ချစ်ခြင်းတရား
ငယ်တုန်းက ချစ်ခြင်းဟာ အတ္တပေါ်မူတည်တယ်။ မသန့်စင်ဘူး။ အသက်ကြီးလာတော့ ချစ်ခြင်းတရားဟာ သိမ်မွေ့လာတယ်။ အတ္တနဲ့မယှဉ်တော့ဘူး။ မေတ္တာ၊ကရုဏာနဲ့ယှဉ်လာတယ်။ ပန်းပွင့်လေးတွေဟာ သူ့အလှတရားနဲ့သူရှိတယ်။ အဲဒီပန်းပွင့်လေးတစ်ပွင့်ကို ခူးဖို့လည်းမဟုတ်၊ ပိုင်ဆိုင်ဖို့လည်းမရည်ရွယ်၊ ဒီအတိုင်းလေး ရှိနေတဲ့အတိုင်း နားလည်မှုနဲ့ငေးကြည့်နေတဲ့စိတ်မျိုး။ အလှတရားကို ရှုမြင်နေတဲ့စိတ်နဲ့ အလှတရားနဲ့ပေါင်းစည်းသွားခြင်းမျိုး။ စကားလုံးတွေနဲ့အတွေးတွေမပါဘဲ စိတ်သက်သက်နဲ့သိနေတဲ့အခိုက်အတန့်ရဲ့ အလှတရားမျိုး။ ချစ်ခြင်းတရားရဲ့ အရှုခံနဲ့ အရှု ဉာဏ်ဟာ အလှတရားတစ်ခုတည်းပေါ်မှာ တသမတ်တည်းရှိနေတဲ့ အခိုက်အတန့်ဟာ စင်ကြယ်တဲ့အလှတရားပဲ။ ဒီအလှတရားကိုပြောပြလို့ မသိနိုင်ဘူး။ ခံစားနားလည်မိတဲ့အချိန်မှာ ဟာ ... ဒီအလှတရားဟာ ဒါပဲ၊ ဒီစင်ကြယ်မှုရဲ့ အရသာဟာ ဒါပဲလို့ လေးလေးနက်နက် ခံစားလိုက်ရတာမျိုးပဲ။
ကိုယ်ချစ်တဲ့လူတွေ၊အရာတွေကို ကိုယ့်ဟာကိုယ်ချစ်နေဖို့ပဲ အရေးကြီးတယ်။
လောကကြီးကို ချစ်တဲ့စိတ်ဟာ အင်မတန် အရေးကြီးတယ်။
Regards,
Z

Peace B with U.