Sunday, March 21, 2010

Bottom Billion အပိုင်း (၅)

အခုတလော စာတွေပုံမှန်တင်ဖြစ်ပါတယ်။ မအားတဲ့ကြားထဲက စာရေးဖြစ်ပါတယ်။ Contribute လုပ်ထားတဲ့ Blog တွေမှာလည်း တာဝန်တွေကျေပွန်စွာထမ်းဆောင်ရင်း ရုံးကနေတစ်မျိုး အိမ်ကနေတစ်သွယ် စာရေးဖြစ်ပါတယ်။ အလုပ်လုပ်ရတာ ပိုပြီးခက်တာတွေလုပ်လာရတဲ့အတွက် အရင်ကလို အချိန်သိပ်မပိုတော့ပါဘူး။ ရုံးမှာ ကာတွန်းကားအမြဲမကြည့်နိုင်တော့ဘူးလို့ဆိုလိုပါတယ်။ ဒီနှစ်မှာ သိသိသာသာ ပေါင်ချိန်တက်လာပြီး အဆီတွေပိုများလာတဲ့အတွက် အသက်ကြီးလာပြီဆိုတာကို နည်းနည်းစပြီးရိပ်မိလာပါတယ်။ Gym မှာလမ်းသွားလျှောက်ပြီး အလေးမတဲ့ သံချောင်းကို ၀ိတ်ပြားမပါဘဲ စပြီး မနေပါပြီ။ မကြာမီမှာကြွက်သားတွေဘာတွေထွက်လာတဲ့အခါ စွပ်ကျယ်တွေဝယ်ဝတ်ရင်း ပိုက်ဆံစုဖို့ စဉ်းစားပေမယ့် စွပ်ကျယ်ဈေးကလည်း ထင်သလောက်မသက်သာတဲ့အတွက် အဲဒီအကြံကို မစခင်ကပဲ စွန့်လွှတ်လိုက်ပါတယ်။

လူမိုက်နဲ့ငွေအတူမနေ ဆိုတဲ့စကားပုံမှားမှန်း ဒီနေ့မှ သေချာသိပါတယ်။ Bottom Billion Chapter 9 ဖတ်လိုက်လို့ပါ ...။ အဲဒီတော့မှ ကိုယ့်မှာ ငွေမရှိတာကို စိတ်သက်သာရာရမိပါတယ်။ Bottom Billion ကို အပိုင်း ဆယ်ပိုင်းလောက်ရေးဖို့စိတ်ကူးထားပါတယ်။ အခုဘယ်နှပိုင်းရောက်နေပြီလဲမေ့နေလို့ ပြန်ရှာကြည့်ပါဦးမယ်။ :) ... ပျင်းစရာကောင်းတာတွေစရေးမိတဲ့အတွက် ဆုံးအောင်ရေးလိုက်ပါဦးမယ်။ ... ဒီစာတွေဖတ်ရတိုင်း ကိုယ့်နိုင်ငံကို ကြီးပွားစေချင်စိတ်ဖြစ်မိပါတယ်။ ဆင်းရဲတာမကောင်းပါဘူး။ ... စိတ်ဆင်းရဲတာဖြစ်ဖြစ် ပိုက်ဆံဆင်းရဲတာဖြစ်ဖြစ် မကောင်းပါဘူး။ တစ်ခုခုဆင်းရဲတဲ့သူဟာ တစ်ယောက်ယောက်ကို မီခိုရပါတယ်။ မီရင်းနဲ့ခိုနေရတာကို နမူနာပဲ လုပ်ကြည့်လိုက်ပါ ... ဘယ်လောက် ခွကျတဲ့ အနေအထားလဲဆိုတာ ခံစားရပါလိမ့်မယ်။ မီခိုရတာမကောင်းဘူး။ Emotionally Depend လုပ်ရတာလည်းမကောင်းဘူး။ Financially Depend လုပ်ရတာလည်းမကောင်းဘူး။ ပိုက်ဆံချေးတာဖြစ်ဖြစ် စိတ်ချမ်းသာမှုချေးတာဖြစ်ဖြစ် မျက်နှာကိုအောက်ချရပြီ ....။ မတော်လို့ ကိုယ့်မျက်နှာအောက်ချထားတုန်း တစ်ယောက်ယောက်က နင်းသွားရင် ခက်ဦးမယ်။ အဲဒါကြောင့် မမီခိုချင်ဘူး။ Independent ဖြစ်ချင်တယ်။ ကိုယ်ဟာ တစ်ယောက်ယောက်ရဲ့ ၀န်ထုပ်မဟုတ်စေရဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ၀န်ထုပ်မဟုတ်ဘူး။ ၀န်ထုပ်ဆိုတာ အရင်က စကား။ အခုတော့ နည်းနည်းပြောင်းသွားပြီ။ ဘာထုပ်ဆိုလား။ အဲဒါမျိုးမဖြစ်ချင်ဘူး။ ကိုယ့်နိုင်ငံကိုလည်း အဲဒီအထုပ် နိုင်ငံမဖြစ်စေချင်ဘူး။

