Tuesday, September 23, 2008

အိမ်


Everyone wanna go home for different reasons ... but all believe home is the best place for us ..., though in this song, the guy wanna go home to meet his lover again..., there are so many people who wanna go home to meet their parents, their close friends, and maybe to meet their beloved pets ....
Dedicated to a friend who wanna go home ... as soon as possible....to meet with her mother .....

HOME (Michael Buble)

အိမ်

Paris နဲ့ Rome မှာတော့
နောက်နွေရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိရင်လည်း ရှိလိမ့်မယ် ...
ဒါပေမယ့် ငါအထီးကျန်နေတယ် ...
မင်းသိမှာပါ ...
ငါ မင်းကို သိပ်လွမ်းတယ် ဆိုတာကို ....

နောက်ထပ် လေယာဉ်တစ်စီး
နောက်ထပ် နေသာတဲ့ နေရာတစ်ခု ၊
ငါ ကံကောင်းမှန်း ငါသိတယ် ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...
ငါ အိမ်ပြန်ရောက်တော့မှာပါ ...

ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းနဲ့ အရမ်းဝေးကွာနေလို့ပါ ...
ငါ အိမ်ပြန်လာချင်နေပြီ ....

ငါ တစ်ခြားလူတစ်ယောက်ရဲ့ ဘ၀ထဲမှာ ၀င်နေရသလို ခံစားရတယ် ...
အရာရာအဆင်ပြေနေတဲ့ နေရာမှာ ငါတစ်ယောက်ထဲ အပြင်ထွက်ရပ်နေသလိုပါပဲ ...
မင်း ဘာလို့ ငါနဲ့ အတူမလိုက်ခဲ့လည်း ဆိုတာ ငါ အခုမှ နားလည်တယ်။
ဒါဟာ မင်းမျှော်လင့်တဲ့ ဘ၀ မဟုတ်ဘူးလေ ...
ဒါပေမယ့် မင်း ငါ့ကို အမြဲ ယုံကြည်ပေးခဲ့တယ် ...။

Paris နဲ့ Rome မှာတော့
နောက်ထပ် ဆောင်းရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
... ငါ အိမ်ပြန်ချင်နေတယ် ...
... ငါ့ကို အိမ်ပြန်ခွင့်ပြုပါ .....

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိနေတယ် ...
ငါ အထီးကျန်နေဆဲပဲ ...
ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းကိုလွမ်းနေတာ မင်းသိပါတယ်။

ငါ့ကို အိမ်ပြန်ခွင့် ပြုပါ ..
ငါ အခု အပြေး လာခဲ့ ပြီ ...
ကောင်မလေးရေ ... ငါဆုံးဖြတ်လို့ ရသွားပြီ ...
ငါ အိမ်ကို ရောက်တော့မှာပါ ....
ငါ့ကို အိမ်ပြန်ခွင့်ပြုပါ ..
အားလုံး အဆင်ပြေသွားမှာပါ ....
ဒီညမှာ ငါ အိမ်ပြန် ရောက်ပြီ ...
ငါ အခု အိမ်ပြန်လာနေပြီ .........။ ။

HOME (Michael Buble)
Lyrics



Peace B with U.