မုံရွေး။
မုံရွေးတိုက်က စာအုပ်စာရင်း အကြမ်းဖျင်းကို တင်ပေးလိုက်ပါတယ်။ မုံရွေးဘာလဲ၊ ဘယ်လဲ။ မုံရွေးဂလိုလား၊ ဒီလိုလား ဆိုတာတွေအတွက်မဟုတ်ဘဲ မုံရွေးဘာတွေလုပ်ခဲ့ပြီးပြီလဲသိစေချင်ရုံမျှသာ။
မြန်မာနိုင်ငံရဲ့စာအုပ်ဈေးကွက်မှာ ဈေးအပေါဆုံးစာအုပ်တွေ မုံရွေးကနေတင်ဆက်ပါတယ်။ စာအုပ်စာရင်းထဲမှာ အလျင်းသင့်တာတွေပါရင် နည်းနည်းလေး လေပေါပါမယ်။ မပါပါစေနဲ့လို့ဆုတောင်းပါတယ်။
မုံရွေးစာစဉ် ၁ ကနေစရအောင်။
၁။ ကိုတာ၏ ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ
စာအုပ်နာမည်က နည်းနည်းတော့ မှားနေသလိုဖြစ်နေတယ်။ ဒီဘိုနိုး၏ ဖြစ်သင့်ပေမယ့် အဲဒီစာတမ်း(အက်ဆေးကို အမျိုးမျိုးဘာသာပြန်ကြရာမှာ အဲဒီလိုလည်းပြန်တယ်။) ကိုတာ၏ ဖြစ်နေတယ်။ ထားလိုက်ပါတော့ အဲဒီစာအုပ်က သောက်သောက်လဲအောင်မြင်တယ်။ နောက်အကြိမ်ပြန်ရိုက်ရတယ်။ ပြန်ရိုက်ရတယ်လို့စာအုပ်စာရင်းမှာမတွေ့တော့ ဈေးတင်ပြီး ဆိုင်တွေက ထပ်ရောင်းတယ်လို့ယူဆရတယ်။ ရီဗျူးလောက်ရေးပေမယ့် အတော်လေးကြိုက်ကြတယ်။ တကယ်တစ်အုပ်လုံးပြန်တဲ့စာအုပ်လည်းရှိသေးတယ်။ မြတ်ငြိမ်းရေးတာ။ ဟဲဟဲ အဲဒါကြ..အ၀ယ်မလိုက်ဘူး။
၂။ ပါရဂူ၏ ယယာတိ။
၃။ ခင်မောင်ရင်- ဇော်ဇော်အောင်၏ အနုပညာစံ
၎. ကိုတာ၏ ရယ်ရွှင်ဖွယ်နှင့် အခြားစာတမ်းများ။
သိပ်မရယ်ရဘူး အဖုံးအပြာနဲ့။သူက အတည်တွေရေးမှ ရယ်ရတယ်။
၅။ပါရဂူ၏ တဂိုးဝတ္ထုတိုများ
၆။ဒေါက်တာသန်းထွန်း၏ မင်းဒုက္ခနဲ့မင်းနှင့် ကဗျာများ
၇။ဒေါက်တာသန်းထွန်း၏ အရင်ဧကရာဇ်အခုလူ
၈။မြင့်သန်း၏ သူရေး၍ သူကြိုက်သောဝတ္ထုတိုများ
ဟိုတလောကပြန်တုန်းက ပြန်သယ်လာတဲ့အထဲမှာ အဲဒီစာအုပ်လည်းပါတယ်။
၉။ပါရဂူ၏ ပရကထာ
၁၀။ ကိုကိုမောင်၏ အာကာကို လွှာပုံပြုပါလို့
၁၁။ကိုကိုမောင်၏ မဟာအချစ်ခရီးသည်
၁၂။ဗန်းမော်တင်အောင်၏ အိန်းစတိန်းနှင့် သူ၏ ဓမ္မတရားများ
၁၃။မောင်ဖြူး၏ တဂိုးစာပဒေသာ
အဲဒီစာအုပ်ဝယ်ထားသေးတယ်။
၁၄။English Grammer by Win Pe
၁၅။ဝမ်းမြောက်ဝမ်းသာ စာတမ်းများ (ဒေါက်တာသန်းထွန်း ၇၅ နှစ်မြောက် အထိမ်းအမှတ်)
၁၆။ဝင်းဖေ၏မြကန်သာ(Emerald Lake)
၁၇။မြဇင်၏ ကဗျာ့နရီနှင့်နိမိတ်ပုံ
၁၈။အံ့မောင်၏ (အန်ဒါးဆင်း) အရုပ်မပါတဲ့စာအုပ်
အန်းဒါးဆင်းပုံပြင်လေးတွေက ချစ်စရာလေးတွေ။ ဈေးက ပက်ပက်စက်စက်ပေါတယ်။ ၁၀၀။ ၁၅၀ နဲ့ဝယ်ခဲ့ဖူးတယ်။
၁၉။ပါရဂူ၏ စာပေခရီးသည်
၂၀။ဇော်ဇော်အောင်၏ စာပေသဘောတရား အခြေခံကျမ်း
၂၁။ တက္ကသိုလ်မောင်မောင်ကြီး၏ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန်
၂၂။
၂၃။မောင်သစ်ဆင်း၏ကြောက်စိတ်
(This book is my all-time favourite)
၂၄။ကိုတာ၏ ပြတင်းပေါက်မှကြည့်သူ၏ စိတ်ကူးများ
အဲဒီစာအုပ်မှ အာရှရီနေဆန် ဆိုတဲ့စာတမ်းပါပါတယ်။ သူကိုကားတဲ့စာအုပ်က Megatrends Asia ဖြစ်ပြီး ၁၉၉၅ ကထုတ်တာပါ။ သုံးနှစ်ပဲကြာသေးတဲ့စာအုပ်တစ်အုပ်ကို မြန်မာပြည်မှာ လက်လှမ်းမီတဲ့ အသိုင်းအ၀ိုင်းဆိုတာ အဲဒီအချိန်က အတော်လေးရှားပါသေးတယ်။ ဖတ်နိုင်တဲ့သူတွေကလည်း စာမရေးကြဘူးခင်ဗျ။ ယားလို့စာရေးတာပါဆိုတဲ့ အရိုးအထူးကု တဖြစ်လဲ အပျော်တမ်းစာရေးဆရာကရေးမှပဲ သင့်ဘ၀မှာပါတဲ့အခါပါတယ်။ ဆိုလိုချင်တာကတော့ overview လောက်၊ review လောက်ကို ဖတ်ဖြစ်ဖို့ အခွင့်အလမ်းနည်းတဲ့ အတွက် သူ့ရဲ့ ပရိုမဆန်လှတဲ့အရေးအသားနဲ့ထူပျစ်ပျစ်စာတွေကိုပဲသည်းခံဖတ်ခဲ့ကြရတယ်။ ကြည့်ရတာ အန်ကယ် လင်းဒီပတို့လည်း အဲဒီပြတင်းပေါက်ကို အသေအလဲကြိုက်ခဲ့ပုံရတယ်။ သူ့ရဲ့ ပြတင်းပေါက်ကလေးက ကိုတာရဲ့ပြတင်းပေါက်လိုဖွင့်ထားတဲ့ပြတင်းပေါက်မျိုးလို့ရေးထားတာတွေ့တယ်။ ဟုတ်တယ်ဆိုရင် ခေါင်းညိတ်ပြပြီးပြန်နော်။ လင်းဒီပကြီး။
