Wednesday, April 22, 2009

သုညမရခဲ့သော ကောင်လေး ....။

၁ယောက်သောသူကို
၂၂ ကာကာ ၈(ရှစ်)လို့(ရခိုင်လို ချစ်လို့ ...လို့ပြောတာ)ဆိုပြီး
၄၄ နက်နက် မဟုတ်ပဲ
၇ကျပ်တိတိ (ရိတိတိ) လာလာလုပ်တယ်
၃ သပ်စရာမလိုလောက်အောင်
၆ခြားလောက်တဲ့ အသိအမြင်နည်းမှုနဲ့ ..
၉ကွယ်အားကိုးရာမဲ့ဖြစ်နေပုံက
၅ပျံတစ်လှည့် မဖြစ်နိုင်တဲ့ ဗုံလုံသက်သက် .... ။ ။


(မှတ်ချက် ...။ ၇အိမ်ကြား ၈ အိမ်ကြား အသံဗြဲကြီးနဲ့အော်နေတာနဲ့ ၁၀၁ ကြိမ်မြောက် ချစ်ခွင့်မပန်နိုင်လိုက်ဘူးဆိုရင် sorry ပါနော်... လောကကြီးမှာ ယင်ကောင်လည်းရှိဖို့လိုသလို ... တီကောင်လည်းရှိဖို့လိုတယ် ... ဟန်ချက်ထိန်းထားရတာကိုး ... လူစစ်စစ်တွေလည်းရှိမယ် ... လူဖြစ်ကာစ အသွင်ပြောင်းစလူဆိုတဲ့ အရိုင်းအစိုင်းတွေလဲရှိမယ် ... ပန်းပွင့်တွေရှိသလို .... အနုမြူဗုံးတစ်လုံးလည်းရှိလိမ့်မယ် ....လွတ်လပ်မှုဆိုတာ ... တစ်ခြားလူတစ်ယောက်ရဲ့ လွတ်လပ်မှုကို တန်ဖိုးထားတဲ့လူတွေအတွက်သက်သက်ပါပဲ လေ....။)



Peace B with U.