Thursday, April 23, 2009

Down By The Salley Gardens

မိုးမခဥယျာဉ်ထဲမှာ ..

မိုးမခဥယျာဉ်ထဲ ...

ချစ်သူနဲ့ငါ ဆုံဖြစ်ခဲ့ကြ ...
သူ့မိုးပွင့်ဖြူခြေထောက်လေးတွေနဲ့ ..
ချစ်သူက..
မိုးမခဥယျာဉ်လေးထဲ..
နင်းဖြတ် လျှောက်လှမ်းသွား ...

... နှင်းစက်ပွင့်တွေ တဖွဲဖွဲကြွေတဲ့ နံနက်ခင်းတစ်ခုပေါ့ ... စံပယ်ရနံ့တွေ ဖွေးဖွေးဖြူ .. စိုစွတ်လှပနေတယ် ... ဇာတ်သိမ်းမကောင်းတတ်တဲ့ ပြဇာတ်တွေလှပသလိုမျိုးပဲလား .. ၊နှင်းစက်လေးရေ ... အလင်းရီဝိုးတ၀ါးအောက်မှာ .. နင် ... ငါ့ဥယျာဉ်ထဲကို နင်းဖြတ်လျှောက်လှမ်းသွားတယ် .. မှိုင်းညို့ လွမ်းဆွတ်တတ်တဲ့ နှင်းစက်လေးတွေပေါ့ .. တကယ်ပဲ .. နင်းဖြတ်လျှောက်လှမ်းသွားခဲ့တယ် ...။


သူက ..
သစ်ရွက်လေး
သစ်ပင်ပေါ်မှာ ရှင်သန်ကြီးပြင်းခဲ့သလို ..
ချစ်ခြင်းကို အသာ လက်ခံလိုက်ပါလို့တိုက်တွန်းခဲ့တယ် ...

ဒါပေမယ့်..
ငါကလည်းငယ်ရွယ် မိုက်မဲ ..
သူပြောတဲ့ချစ်ခြင်းတရားကို
ခါးခဲ့မိတယ် ..။

ရွှေအိုရောင်ခြေလှမ်းတွေ သစ်လွင်လို့ပေါ့ ... ကောင်မလေးရေ ..အရှေ့မြောက်လေရဲ့ တိုးသဲ့တဲ့ရယ်သံ ..လင်းမြတဲ့ အပြုံးတစ်စကို ... ပန်းတွေကိုချစ်တဲ့ ဥယျာဉ်မှုးလို ... ငေးမောကြည်နူးနေခဲ့ ... ကံတရားအကြောင်းမပြောပါနဲ့လား ... လမ်းညွှန်ဆိုင်းဘုတ်တွေများတာကို ငါသိပါရဲ့ ... ဘ၀တစ်လျှောက်လုံးသယ်ဆောင်သွားလို့မရဘူးတဲ့လား ... ၊သစ်ရွက်လေးကို ငါချစ်ပါတယ် .. ဒါပေမယ့်ကွယ် ..ကျေးဇူးပြု၍ .. ကျေးဇူးပြု၍ပါ ... မြူနှင်းပုဝါလေးရယ် ... ဖြူဖြူလေးပဲ ဆက်ပြီးပြုံးနေလိုက်ပါ ..၊ သံသရာပေါင်းများစွာ .. ဆောင်းခေတ်အဆက်ဆက် နှလုံးသွေးတွေစက်လက်နဲ့ .. နွေးထွေးနေနိုင်မယ်လို့ .. ငါမိုက်မဲရဲတင်း ... ယုံကြည်ပစ်လိုက်တယ် ...။

မြစ်ကမ်းနံဘေး
ကွင်းပြင်လေးမှာ ..
ချစ်သူနဲ့ငါ .. ရပ်နေခဲ့တယ် ...
ယိုင်မှီထားတဲ့ ကိုယ့်ပခုံးကို ..
ချစ်သူက
သူ့နှင်းပွင့်ဖြူလက်လေးတင်လို့ ..
ဆည်နိမ့်လေးတွေမှာ မြက်ပင်လေးပေါက်ရောက်ရှင်သန်ခဲ့သလို..
ဘ၀ကို အသာအယာ ခံယူဖို့
ပြောခဲ့တယ် ...