၂၅။တင်မောင်သန်း သခင်စိတ်ဓာတ်၊ သခင်အကျင့်နှင့်ဆောင်းပါးများ
ဒီစာအုပ်ကလည်း နာမည်ကြီးပါ။ နာမည်ကြီးစာအုပ်ဆိုရင်ပိတ်ခံတတ်တာလည်း သဘာဝပဲ။ သင့်ဘ၀ကနေရေးသမျှလူတွေက တစ်ခုသိသာတာ စေတနာပဲ။ အခြေခံပညာလေးတွေလည်းမဆိုးကြပါဘူး။ ဆရာဝန်တွေများတယ်။ အရည်ပျော်ဦးနှောက်ဆိုပြီး စာအုပ်တစ်အုပ်တောင်လုပ်ကြသေးတယ်။ တင်မောင်သန်းကလည်း ဆေးရုံမှာ readers' digest တွေဖတ်ပြီး ဘယ်သူမှမပြန်ရင် ငါပြန်မယ်ဆိုပြီးကောင်းတာတွေကို ဆက်တိုက်ပြန်ချလိုက်တာ အကုန်လုံးအနှစ်တွေချည်းပဲ။
အခုနောက်ပိုင်း မတတ်သာတော့လို့ ကျော်ဝင်းဘာသာပြန်တာတွေဖတ်ရတိုင်း မောင်သစ်ဆင်းနဲ့တင်မောင်သန်းတို့ရဲ့ မြန်မာဆန်တဲ့ ဘာသာပြန်ကို သတိရနေမိပါတယ်။ အဲဒါကလည်း ဘာကွာလည်းပြောဖို့ခက်တယ်။ ယှဉ်ဖတ်ကြည့်မှသိသာတယ်။ ရှောင်ကိုဗေးရဲ့ အောင်မြင်ထူးချွန်တဲ့လူငယ်တွေရဲ့အမူအကျင့်တွေကို သားရွှေဥစာအုပ်နဲ့ယှဉ်ဖတ်ကြည့်ရင်သိသာတယ်။ နှစ်ယောက်စလုံးကောင်းတယ်။ ဒါပေမယ့် အရေးအသားမှာ အရင်က ရသစာပေရေးခဲ့တဲ့ မောင်သစ်ဆင်းက ပိုပြီးပြေပြစ်ညက်ညောတယ်။ သူလည်း သုတတွေ၊ဆောင်းပါးတွေအရေးလွန်သွားတော့ရသမရေးနိုင်တော့ဘူးဆိုတာသိရတယ်။ နှမြောတယ်။
၂၆။
၂၇။
၂၈။
၂၉။
၃၀။ ဒဂုန်တာရာ၏ အလှဗေဒ
၃၁။ခင်မောင်ရင်၏ ပေါ်ဦးသက် အလည်လာခြင်း
၃၂။ဂန္တ၀င်ဝတ္ထုတိုများ (ကလောင်စုံ)
၃၃။အရှက်နှင့်တန်ဖိုး(ပထမအကြိမ်) လူထုစိန်ဝင်း
အတော်လေးအောင်မြင်ခဲ့တယ်။ ဒါတွေကိုထည့်ပြောတာအကြောင်းရှိတယ်။ စီးပွားရေးအရမြတ်လှချည့်ဆိုတာများ ပါကိုမပါဘူးဆိုတာရေးနေတာပါ။
၃၄။လူထုစိန်ဝင်း၏ စာနယ်ဇင်း အရေးအသား ပုံစံသစ်
၃၅။English for Self Study (I) (C.T.O)
၃၆။လှည်းဘီးတစ်စီး
အဲဒါလည်းဝယ်ဖြစ်တယ်။ ဖြန့်ထွက်တွေးခြင်းရဲ့ဂယက်ကြောင့်ထင်တယ်။ ကိုတာ့စာအုပ်တွေဝယ်ဖြစ်တယ်။ ပျင်းဖို့တော့နည်းနည်းကောင်းခဲ့တယ်။ အဲဒီတုန်းက ဆယ်တန်းဖြေပြီးခါစမလို့ပျင်းစရာတွေ မဖတ်ချင်တာနဲ့ကွက်တိပဲ။ တစ်ခေါက်ဖတ်ပြီးသိမ်းထားလိုက်တယ်။ တက္ကသိုလ်ရောက်တော့ တစ်ခေါက်ပြန်ဖတ်ကြည့်တယ်။ နည်းနည်းပိုပြီး သဟဇာတဖြစ်လာတယ်။
၃၇။ရေးတတ်ပြောတတ်ဖို့ ဖတ်မှတ်ရမည့် ကောက်နှုတ်ချက် အင်္ဂလိပ်စာ (C.T.O)
၃၈။ပညာရှင်များနှင့်တွေ့ဆုံခြင်း (အောင်မောင်း)
ဓနကအောင်မောင်းထင်တယ်။ မသေချာဘူး။ ခပ်ရေးရေးပဲမှတ်မိတော့တယ်။
၃၉။တွေးသူများ(ကိုတာ)
အဲဒါလည်းဝယ်ဖြစ်တယ်။
၄၀။မဟာမင်္ဂလာ(ပါရဂူ)
