Wednesday, September 24, 2008

လက်စားချေခြင်း


လက်စားချေခြင်း

အရှက်အကြောက်ကြီးတဲ့ ကောင်လေး တစ်ယောက်က ဘား(bar) မှာ အရမ်းချောတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်။ တစ်နာရီလောက်ကြာအောင် သတ္တိမွေးပြီး သူ အဲဒီအမျိုးသမီး အနားသွားပြီး တွန့်ဆုတ် တွန့်ဆုတ် နဲ့ပြောတယ်၊ "ကျွန်တော်နဲ့ ခဏလောက်စကားစမြည်ပြောနိုင်မလား"

အဲဒါကို ... အမျိုးသမီးချောကြီးက "ငါ ဒီည မင်းနဲ့ လုံးဝမအိပ်နိုင်ဘူး" လို့ အာခေါင်ခြစ်ပြီး အော်လိုက်တယ်

ဘားထဲမှာရှိသမျှလူတွေက သူတို့ကိုဝိုင်းကြည့်ကုန်တယ်။ ကောင်လေးကသူ့ ထုံးစံအတိုင်း အရမ်းရှက်ပြီး စိတ်ပျက်သွားတယ်...။သူ့စားပွဲဆီကို တရွေ့ရွေ့ ပြန်လျှောက်သွားတယ်။

ခဏလေးကြာတော့ မိန်းမချောက သူ့နားကို လျှောက်လာပြီးတောင်းပန်တယ်။
သူ(မ)ကပြုံးပြီး "ကျွန်မတောင်းပန်ပါတယ်၊ကျွန်မက သတင်းထောက်ပါ ...
လူတွေရှက်တဲ့အခါဘယ်လို တုံ့ပြန်သလဲဆိုတာလေ့လာဖို့ assignment လုပ်ရမှာမို့လို့ပါ။"

အဲဒီတော့ ကောင်လေးက အာခေါင်ခြစ်ပြီးအော်လိုက်တယ် ....
"ဘာ...ဒေါ်လာ ၂၀၀ ဟုတ်လား"



Peace B with U.