ကဲပါ ... လိုရင်းကို စလိုက်ကြရအောင်။ အခန်း ကိုး - အောက်ခြေ တုံးအောက်ကဖား သန်းတစ်ထောင် ...။Laws and Charters. အစမှာ ဒီလိုရေးထားတာတွေ့တယ်။
So far I have looked at aid and at military interventions. Both are useful, but both are pretty costly,one in money and the other in guts: political guts, and sometimes soldier's guts. Now I am going to look at a range of interventions that are strikingly cheap. They fall into two groups: changes in our own laws that would benefit the bottom billion, and the generation of international norms that would help to guide behavior.

(အင်္ဂလိပ်လို မတတ်တဲ့ ဒကာတွေဒကာမတွေ အနေနဲ့ ဘာမှမပူပါနဲ့ မြန်မာလို ပြန်ထားတာ အောက်မှာပါမှာပါ ..။ .......... အဲဒါက ကျွန်တော်ပြောတာမဟုတ်ပါဘူး။ မဟာမြိုင်ဆရာတော်ပြောတာပါ။ ကျွန်တော်ကတော့ဘာသာပြန်ရမှာပျင်းပါတယ်။ အဲဒီတော့ အင်္ဂလိပ်လိုရေးထားတာပဲပါပါတယ်။)

(အခုတော့ အများသူငှာသိကြတဲ့အတိုင်း ပါတီတစ်ပါတီ သုံးသိန်းဆိုတော့ ချပါတီကြိုက်တဲ့သူတွေတောင် မျက်ခုံးလှုပ်နေရတယ်။ ... အဲဒီလိုပါတီတွေက ရင်းနှီးမြုပ်နှံတာကို ဘယ်လိုရအောင် ပြန်ရှာသလဲဆိုတာကိုပဲ စိတ်ဝင်စားမိပါတယ်။ ရိုးရိုးသားသားပါ။ တစ်ယောက်ကို သိန်း တစ်ရာစီလောက်ရင်းထားရင် ဘယ်လိုပြန်ရှာမလဲဆိုတာကို သိချင်တာပါ။ မဟုတ်တာတွေမလုပ်စေချင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခုဖတ်ကြည့်တော့တွေ့တယ်။ ဆင်းရဲတဲ့နိုင်ငံက ချမ်းသာနေတဲ့သူတစ်ချို့အကြောင်းပါ ...။)

ဆင်းရဲတဲ့နိုင်ငံတွေဟာ ရာဇ၀တ်မှု ၊အကြမ်းဖက်ဝါဒနဲ့ ရောဂါကပ်ဆိုးတွေရဲ့ ကောင်းကင်ဘုံပဲတဲ့။ အဲဒါဟုတ်သလားလို့တွေးကြည့်ရင်သိသာပါတယ်။ ဟုတ်မယ်ထင်ပါတယ်။ ယေဘူယျပြောရင်တော့ ဟုတ်ပါတယ်။ ဒွိဟဖြစ်စရာတစ်ခုက သိပ်ချမ်းသာတဲ့နိုင်ငံတွေကလည်း ရာဇ၀တ်မှုထူပြောတာပါပဲ။ ကြံဖန်ပြီး ရာဇ၀တ်မှုထူပြောတာချင်း ယှဉ်နိုင်တယ်လို့ ဂုဏ်ယူနေစရာမရှိပါဘူး။ ဆရာအော်ပီကျယ်ပြောတဲ့ ဟောပြောပွဲကလို ကျွန်တော်တို့နိုင်ငံထိပ်တန်းရောက်နေတဲ့ မျဉ်းကွေး ဆိုတာမျိုးဖြစ်နေပါလိမ့်မယ်။ ဆရာအော်ပီကျယ် က ဆင်းရဲတဲ့နိုင်ငံတွေအကြောင်း presentation လုပ်တုန်းကပြောလိုက်တာထင်ပါတယ်။ အဲဒီတော့ သူ့ဆရာတွေက ဒါဟာ ရယ်စရာမဟုတ်ဘူးလို့ပြောပါတယ်။ သူ့ဆရာတွေက မြန်မာတွေမဟုတ်လို့ မြန်မာတွေက နာရီတွေဆိုတာမသိလို့ပြောတယ်လို့ထင်ပါတယ်။ နာတဲ့အခါတိုင်း ရယ်(ရီ) နေရတဲ့ နာရီတွေ ဖြစ်မှန်းမသိဖြစ်နေတာ အတော်လေးကြာပြီထင်ပါတယ်။