ဆရာပါနဲ့ကိုတာတို့ဟာ ဆရာတပည့်လို။ ၀ီစကီ ဆရာတပည့်လည်းဖြစ်နိုင်တယ်။ ဆရာပါကို ကိုတာတို့က ဆရာကြီးအခုလိုမြန်မာပညာရှိဖြစ်လာတော့ဘာညာပြောတော့ ဆရာပါက အမလေးမလုပ်လိုက်ပါနဲ့ဦးဗျာ။ ကျွန်တော်တို့က ဒီလို အခေါ်မခံထိုက်ပါဘူးဆိုပြီး နှိမ့်နှိမ့်ချချပြောတာသူရေးတဲ့ထဲမှာတွေ့ရတယ်။ ဆရာပါ့အိမ်မှာ ဘာဆိုဘာမှမရှိဘူးဆိုတာလည်းဖတ်ဖူးတယ်။ သောက်ရေအိုးစင်လေးနဲ့ အိပ်ဖို့ဒရင်းဘတ်လား၊ ကုတင်လား၊ အဲဒါပဲရှိတယ်ဆိုပြီးမှတ်ထားတယ်။ နောက်ပြန်ဖတ်မိတော့တဲ့အခါ အတိအကျပြန်မှတ်မိရင် ပြန်ပြီး Update လုပ်ထားပေးမယ်။ ဆရာပါအကြောင်းကို သျှင်ပါရဂူဆိုတဲ့ ကိုရင်ဘ၀ကတည်းက စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးရဲ့တပည့်တစ်ယောက်က ဆရာပါရဂူရဲ့ဆရာဖြစ်တယ်။ သူတို့ဆရာတပည့်တွေက ရဟန်းပညာရှိဘ၀ကနေ လူပညာရှိဖြစ်လာတယ်။ အင်း အဲဒါတွေကတော့ကြုံလို့ပါရဂူဋီကာ ချုံ့တာပါ။ ချဲ့တယ်ဆိုရလောက်အောင်မများသေးပါဘူး။ ဆရာပါရဲ့ ကြီးကျယ်ခမ်းနားမှုတွေထဲမှာ သူ့ရဲ့ စာကြည့်တိုက်ကလည်းတစ်ခုအပါအ၀င်ဖြစ်မယ်ထင်ပါတယ်။
၄၁။အံ့မောင်၏(အန်ဒါးဆင်းပုံပြင်များ) အဘွားယော်ဟန်နာပြောသောပုံပြင်
၄၂။ဖွင့်ထားသောစိတ် (ပ) ကလောင်စုံ
(သင့်ဘ၀-ဖန်တီးသူတို့အကြိုက်ဆုံး၊ကဗျာဝတ္ထု၊ကာတွန်းများ)
ရန်ကုန်အိမ်မှာရှိသေးတယ်။ ကဗျာက အဲဒီအချိန်က ၀င်းမောင်ရဲ့ကဗျာပါတာမှတ်မိတယ်။ ကျန်တဲ့အင်တာဗျူးတစ်ချို့တစ်လေလည်းမှတ်မိတယ်။
၄၃။ဂန္တ၀င်သံခိပ် (မောင်ထင်)
၄၄။ရေနီမြောင်းတေးသံ(မောင်စွမ်းရည် စုဆောင်းစီစဉ်သည်။)
၄၅။နိုင်ငံ၏စီးပွားရေး(ကျော်ဝင်း)
၄၆။နှစ်တစ်ရာခရီးသည်(မောင်ရဲခိုင်)
၄၇။ရီလေတီဗီတီ(တက္ကသိုလ်ကြယ်ပွင့်)
သိပ်လည်းနားမလည်ဘဲဖတ်ခဲ့ကြတယ်။ အလင်းအလျင်နဲ့သွားတဲ့ရထားဥပမာဟာ ဒီစာအုပ်မှာပါတယ်ထင်တယ်။ အသက်ကြီးလာတော့ ထင်တယ်ဖြစ်သွားတယ်။ ငယ်တုန်းကတော့ ဒီစာအုပ်မှာလို့ပြောတယ်။ မောဟများလာတော့ မေ့တတ်လာပုံရတယ်။ ဟူးးးး။
၄၈။။ဇော်ဇော်အောင်၏ စာပေသဘောတရားဝေဖန်ရေး အခြေခံကျမ်း
၄၉။ဖွင့်ထားသောစိတ် (ဒု) ကလောင်စုံ
၅၀။ဖွင့်ထားသောစိတ် (တ) ကလောင်စုံ
၅၁။ဖွင့်ထားသောစိတ် (စ) ကလောင်စုံ
၅၂။သူခိုးအာမက် (သခင်ဘသောင်း)
၅၃။အချိန်၏ သမိုင်းအကျဉ်း (ကျော်ဇေယျာပုသိမ်)
၅၄။မမှား သို့သော် မမှန် (ကျော်ဇေယျာပုသိမ်)
၅၅။ ကဗျာဆရာ၏အသိုက် (ပါရဂူ)
ဟိုတလောကပဲ စင်ကာပူမှာ အဲဒီစာအုပ်ဝယ်ဖြစ်လိုက်တယ်။ ၂ SGD
၅၆။အံ့မောင်၏ (အန်ဒါးဆင်းပုံပြင်များ) ခင်စိတ္တ
၅၇။ကျွန်တော်သည်မျောက်ကဆင်းသက်၏ (ကိုတာ)
သူ့မယားညီအကို ပန်းချီဆရာပုံဆွဲပေးထယ်ထင်တယ်။ ထင်မိတာပဲ။ အဲလေ မသေချာဘူး။ သူတို့တွေရဲ့ ယောက္ခထီးကလည်း သမီးတွေမွေးထားတော့သားမက်တွေရတာပေါ့။ အတော်ထူးဆန်းတဲ့ကိစ္စပဲ။
၅၈။ရယ်ချင်ရယ်မောချင်မော (ကာတွန်းဆရာကြီးများ၏ အနှစ်အသက်)
၅၉။သင်္ချာဘုရင်မ(လွဏ်းမောင်)
ဟဲဟဲ မှတ်မိကြသေးလားမသိဘူး။အဲဒီအချိန်က မဂ္ဂဇင်းမှာပါတဲ့ သင်္ချာဥာဏ်စမ်းတွေကိုစုစည်းထုတ်ဝေတဲ့စာအုပ်။ ပုံကြီးက ထိပ်ပြောင်သင်္ချာပညာရှင်ပုံကြီးပြထားပြီး သင်္ချာဘုရင်မဆိုလို့ ရယ်စရာကောင်းခဲ့သေးတယ်။ ဆရာလွဏ်းတို့က မြားနတ်မောင်ထုတ်တယ်။။ အဲဒီတုန်းက အာဆီယံ ဆီးဂိမ်းတွေမှာ မြန်မာစစ်တုရင်အဖွဲ့ကဘယ်လိုထိုးသွားတယ်ဆိုတာလည်းလိုက်ရွှေ့ကြည့်သေးတယ်။ ဖြစ်ဖြစ်မြောက်မြောက်စစ်တုရင်မကစားတတ်ပေမယ့်။
၆၀။English For Self Study II (C.T.O)
ဆရာချစ်ကတော့ အောက်ဆီဂျင်ဝယ်ရှူရတယ်လို့နောက်ပိုင်းကြားတယ်။ မြန်မာတိုင်းမ်မှာ ရီပို့ထ်တာတွေကို စာသင်ပေးတယ်ထင်တယ်။ (ကိုအောင်ဒင်တို့ မယုတို့ကိုပြန်မေးကြည့်ဦးမယ်)။ ဟိုငနဲကြီးက ဘာသာမပြန်တတ်ပြန်တတ်နဲ့ ဆွန်ဇူကို ပြန်တဲ့အခါမှာ booty ကို ဖိနပ်များသိမ်းလာတယ်ဆိုလို့ ဆရာချစ်က နောင်ကြီးရယ် လွှတ်မပြန်ပါနဲ့ထိန်းပါ။ ထိန်းပါဆိုပြီးမှားတဲ့ List လေးရေးပေးလိုက်သေးတာကလည်း တကယ့်ကိုပြောစမှတ်ပဲ။ တကယ့်ကိုပဲ ဆရာချစ်က ချစ်လို့ပြောတယ်မှတ်ပါဆိုပြီး နောက်စရာစကားတောင်ဖြစ်သွားတယ်။
