Tuesday, December 30, 2008

အိုက်ကီဒို - ငြိမ်းချမ်းမှုကိုသွားတဲ့ လမ်းလေးတစ်ခု .....။


Aikido (合気道 aikidō?)

နောက်တစ်ခုဖတ်လိုက်ရတာက အိုက်ကီဒို (တစ်ချို့က အာကီဒို လို့ အသံထွက်ကြတယ် ... အမှန်က အိုက်ကီဒို ပေါ့ ..) အကြောင်းပါ ...။ မိန်းမလူထွားကြီးနဲ့တူတဲ့ Steven F. Seagal (အရပ်က ခြောက်ပေ လေးလက်မ ရှိတယ်) က အိုက်ကီဒိုမှာ သတ္တမ ဒန် (seventh dan) ရထားတဲ့သူပါ ...။ အမြင့်ဆုံးအဆင့်ပါပဲ ...။ တစ်ခြားကိုယ်ခံပညာ (တစ်ချို့ကလည်း ကိုယ်ခံရတာမဟုတ်လို့ ကိုယ်လုံပညာလို့ခေါ်ကြပါတယ် .... ကိုယ်လုံပညာမတတ်ရင် ကိုယ့်မှာ မလုံ့တလုံ ဖြစ်နေသလိုလိုခံစားရတယ် .... အဲဒါကြောင့် ကိုယ်ခံပညာလို့ပဲ ခေါ်တာပါ ...။)တွေနဲ့ မတူတဲ့ အချက်က အိုက်ကီဒိုက တိုက်ခိုက်မှုကို အားမပေးတာပါပဲ ...။ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ပြုပြင်တာဟာ အိုက်ကီဒိုရဲ့အနှစ်သာရပါ ....။

Morihei Ueshiba(အိုက်ကီဒိုရဲ့ ဖခင်ကြီး)
(植芝 盛平 Ueshiba Morihei)




အိုက်ကီဒိုရဲ့ ထူးခြားချက်က ကိုယ့်ကိုယ်ကို ကာကွယ်ရင်းနဲ့ တိုက်ခိုက်သူကို ပါကာကွယ်ပေးတာပါ ....။ ဆိုလိုတာကတော့ ကိုယ့်ကိုလာပြီးတိုက်ခိုက်တဲ့သူက နာကျင်သွားအောင်မလုပ်ပါဘူး ...။ ချုပ်ထားမယ် ... တွန်းလွှတ်လိုက်မယ် ... အဓိက ကတော့ ဒီနှစ်မျိုးပါပဲ ...။ ဟိုမိန်းမလူထွားကြီးကတော့ ဗီဒီယိုထဲမှာ ... အရိုးတွေ တဂျွပ်ဂျွပ်ချိုးနေတော့ ကြည့်ရတာအဆင်မပြေပါဘူး ...။ အမှန်က လက်ကို ချုပ်ထားတာပါ ... lock လုပ်တယ်လို့ခေါ်ပါတယ် ...။ချုပ်ထားတယ်ဆိုတာကလည်း အင်အားကြီးနဲ့မဟုတ်ပါဘူး ... လက်မှာရှိတဲ့ joints တွေကိုနားလည်ရင် အားမသုံးပဲ ချုပ်ထားလို့ရပါတယ် ..။

