Monday, September 19, 2011

တနင်္လာတေးသံသာသာ


တနင်္လာတေးသံသာသာ

အိုဘယ့် Aရာ0T

တစ်နေ့တစ်နေ့ တွေ့နေရတာက ဧရာဝတီသားလုပြဇာတ်ပဲ။ ဘီလူးမကလည်း မခေဘူး။ အလုပ်ရုံဆွေးနွေးပွဲတွေဘာတွေတောင်ခေါ်တယ်။

DVBမှာ ကိုတာကလည်း အားလုံးကုန်ပြီလို့ပြောလိုက်တယ်။ ကောင်းကင်အပြာပဲ လေသန့်လို့ကျန်တော့တယ်တဲ့။ တောင်တွေတောင် ဖြိုစရာလိုရင် ဖြိုလိုက်တာပဲဆိုတော့ တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့အတွေးအခေါ်ရှိနေတယ်။


နှုတ်ဆက်ခဲ့ပါတယ်တဲ့လား။

အရင်းပြုတ်သွားပုံရတဲ့ funan က ကွန်ပြူတာ စာအုပ်ဆိုင်က ဈေးလျော့ရောင်းနေပါတယ်။ သိပ်တော့လည်းမလျှော့ပါဘူး။ ပြန်လျှော့ပေးဖို့ ဈေးနည်းနည်းတင်ထားတာလည်းတွေ့ခဲ့ရပါတယ်။ ကွန်ပြူတာ စာအုပ်အဓိကရောင်းတဲ့ဆိုင်က လျှော့ဈေးမှာမှ Novel တွေပါ ရောင်းနေတာတွေ့ရပါတယ်။ တစ်အုပ်ကို 5 SGD ပဲပေးရပါမယ်။ Murakami သုံးအုပ်တွေ့ပါတယ်။ အဲဒီသုံးအုပ်ထဲက တစ်အုပ်ကို ပြီးခဲ့လက MPH မှာ 20.30SGD ပေးပြီး အမေ့အတွက် ၀ယ်ပေးလိုက်သေးတယ်။ (Gift voucher ၁၀တန် နှစ်ခုသုံးလိုက်လို့ ပြားသုံးဆယ်နဲ့ ၀ယ်ခဲ့တယ်လို့လည်းပြောနိုင်တယ်။) ငါးကျပ်နဲ့ရမယ်မှန်းမသိတော့လည်း တခြားစာအုပ်မ၀ယ်မိလိုက်ဘူး။ဝယ်ချင်တဲ့ အိုရှိုတွေကြတော့လည်း ဈေးက လေးဆယ်ဝန်းကျင်မှာဖြစ်နေတယ်။

Funan က Computer Book Store ဆိုင်ဟာ စင်ကာပူမှာ ကွန်ပြူတာစာအုပ် အစုံလင်ဆုံးဆိုင်ဖြစ်ပါတယ်။ အခုနောက်ပိုင်း စာအုပ်ဝယ်တဲ့လူနည်းသွားလို့ပဲလားမသိဘူး။ အွန်လိုင်းကနေ ရောင်းတာ၊၀ယ်တာတွေပဲလုပ်ဖို့ ကြိုးစားလာကြတာတွေ့တယ်။ တခြားသူတွေတော့မသိဘူး။ ကျွန်တော့်သဘောကတော့ စာအုပ်ဆိုင်မှာ တစ်နေ့ chapter တစ်ခုလောက် သွားသွားဖတ်၊ သုံးလေးခုပြီးမှ ကြိုက်ရင်ဝယ်တာကို သဘောကျတယ်။ တစ်ခါတည်းဝယ်လိုက်ရင် မကောင်းရင်၊ ကိုယ်နဲ့အဆင်မပြေရင် မဖတ်ဖြစ်ဘူး။ ပြီးတော့ online ကနေ၀ယ်တာဟာ ရသတစ်ခုပျောက်သွားသလိုပဲ။ စာအုပ်ကို လိုချင်လို့ဝယ်တာပဲ။ စာအုပ်ရရင်ပြီးရောပေါ့လို့တော့မထင်စေချင်ဘူး။ စာအုပ်တစ်အုပ်ကို စာအုပ်စင်တွေမှာ လိုက်ရှာ၊ ဒီစာအုပ်နဲ့ဟိုစာအုပ် ဘယ်စာအုပ်က အရင်ထွက်တာလဲယှဉ်ကြည့်၊ ဘာတွေပိုကောင်းလည်းကြည့်တာမျိုး လုပ်လို့မရတော့ဘူး။ လုပ်လို့ရရင်လည်း စာအုပ်ဆိုင်ရသမျိုးမဟုတ်ဘူး။ ebook ဖတ်တဲ့ရသပဲရမယ်။ ဒါပေမယ့် ဆိုင်ခန်းခမလိုတဲ့ online marketing ဟာ နောက်ပိုင်းနှစ်တွေမှာ အမြတ်အစွန်းသိပ်မများလှတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အဖြေတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလို အဖြေဟာ ပိုက်ဆံချမ်းသာတဲ့သူတွေ အခွန်ပိုကောက်မယ်ဆိုတဲ့ အမေရိကားရဲ့ ပေါ်လစီသစ်ထက်တော့ ပိုပြီး လှပတဲ့အဖြေဖြစ်နိုင်ပါတယ်။ ( ဒီနေ့Monday Sep 19 ထုတ် Today သတင်းစာရဲ့ ရှေ့ဆုံးမှာ အမေရိကားရဲ့ အခွန်ကိစ္စကိုရေးထားတာတွေ့လိုက်ပါတယ်။ Buffett Rule အကြောင်းပါ။)

