Tuesday, December 30, 2008

သတိရမိတဲ့အခါ ...


ရုတ်တရတ် ရပ်တန့်သွားတဲ့ စမ်းချောင်းလေးတစ်ခုပါ ..။
ကာလနဲ့ အာကာသကြားမှာ မွန်းကြပ်စွာ ...။

မေမေ ... ပျော်ရွှင်သော ခရစ်စမတ်ဖြစ်ပါစေ ...။

ကောင်းကင်မှာ ကြယ်သစ်တွေမြင်တိုင်း
ရင်ဘတ်ထဲက ကြယ်ကို ငုံ့ကြည့်မိတယ် မေမေ ..။
မင်းသုံးပါးဆန်ဆန် ... မောလိုက်တာ မေမေရယ် ...။

ဆုတောင်းဖို့ဆန့်တန်းထားတဲ့လက်တံတွေ ရှည်လျား ..
မာသာထရေဇာတံဆိပ်နဲ့ ကရုဏာတွေလည်း ရှည်လျား ...
ကောင်းကင်ဘုံကျဉ်းကျဉ်းလေးထဲမှာ ... လူတကာကို သနားနေရတဲ့ ဒုက္ခကလည်း ရှည်လျား ...
ပြန်နိုးလာရဦးမယ့် မနက်ခင်းတွေကလည်း ရှည်လျား ...။

ဒီဇင်ဘာကုန်သွားတာကလည်းမထူးဆန်းဘူး မေမေ ...
၂၀၁၀ ဆိုတာလည်းမထူးဆန်းဘူး မေမေ ...
ဒီအသက်အရွယ်မှာ အံ့အားသင့်စရာ ... ဘာမှမရှိတော့တာလည်း မထူးဆန်းဘူးမေမေ ...

မေ့မေ့ကိုယ်စား ... သား,ဆောင်းရာသီကို ချစ်နေရတယ် မေမေ ...။
အရောင်ပြောင်းသွားတဲ့ သစ်ရွက်တွေကိုသားချစ်တယ် ...
ဖူးခါစ စံပယ်ပန်းလေးကိုသားချစ်တယ် ...
ဆောင်းရာသီကို ရယ်မောပြနေတဲ့ ကလေးငယ်လေးကို သားချစ်တယ် ...
Silent Night သီချင်းကိုသားချစ်တယ် ...
မေ့မေ့ကိုယ်စားပါ မေမေရယ် ...

ကောင်းကင်ဘုံမှာပျော်ပျော်နေပါ မေမေ ...။
သားကိုသတိရတဲ့အခါ ... နှင်းတွေကိုကြည့်ပေါ့ ....။

ကြေကွဲလို့မရတဲ့နောက်မှာ ... မျက်ရည်တွေဟာလည်း အငွေ့ပျံသွားတဲ့ သတိရခြင်းသက်သက်ပါပဲ မေမေရယ် .....။




Peace B with U.