ဒါပေမယ့်..
ငါကလည်းငယ်ရွယ် မိုက်မဲ ..ခဲ့ပါရဲ့ ..
....
.....
.......
အခုတော့ ...
....
မျက်ရည်မီးတွေ ..
စီးကျလို့ ပေါ့...........။

နေညိုချိန်တွေစောခဲ့ ..ဆောင်းညနေခင်းဟာ တစ္ဆတစ်ကောင်ရဲ့အေးစက်နေတဲ့လက်ပဲလား ကောင်မလေးရေ .. ၊ စီးဆင်းသွားတဲ့စမ်းချောင်းလေးကိုငေးလို့ပါပဲ ... ကိုယ့်ခြေထောက်တွေကို ငုံ့ကြည့်နေတဲ့ ဒဏ်ပေးခံထားရတဲ့ကလေးလေးလို ... လေပြည်လေးတွေဟာ ငါတို့ကို ကွေ့ပတ်ရှောင်ကွင်းသွားကြတယ် ... မင်းရဲ့မျက်ရည်တစဟာ ငါ့နှလုံးသားရဲ့မနိုင်ဝန်တစ်ခုပါပဲ ... ချစ်ခြင်းတရားကိုစိုက်ပျိုးပြီး အလွမ်းပွင့်တွေရိတ်သိမ်းခွင့်ရလိုက်သူရဲ့ ရင်ခုန်သံတွေမှိန်ဖျော့ ... တွဲထားတဲ့လက်တွေပြေလျော့ .. တဆစ်ဆစ်တိုးမြှင့်လာတဲ့ ခါးသီးတဲ့အပူရှိန်တစ်ခုဟာ .... ငါ့တို့ကိုရှို့နေတယ်ထင်ရဲ့ ...။ ဒါဟာကံတရားသက်သက်နဲ့ ဆက်တင်ဆင်ထားတဲ့ အိပ်မက်လေလား .... ချစ်သူရေ ... မင်းရဲ့ ကိုယ်ငွေ့လေးနဲ့ဝေးသထက်ဝေးခဲ့တယ် ... တရွေ့ရွေ့ ...။ ဆောင်းဘူတာလေးနဲ့လမ်းခွဲထွက်လာတဲ့ရထားလေးလို ...သံလမ်းတွေတစ်လျှောက်တရွတ်တိုက်ပြေးလွှား .. ..... ဝေးသွားခဲ့ပြီပဲမဟုတ်လား ... ကောင်မလေးရယ် ...။ ဆောင်းရာသီဆန်ဆန် ကြေကွဲမှုတွေသာ ရစ်သမ်မှန်နေခဲ့ ... နေ့တာတိုခြင်းဟာ ညတာရှည်ဖို့သက်သက် ... ဇီဇ၀ါ ပွင့်ဖတ်ပွင့်ချပ်ကြားက ပိုးကောင်လေးလို ... သတိရခြင်းဟာမွှေးမြခိုင်ခံ့စွာ ...၊ မတူညီမှုအတွက် အဖြေတစ်ခုဟာ မျှော်လင့်ထားတာထက် နည်းနည်းလေးစောပြီး ဆိုက်ဆိုက်မြိုက်မြိုက် ... အတိအကျရောက်လာခဲ့တယ် ... တကယ်တော့ မင်းနဲ့ငါ ကြိုသိထားခဲ့တဲ့အတိုင်းပဲမဟုတ်လား ... ကောင်မလေးရယ် ...။ ။




Dedicated to sis, and also William Butler Yeats :

Z ရဲ့ ဗားရှင်းပါ ... ထမင်းချက်ကြီး ရိတိတိကတော့ သူ့ကဗျာကို ကျွန်တော်က ဘာသာပြန်တာများကြားရင် သေရွာကထပြီး. ....၀မ်းနည်းလွန်းလို့ ဒဗ္ဗလင်မြို့တောင်ပတ်ပြေးနေတော့မယ် ....။ သူရခဲ့တဲ့ နိုဗယ်ဆုကြီးကို တစ်ဖက်က ကိုင် ... ကျွန်တော်တလွဲပြန်ထားတာတွေကို တဖက်က လက်ညှိုးထိုး ... တရှုံ့ရှုံများငိုနေဦးမလားမသိနော် ...။ ဆရာမောင်သာနိုးနဲ့ ကိုတာရာမင်းဝေတို့လည်း သူတို့ဘာသာပြန်တာကိုများ မပြည့်စုံလို့ များလားလို့ ပြန်သုံးသပ်ကြဦးမယ်ထင်ပါရဲ့နော် ...။ အော် ... သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ ...သုံးယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းပေါ့ ....။း)

၁. ကျန်းမာရေးကို ဂရုစိုက်ပါ ...
၂. ကျန်းမာရေးကို ဂရုစိုက်ပါ ...
၃. ကျန်းမာရေးကို ဂရုစိုက်ပါ ...
၎. ကျန်းမာရေးကို ဂရုစိုက်ပါ ...
၅. ကျန်းမာရေးကို ဂရုစိုက်ပါ ...
.
.
.
.
.

..
ကျန်းမာရေးကို ဂရုစိုက်ပါ ...



Peace B with U.