ခရီးသွားကြမယ်

အင်ဒိုနီးရှားမှာ ဗီစာကြေးမပေးရတော့တဲ့အတွက် စနေ၊တနင်္ဂနွေကို ကျွန်းမှာ ခဏလောက်သွားနားချင်နားလို့ရပါပြီ။ ဈေးလည်းမကြီးသလို၊ သွားဖို့အချိန်ကလည်း သိပ်မကြာတဲ့ကျွန်းတွေရှိပါတယ်။ ပျော်ပျော်ကြီးသွားပြီး relax လုပ်ထားပါ။ နောက်နှစ် စင်ကာပူစီးပွားကျရင် မသွားနိုင်ဘဲနေမယ်။ စောစောစီးစီး ပျော်ရွှင်ထားတာဟာ နောင်တရရမယ့် အချိန်တွေမှာ ပြန်တွေးပြီး ကြည်နူးစရာအကောင်းဆုံးတွေ ဖြစ်နေတတ်တယ်။

မြန်မာပြည်အခွန်

မြန်မာပြည်မှာ အခွန်ဆောင်တဲ့ကိစ္စတွေရေးစရာရှိတယ်။ ပွဲစားတွေမပါဘဲ အဆင်ပြေတဲ့စနစ်မရှိဘူးလား။ အစိုးရနဲ့ အခွန်ထမ်းဆောင်တဲ့သူတွေ အဆင်ပြေအောင် ပွဲစားလိုတာလား။ ကိုယ့်နိုင်ငံအခွန်ကို online မှာဆောင်လို့ရရင် ဘယ်ရောက်သွားမှန်းမသိတဲ့ အခွန်တွေ ဘယ်ရောက်သွားမှန်းတော့သိနိုင်တာပေါ့။ ဒီအခွန်တွေ ဒီလောက်ကောက်နေတာ ဘယ်မှာ သုံးတာလဲ။ ဘာလို့ ငါတို့သံရုံးက မီလျံနဲ့ချီဝင်ငွေရှိပြီး ဒီလောက်စုတ်ချာနေတာလဲ။ (ရုပ်ဖျက်ထားတာဖြစ်နိုင်တယ်။) အခွန်မဆောင်ရအောင် လုပ်နိုင်တာနှစ်ခုပဲရှိတယ်။ စင်ကာပူနိုင်ငံသားခံချင်ခံ၊ မခံရင် မြန်မာပြည်ပြန်ပဲ။ အဲဒီနှစ်ခုစလုံးမလုပ်ချင်ဘူးဆိုရင် တတ်နိုင်သမျှ သက်သာတဲ့နည်းလမ်းတွေစဉ်းစားပေါ့။ ယူမယ်လို့ စိတ်ကူးထားရင် စောစောယူလိုက်ကြ၊ အဲဒါဆိုရင် ယူပြီးတဲ့အချိန်နောက်ပိုင်းအတွက် တစ်ယောက်စာပဲ အခွန်ဆောင်ရတော့မယ်။ အစိုးရအပြောင်းအလဲမှာ ထောင်သားတွေ လွှတ်ပေးသလို အခွန်တွေ လျှော်ပေးလိုက်ရင်ကောင်းမှာ။ လျှော်တော့မလျှော်ဘူး ၆ လတော့လျှော့ပေးတယ်။ လျှော့ပေးတာကိုကြတော့ ရက်အတိအကျနဲ့တွက်တယ်ခင်ဗျ။ ၁၅ ရက်နေ့က စပြီးအကြုံးဝင်ရင် ရှေ့ 15 ရက်ကို နှုန်းမတူဘူး။ တကယ်တမ်း မှန်မှန်ကန်ကန် လုပ်တာမျိုးလည်းမဟုတ်ဘဲ သိပ်တိကျချင်တာမျိုးက မသာကို ခြေသည်းအလှပြင်သလိုမျိုးပဲ။ ဘယ်သူမှ ဂရုမစိုက်တဲ့ကိစ္စကို သိပ်ပြီး တိကျချင်တာဟာ စနစ်မကောင်းသေးဘူးဆိုတာပဲ။ မလိုဘဲ အပိုလုပ်တဲ့ လူမျိုးဟာ ဘယ်တော့မှ မကြီးပွားဘူးဆိုတဲ့သီအိုရီများရှိသလားမသိဘူး။ ကျွန်တော်တို့နိုင်ငံလည်း ဘယ်လောက် အခွန်ရရ မလောက်ဘူး။ ဧရာဝတီတောင်ပေါင်ရမလိုဖြစ်နေတာကိုပဲကြည့်။

