Monday, January 23, 2012

ခြောက်သွေ့ရိုးတံများနှင့် ရွက်ရင့်ညောင်း။(သက်ပြင်းများကို ဘာသာပြန်ကြည့်ခြင်း)

ခြောက်သွေ့ရိုးတံများနှင့် ရွက်ရင့်ညောင်း။(သက်ပြင်းများကို ဘာသာပြန်ကြည့်ခြင်း)
















မျှော်လင့်ခြင်းဟာ သင့်ကိုနေကောင်းစေမှာလား။။




























ဘယ်လောက်အကွာအဝေးဟာ ဝေးကွာပြီလို့ပြောလို့ရသလဲ။
























မေးခွန်းတွေလား ...........ဆိုတာ မေးခွန်းတစ်ခုလား .............................................................။























ပထမဆုံးကျောင်းတက်တဲ့နေ့လို။ ဘ၀ဆိုတာ သင်ယူစရာနေရာဆိုးကြီးတစ်ခုများလား ၂၀၁၂။













ဘ၀ကိုနေလိုက်ရမှာလား။

မော့သောက်လိုက်ရမှာလား။

အရောင်နည်းနည်းဖျော့သွားအောင် ဆေးနည်းနည်းစပ်လိုက်ရမလား။

ဘုရားသခင်သည် ဆက်သွယ်မှုဧရိယာပြင်ပသို့ မပြောမဆိုထွက်သွား၍ စာမေးပွဲစည်းမျဉ်းစည်းကမ်းအရ သုံးနှစ်၊ ထို့ထက်ပို၍ အကန့်အသတ်မရှိထုတ်ပယ်ခံလိုက်ရသည်။


















ပျင်းရိသောကြောင့်လည်းကောင်း၊ ရုက္ခစိုးဘ၀နှင့် vampire ဘ၀တို့၏ အသက်ရှည်ပုံရှည်နည်းမျိုးကို နည်းနည်းမျှမလိုချင်ခဲ့ပါဟု ၀ါဝါမှ အသံဝါဖြင့်ပြောကြားသွားခဲ့သည်။


မလိမ်မာတဲ့ကလေးတွေအတွက် ပေါက်လာခဲ့တာမဟုတ်မှန်း ကြိမ်ပင်တွေသိတယ်။ မလိမ်မာတဲ့ကလေးတွေကို ဆုံးမဖို့လိုတယ်ဆိုတဲ့ မလိမ်မာတဲ့လူကြီးတွေ မိုးတစ်ပြိုက်လိုက်ရွာလိုက်တာနဲ့ တူးတူးခါးခါး အပြိုင်းအရိုင်းပေါက်လာတော့တာပဲ။


Reggae ဂီတကိုသာ ၁၄ နှစ်တိတိနားထောင်ခဲ့ပါသည်။

ထို့အပြင် သမ်းဝေခြင်းကို စိတ်ပါလက်ပါအားထုတ်ခဲ့ပါသည်။

ထို့ထက်ပို၍ မိဘပိုက်ဆံကို လက်ဖြန့်တောင်းရသည်အထိ နှိမ့်ချခြင်းရှိခဲ့ပါသည်။

ကျောင်းတွင်ပျော်၍ စာတွင်ရှော်ခဲ့ပါသည်။

အသံထွက်ဝန်ခံရလျှင် စကားသံဖြင့် အင်္ဂါတစ်ချို့ပင်ပန်းပါသည်။

လက်ချောင်းများသည် စကားပြောကြလေသလား။

တကယ်တော့ ........

