အမည်နာမ အမှတ်တံဆိပ်များ
ငါ ကဗျာရေးဖြစ်တာ မှားတယ်
ကမ္ဘာကြီးလို လည်လိုက်တော့
ရိုက်ညီနောင် လေယာဉ်ပျံတီထွင်ဖြစ်တာ မှားတယ်
ဂူတင်ဘတ် ပုံနှိပ်စက် တီထွင်ဖြစ်တာ မှားတယ်
အက်ဒီဆင် မီးကိုတွေ့ရှိတာ မှားတယ်
အိုင်းစတိုင်း ဆွဲငင်အားကို တွေ့တာမှားတယ်
နယူတန် တန်ပြန်နိယာမကို တွေ့တာမှားတယ်
စကြဝဠာဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ
သုခမိန်လှိုင်။
ကဗျာအတိုလေးတွေပြန်ဖတ်ရင်း ဒီကဗျာလေးကို သဘောကျသွားတယ်။ အိုင်းစတိုင်းက ဆွဲငင်အားကိုတွေ့တာတော့မဟုတ်ဘူး။ တွေ့တာက နျူတန်။ အိုင်းစတိုင်းကတော့ အလင်းနှုန်းနဲ့သွားတဲ့ အရာတွေအတွက် ဆွဲငင်အားသဘောတရားကို ထပ်ဖြည့်ပေးခဲ့တာ။ ဘလက်ဟိုးထဲ အနားက ကြယ်တွေပြုတ်ကျတာမျိုးတွေကို သာမန်ဆွဲငင်အားသဘောနဲ့ရှင်းလို့မဖြစ်ဘူး။ သူက လျှောကျသွားတဲ့အယူအဆမျိုးနဲ့ချဉ်းကပ်တယ်။ Black hole ထဲက ခုန်မထွက်နိုင်တဲ့ အလင်းအလျင်နဲ့အရာဝတ္ထုတွေ ပြန်ပြုတ်ကျတာတွေကိုလည်း အိုင်းစတိုင်းကရှင်းပြခဲ့တယ်။ မူရင်းစာအုပ်မှာ အက်ဒီဆင်ကို အင်ဒီဆင်လို့ရေးထားတာတွေ့တယ်။ စာရိုက်တဲ့သူတွေ နမော်နမဲ့နိုင်မှုဖြစ်မယ်။ အဲဒါတွေက အရေးမကြီးဘူး။ အရေးကြီးတာ ကဗျာထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လေး လိုက်လာတဲ့အယူအဆတစ်ခုပဲ။ ဈေးကွက်မှာ ရောင်းစားဖို့မဟုတ်တာတွေ ရောင်းစားခံလိုက်ရရင် အားလုံးမှားကုန်တယ်တဲ့။ ။
With Regards,
ရောင်းဖို့မဟုတ်တာတွေ သိမ်းထားနေဆဲ
The Gardener

Peace B with U.