၆၁။ဘယ်သို့လွမ်းရပါ့ (မြ၀င်း ဒဿန)
အက်ဆေးဖြစ်ပါတယ်။ သူက သဘာဝတရားကို အသက်ဝင်ဟာ အချစ်ဝင်အောင်ရေးပါတယ်။ သူသည်လည်း ကျောင်းအုပ်ကြီးဆိုလားပဲ။ တစ်အုပ်တော့ဝယ်ထားတယ်။ ဆရာဇော်ဂျီနဲ့ခင်ပုံရတယ်။
၆၂။ကွမ်တမ် မက္ကင်းနစ် (တက္ကသိုလ်ကြယ်ပွင့်)။
ရူပဗေဒနဲ့တော့ အတော်ကြီးဝေးလို့ ခပ်လှမ်းလှမ်းကနေပဲလက်ခုပ်တီးတယ်။ ဇာတ်လမ်းလိုဖတ်ရရင်သာပျော်စရာကောင်းတာကလား။
၆၃။ဂျပန်ပြည်မှာလုပ်သည်။ (မောင်ရဲခိုင်)
၆၄။ပင်လယ်ဝသို့ လှေကလေးနဲ့ထွက်ခဲ့ (မောင်သာချို)
၆၅။ သိပ္ပံပညာရှင်မွေးမြူနည်း (ကလောင်စုံ)
၆၆။ရူပဗေဒအကြောင်းသိကောင်းစရာ (ဦးစံသာအောင်)
၆၇။စိမ်းတဲ့မြေသို့အပြန်(ကိုတာ)
ဝယ်ထားတယ်။ ခရီးသွားတာကို ရေးထားတဲ့စာအုပ်များလား။ စာအုပ်ပြန်သွားယူပြီးနည်းနည်းနွှေးမှပဲမှတ်မိတော့မယ်။ ထင်တာတော့ လုံဒုံပြတိုက်သွားတဲ့စာအုပ်ထင်တာပဲ။မော်ဒန်လူသားဟာ သူ့အဖိုးထက် ခရီးနှစ်ဆသွားသည်ဆိုတဲ့တစ်အုပ်ဖြစ်ကောင်းဖြစ်လိမ့်မယ်။
၆၈။ဖုကုအိုကသွား မှတ်တမ်း (ဒေါက်တာသန်းထွန်း)
၆၉။တွေးတဲ့သချာင်္ နည်း ၁၀၀ (ဦးမောင်မောင်စိုး)
ဦးမောင်မောင်စိုးဆိုတာ တစ်ခြားသူဟုတ်ရိုးလား။ ဆယ်တန်းတုန်းက သချာင်္တက်ခဲ့တဲ့ဆရာ။ ဆရာဦးတင်အောင်လွင်သူငယ်ချင်း။ တကယ့်ကို လူအေးကြီး။ ဘယ်လောက်တောင် စိတ်ဝင်စားအောင်သင်တတ်သလဲဆိုရင် လူသုံးရာကျော်ကနေ ၅၀ လားကျန်တယ်။ ဆရာက မတော်တာမဟုတ်ဘူး။ အပိုမပြောတာ။ အဲဒီခေတ်က ကျူရှင်ဆိုတာ ပွဲကျမှ ကြိုက်တဲ့ခေတ်။ ဆယ်တန်းနည်းနဲ့မတွက်ခင် ကိုးတန်းနည်းနဲ့တွက်ကြမယ်။ ရှစ်တန်းနည်းနဲ့ဆိုလည်း ဒီလိုတော့ရတယ်ဆိုတာမျိုးပြောပြတတ်တယ်။ ဆရာက စေတနာလည်းကောင်းတယ်။ စိတ်လည်းရှည်တယ်။ အာဝဇွန်းမရွှင်တာတစ်ခုပဲ။ စာသင်တာဟာ လေပေါဖို့ အလိုဆုံးအလုပ်ဖြစ်နေတဲ့ခေတ်ကြီးထဲမှာ ဆရာအဓွန့်ရှည်အောင်မြင်ပါစေလို့ သက်ပြင်းချဆုတောင်းလိုက်ပါတယ်။ ဆရာ့တပည့်ပီပီ၊ အဲဒီစာအုပ်မ၀ယ်ခဲ့ဘူး။ အဟီး။ စာအုပ်အပါးလေး။
၇၀။ဥရောပ ဗုဒ္ဓဘာသာ အလင်းပြကျမ်း (လယ်တီဆရာတော်ဘုရား)
၇၁။စကြာဝဠာ၏ သမိုင်းအကျဉ်း (စိုးစိုး-အင်္ဂပူ)
၇၂။၂၀ရာစု ရူပဗေဒ သူရဲကောင်းများ (ဒေါက်တာတင်အောင်)
၇၃။ မိုရေးဗီးယားဝတ္ထုတိုများ (နတ်နွယ်)
ဝယ်ထားမိသေးတယ်။
၇၄။စူပါကြိုးမျှင်လေး သီအိုရီ (တက္ကသိုလ်ကြယ်ပွင့်)
၇၅။လူဖြစ်ချင်တာ ယူကလစ်ပညာသင်ဖို့ (လွဏ်းမောင်)
အဟိ။ အခုနက သင်္ချာဘုရင်မက ကတုံးပုံက ယူကလစ်ပုံဖြစ်နိုင်တယ်။ (ပိုင်သာဂိုရပ်စ် ပုံလို့ wiki က ပြန်ပြင်ပေးတယ်။ ယူကလစ်ဆံပင်ပါ။ ပိုင်သာဂိုရပ်စ်အသက်ကြီးလာတဲ့ပုံမှာ ခေါင်းပြောင်။) ရွှေဥဒေါင်းကြီးတို့ခေတ်က သင်္ချာညံ့ကြတော့ ယူကလစ်သင်္ချာမှာ တဘုံးဘုံးရှုံးကြရာက ယူကလစ်မှာ လူမဖြစ်ဘူး ဆိုပြီး ပြောစမှတ်တွင်တာကို ပြောင်းပြန်လုပ်ပြီးခေါင်းစဉ်ပေးတယ်မှတ်တာပဲ။ တကယ်တော့ သိပ်လည်းမခက်ပါဘူး။ ကျောင်းမှာလည်းသင်ခဲ့ပါသေး။ အခုတော့ကြာပြီဆိုတော့မေ့လောက်ပါပြီ။ မခက်တာကိုတော့သေချာမှတ်မိတယ်။ ဆရာကောင်းတွေများလာတဲ့သဘော။