အိုက်ကီဒိုကိုထွင်ခဲ့တဲ့ Morihei Ueshiba ကတော့ အသက်ကြီးလာမှ အိုက်ကီဒိုကို ကစားတာပါ ...။ ပထမပိုင်းမှာ သူက ဂျူဂျစ်ဆု သင်ပေးပါတယ် ..။ဂျုဂျစ်ဆု(Jujutsu) ကတော့ တိုက်ခိုက်တာများပါတယ် ...။ အိုက်ကီဒိုမှာက စက်ဝိုင်းသဘောတရားကိုသုံးပါတယ် ... စက်ဝိုင်းထဲကိုဝင်လာတဲ့ အားကစက်ဝိုင်းထဲမှာကျေပျက်သွားပါတယ် ...။ လှုပ်ရှားမှုတွေကလည်း စက်ဝိုင်းပုံတွေများပါတယ် ...။ ပုံမှန်တိုက်ခိုက်နည်းမှာက linear သဘောဆောင်ပါတယ် ... အားပြိုင်ပြီးယှဉ်တဲ့သဘောရှိပါတယ်...။ အိုက်ကီဒိုမှာကတော့ အားမပြိုင်ပါဘူး ... တိုက်ခိုက်သူရဲ့ အားနဲ့ အရှိန် (momentum)ကို ယူသုံးရပါတယ် ...။ နမူနာပြောရရင်တော့ ကရာတေး နဲ့ လက်ဝှေ့လို တိုက်ခိုက်နည်းတွေမှာ တိုက်ခိုက်တဲ့သူက လက်သီးနဲ့ထိုးရင် ခုခံတဲ့သူက ပိုကြီးမားတဲ့အားနဲ့ ရိုက်ဖယ်ရပါတယ် ...။ အိုက်ကီဒိုမှာကတော့ တိုက်ခိုက်သူရဲ့ အားနဲ့လမ်းကြောင်းတူဖြစ်အောင် အရင်လုပ်ရပါတယ် ... ဒါမှလည်း အဲဒီအားကို စနစ်တကျသုံးနိုင်မှာပါ ..။

အိုက်ကီဒိုရဲ့ ဖခင်ကြီးက Budō ကိုရှာခဲ့ပါတယ် ....။ Budō ကို Bu(武:ぶ) နဲ့ dō(道:どう) နဲ့ နှစ်ပိုင်းခွဲပြီးအဓိပ္ပါယ်ဖွင့်ရပါတယ် ...။
Bu ဆိုတာကတော့ တိုက်ခိုက်ရေး (သို့မဟုတ်) စစ်ပွဲလို့ အဓိ့ပ္ပါယ်ရပါတယ် ..။dō ဆိုတာကတော့ လမ်းပါ ....။ ဒါပေမယ့် သာမန်လမ်းမဟုတ်ပါဘူး .. ဗုဒ္ဓမြတ်စွာရဲ့ လွတ်မြောက်ရာလမ်း (မဂ္ဂ) ဆိုတာကနေ ဆင်းသက်လာတဲ့လမ်းပါ ..။
ဒါပေမယ့် Budō ကို တိုက်ခိုက်ရေးနည်းစနစ်လို့ပဲ အဓိပ္ပါယ်ဖွင့်ခဲ့ကြပါတယ် ....။

ရင့်ကျက်လာတဲ့ အခါမှာ Morihei Ueshiba က ...


Budō ဆိုတာ ဘုရားရှင်ရဲ့ မေတ္တာတော်ပါပဲ - လူသားအားလုံးကိုအကာအကွယ်ပေးချင်တဲ့ မေတ္တာပါပဲ ...။
Budō ဆိုတာပြိုင်ဘက်ကို အင်အားနဲ့လဲကျသွားအောင်လုပ်တာမဟုတ်ဘူး၊ ကမ္ဘာလောကကြီးကို လက်နက်တွေနဲ့ ဖျက်ဆီးတာမဟုတ်ဘူး.
စစ်မှန်တဲ့ Budō ဆိုတာ ကမ္ဘာလောကကြီးရဲ့ ငြိမ်းချမ်းမှုကိုထိန်းသိမ်းခြင်း၊ သဘာဝတရားမှာ မှီတင်းနေထိုင်တဲ့ သတ္တ၀ါခပ်သိမ်း မှန်ကန်စွာကာကွယ်ခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း ဆိုတဲ့ အနန္တစကြ၀ဠာရဲ့စိတ်ဓာတ်ပဲဖြစ်တယ် ...

လို့ Budō ကို အဓိပ္ပါယ်သစ်ဖွင့်ခဲ့ပါတယ် ...။

အိုက်ကီဒိုဟာ ငြိမ်းချမ်းမှုကိုသွားတဲ့ လမ်းလေးတစ်ခုပါပဲ .....။



ref: Wikipedia



Peace B with U.