတို့အား အမြတ်ထုတ်နေလျှင်မူ ထိုသို့ အမြတ်မထုတ်ရန် တားဆီးပါမည်။

(၃) မသင့်လျော်သော လိင်မှုကို ပြုခြင်းကြောင့်ဖြစ်သော မချမ်းသာခြင်း (ဒုက္ခကို) သတိရှိခြင်းအားဖြင့်

ကျွန်ုပ်သည် တစ်ဦးတစ်ယောက်၊ စုံတွဲ၊ မိသားစု၊ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် လုံခြုံခြင်းကို ကာကွယ်သော နည်းလမ်းများကို လိုက်နာပါမည်။ တာဝန်ယူသည့် စိတ်ကိုမွေးမြူမည်ဟု ကတိပြုပါသည်။ ချစ်ခြင်းနှင့် အရှည်စဉ်းစားခြင်းမပါသော လိင်ဆက်ဆံမှုကို မပြုကျင့်ရန် သန္နိဌာန်ပြုပါသည်။ မိမိ၏ပျော်ရွှင်ခြင်းသော်လည်းကောင်း၊ သူတစ်ပါး၏ပျော်ရွှင်ခြင်းသော်လည်းကောင်း မယွင်းမပျက်ရန် ကျွန်ုပ်၏ ကတိများကို စောင့်ထိန်းမည်ဟု သန္နိဌာန်ပြုပါသည်။ ကလေးသူငယ်များအား အဓမ္မပြုခြင်းအားကာကွယ်ရန်သော်လည်းကောင်း မိသားစုများ၊ စုံတွဲများအားပြိုကွဲစေခြင်းမှ တားဆီးရန်သော်လည်းကောင်း မိမိစွမ်းသလောက် ဆောင်ရွက်ပါမည်။

(၄)သတိလက်လွတ်ပြောဆိုခြင်း၊ သူတစ်ပါး၏ စကားကို နားမထောင်နိုင်ခြင်းတို့ကြောင့်ဖြစ်သော မချမ်းသာမှု(ဒုက္ခ)ကို သတိရှိခြင်းအားဖြင့်

ကျွန်ုပ်သည် ချစ်ဖွယ်သောစကားကို ဆိုခြင်းကို သော်လည်းကောင်း ဝေဒနာ လျော့ပါးစေရန် အလို့ငှာ ကောင်းစွာနားထောင်ခြင်းကိုသော်လည်းကောင်း အားထုတ်မည်ဟု ကတိပြုပါသည်။ စကားလုံးများသည် စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်းကိုသော်လည်းကောင်း၊ စိတ်မချမ်းသာ ဆင်းရဲခြင်းကိုသော်လည်းကောင်း ဖန်တီးနိုင်သော အချက်ကို သိသည့်အားလျော်စွာ ဟုတ်မှန်သောစကားကို ဆိုရန်၊ ယုံကြည်ခြင်း၊ ရွှင်လန်းခြင်း၊မျှော်လင့်ခြင်းအားဖြစ်စေသော စကားလုံးများကို သုံးရန် သံန္နိဌာန်ပြုပါသည်။ အသေအချာမသိသော သတင်းစကားများကို ဖြန့်ခြင်း၊ အသေအချာမသိဘဲလျက် ဝေဖန်ခြင်း၊ အပြစ်တင်ခြင်းများမပြုလုပ်ပါ။ သွေးကွဲစေသောစကား၊ မိသားစု လူ့အသိုက်အမြုံ ပြိုကွဲစေသောစကားဆိုခြင်းမှ ရှောင်ကြဉ်ပါမည်။ ပဋိပက္ခများအား မည်မျှပင်သေးငယ်စေကာမူ ပြေလည်စေရန် ငြိမ်းချမ်းစေရန် ကြိုးစားမည်ဟု သန္နိဌာန်ပြုပါသည်။

(၅) သတိလက်လက်လွတ် စားသုံးခြင်းကြောင့် ဖြစ်သော မချမ်းသာမှု (ဒုက္ခ) ကို သတိရှိခြင်းအားဖြင့်