ပြန်လည်ပြင်ဆင်ခွင့်မရခြင်းသည်သာ

အရသာအစစ်အမှန်ဖြစ်ပါသည်။


hard disk space ကုန် မျက်တောင်လေးသော စာများ (ဆန်ကုန်မြေလေးမှ တိုးတက်လာပုံရသည်) ကျွန်တော်ရေးခဲ့ပါသည်။ ထိုဖြောင့်ချက်ကို တွင်တွင်ပေးနေသည်မှာ လိပ်ပြာလုံချင်၍သော်လည်းကောင်း အပျင်းပြေ ရည်ရွယ်ချက်မဲ့ညည်းတွားရေရွတ်ခြင်းသော်လည်းကောင်း၊ တစ်စုံတစ်ခု၏ ပြင်ပသို့ရောက်အောင် စိတ်ကို တောက်ထုတ်နေခြင်းသော်လည်းကောင်းဖြစ်မည်။ မနှစ်က ဒီအချိန်လောက်တွင် သင်ဘာလုပ်နေပါသနည်းဆိုသော မေးခွန်းအတွက် အဖြေပမာ သူ တ၀ါးဝါး သမ်းဝေနေလေတော့သည်။


အမှန်တရားသည် အမှားတစ်ရံဖြစ်ပါသည်။ လမ်းမှားနေသူအတွက် တစ်နေရာထဲတွင် ငြိမ်ငြိမ်လေးထိုင်ချလိုက်သည်နှင့် ဆက်လက်လမ်းမှားနေသည်နှင့် သိပ်မထူးလှပါ။ တစ်ချိန်ချိန်တွင်ဖောင်ဖျက်ရမည့်အချိန်များလည်းရှိသည်ဟု ရှောင်ကိုဗေးမှပြောပါသည်။ သူ၏ဖောင်ကို လုံခြုံစွာသိမ်းမထားလျှင် ထိုအချိန်ရောက်မှ ကျွန်တော်တို့ သူ့ဖောင်ကိုဖျက်ကြရအောင်။


ဘာသာစကားကို ဆက်လက်မယုံကြည်သော ရောဂါကို ပျော်ရွှင်မှုဟု သတ်မှတ်လျှင် ဒီနေ့သင်ဘယ်လောက်ပျော်ရွှင်ခဲ့ပြီးပြီလဲ။


မီးသတ်နည်းမြောက်များစွာရှိသည့်အနက် တစ်နည်းမှာ အလုံပိတ်အခန်းတွင်းသို့ကာဗွန်ဒိုင်အောက်ဆိုဒ်ပါသော မီးသတ်ဗူးကို ဖွင့်ထားပေးပြီး တံခါးများကို လုံခြုံစွာပိတ်လိုက်ရန်ဆိုသောနည်းလမ်းမှာ တစ်နည်းအပါအ၀င်ဖြစ်ပါသည်။ တံခါးပိတ်ထားသည်ဟုမထင်လျှင် ကျွန်တော်တို့မီးသတ်နေကြောင်းသင်လည်းရိပ်မိလာလိမ့်မည်။ ထိုနေ့၏နောက်တစ်နေ့တွင်ဖြစ်ကောင်းဖြစ်မည်။


အိပ်စက်ခြင်းကို အားထုတ်ရန်မလိုဟုဆိုသည်။ အိပ်စက်ခြင်းသည် အားထုတ်လေဝေးလေဆိုသောအရာဖြစ်သည်။ ငြိမ်းချမ်းခြင်းအတွက်ရော သင်အားထုတ်နေသေးလား။

ကျွန်တော်တို့အိပ်စက်ခြင်းကနေသင်ယူကြပါစို့။


အိုင်းစတိုင်းကပြောသည်။ I am a deeply religious nonbeliever သင်ကရောဘာပြောဦးမလဲ။ မပြောအားလျှင် tweet လိုက်ပါ။ wall တွင်ရေးထားလိုက်ပါ။ စိတ်နံရံများသည် ပဲ့တင်သံများဖြင့်တောင့်တင်းမာကျောနေသည်မှာကြာမြင့်ခဲ့ပြီ။


