ဖိနပ်အန္တရာယ်။
စင်ကာပူမှာ ဖိနပ်တစ်မျိုးတော်တော် ဒုက္ခပေးနေတယ်။ ဈေးက တစ်ဆယ်ဝန်းကျင်လောက်ပဲလို့ပြောတယ်။ စီးလိုက်ရင် အင်မတန် နူးညံ့တယ်။ အောက်ခြေကို တော်တော်လေး ပျော့အောင်လုပ်ထားတယ်လို့ဆိုတယ်။ အဲဒီလောက် ပျော့တော့ ခြေထောက်တွေ ဟန်ချက်ပျက်အောင်မသိမသာလုပ်တယ်။ စီးတာကြာရင် ခြေထောက်တွေ နာတယ်။ ခြေမက အတွင်းဘက်ကို ကွေးသွားတဲ့တစ်ယောက်လည်းရှိတယ်။ ဆရာဝန်က ဖိနပ်လဲခိုင်းတယ်။ အဲဒီအမျိုးအစားအတူတူပဲထင်တယ်။ စီးလို့ကောင်းတယ်၊မကောင်းဘူးဆိုတာ ခဏနဲ့မသိနိုင်ဘူး။ ခြေထောက်တွေ၊လက်တွေရဲ့ သဘောက အဆင်မပြေတာကို အဆင်ပြေအောင် လိုက်ကူပေးတယ်။ အဲဒီလို မသိမသာလေး လိုက်ကူရင်း၊ ဖိနပ်ရဲ့ပြဿနာကနေ ခြေထောက်ခေါက်တာလို့၊လိမ်တာတို့၊စောင်းတာတို့ဖြစ်ကုန်တယ်။ နမူနာပြတာတော့ ကြည့်လိုက်တယ်။ ဖုန်းမပါလာလို့ ဓာတ်ပုံတော့ မရိုက်လိုက်မိဘူး။ အခြေခံသုံးချက်က ဈေးပေါတယ်။ သိပ်ပျော့တယ်။ စစီးစီးချင်း အင်မတန်စီးလို့ကောင်းတယ်။ အဲဒါလေး သတိထားကြပါလို့ပြောချင်တယ်။ ခြေထောက်တွေကိုလည်း သတိထားကြပါ။ ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုမဆို လစ်လျူမရှုထားနဲ့။ တစ်ချိန်မှာ အဲဒီအစိတ်အပိုင်းက သူအရေးကြီးကြောင်း ပေါက်တတ်ကရ လုပ်ပြရင် ခက်မယ်။
Regards,
The Concerned citizen
(မြန်မာလိုတော့ တာဝန်သိပြည်သူတစ်ဦး)
Peace B with U.