အိမ်ကသာဆင်းရဲသားမိသားစုဆိုပြီး နာမည်ထွက်တဲ့အိမ် ...။ အိမ်သားတစ်ယောက်ကတော့ Western Bank မှာပိုက်ဆံတွေအများကြီးအပ်ထားတယ်ဆိုရင် ဘယ်လိုသဘောရလဲ။ သိသာပါတယ်။ သူခိုးနေမှာပေါ့နော်။

သေချာတွေးလေ ရှက်စရာကောင်းလေပါပဲ။ ဟဲဟဲ မေ့နေပြန်ပြီ ... အားလုံးမမေ့ဖို့ပါ ... အခုဖတ်နေတာ အာဖရိကအကြောင်းတွေပါတဲ့ စာအုပ်ဖြစ်ပြီး Zephyr က ဘာသာပြန်ရုံဆိုတာပါ ...ဟဲဟဲ .....။ လှူထားတဲ့သူတွေက ဒါဟာ အဲဒီဆင်းရဲသားအိမ်က သူခိုး အိမ်သားရဲ့ ရှက်စရာ အပြုအမူဖြစ်တယ်လို့ ခံစားလိုက်ရပါသတဲ့။ 2004 ကဖြစ်တာတစ်ခုက ၀ါရှင်တန် DC မှာရှိတဲ့ Riggs Bank မှာ Equatorial Guinea
သမ္မတက ပိုက်ဆံတွေအများကြီးစုထားတယ်ဆိုပဲ။ တကယ်ဆိုရင် ကျွန်တော်သာဆိုရင် အထောက်အပံ့တွေက သန်းကြွယ်သူဌေးတောင်ဖြစ်စေနိုင်တယ်ဆိုတာမျိုးတွေးမိမှာပါ။ ဒါပေမယ့် မူရင်းစာရေးသူကတော့ ရှက်စရာကောင်းတယ်ဆိုလို့သာ ရှက်စရာကိစ္စလို့ယူဆလိုက်ရတယ်။

2000 ခုနှစ်မှာကြတော့ ဗြိတိန်မှာ Sani Abacha မိသားစုကလည်း ပျော်ပျော်ကြီး ငွေတွေအများကြီးစုကြတယ်လို့ကြားရပါတယ်။ သူတို့ဟာ စစ်ပိုင်းဆိုင်ရာအကြီးအကဲတွေဖြစ်တယ်လို့သိရပါတယ်။ "တိုက်ဆိုင်လိုက်တာများကွာ ... "....အဲဒီသီချင်းကို သတိရမိပါတယ်။ အခုပဲ ရေဒီယိုနားထောင်လိုက်လို့ပါ။ ထောက်ပံ့ရေးအစီအစဉ်တွေက လူတစ်ချို့ကို ပြေလည်စေတာတော့ သိပ်ကိုသေချာတာပဲ။