အနုပညာပါသော အလုပ်များနှင့်ခေါင်းရွက်ဗျတ်ထိုးဈေးသည်ငါးမျိုး ဘာများကွာခြားပါသနည်းဆိုသောမေးခွန်းကို ကလေးများဖြေတတ်မလားစိုးရိမ်နေမိသည်။ ဆုတံဆိပ်နောက်သို့လိုက်သောမိဘများ၏ အပြေးသန်သော ပြိုင်မြင်းကလေးမဖြစ်စေချင်ပါ။ ကလေးဆုရသည်ကို တခုတ်တရကြွားနေရလောက်အောင် ကိုယ်ပိုင်အရည်အချင်းမရှိသော မိဘမျိုးလည်းမဖြစ်ချင်ပါ။ မိဘအချို့သည် ကလေးများကို လူစားထိုး၍ စတန့်လုပ်နေကြခြင်းမှာ ဗီဒီယိုကားတစ်ကားဆိုလျှင်တော့ အတော်လေး သည်းထိတ်ရင်ဖို ရသမြောက်ပါသည်။ သင့် ပတ်ဝန်းကျင် ၃၆၀ ဒီဂရီတွင် ရုပ်ရှင်ပိတ်ကားများ ခင်းကျင်းပြသလျှက်။


ယုံကြည်မှုသည် အောက်ဆီဂျင်လိုအပ်နေသော လူနာတစ်ယောက်ဖြစ်ပါသည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်သူများမှာ ဓာတ်လှေကားအတွင်းလေလည်သွားသူများဖြစ်ပါသည်။


တရုတ်ပြည်တွင် ခေါင်းအုံးရိုက်ပွဲပြုလုပ်ရန်စတင်ကြံစည်ခဲ့သူမှာ ခေါင်းအုံး company တစ်ခုများလားဟုတွေးမိပါသည်။ တောင်စဉ်ရေမရဆိုသည်မှာ သဘာဝကျပါသည်။ ရေရချင်လျှင် ရေသန့်ဗူးဆိုင်သို့သာ လွယ်လွယ်ကူကူသွားလိုက်သင့်သည်။ တောင်များကို မစဉ်နေပါနှင့်တော့။ ပင်ပန်းလွန်းပါသည်။


လူငယ်ဘ၀မှ မာရသွန်ပွဲလေးတွင်ဖြစ်သည်။ တာထွက်ကတည်းက လမ်းလျှောက်သည်။ လမ်းတစ်လျှောက်မှ အအေးများသောက်သည်။ ထို့နောက်ကားတက်စီးလိုက်သည်။ ပန်းဝင်ခါနီးတွင် ခဏလောက်ပြေးသည်။ ပန်းတိုင်ရောက်သည့်အတွက် စွပ်ကျယ်တစ်ထည်ရသည်။ မာရသွန်ပြိုင်ပွဲဆိုသည်မှာ တစ်ခါတစ်လေထိုသို့ဖြစ်သည်။ အောင်မြင်စွာ ပန်းဝင်စွပ်ကျယ်ဝတ်ဆင်ထားသူမှာ ကားစီးလာသူတစ်ယောက်လည်းဖြစ်နိုင်သည်။ ဆုတံဆိပ်များသည် လျှောက်လှမ်းခဲ့သော ခရီးကို ခြေနှင့်ဖျက်တတ်သောအရာများဖြစ်သည်။