နောက်တစ်ခုစိတ်ဝင်စားမိတာ၊ ရိုးရိုးသားသားစိတ်ဝင်စားတာပါ။ အခွန်ဆောင်လို့ရသမျှငွေကို ဘယ်မှာထားသလဲဆိုတာပါပဲ။ အဲဒါက သိပ်အရေးကြီးပါတယ်။ ဘာအလုပ်မှမရှိဘဲ ၀င်ငွေတွေ တရဟောဝင်နေတဲ့ အကောင့်ထ်တွေကို Bank တွေက မစီစစ်တာ သဘာဝမကျဘူးမဟုတ်လား။ ဘဏ်တွေဟာ ငွေနည်းနည်းနဲ့ လုပ်စားတာတွေကိုပဲ စီစစ်ပုံရတယ်။ Singapore ရဲ့ ညှီနံ့က ဘဏ်တွေမှာရတယ်။

မလေးရှားမှာတော့ မရှက်မကြောက် charity အကောင့်ထ်ဆိုလားဖွင့်ထားတယ်။ ဘဏ်ကို ပြောထားတာ၊ အဲဒါ ငါတို့နိုင်ငံက ဒုက္ခသည်တွေအတွက် အကောင့်ထ်ဆိုလား။ အခွန်ဆောင်မယ့်သူတွေက အဲဒီ အကောင့်ထ်ကို လွှဲရတယ်။ အသိတစ်ယောက် အခွန်ပိုက်ဆံသွားသွင်းတော့ ဘဏ်ကပြောတယ်။ မင်းတို့မြန်မာတွေ charity သိပ်လုပ်တယ်နော်တဲ့။ မြန်မာတွေ ဦးနှောက်သိပ်ကောင်းတယ်ဆိုတာ အဲဒီ charity account ကတည်းက သဘောပေါက်သွားတာပဲ။

စင်ကာပူမှာလည်း ကျွန်တော်တို့ရဲ့ လှူဒါန်းငွေတွေ အပြည်ပြည်ဆိုင်ရာ (Y.3L Charity) ရလေလိုလေ ချယ်ရတီ အော်ဂနိုင်ဇေးရှင်း ဆီကိုများရောက်သွားလေသလား။

