Friday, September 26, 2008

ရွှေရောင်မမ ...

ရွှေရောင်ဆံပင် ရှိတဲ့ မိန်းမချောလေးတွေ (ရွှေရောင်မမတွေ) ကို ... ခပ်တုံးတုံးတွေလို့ သတ်မှတ်ထားကြတယ် ...
သူတို့ကို ဟာသ တွေလုပ်ပြီးလှောင်ကြတယ် .... ရွှေရောင်ဆံပင်နဲ့ ထက်ထက်မြက်မြက် ရှိတာကို Legally Blonde မှာပဲ တွေ့ဖူးတယ် ... ဒါပေမယ့် ... ကိုယ်ချင်းစာစိတ်နည်းတော့ ... Blonde ဟာသတွေဖတ်တော့ ရယ်မိတာပါပဲ ... တော်တယ် ... ညံ့တယ် ... ဆိုးတယ် ...ကောင်းတယ် ဆိုတာတွေက ... ပကတိတန်ဖိုး မရှိပါဘူး ... နှိုင်းရတန်ဖိုးတွေပါ ... တစ်နေကုန် ... ပင်ပန်းနေကြတဲ့ သူငယ်ချင်းတွေအတွက် ... ရယ်စရာတွေ ဘာသာပြန်ပေးလိုက်တာပါ ... ရုံးမှာ ရုပ်တည်ကြီးနဲ့ ဟာသတွေထိုင်ဖတ်နေရတော့ ... သူငယ်ချင်းတွေကို သတိရတယ် ... အရင်လိုလည်း သူငယ်ချင်းတွေနဲ့ ဟာသတွေ ထိုင်မပြောနိုင်တော့လို့ blog ကနေပဲ monologue လုပ်လိုက်တယ် ...


ရွှေရောင်မမ(၁) ...


ရွှေရောင်မမတွေ နဲ့ ချောက်ကမ်းပါး ...

- ထက်မြက်တဲ့ ရွှေရောင်မမ နဲ့ တုံးအတဲ့ ရွှေရောင်မမ ချောက်ထဲကို အတူခုန်ချတယ် ...
ဘယ်သူအရင် မြေကြီးပေါ်ကျမလဲ ...

- တုံးတဲ့တစ်ယောက်ပေါ့ ... ထက်မြက်တဲ့ ရွှေရောင်မမမှ မရှိတာ ...။



Peace B with U.