ကျွန်ုပ်သည် ကိုယ်ရောစိတ်ပါ ကျန်းမာရန် အလို့ငှာ သတိနှင့် စားရန်၊ သတိနှင့် သောက်ရန် ကတိပြုပါသည်။ ကိုယ်ကိုသော်လည်းကောင်း၊ စိတ်ကို သော်လည်းကောင်း ရွှင်လန်းစေသော၊ ငြိမ်းချမ်းစေသော အစားအသောက်များကိုသာ စားသောက်ပါမည်။ အရက်နှင့်မူးယစ်စေသောအရာများ၊ မဂ္ဂဇင်းများ၊ စာအုပ်များ၊ ရုပ်ရှင်များကို ရှောင်ကြဉ်ပါမည်။ စိတ်နဲ့ခန္ဓာအား ယင်းအဆိပ်အတောက်များအားဖြင့် ပျက်စီးစေခြင်းသည် မိဘ ဘိုးဘွား လူ့အဖွဲ့အစည်းနှင့် လူ့အနာဂတ်အား သစ္စာ သွေဖည်ခြင်းဟု ကျွန်ုပ်သိသည်။ မိမိနှင့် လူ့အဖွဲ့အစည်း အတွက် သင့်သောအစာကို စားမည်။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရန်နှင့် လူ့အဖွဲ့အစည်းကို ပြောင်းလဲရန် သင့်သော အစားအစာစားခြင်းမှာ အရေးကြီးကြောင်း ကျွန်ုပ်နားလည်ပါသည်။

Note:

ဒီ post ဟာ စာပြန်ရေးဖို့ အများဆုံးတွန်းအားပေးခဲ့တဲ့ ... အဖြူတစ်ရောင်ထဲပါတဲ့သက်တံလေးအတွက် ရည်ရွယ်ပါတယ် ....။
သူ့ကိုပြန်ဖတ်ပြဖြစ်တဲ့ စာတွေထဲမှာ ဒီသီလ အကြောင်းလဲပါပါတယ် ....။ စိတ်ချမ်းသာစရာတွေရော ၀မ်းနည်းစရာတွေပါ နာလည်ပေးခဲ့တဲ့ ... ကရုဏာ အရောင်လင်းနေတဲ့ သူ့နားရွက်တွေအတွက် စာတွေအများကြီးရေးဖြစ်နေဦးမှာပါ ....။

ရေးလိုက်တဲ့ ကဗျာတိုင်းမှာ သူ့ရဲ့ အေးချမ်းတဲ့ မေတ္တာဓာတ်တွေပါပါတယ် ... သူ့ရဲ့တိုက်တွန်းအားပေးမှုနဲ့ပဲ စိတ်ပျက်စရာ တွေကို ထူမတ်ထခဲ့နိုင်ပါတယ် ... မိတ်ဆွေကောင်းကို အမှီရခြင်းဟာ အရာရာကို ဖြစ်စေတယ် ဆိုတာကို လက်ခံမိပါတယ် .....။ ရေးလိုက်တဲ့ ကဗျာတိုင်းဟာ သူ့ရဲ့ တိုက်တွန်းအားပေးမှုတွေပါပဲ ....။

အခုပြန်ရေးဖြစ်တဲ့စာတွေနဲ့ကဗျာတွေအားလုံးဟာ သူ့ကျေးဇူးကို အသိအမှတ်ပြုထားတာတွေပဲဖြစ်ပါတယ် ....။ သူဟာ အစားပြန်ရလိုက်တဲ့ အမေတစ်ယောက်လို ... လစ်ဟာသွားတဲ့ အမေဆိုတဲ့ ကွက်လပ်ကို ကရုဏာနဲ့ဖြည့်စွက်ပေးတဲ့ အဖြူရောင်သက်တံလေးပါ ...။ သူ့ကို အမေလို့ခေါ်ခွင့်ရနေခြင်းကိုပဲ ဒုတိယသက်တမ်းဝက်ရဲ့ ပျော်စရာအကောင်းဆုံး အောင်မြင်မှုလို့ယုံကြည်ပါတယ် ...။ ရေးလိုက်တဲ့ကဗျာတိုင်းမှာ ... ကျေးဇူးဆပ်နေတဲ့သားတစ်ယောက်ရဲ့ အငွေ့အသက်ကို သူခံစားမိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ....။