Tampanies နဲ့ လိုက်ကာ

လိုက်ကာကို ဘာလို့ လိုက်ကာလို့ခေါ်သလဲဆိုတော့ Light ကိုကာလို့ခေါ်တာဖြစ်မယ်လို့ပြောကြတယ်။ ဟုတ်ချင်မှဟုတ်မယ်။ ရှေးကလူတွေက အသံထွက်ကို ကြားသလိုသတ်မှတ်ခဲ့တာ အတော်ဆိုးတယ်။ Light ကို မကာတဲ့ လိုက်ကာတွေလည်းရှိတယ်။ Tampanies ကိုမရောက်တာကြာပြီ။ အိမ်မှာ လိုက်ကာတပ်ဖို့ ဈေးနှုန်းသက်သာ၊ လေ၀င်ပြီး၊ အမြင်လှတဲ့အပြင်၊ တပ်ဆင်ရလွယ်ကူပြီး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လိုက်ကာမျိုးလိုက်ရှာပါတယ်။ အသိတစ်ယောက်အိမ်မှာ တစ်ခုကို 6.90 ပဲပေးရတဲ့ string curtain တွေ့တာနဲ့မေးမြန်းပြီး Tampines မှာ ၀ယ်လို့ရတယ်ဆိုတာနဲ့ လိုက်ရှာဝယ်ကြပါတယ်။ Blk 201 (B ထင်ပါတယ်။) မှာတွေ့ပါတယ်။ မတွေ့မီစပ်ကြားမှာ Blk 201 E မှာ နှစ်ပတ်ပတ်လိုက်မိပါသေးတယ်။ လိုက်ကာကို အပိတ်မဟုတ်ဘဲ decorate လုပ်ဖို့ပဲဆိုရင်တော့ ဈေးနှုန်းသင့်တင့်ပါတယ်။ လှပါတယ်။ အရောင်တော့သိပ်မစုံပါဘူး။ လေးမျိုးပဲရွေးစရာရှိပါတယ်။ ဒီဇိုင်းကတော့သုံးမျိုးရှိပါတယ်။ ကြိုးချည်းသက်သက်၊ ပန်းပွင့်ပုံ၊ အသည်းပုံ၊ လိပ်ပြာပုံ ဆိုပြီး လေးမျိုးရှိပါတယ်။ ပုံကိုတော့ အိမ်ရောက်မှ ဓာတ်ပုံရိုက်ပြီး တင်လိုက်ပါမယ်။ ဆိုင်ကတော့ ပိတ်စပြုနေပါပြီ။ we are hiring ဆိုပြီး string curtain တွေပြထားတော့ curtain တွေ ဘယ်သူငှားမှာလဲဆိုပြီး ထင်မိသေးတယ်။

Go there ကနေကြည့်တာတော့ Tampanies MRT နားကမှတ်တိုင်ကနေ 291 စီးပြီး နှစ်မှတ်တိုင်မှာဆင်းရုံပါပဲ။ သစ်ရွက်ပုံတွေချည်းဝယ်လာခဲ့တဲ့ကြားက အသည်းပုံနဲ့တစ်ခုပါလာတဲ့အတွက် နောက်ထပ် အသည်းပုံနဲ့တစ်ခု ပန်းပွင့်ပုံနဲ့တစ်ခု ပြန်သွားဝယ်ရဦးပါမယ်။ ဆိုင်မပိတ်ခင်မီမယ်ထင်ပါတယ်။





Regards,
Z

Notes:
Monday။ ဘ၀ကို အသစ်ကနေပြန်စမယ်လို့စိတ်ကူးတယ်။

baby corn ကို လှီးခြင်းအနုပညာ၊ ခရမ်းသီး ဒယ်အိုးပေါ်တင်မီးဖုတ်ခြင်း အနုပညာ၊ ပန်းကန်ဆေးခြင်းအနုပညာ၊ ဇနီးသည်နှင့်စကားစမြည်ပြောခြင်း အနုပညာ၊ မူရာကာမိနှင့်ကခုန်ခြင်း၊ mop တိုက်ခြင်း အနုပညာတွေကိုလည်း အခါအားလျော်စွာ တင်ဆက်သွားပါဦးမယ်။

ဘ၀မှာ သိပ်အများကြီးလည်းမမျှော်လင့်ထားနဲ့။ သက်သက်သာသာနဲ့ တစ်ယောက်တည်းအဆင်ပြေအောင်နေတတ်ဖို့ပဲကြိုးစား။ တစ်ယောက်တည်းနေလို့မပျော်တဲ့သူဟာ အများနဲ့နေလည်းတကယ်မပျော်ပါဘူး။ လူအချင်းချင်း အစာသွပ်ရုပ်တွေလို မီနေကြတာ မကောင်းဘူး။ (စာခြောက်ရုပ်လို မားမားကြီးရပ်နေတာလည်း မကောင်းဘူးပဲ)။ တစ်ယောက်ကိုတစ်ယောက် စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့၊ စစ်မှန်တဲ့အပြုံးနဲ့ ပြောဆို ဆက်ဆံတာပဲကောင်းတယ်။ Monday မှာ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း စတင်သင့်တယ်။ မနက်ဖြန်ရဲ့မသေချာမှုကို ဒီနေ့ရဲ့ပျော်ရွှင်မှုနဲ့ ကျေနပ်တတ်ဖို့ ကျွန်တော်တို့သင်ယူရပါဦးမယ်။

Thank you, my wife for the photographs :).



Peace B with U.