အောင်မြင်သူများသည်ကြိုးစားသူများဖြစ်နေမည်ဟုသင်ထင်ပါသလား။ စင်ကာပူမှ ထိပ်သီးနိုင်ငံရေးသမားသည် အမေရိကားသမ္မတထက် လစာများသည်ကို သင်ဘယ်လိုသဘောရပါသလဲ။ မပုကြွယ်သည် ယခုအခါ ခရုအစာသွပ်လုပ်ငန်းဖြင့် အောင်မြင်နေပြီဖြစ်သည်။ မောင်ပုံသည်လည်း ပိုးချည်မျှင်လုပ်ငန်းဖြင့် တခမ်းတနားရပ်တည်နေနိုင်ပြီဖြစ်သည်။ မလှသည်လည်း မလေးရှားစုန်းကားများတွင် နံပါတ်တစ်မင်းသမီးကြီးဖြစ်လာခဲ့ပြီး။ နာဂစ်အပြီးတွင် ပုရွတ်ဆိတ်နှင့်နှံကောင်တို့နားလည်သွားသည်မှာ Disaster Recovery နည်းနည်းစီ သိုလှောင်ထားရန်ဖြစ်သည်။ ဖွတ်မနှင့် ဓားမ သည်တစ်ခုရလျှင် တစ်ခုဆုံးမည်။ ရိုးသားသောအစိုးရလိုချင်သည်လား။ တိုင်းပြည်ကြီးပွားစေချင်သည်လား။ ခင်ဗျားမေးခွန်းကြီးက တစ်မျိုးကြီးပါလား။


Hawking has stated that he is "not religious in the normal sense" and he believes that "the universe is governed by the laws of science. "There is a fundamental difference between religion, which is based on authority, [and] science, which is based on observation and reason. Science will win because it works." ထိုစကားများကို Hawking ပြောခဲ့ပါသည်ဟု wiki မှဆိုပါသည်။ Einstein နှင့် Hawking တို့၏တူညီချက်မှာ မိန်းမနှစ်ယောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍ သူတို့သည် ဘုရားသခင်မရှိကြောင်း အခြားသူတို့ထက်ပိုသိခဲ့သည်ဟုယူဆရသည်။ (စကားလက်ဆုံ ၂၀၀၄ @ myhome)


ကိုယ့်စိတ်ကိုတောင် တစ်ဝက်ပဲနေထိုင်ကြသည်။ အသက်ကိုလည်း အဆုတ်တစ်ဝက်လောက်ပဲရှူသည်။ အပြုံးကိုလည်း သုံးပိုင်းခွဲပြီး တစ်ပိုင်းလောက်ပဲပြုံးပြသည်။ လက်အိတ်ရဲ့ပြန်လည်ပြောဆိုမှုအရ သူမလက်တွေဟာ နွေးထွေးကြောင်းသိရသည်။ ဆရာဝန် ခေါင်းယမ်းပြီးထွက်သွားမှပဲ အခြေအနေဆိုးပြီလို့ ကျန်ရစ်သူမိသားစုဆိုတဲ့ဆိုင်းဘုတ်ကို ကောက်ရခါနီး မိသားစုတစ်စုဟာ သိကြရသည်။ ဘယ်လိုညမျိုးက ညတာရှည်လဲ။ ဘယ်လို သက်ပြင်းမျိုးက အသက်ရှူကြပ်လဲ။ ဘယ်လောက်အကုန်ကျခံပြီး ကုသမလဲ။ ခင်ဗျားမေးခွန်းက တစ်မျိုးပါလား။


အပြင်သွားနေတုန်း ဗိုက်နာလို့ အများသုံးအိမ်သာတစ်ခုကို ၀င်တယ်ဆိုပါစို့။ အိမ်သာတိုင်း ပြည့်နေလို့ ဗိုက်နာနာနဲ့ အံကြိတ်စောင့်နေတုန်း flush လုပ်လိုက်သံကြားရပြီး တံခါးတစ်ခုပွင့်လာတဲ့အခါ ပျော်ရွှင်မှုဟာ ထင်ရှားဖြစ်ပေါ်လို့လာမှာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုကို ဘယ်သူမှ တခုတ်တရ ထုတ်မပြောကြပါဘူး။ ကျွန်တော်တို့တွေ နေတဲ့နေရာဟာ ပျော်ရွှင်မှုကို toilet ထဲမှာထားခဲ့တဲ့လူတွေရဲ့ကမ္ဘာ။



Regards,

Zephyr



Peace B with U.