သူတစ်ယောက်ထဲဖတ်ခွင့်ရှိတဲ့ blog မှာတောင်မဖတ်ဘဲ ... ဒီအစိမ်းရောင်ခပ်မှိန်မှိန် blog လေးကို ကိုယ့်ထက် သံယောဇဉ်ကြီးနေတဲ့ အမေ့ကို ပျော်ရွှင်စေချင်တာတစ်ခုတည်းနဲ့ ... ဒီ blog မှာဆက်ရေးဖြစ်ပါတယ် ...။ Art for art's sake ဆိုတာကို ဒီနေရာမှာတော့ posts for mom's sake လို့ပြောင်းချင်ပါတယ် ....။ သူ့ရဲ့ စိတ်ချမ်းသာမှုကို ရာခိုင်နှုန်းသေးသေးလေးလောက်အထောက်အပံ့ ဖြစ်စေတယ်ဆိုရင်တောင် ပြန်ရေးရကျိုးနပ်ပါပြီ ....။

တစ်ခုခုသိနေတာကို မဝေမျှတာဟာ ... guilt ဖြစ်စေတယ်ဆိုတာ သူသင်ပေးနိုင်ခဲ့လို့လည်းစာပြန်ရေးဖြစ်ပါတယ် ...။
ဒီလို စာပြန်ရေးတာဟာ တစ်ယောက်ယောက်အတွက် အနှောင့်အယှက်ဖြစ်စေဖို့လည်းမရည်ရွယ်ပါဘူး ...မရေးဘူးဆိုပြီးဖရုံပြန်သီးနေတယ်လို့ ပြောရင်လည်း လက်ခံပါတယ် ....။ လိုအပ်လာတဲ့ အခါ ဖရုံသီးတင်မကဘူး ... တစ်ခြားအသီးတွေသီးဖို့လည်း ရည်ရွယ်ထားပါသေးတယ် ....။ :P



Peace B with U.

Friday, July 17, 2009

Friday ... Friday ... Everybody's Friday ....

သပ္ပူရိက နွယ်ဝင် သူတော်စင်အပေါင်းတို့ ခင်ဗျား ... ယနေ့သည် သောကြာနေ့ ၊ရုံးပိတ်ရက်အဖိတ်နေ့ (Weekend eve) ဖြစ်ပါ၍ ... အလုပ်လျှော့လုပ်ပြီး ... နားနားနေနေ နေကြပါရန် ... အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ် ...။

ဒီနေ့ သဘောကျစရာ စိတ်ကူးလေးတစ်ခုကို တွေ့လိုက်ရပါတယ် ...။
မြန်မာ Transformer ဆိုတဲ့ ပုံလေးပါ ...။

ပြီးခဲ့တဲ့ အပတ်က Transformer သွားကြည့်ရင်း အိပ်ပျော်သွားတာကိုလည်းသတိရပါတယ် ... အီဂျစ်မှာ စက်ရုပ်တွေတိုက်ခိုက်နေတုန်း အိပ်ပျော်သွားပါတယ် ....။ ဇာတ်လမ်းမကောင်းပေမယ့် အပျော်ကြည့်သင့်တဲ့ကားပါပဲ ...။ ကြည့်ရင်းနဲ့ အိပ်ပျော်သွားတော့လည်းအမြတ်ပေါ့ ...။ ...

ပုံပို့ပေးတဲ့ ပြည်သစ်တည်ကိုလည်း ကျေးဇူးတင်ပါတယ် ...။ ဖန်တီးလိုက်တဲ့ ဒီဇိုင်နာကိုလည်း ချီးကျူးပါတယ် ...။

ဒီ site မှာ သွားကြည့်ပြီး comment ပေးနိုင်ပါတယ် ...။



Peace B with U.