Monday, April 20, 2009

သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ သင်နဲ့ကျွန်ုပ်တို့ ၏အိမ် ...

Multiply မှာ http://kotoegyi.multiply.com တင်ထားတဲ့ ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းတွေကို ကူးလာပါတယ် ...။ သဘောကျနှစ်ခြိုက်လို့ ပါ ... စာတွေကိုတော့ ကိုယ်ဘာသာကိုယ်ပဲရေးလိုက်ပါတယ် ...

ကျွန်တော် အတွက်တော့ ကဗျာလေးတစ်ပုဒ်လို .. သူ့ကာတွန်းပုံလေးတွေက လေးနက်လှပနေတယ် ...။



စိတ်လိုလက်ရ ...
ငါတို့ရဲ့ တာဝန်မဲ့မှု ..
အခုတော့ အရိပ်နေရင်း အခက်ချိုး .. အပင်နှုတ်သူတွေဟာ ...
ငါတို့မှ ..ငါတို့ စစ်စစ် ...။ ။


လုံးထွေးပစ်ထုတ် ...
ငါလစ်လျူရှုခဲ့တဲ့ ... စက္ကူဖြူတွေကြောင့် ...
ငါတို့ဟာ ပုဆိန်ကို ဖန်ဆင်းခဲ့တယ် ...စက်လွှတွေကို ဖန်ဆင်းတယ် ...
သွေးသံရဲရဲ ... သစ်ပင်လေးတွေလဲနေတယ်ကွယ် ...။



အကောင်းဆုံးမိတ်ဆွေအတွက် ..
ငါသင်ကျွန်ုပ်တို့ဟာ .. Brutus
... တစ်ရှိုက်ရှူဖူး သူ့ကျေးဇူးဆိုတာကိုမေ့နေကြပြီ ...။
သိပ်ကိုသေချာခဲ့တာပေါ့ ...
ကြင်နာမှုပေးဖို့ငြင်းဆန်ခြင်းအားဖြင့်..
ငါတို့ ရက်စက်ခဲ့ကြ ...။

အိမ်ပြန်မရောက်နိုင်တဲ့မြစ် ...
ဆည်တွေဆောက်တာဟာ ... ဆင်ခြင်ဉာဏ်မရှိရင် အန္တရယ်များတယ်ဆိုတာ ငါတို့အားလုံးအသိ ..
ဒါပေမယ့် .. ငါတို့ ပြောတာကို .... သူတို့ ကြားပါ့မလား ..
ငါတို့ကိုယ်တိုင်ကရော ... သူတို့နားလည်အောင် ... ပြောပြဖို့ ... စောင်းတွေ မလုံလောက်လို့လား ....
ဒါမှမဟုတ် ... ပိုးကြိုးဖိုးမရှိတော့တဲ့ မောင်ပုံလား ..။


သိပ်ချစ်စရာကောင်းတဲ့သစ်ပင်တွေ ..
ဘ၀တစ်လျှောက်လုံး
အနည်းဆုံးယူပြီး ...အများကြီးပေးသွားတယ် ..
ဗန်ဂိုး ..(မူကွဲ ဗန်းဂေါ့ခ်ျ) ရဲ့သွေးစက်တွေပဲလား ...
မာသာထရေဇာရဲ့ချွေးစက်တွေပဲလား....
လက်ချင်းတွဲဆုပ်... တောအုပ်လေးလုပ်ပြီး ... မိုးခေါ်တေးတွေ တကြော်ကြော်အော်ဆိုတယ် ...။


တကယ်တော့ ဒါတွေဟာ ..
ငါတို့သုံးတဲ့ .. gas ပါတဲ့ body spray တွေ ..
ရေခဲသေတ္တာတွေ ..
....
....
နောက်ဆုံး ..correction pen တွေ ..
လေအေးပေးစက်တွေ .... ကြောင့ိဆိုတာ ငါတို့သိပါတယ်
သိပ်ပူအိုက်လာတော့..
ငါတို့ညည်းတယ်
vicious cycle ကို ငါတို့ရှောင်လို့မရ ..
chain effect ရဲ့ အစနဲ့ အဆုံးမှာ .. ငါတို့ ခွထိုင်နေတာပဲမဟုတ်လား ..


Happy Feet ကိုသတိရတယ် ...
ဒီအတိုင်းဆိုရင် နောင်လာနောင်သားတွေအတွက် ပင်ဂွင်းငှက်ဟာ ... ပုံပြင်ထဲမှာပဲတွေ့ရတော့မယ် ...
ဒါဟာ ... ငှက်တွေကို ကယ်လိုက်ရုံလေးမဟုတ်ဘူး...
ကိုယ့်ကိုယ်ကို ပြန်ကယ်တင်တဲ့ အလုပ်လည်းဖြစ်တယ် ....။
ငါမရှိရင် ..မင်းဘယ်မှာနေမှာလဲလို့ ကမ္ဘာကြီးကပြန်မေးနေပြီ ...။
ကမ္ဘာပေါ်မှာ လူတွေချည်းနေလို့မရဘူး ..
ဒါကို မေ့ထားလို့ရတယ် ...
ဒါပေမယ့် မေ့ထားလို့ မရနိုင်မယ့်နေ့တစ်နေ့လည်းရောက်လာဦးမယ် ...

မုန်တိုင်းတွေ ...အင်အားကောင်းလာတာ ပတ်ဝန်းကျင်ပူနွေးလာမှုရဲ့ သိသာတဲ့ လက္ခဏာလို့ဆရာအော်ပီကျယ်ကပြောတယ် ...။
ကျွန်တော်တို့ရဲ့ ငတေလေး မာနေသေးသ၍ပဲလား ...

မေးခွန်းရော အဖြေရော ... သင့်ရင်ဘတ်ထဲမှာပဲ သိမ်းထားလိုက်ပါ ...။ ။

...
...
...



Peace B with U.