၇၆။ဉာဏ်များခြင်း။
အဟဲ ဒေါက်တာ ကျော်စိန်နဲ့အလုပ်ရုံဆွေးနွေးပွဲဆိုတာဖတ်ထားရင်သိမယ်ဆိုပြီးကြိတ်လိုက်တာ။ တကယ်က ဒေါက်တာကျော်စိန်မဟုတ်ဘဲ ဒေါက်တာသိန်းလွင်ဖြစ်နေပါရောလား။ ခဏခဏပြင်နေရတဲ့ ပြင်ညာယှိလောက်တော့ ဖြစ်လာမယ့်အလားအလာရှိတယ်။ အသက်ကလည်း မှတ်ဉာဏ်ပျောက်တဲ့အရွယ်တော့မရောက်သေးဘူးထင်တယ်။
၇၇။ဂျက်လန်ဒန်၏ ၀တ္ထုတိုများ (နတ်နွယ်)
ပထမတော့ ဂျက်နဲ့လန်ဒန်ဆေးလိပ်ရောင်းတဲ့သူတစ်ယောက်အကြောင်းထင်မိခဲ့သေးတယ်။
၇၈။ရုပ်ပြရူပဗေဒမိတ်ဆက် (ဒေါက်တာတင်အောင်)
ရူပဗေဒကတော့ ကိုးတန်းက ဆရာမက ပီအိတ်ခ်ျဒီတက်နေရင်းကျွန်တော်တို့ကိုစာသင်တယ်။ သူ့စာတမ်းအတွက်လုပ်နေရင်း ဟိုစက်ကပျက်နေတယ်။ ဒီစက်က သုံးမရဆိုတာတွေပဲပြောပြောနေတာနဲ့ ငါတို့နိုင်ငံကလည်း စက်အပျက်နဲ့သိပ္ပံပညာရှင်မွေးထုတ်နေပါလားတောင်ထင်မိသေးတယ်။
၇၉။ပရမတ္တသံခိပ်ကျမ်း (လယ်တီဆရာတော်ဘုရားကြီး)
သံခိပ်ဆိုတာကတော့ အကျဉ်းရေးတာကိုပြောတာထင်တယ်။ ရှေးလူတွေက ကျောင်းမှာ သံခိပ်ရေးရတယ်လို့ကြားဖူးတယ်။
၈၀။အထက်တန်းကျောင်းသုံးပေးစာများ (ဦးမြင့်ဦး)
ရည်းစားစာတွေဖြစ်နိုင်တယ်။
၈၁။ကစားတဲ့ပါမောက္ခ (ကိုတာ)
ရစ်ချက်ဖိုင်းမန်းအကြောင်း။ သူ့အဖေဘယ်လောက်တော်လဲဖတ်ကြည့်။ တကယ်လို့ ကလေးတွေများမွေးလာခဲ့သည်ရှိသော် ကျွန်တော်လည်း အဲဒီအဖေလိုပဲဖြစ်ချင်တယ်။
၈၂။အိန္ဒိယချစ်ကြည်ရေးခရီးစဉ် (ဒေါက်တာသန်းထွန်း)
ဂွစာကြီးက စာရေးတော့သွက်သလားမမေးနဲ့။ သူ့တပည့်တွေ အားလုံး လက်ဖျားခါလောက်အောင် မြန်တယ်လို့ချီးကျူးကြတယ်။ တပည့်တွေက ဆရာ့ကိုမမီတာလည်းဖြစ်မယ်။ (အသားလွတ်ကြီးဝင်တွယ်လိုက်သည်။)
၈၃။သူငယ်ချင်းများနှင့်စကားစမြည် (ကိုတာ)
မြင့်သန်းတို့နဲ့များပြောသလားမသိဘူး။ အဲဒီစာအုပ် သူငယ်ချင်းတစ်ယောက် ဘတ်သွားတယ်ထင်တယ်။ စာရင်းထဲမှာပဲ ကျန်ခဲ့တယ်။ စာအုပ်တော့မတွေ့တော့ဘူး။
၈၄။အရှက်နှင့်တန်ဖိုး (ဒုတိယအကြိမ်)
အဲ ရောင်းစွံတာဆိုလို့ ဒီတစ်အုပ်ထဲ နှစ်ကြိမ်ရိုက်ရတယ်ထင်တယ်။ ဖြန့်ထွက်တွေးခြင်းလည်း နောက်တစ်ကြိမ်ဈေးပြောင်းပြီး ထုတ်သေးတယ်လို့မှတ်မိတယ်။
၈၅။ ကာ(ဖ)ကာ၏ အရေးအသားများ (မြင့်သန်း)
ဒီစာအုပ်ကတော့ လူစစ်စစ်ကနေ ပိုးတုံးလုံးဖြစ်သွားတာကို သိပ်ခိုက်။ မြန်မာပြည်ကို မတ်ခ်ျလပြန်တုန်းက ပြန်မ လာတယ်။ မြင့်သန်းကို သူ့ဘာသာသူရေးတာတွေ တစ်အုပ်မှ စိတ်ထဲမငြိပေမယ့် ဘာသာပြန်တွေ အားလုံးထိရှနေတာတော့ အလွဲများတစ်ခုလိုပဲ။ ဆရာမြင့်သန်း ရောက်ရာ ကျွန်းကြီးကခွင့်လွှတ်။
၈၆။Buddhist Art & Architecture of Myanmar (Dr. Than Tun)
၈၇။ဒါဝင်မိတ်ဆက် (ကျော်ဝင်း)
စာအုပ်ခေါင်းစဉ်ကိုကြည့်ရင် ကျော်ဝင်းက ဒါဝင်ကို မိတ်ဆက်ပေးပုံပဲ။သူတို့သူငယ်ချင်းတွေများလား။ အဲဒီစာအုပ်ကိုဖတ်ပါ။ လူက မျောက်ကဆင်းသက်တာလား။ ပရိုင်းမိတ်ဆိုတဲ့ လူဖြစ်မယ့် အကောင်တွေက ဆင်းသက်တာလား ကွဲကွဲပြားပြားသိရအောင်။ ပရိုင်းမိတ်ကို မျောက်လို့ ဘယ်သူ ဘာသာပြန်ရက်စက်သွားလဲ အစရှာမရသေးဘူးလို့ကြားတယ်။
၈၈။မိဘတို့ရဲ့သူငယ်ဥယျာဉ် (ဒေါက်တာသိန်းလွင်)
၈၉။ဂျင်ဂျစ်ခန်၏ လက်သုံးတော်ဓား (တက္ကသိုလ်မောင်မောင်ကြီး)
၉၀။အိမ်ပြန်ကြစို့လား ဂျိမ်းရေ (မောင်တင်မြ)
၉၁။အရာရာတိုင်း၏ သီအိုရီတစ်ခုဆီသို့ (စိုးစိုး- အင်္ဂပူ)
