Sunday, February 13, 2011

နဲမိုင်း စင်ကာပူအစ် အိုကေလား။ နိုးပရွမ်(Never Mind, Singapore is OK lor, No problem)

နဲမိုင်း စင်ကာပူအစ် အိုကေလား။ နိုးပရွမ်(Never Mind, Singapore is OK lor, No problem)


စင်ကာပူမှာ ကောင်းတာတွေလည်းများပါတယ်။ ကြံကြံဖန်ဖန်အပြစ်ရှာပြောတာတော့မဟုတ်ပါဘူး။ မကောင်းတာ၊ အူကြောင်ကြောင်နိုင်တာတွေလည်းရှိပါတယ်။

ဟိုတစ်နေ့က မနက်ရုံးသွားရင်း ဘီးတပ်ကုလားထိုင်နဲ့ အမယ်အိုကြီးတစ်ယောက် ကားပေါ်တက်ဖို့ ဒရိုင်ဘာကဆင်းလာ၊ ဘီးတပ်ကုလားထိုင်တက်ဖို့ အခင်းလေးချပေးပါတယ်။ အဲဒီအထိတော့ သာဓုတွေ တဝေေ၀ခေါ်နေမိတယ်။ စိတ်ထဲက မြန်မာပြည်က ဘတ်စ်ကားပေါ်မှာ အမယ်အိုကြီးတွေကို ဆွဲတင်ပေးတဲ့ စပယ်ယာ သူတော်ကောင်းတစ်ချို့ကိုလည်းသတိရတယ်။(တစ်ချို့ပါပဲ၊ အများစုကတော့ တွန်းတောင်ချပါတယ်။ ၃၈ အ၀ါလိုင်းက စပါယ်ယာတွေကတော့ ယဉ်ကျေးပါတယ်။)

အပေါ်ရောက်တော့ ဘီးတပ်ကုလားထိုင်ရပ်လို့ရတဲ့ ထောင့်လေးမှာနေရာချပေးပါတယ်။ အားလုံးကောင်းပါတယ်။ အဲဒီအထိတော့ အားလုံး ကြည့်ရအဆင်ပြေတယ်။

အဆင်မပြေဖြစ်တာ(ဂွမ်းသွားတာ)က အဲဒီလို မသန်စွမ်းတဲ့၊ဒါမှမဟုတ်လည်း လမ်းမလျှောက်နိုင်တဲ့သူအတွက် ကားခပေးဖို့ card ကို tap လုပ်ရတာပါ။ အဲဒီလိုပြောရင် ဒါက ကားစီးတာ ကားခပေးရမှာပေါ့လို့ ပြောစရာတော့ရှိပါတယ်။ ဒါပေမယ့် စင်ကာပူတစ်နိုင်ငံလုံးမှာ နေ့တိုင်းကားစီးနေတဲ့ ဘီးတပ်ကုလားထိုင်ပေါ်က လူအရေအတွက်လောက်ကို အလကားပေးမစီးနိုင်စရာဘာအကြောင်းမှမရှိပါဘူး။ SBS နဲ့ SMRT မှာ အခုနှစ်ပိုင်းတွေမှာ လူချောင်တဲ့ကားမရှိသလောက်ဖြစ်လာလို့ နှစ်ထပ်ကားတွေအစားထိုးနေရတာတောင် တော်တော်များနေပါပြီ။ အဲဒီလူတွေ ကားစီးလို့ရအောင်တောင် ခက်ခက်ခဲခဲကြီးကြိုးစားထားပြီးမှ ပိုက်ဆံတောင်းနေတာကတော့ (ကျွန်တော့်အမြင်) အတော်လေး မထော်မနမ်းနိုင်ပါတယ်။ အလှူကြီးလုပ်ပြီးမှ အချိုပွဲဖိုးလောက် ပြန်တောင်းနေသလို တော်တော်ရှော်တယ်လို့ထင်ပါတယ်။

အင်မတန်မှ အမြော်အမြင်ရှိတဲ့ ပါတီ အုပ်ချုပ်နေတဲ့ နိုင်ငံမှာ ဒီလိုလည်းလွဲတတ်ပါလားလို့ အနည်းငယ်တော့အံ့သြသွားတယ်။ ကျန်တဲ့ အံ့သြမိတာတွေကိုလည်း နည်းနည်း ဆက်ရေးဖြစ်ဦးမှာပါ။

မြန်မာပြည်မှာတော့ ရုပ်ပြရေးတာ သိန်းငါးဆယ်ဆိုတော့ ကာတွန်းဆရာတွေထောပြီထင်တာ၊ မဟုတ်ဘူး၊ရေးမပါဘူး လို့ သူငယ်ချင်းကပြန်ပြောတယ်။ မင်းသားတွေတောင် အဲဒီလောက်မရဘူး။ အိုဇာတာကောင်းတဲ့သူတွေကို သာဓုခေါ်လိုက်ပါတယ်...။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးတည်ဆောက်တဲ့အခါ မသန်စွမ်း(မသန်ပေမယ့်စွမ်းတယ်) တွေကို ကားခမယူတဲ့စီမံကိန်းမျိုး လုပ်လိုက်ရင် နာမည်ကြီး နာဂစ်ဇာတ်ကားထဲမှာ ခေါက်ဆွဲခြောက်ထုပ်ထမ်းတဲ့အခန်းလိုပဲ အကယ်ဒမီထပ်ရသွားနိုင်ပါတယ်။

ကွန်ချက်ပြတာပါ။ ဟဲဟဲ။ ။

Regards,
The Gardener

Reference:Gardener Daily Tribune.



Peace B with U.