Tuesday, September 23, 2008

ကံဆိုးလိုက်တဲ့နေ့



ကံဆိုးလိုက်တဲ့နေ့

လူတစ်ယောက် အရက်ဘားမှာထိုင်နေတယ် ... သူ့ရှေ့က အရက်ခွက်ကိုငေးပြီး ကြည့်နေတယ် ... အဲဒီလိုထိုင်နေတာ နာရီဝက်လောက် ရှိနေပြီ ....
အဲဒီအချိန်မှာ .. ပြဿနာရှာတတ်တဲ့ ကုန်တင်ကား ဒရိုင်ဘာက သူ့ရှေ့မှာ လာရပ်တယ် ... ပြီးတော့သူ့ခွက်ထဲက အရက်တွေကိုပါ အကုန် မော့သောက်ပစ်လိုက်တယ်။

အဲဒီတော့မှ ထိုင်ငေးနေတဲ့သူက စ ငိုတော့တာပဲ ...။
ကုန်တင်ကား ဒရိုင်ဘာက " မငိုပါနဲ့ကွာ ... ငါ စတာပါ .... ငါမင်းကို နောက်တစ်ခွက် ပြန်ဝယ်တိုက်ပါ့ မယ် ..
ငါ ယောက်ျားကြီးတစ်ယောက်ငိုနေတာမကြည့်ရက်ပါဘူးကွာ..."လို့ပြောတယ်။

ထိုင်ငိုနေတဲ့သူက ...
"အရက်မသောက်လိုက်ရလို့ငိုတာမဟုတ်ပါဘူးဗျာ ... ဒီနေ့က ကျုပ်ရဲ့ တစ်သက်နဲ့တစ်ကိုယ် ကံအဆိုးဆုံးနေ့ မို့လို့ပါ၊"
ပထမတစ်ခုကဒီလို ...
ဒီနေ့ ကျုပ် အိပ်မောကျနေတာနဲ့ ရုံးနောက်ကျသွားတယ်ဗျာ...
အဲဒါ ... သူဋ္ဌေးက အကြီးအကျယ်ဒေါပွသွားပြီး .. ကျုပ်ကိုအလုပ်ထုတ်ပစ်လိုက်တယ်။
ရုံးကထွက်လာတော့ ကားကိုမတွေ့ရတော့ဘူး ... ကားက အခိုးခံလိုက်ရပြီ .... ရဲတိုင်တော့ ရဲကလည်း သူတို့ဘာမှမတတ်နိုင်ဘူးလို့ပြောတယ်။
ဒါနဲ့ taxi ငှားပြီး အိမ်ပြန်လိုက်တယ်၊ .... Taxi ပေါ်ကဆင်းပြီးတော့မှ ပိုက်ဆံအိတ်နဲ့ credit card ကားပေါ်မှာကျန်ခဲ့မှန်း သတိရတယ်။ ... Taxi ကလည်း မောင်းသွားပြီ၊ မရှိတော့ဘူး ...
အိမ်ရောက်လို့ အိပ်ခန်းထဲဝင်လိုက်တော့ မိန်းမက မာလီနဲ့ ဖောက်ပြန်နေတယ် ....

ဒါနဲ့ အိမ်ကနေအရက်ဘားကိုထွက်လာတယ် ...
ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တွေးနေတုန်း ခင်ဗျားရောက်လာပြီး ...

ကျုပ်အဆိပ်ခွက်ကို လုသောက်သွား တာပဲ ...။ ။

Thank YOU yawnathan for sending me that link.



Peace B with U.