ငယ်တုန်းက အဲဒါကို သိပ်တွေ့စေချင်တာ။ အဲဒါဆို စာမေးပွဲဖြေရင် ဘာလာလာ ဒါပဲဖြေရုံပဲ။ အပိုင်ပဲကွာဆိုပြီးမျှော်လင့်မိနေတာ။
၉၂။ဇီဝနည်းပညာမိတ်ဆက် (နရီမင်း)
ပို့စ်မော်ဒန်ရေးတဲ့ဆရာဝန်ပဲထင်တာပဲ။ ဒုက္ခတရားဟာ ဟားနီးယား(hernia )လို လိုက်ပါလာနေတယ်ဆိုလား သူရေးတာ တစ်သက်လုံးမှတ်မိနေတော့တာပဲ။ သူတို့ကမောင်နှမနှစ်ယောက်ထင်တယ်။ ဆှာဝန်ဂျီးတွေပဲ။ သူ့အမက အက်တိုးပစ် အပျိုစင်ရေးတယ်။ ထနောင်းဝိုင်သောက်ပြီး ခွေးသားအုပ်မကြီးကို မြည်းဖို့သတ်လာတယ်ဆိုတဲ့ ၀တ္ထုတိုရေးတာလည်းမှတ်မိတယ်။
၉၃။အပူချိန်မြင့် စူပါ လျှပ်ကူးမိတ်ဆက် (တက္ကသိုလ်ကြယ်ပွင့်)
၉၄။အိုင်စတိုင်း သူ့ဘ၀၊ သူ့အလုပ်၊ သူ့သြဇာ (တက္ကသိုလ်ကြယ်ပွင့်)
၉၅။မနာလိုစရာကောင်းတဲ့ဦးခေါင်း (ဇော်၊ပျဉ်းမနား)
၉၆။တံခါးမှုးသား (အံ့မောင်)
၉၇။မှားတတ်သော ရူပဗေဒ အချက်များ (ဒေါက်တာတင်အောင်)
၉၈။ကြယ်မင်းတို့၏ရာဇ၀င် (ကျော်အောင်)
၉၉။နှောင်းအတိတ်က မဟောင်းသော ပုံလွှာရိပ်များ
၁၀၀။ဝေါဟာရနှင့်ဒဿန (ပါရဂူ)
၁၀၁။မောင်ချောနွယ်အတု။ (မောင်ချောနွယ်)
မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်
ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …
မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။
ဟဲဟဲ ။ ခင်ဗျားတို့အငိုက်မိသွားကြတယ်ထင်ပါရဲ့။ ကြုံတာနဲ့ ကဗျာရွတ်တာပဲ။ အဲဒါဟာ အခုမှမဟုတ်ဘူး။ ဒေါက်တာလွဏ်းဆွေလည်းရွတ်ထားသေးတယ်။ http://drlunswe.blogspot.com/2008/08/blog-post_707.html
၁၀၂။မျိုးရိုးဗီဇကို တစ်စစီခွာ၍ (ညွန့်ဝေ-ဆေးသိပ္ပံ)
Genetics အကြောင်းမိတ်ဆက်ပါ။ မုံရွေးက ထုတ်သမျှ သိပ္ပံတွေက မိတ်ဆက်စာတွေပဲများပါတယ်။ ဖတ်ဖူးသမျှကတော့ နိုင်ငံခြားမှာထုတ်တဲ့ introductory series တွေကို ဘာသာပြန်ဆိုတာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အကြမ်းဖျင်းလောက်သိရဖို့လိုတာတွေအများကြီးရှိပါသေးတယ်။ ဒါက ဒီလိုလားဆိုတာကို အရင်မသိသေးတဲ့ ကလေးတွေသိဖို့ ခက်ခဲတဲ့ဘာသာရပ်တွေကို စိတ်ဝင်စားမှုရှိလာအောင် စွဲဆောင်တဲ့စာအုပ်တွေက အတော်လေးချစ်စရာကောင်းတာပဲ။
၁၀၃။မကြီးပွားရခြင်းအကြောင်းနှင့် စာတိုပေစများ (နရီမင်း)
ဖတ်ဖူးတယ်။ မ၀ယ်ဖြစ်ဘူး။
၁၀၄။မိုးပေါ်သို့လိမ့်ကျခြင်း (မောင်ထင်)
၁၀၅။ဝိညာဉ်မှန်ကွဲစများလွင့်မျောရာ ကန္တာရ (ဇော်ထွန်း မြန်မာပြန်)
၁၀၆။ သင်္ချာဝေါဟာရများ (ဒေါက်တာခင်မောင်ဝင်း)
၁၀၇။ မြန်မာမီးဖုတ်မြေထည်ပစ္စည်း (ဒေါက်တာသန်းထွန်း)
၁၀၈။မိုးနတ်မင်းကြီးအတွက် ရီလေတီဗီတီ (ဒေါက်တာတင်အောင်)
၁၀၉။အံ့ဖွယ်မျက်လုံးပိုင်ရှင် (ဒေါက်တာဇော်သန်း)
၁၁၀။ပိုးချည်မျှင်နဂါး(ဘိုးလှိုင်)
တရုတ်ပြည်ရဲ့ဒုံးပျံဆိုတာ အဲဒီသိပ္ပံပညာရှင်လူငယ်လေးကြောင့်စပြီးဖြစ်လာတာ။ MIT မှာသွားတက်တာ သူက သီအိုရီပိုင်းကိုပိုကြိုက်တော့ MIT မှာ တူတွေဂွတွေနဲ့မအိုကေဘူးဆိုပြီး ပရင်စတန်ကို ထင်တယ်။ ပြောင်းတယ်။ အဲဒီမှာ မတရားခက်တဲ့ပုစ္ဆာကို ပရော်ဖက်ဆာကထုတ်တော့ အမေရိကန်တွေက ထုံးစံအတိုင်း ကွန်ပလိန့်ဖို့သွားတော့ သူတို့ထက်လည်လို့ဆရာလုပ်နေတဲ့ပရော်ဖက်ဆာက အဲဒီတရုတ်လေးရဲ့အဖြေစာရွက်ကို အခန်းဝမှာကပ်ထားတယ်တဲ့။ တရုတ်တွေက ပညာတတ်ရင် တိုင်းပြည်ကိုပြန်တာတစ်ခုပဲ မြန်မာနဲ့ကွာတယ်။ မြန်မာတွေကတော့ ပညာတတ်ရင် ဝေးသထက်ဝေးတဲ့နေရာကိုသွားတာပဲ။ ၀လကလ သီအိုရီ။ ဝေးလေကောင်းလေပဲ။ ကပ်မလိုက်နဲ့ အန္တရာယ်ရှိတယ်။ အဲဒီကောင်လေးနာမည်မေ့သွားပြီ။ စာအုပ်တော့ ရန်ကုန်အိမ်မှာရှိသေးတယ်။ စာအုပ်တွေကို အများကြီးမှတ်မိနေတာ အမှန်တော့ချီးကျူးစရာမဟုတ်ဘူး။ အလုပ်မရှိဘဲ စားလိုက်သောက်လိုက်နေနေတဲ့ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်မှာ လုပ်စရာအလုပ်က ၀ယ်ထားတာတွေ လှိမ့်ဖတ်နေတာပဲရှိတယ်။ ကြမ်းလည်းပြောင်တာပေါ့။
၁၁၁။လင်္ကာရလမ်း(မောင်သာချို)
၁၁၂။နှစ်ဆယ့်တစ်ရာစု ဒစ်ပလိုမေစီ (ကျော်ဝင်း)
ကျော်ဝင်းက တကယ်ကိုရေးနိုင်တယ်။ အဲဒါကိုတော့ ချီးကျူးမိတယ်။ ဆရာကျော်ဝင်းလို့ မရေးတာက စာရေးဆရာနာမည်မှာ အပိုထည့်တာမလိုဘူးထင်လို့ပါ။ ရိုင်းပြတဲ့သဘောတော့မဟုတ်ဘူး။
၁၁၃။ဂျာနယ်ထဲကဂျက် (ဂျက်-ကွန်းခြံကုန်း)
၁၁၄။ဒဿနစာတမ်းများ (မြ၀င်း-ဒဿန)
ဒဿနကတော့ ကျွန်တော်နဲ့ဝေးလွန်းတယ်။ ဒဿနမှာ observer နဲ့ observed ကဘယ်တော့မှ တစ်ခုတည်းမဖြစ်ဘူးဆိုတာပဲကြားဖူးတယ်။ ရှင်းပြဖို့ကြိုးစားတာတွေကိုလည်း အချိန်ပေးပြီးမဖတ်ဖြစ်ဘူး။ ပိုက်ဆံကလည်းစာအုပ်ဝယ်ဖို့ တစ်လ သုံးထောင်လောက်ပဲသုံးနိုင်တာ။ ချွေတာရသေးတယ်။ ပြီးတော့ငယ်တုန်းက ကြိုက်တာက ရသစာပေတွေဆိုတော့ အဲဒါတွေက ဈေးပိုကြီးသေးတယ်။
၁၁၅။စွမ်းအင်ခြေရာ(မောင်ရဲခိုင်)
၁၁၆။ရောရောယောင်ယောင် မောင်ဘမောင် (မြင့်သန်း)
၁၁၇။သိုး၊ဆင်။စိုင်၊မျောက်
၁၁၈။ပြန်လည်သန်စွမ်းရေး (ဒေါက်တာလှဖေ)
၁၁၉။ခေးအော့စ်(ဘိုးလှိုင်)
ဟိုတစ်နေ့ကပို့စ်မှာတောင် အန်စာတုံးခေါက်တဲ့ result က တစ်ချိန်မှာ order ရှိလာတယ်ဆိုလားရေးတာ အဲဒီခေးအော့စ်က စာပဲ။ ဒါလည်းမိတ်ဆက်ပဲ။ အပျော်ပဲဖတ်။ ပျင်းစရာကောင်းရင် ကျော်ဖတ်။ သိပ္ပံအကြောင်း ပေါ့ပေါ့ပါးပါးဖတ်ရင် သိပ်အရသာရှိတာ။
၁၂၀။မြန်မာ့သမိုင်း လစ်ကွက်များ (ဒေါက်တာသန်းထွန်း)
ဂွစာကြီးကတော့ သူရေးတာကြီးပဲလိုက်ဖတ်ရင်တော့ အတော်လေးကိုဖတ်ယူရမယ်။ စံပယ်ဖြူမှာ သူ့တပည့်တစ်ယောက် ဂွစာကြီးအကြောင်းပြန်ရေးတာ အတော်လေးကိုကောင်းတယ်။
၁၂၁။ကောက်နှုတ်ချက် အင်္ဂလိပ်စာများ (C.T.O)
၁၂၂။ ကိုရင်တာနှစ်ပါးသွားများ (ကိုတာ)
မ၀ယ်ဖြစ်လိုက်ဘူး။ ပိုက်ဆံမရှိတော့လို့။
၁၂၃။သာမိုဒိုင်းနမစ်နိယာမများ (တက္ကသိုလ်ကြယ်ပွင့်)
၁၂၄။စစ်ပြီးခေတ်ရေဒီယိုအဆိုတော်များ၏ --( တက္ကသိုလ်ခင်မောင်ဇော်)
၁၂၅။စတုတ္ထကမ္ဘာ (မောင်ရဲခိုင်)
၁၂၆။ပန်းချီဝါကျများ (ဇော်ဇော်အောင်)
၁၂၇။မြှားနတ်မောင်ပဟေဠိပေါင်းချုပ်( လွဏ်းမောင်)
၁၂၈။အိုင်းဆက်ဗာရှီဗစ်ဆင်းဂါး၏ ၀တ္ထုတိုများ (လင်းဝေမြိုင်)
မှတ်မိတာတော့ လင်းဝေမြိုင်က ၀တ္ထုတို နှစ်အုပ် ဘာသာပြန်ထုတ်တာပဲ။ နှစ်အုပ်စလုံးရှိတယ်။
၁၂၉။ရှင်သန်သောဘ၀(မောင်သာမည)
၁၃၀။မောင်ချောနွယ်ဆန်သွားသောနေ့များ (မောင်ချောနွယ်)
၁၃၁။ဘေးမှနေ၍အားပေးခြင်း(မြင့်သန်း)
လူစယွန်းဆိုလို့ လူရွှန်းမဟုတ်ဘူးထင်မိသေးတယ်လို့ ပြောပြီးသား။
၁၃၂။ ဒဗ္ဗလင်မြို့ကလူများ (မြင့်သန်း)