ဒါဟာ ဘဏ်တွေဘက်က အားနည်းချက်တွေပါ ...။
စင်ကာပူဘဏ်တွေလည်း သတိနည်းနည်းထားဖို့လိုပါမယ်။ နောက်စာအုပ်မှာ ပါလာရင် အားနာစရာကြီးဖြစ်နေမယ်။ ဘဏ်မှာ Money Laundry မဖြစ်အောင် နောက်ကြောင်းရှင်းတဲ့ငွေဖြစ်ကြောင်း စီစစ်ဖို့လိုပါတယ်။ တော်ကြာ Dollar မှာ for charity .... တွေဘာတွေရေးထားတာဖြစ်နေရင် ရှက်စရာကြီး။ ဘဏ်လုပ်ငန်းဟာ အမြတ်အစွန်းအတွက်လုပ်တာမဟုတ်ပါဘူး။ ဆယ်တန်းမှာ ဘောဂဗေဒကို ကျေညက်အောင်ကျက်ခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ဘဏ်လုပ်ငန်းဟာ ငွေကြေးချမ်းသာကြွယ်ဝပြီးသားလူတွေရဲ့ ထင်ရှားကျော်ကြားမှုအတွက် လုပ်တယ်ဆိုတာကို သိပါတယ်။ ဘဏ်လုပ်ငန်းရဲ့အစကလည်း ဒီလိုပါပဲ။ ဘဏ်လုပ်ငန်းဟာ သူခိုးလက်ခံလုပ်ငန်းမဟုတ်ဘူးဆိုတာ နားလည်တဲ့သူတွေလိုပါတယ်။ အခုတော့ ဥရောပမှာ Terrorist တွေကို ဘဏ်ကနေ ငွေလွှဲတာမျိုးမဖြစ်အောင် သံသယရှိတဲ့ transfer တွေကို စစ်ဆေးပါတယ်။ အဲဒီတော့ အိမ်က ပစ္စည်းတွေခိုးရောင်းတဲ့ ငနဲတွေအတွက် ဥရောပက ဘဏ်တွေက အဆင်သိပ်မပြေတော့ဘူးလို့လည်း စာရေးသူကရေးထားပါသေးတယ်။ သိပ်လည်းစိတ်မပူသွားပါနဲ့ လက်ခံတဲ့ ဘဏ်တွေလည်းရှိပါသေးတယ်တဲ့။

စာရေးသူကထောက်ပြတာက ဗဟိုဘဏ်တွေဟာ တိုင်းပြည်ထဲကို စီးဝင်လာတဲ့ charity ငွေကြေးတွေကို စနစ်တကျခန့်ခွဲရမယ်ဆိုတာကိုပြောတာပါ။ ကျွန်တော်ကတော့ ဒါကို သိပ်ခံစားရတယ်။ အလှူငွေတွေဟာ ရောက်သင့်တဲ့အချိန်မှာ ရောက်သွားဖို့ကောင်းနေပြီမဟုတ်လား။ စကားမစပ် ရန်ကုန်ကနေ ဧရာဝတီတိုင်းကို လမ်းလျှောက်သွားရင်တောင် တစ်နှစ်ကြာမှာမဟုတ်ဘူးမဟုတ်လား။ ...ကျွန်တော်လည်း လမ်းလျောက်ဝါသနာပါလို့ပါ။ဟဲဟဲ။

နောက်တစ်နည်းက ဆင်းရဲသားတွေအတွက် အလုပ်ပေးနိုင်တဲ့ လုပ်ငန်းမျိုးကို အခွန်လျှော့ပေးတာပါ။ သိပ်ကောင်းတဲ့နည်းလမ်းပါ။ ဒါပေမယ့် တစ်ချို့ကလည်း အဲဒါကို အခွင့်ကောင်းယူပါတယ်။ ဒါကတော့ ကြုံတုန်းပြောလိုက်ပါတယ်။ မြန်မာပြည်မှာလည်း ကျောင်းတွေမှာ အစိုးရကိုယ်စားပြင်ပေးတဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ချို့ရှိပါတယ်။ ကျွန်တော်တို့ငယ်ကတည်းကရှိတာပါ။ ကျောင်းမှာ လူသွားလမ်းလေးလာလုပ်ပါတယ်။ မကြာပါဘူး သဲတွေထွက်ထွက်လာပါတယ်။ ဒါပေမယ့်သူတို့က အစိုးရကိုတော့ကျောင်းတွေပြင်ပေးနေတယ်ဆိုတဲ့ နာမည်ကောင်းတစ်ခုကို အသုံးချပြီး လုပ်ပိုင်ခွင့်တစ်ချို့ရသွားပါလိမ့်မယ်။ ပြင်သစ်မှာလည်းဒါမျိုးရှိတယ်လို့သိရပါတယ်။ မြန်မာတွေ ခေတ်ရှေ့ပြေးနေတာတွေ မနည်းပါလားလို့တောင် အံ့အားသင့်ရပါတယ်။ စီမံကိန်းတစ်ခုဟာ စိတ်ကူးတစ်ခုတည်းကောင်းလို့မရပါဘူး။ အဖြစ်လုပ်ထားတာတွေ မကြုံရအောင် စီမံခန့်ခွဲနိုင်ရပါမယ်။ လမ်းဘေးက ပလက်ဖောင်းတွေကို ၀ါးကပ်လေးခံပြီး သဲများများ ဘိလပ်မြေပါရုံမျှဆိုတဲ့ အချိုးအဆနဲ့ လုပ်နေတာတွေက သိပ်ကို တာဝန်မဲ့တဲ့စိတ်ဓာတ်မျိုးတွေဖြစ်နေပါတယ်။ အဲဒီလို တာဝန်မဲ့တဲ့ လုပ်ငန်းရှင်တွေကြောင့် Prisoner Dilemma ဖြစ်ပါတယ်။ Prisoner Dilemma ဆိုတာ Game Theory သမားတွေပြောခဲ့တာပါ။ မြန်မာပြည်မှာနေတုန်းက အသိတစ်ယောက်ပြောပြလို့ အဲဒါကို ကြားဖူးပါတယ်။(ကိုမျိုးပြောတာလို့ထင်ပါတယ်။)

Two suspects are arrested by the police. The police have insufficient evidence for a conviction, and, having separated both prisoners, visit each of them to offer the same deal. If one testifies (defects from the other) for the prosecution against the other and the other remains silent (cooperates with the other), the betrayer goes free and the silent accomplice receives the full 10-year sentence. If both remain silent, both prisoners are sentenced to only six months in jail for a minor charge. If each betrays the other, each receives a five-year sentence. Each prisoner must choose to betray the other or to remain silent. Each one is assured that the other would not know about the betrayal before the end of the investigation. How should the prisoners act?

ရဲသားက လူနှစ်ယောက်ကို သံသယရှိလို့ ဖမ်းထားပါတယ်။ သက်သေမရှိလို့ သူတို့နှစ်ယောက်ကို ခွဲပြီးမေးပါတယ်။
နှစ်ယောက်စလုံးကို ဒီလိုကမ်းလှမ်းပါတယ်။ တစ်ယောက်က အမှန်ပြောပြီး တစ်ယောက်က မပြောရင် ပြောတဲ့သူကို လွှတ်ပေးပြီး ကျန်တဲ့သူကို ထောင်ဆယ်နှစ်ချပါမယ်။ နှစ်ယောက်စလုံးမပြောရင် ခြောက်လပဲကျပါမယ်။ နှစ်ယောက်စလုံး ပြောရင် တစ်ယောက်ကို ထောင်ငါးနှစ်တဲ့။ သူတို့အချင်းချင်းလည်းမတွေ့ရပါဘူး။ ထောင်သားတွေဘယ်လိုပြောမလဲတဲ့။

ကျွန်တော်ကတော့ Dilemma တွေကို ကြိုက်တဲ့အတွက် Prisoner Dilemma ကို အကြာကြီးတွေးခဲ့ပါတယ်။ ...နောက်ဆုံးရတဲ့အဖြေက မလွယ်ကြောဆိုတာပါပဲ ......။ ထင်သလောက်မလွယ်တဲ့ကိစ္စတွေလုပ်နေကြရတဲ့လောကကြီးမှာ အကျိုးရှိမယ်ဆိုရင် လိမ်သင့်လိမ်ရမှာပဲဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း မလွယ်ကြောတွေပါပဲ ....။

ဆက်ပါဦးမည်။

ခငိမင်စွာဖြင့်
Zephyr

Related Post:


Notes:

ဒီနေ့ 30% Discount အပြင် Member Discount ပါ ထပ်ပေးတဲ့ Borders စာအုပ်ဆိုင် ကိုကျေးဇူးတင်ပါတယ်။ စာအုပ်တွေထပ်ဝယ်လာတဲ့အတွက် စာများများပိုရေးဖြစ်ဖို့ရှိပါတယ်။ .... စာရေးဖို့ အမြဲတိုက်တွန်းတဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ အမေ နေကောင်းပါစေ။



Peace B with U.