Saturday, September 24, 2011

My unstoppable thoughts

My unstoppable thoughts

မစ္စတာ ဟိုရှီနို(Hoshino) ဘာပြောချင်လို့လဲ လို့ နာကာတာက တိတ်ဆိတ်မှုကိုဖြိုခွင်းရင်းမေးလိုက်တယ်။
ပင်လယ်ကြီးက သိပ်ကို လှပပြီးနှစ်လိုစရာကောင်းတယ်နော်၊ ဟုတ်တယ်မလား ။
ဟုတ်တယ် ပင်လယ်ဟာ မင်းစိတ်ကို ငြိမ်သက်စေတယ်။
အဲဒါဘာကြောင့်လဲဗျာ။

ဖြစ်နိုင်တာကတော့ ပင်လယ်ဟာ သိပ်ကြီးပြီး သူ့ပေါ်မှာ ဘာမှရှိနေမလို့ဖြစ်မယ်။ ဟိုရှီနိုဟာ ပြောရင်းဆိုရင်း လက်ညှိုးညွှန်တယ်။ တကယ်လို့ ပင်လယ်ပေါ်မှာ 7-Eleven စတိုးဆိုင် တစ်ဆိုင်လောက်ရှိကြည့်၊ ခင်ဗျား ဒီလို ငြိမ်သက်မှုမျိုး မခံစားနိုင်တော့ဘူး။

ကျွန်တော်ဆက်ပြီးတွေးနေမိတယ်။ ပင်လယ်ပေါ်က စတိုးဆိုင်နဲ့ မြစ်ဆုံနားက ဆည်တွေအကြောင်း .......။

Notes:
Kafka on the shore က dialogue လေး ကို သတိရတာနဲ့ပြန်တင်လိုက်တယ်။ Quotes တွေ စုစည်းပြီးတဲ့အခါကြရင်လည်း ဒီ dialogue ကို ပြန်ထည့်ဖြစ်မယ်။

ဒီတစ်ပတ် ကလေးစာပေတွေ လေ့လာတဲ့အနေနဲ့ anthony horowitz တွေ 5 ကျပ်နဲ့ရတုန်း လေးအုပ်ဝယ်လာဖြစ်တယ်။

စာအုပ်စင်အကြောင်းရေးတော့ စာအုပ်စင်စိတ်မ၀င်စားဘူး စာအုပ်တွေပဲလိုချင်တယ်ဆိုတဲ့ ရွာသားကိုလည်း သေတမ်းစာရေးတဲ့အခါကြရင် တစ်အုပ်နှစ်အုပ်ပေးဖို့ထည့်ရေးထားခဲ့မယ် မပူနဲ့လို့ဒီကနေပဲပြောလိုက်ပါတယ်။ 5ကျပ်တန်နဲ့ 8 ကျပ်တန်စာအုပ်များဆိုပြီး ပို့စ်တစ်ခုလောက်တင်ဖို့လည်းစိတ်ကူးထားတယ်။

funan က စာအုပ်ဆိုင်က ဆိုင်ပိတ်ခါနီး လျှော့ဈေးနဲ့မဟားတရားလျှော့မှရောင်းကောင်းနေလို့ နောက်တစ်ပတ်ဆက်ရောင်းမယ်တွေဘာတွေဖြစ်ကုန်ပြီ။

အခု Murakami ရဲ့ After Dark ဖတ်နေတဲ့အတွက် အဲဒီထဲက ကြိုက်တာတွေ တစ်ခုလောက်တော့ အမှတ်တရတင်ဖြစ်မယ်ထင်ပါတယ်။ အားအားယားယား ဖေ့စ်ဘွတ်ခ်မှာ မဟားတရားရေးနေလို့ ဇနီးသည်က ကျောင်းပြန်တက်ပါလား၊ ဒီလောက်အားနေတာဆိုပြီးပြောပါတယ်။

ကျောင်းတက်ချင်ပါတယ်။ ပိုက်ဆံပေါနေရင် တစ်သက်လုံးကျောင်းပဲတက်နေချင်တယ်။ စဉ်ဆက်မပြတ်ပညာရေးကို သဘောကျသလို စာသင်ရတာကိုလည်းကြိုက်တယ်။ ကိုယ်တိုင်ကလည်း လေ့လာနေရတာပျော်တယ်။

စီးပွားပျက်ကပ်ကို ကြောက်စရာမလိုတဲ့အလုပ်ဆိုလို့ ဆရာဝန်နဲ့ကျောင်းဆရာပဲရှိမယ်ထင်ပါတယ်။ ကျန်တာတွေကို လျှော့လို့ရရင်တောင် ဒီနှစ်ခုကို လျှော့ဖို့သိပ်ခက်တယ်လို့တွေးမိတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို စိတ်ဝင်စားတဲ့သူတွေ ဘာတွေများရှိမလားတော့မသိပါဘူး။ အဲဒါတွေ အရင်က ရေးလက်စတွေ အချောသပ်ပြီး ခါတော်မီလိုလိုဘာလိုလို တင်လိုက်ပါဦးမယ်။



Peace B with U.