ဘာလို့များ မြို့သားများလို့မပြန်လဲဆိုတာ သူမှပဲသိမယ်ထင်တယ်။ မလေးရှားပီအိတ်ခ်ျဒီဆိုလည်း အထင်မသေးဝံ့ဘူး။ မြန်မာစာပေကို သေချာလေ့လာထားတဲ့သူတွေ၊ သူတို့အရွယ်ပိုင်းကလူတွေ နည်းနည်းပဲကျန်တော့တယ်။ သတိပေးလိုက်သလိုများဖြစ်သွားသလားမသိ။ :) ။မှတ်မိတာကတော့ နီယိုမော်ဒန်နစ်ဇင်ရယ်။ ဖျင်ခြင်းဆိုလား deconstruction ကို ဘာသာပြန်တာ။ တာရာမင်းဝေနဲ့နည်းနည်းငြိသလိုလိုဖြစ်ကြတာ။ စာပေဝေဖန်ရေးမှာ မိန်းမရွှင်ရဲ့မီးနေထမီ ဆိုလား သူနဲ့ရန်ဘက်တစ်ယောက်ကို စကားလုံးနဲ့ဖိုက်တာ။ (သူမို့လို့ ကြံကြံဖန်ဖန်ပြောတတ်တယ်။)အဲဒီတုန်းက သူတို့တွေရေးတာဖတ်ပြီး ရယ်ကြမောကြအရွယ်။ ကြာခဲ့ပါပြီ။ ဒီလိုပါပဲ။ စာပေလောကဆိုတာ။
၁၃၃။ မြှားနတ်မောင်ပဟေဠိပေါင်းချုပ် (၂) လွဏ်းမောင်
၁၃၄။ မြန်မာသမိုင်းပုံ (ဒေါက်တာသန်းထွန်း)
၁၃၅။နှလုံးသားအထီးကျန်မုဆိုး (မောင်ရဲခိုင်)
၁၃၆။သက်တံလမ်း (မောင်ရဲခိုင်)
၂၀၂။ ပြုံးတဲ့ဂါထာများ
သစ်ညပ်ခ်ဟန်းရဲ့စာတွေကို ဘာသာပြန်တာပါ။ စင်ကာပူမှာဝယ်လိုက်တာ ၅ SGD ထင်ပါတယ်။ မြန်မာငွေကတော့ ၁၅၀၀တန်တယ်လို့ဆိုပါတယ်။ အေးမြင့်ကြည်နှင့်သားများသို့လို့ acknowledge လုပ်ထားတာကိုတွေ့ရပါတယ်။ မိန်းမနဲ့သားသမီးကို စာဖတ်စေချင်ရင် စာအုပ်ထုတ်ရပါလားလို့ သဘောပေါက်မိပါတယ်။ ကြုံလို့ပြောရရင် ကျွန်တော့် ဇနီးသည်က ကျွန်တော်ရေးတာတွေ ဖတ်လေ့မရှိဘူး။ ပျင်းစရာကောင်းတယ်လို့တော့ပြောတယ်။
၂၀၉။သုစရိတစက်ဝန်း (ကိုတာ)
အဲဒါလည်းကိုတာက စိတ်ဝင်စားစရာလေးတွေဘာသာပြန်ထားတာပါ။ ဘရာဇီးက မြို့လေးအကြောင်း ကျွန်တော်ပြန်ပြီး share ဖူးပါတယ်။ အမြဲဖတ်တဲ့သူတစ်ချို့တော့မှတ်မိမှာပါ။
လောလောဆယ်တွေ့ရတဲ့စာအုပ်စာရင်းကို အကြမ်းဖျင်းအကျဉ်းချုံးတင်လိုက်ပါတယ်။ မုံရွေးကတော့ မအောင်မြင်ပေမယ့် တန်ဖိုးရှိတဲ့စာတွေကို တာဝန်ကျေကျေထုတ်ခဲ့တယ်ဆိုတာကို ကျွန်တော် စုစည်းထားတဲ့ LIST အရသိနိုင်ပါတယ်။
တခါတလေလည်း လူ့ဘ၀ရဲ့ရွေးချယ်ခွင့်နည်းတဲ့ ပြဇာတ်ထဲမှာ ကျရာဇာတ်ရုပ်က ကနေကြရတာတွေကို ထူးဆန်းစရာ၊ အံ့သြစရာလို့လည်းမမြင်မိတော့ဘူး။ ကိုတာဟာ မြန်မာစာပေလောက်အတွက်တော့ အတော်လေးကို အကျိုးပြုတဲ့စာရေးဆရာဖြစ်တယ်ဆိုတာကို လက်ခံတဲ့သူလည်းရှိမယ်။ လက်မခံတဲ့သူလည်းရှိမယ်။ ဒါပေမယ့် မုံရွေးကြောင့် စာအုပ်ဖြစ်ခွင့်ရလာတဲ့ စာအုပ်စာရင်းကိုကြည့်ရင်း ကြည်နူးမိတာတော့အမှန်ပဲ။
စံပယ်ဖြူမဂ္ဂဇင်းကို သင့်ဘ၀ရဲ့ရပ်တန့်သွားမှုကို အစားထိုးပြီးထုတ်ဝေတဲ့အခါမှာ သင့်ဘ၀ကိုပို့ထားတဲ့ ကျွန်တော့်ရဲ့ ပထမဆုံးစာမူလေးဈေးဦးပေါက်သွားဖူးတယ်။ ခေါင်းစဉ်က မြင်းမိုရ်တောင်ကို ဆီးစေ့(ဇီးစေ့)နှင့်ပေါက်ခြင်းဖြစ်ပါတယ်။ အိမ်က မဂ္ဂဇင်း တွေက နာဂစ်မှာကံတော်ကုန်သွားတာကြောင့် အဲဒီဆောင်းပါးကို ပြန်တင်ဖို့ အခုထက်ထိ မအောင်မြင်သေးဘူး။ စံပယ်ဖြူ အမှတ်စဉ် ၁၊ အတွဲ၁ ရှိတဲ့သူတွေရှိရင် scan ဖတ်ပြီးပို့ပေးရင်တော့ သားရွှေအိုးထမ်းလာတုန်း ရွှေဈေးတက်ပြီး ဒေါ်လာကျတဲ့ကိန်းပါပဲ။ အဲဒါကတော့မုံရွေးကထုတ်တဲ့စံပယ်ဖြူမဂ္ဂဇင်းနဲ့ထိစပ်ခဲ့ဖူးတဲ့ဝန်းထိမျဉ်းပါပဲ။
ဒီစာရင်းကလည်း စာအုပ်တွေထဲက တွေ့တာကို ပြန်စုစည်းလိုက်တာဖြစ်တဲ့အတွက် မပြည့်စုံတာတွေရှိပါတယ်။ မှတ်မိတာတွေပြန်စုပြီးရေးလိုက်တဲ့သဘောပါပဲ။ ဘယ်သူ့ကိုမှ ဘာမှမရည်ရွယ်ပါဘူး။ ပို့စ်မဟုတ်တဲ့ စာအုပ်စာရင်းတစ်ခုပဲဖြစ်ပါတယ်။ အချိန်ရတဲ့အခါမှပဲ ကျန်နေတဲ့ကွက်လပ်တွေဖြည့်ပါဦးမယ်။
Peace B with U.