စင်ကာပူရဲ့ အလှအပတစ်ခုဖြစ်တဲ့ chingay parade 2015 ပါ။ ၅၀ တန်လက်မှတ် နှစ်စောင် အလကားရတာနဲ့သွားဖြစ်ခဲ့ပါတယ်။ ဝယ်ထားပြီး မရိုက်ဖြစ်တဲ့ ကင်မရာဖုန်သုတ်ပြီးရိုက်ပါတယ်။ သွားနေတဲ့သူတွေကိုကောင်းကောင်းမရိုက်တတ်လို့ ဝါးကုန်တာများပါတယ်။ ပွဲတော်ရဲ့ atmosphere ကို sketch လောက်မြင်သာဖို့သာ ရည်ရွယ်ပါတယ်။ ပရိတ်သတ် ၂သောင်းခွဲလာရောက်အားပေးပြီး၊ performers တစ်သောင်းလောက်ရှိတဲ့ပွဲဖြစ်တာမို့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ဓာတ်ပုံတွေ အဆင်မပြေလည်းသည်းခံကြပါ။ အင်မတန်ပျော်စရာကောင်းပါတယ်။ အနှစ်သာရရှိတဲ့ ပွဲတော်တစ်ခုပါ။
ဒီပုံကတော့ တီရှပ်တွေကို လေသေနတ်အကြီးစားမျိုးနဲ့ ပရိတ်သတ်ဆီကို ပစ်ပေးနေတဲ့ပုံပါ။ No country for old men ကားထဲက javier bardem ကိုတောင် အမှတ်ရမိတယ်။
ဗျောက်အိုးဖောက်တဲ့ ကုလားမခြေထောက်နဲ့လူ။
သမ်မတကြီး တန်။
ချစ်စရာကလေးတွေ။ အရင်က ကလေးတွေ မချစ်ဘူး။ အခုအသက်ကြီးလာတော့ ကလေးတွေကို နည်းနည်း ချစ်လာတယ်။ သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေက recycled products တွေဆိုတာ သိလိုက်ရတော့ တော်တော်လေး ဝမ်းသာပျော်ရွှင်သွားတယ်။ စင်ကာပူနိုင်ငံဟာ အင်မတန်ချစ်စရာကောင်းတဲ့ နိုင်ငံပဲ။
သူတို့တွေပျော်နေပြုံးနေတာ ကျွန်တော်တို့တတွေရဲ့ငယ်ဘဝက အပြုံးတွေပဲ။ သိပ်မင်္ဂလာရှိတာပေါ့။ ပျော်နေတဲ့ ကလေးတွေအတွက် ငြိမ်းချမ်းတဲ့ကမ္ဘာတည်ဆောက်ကြရမယ်။
မီးရှုးမီးပန်းဖောက်တာမြင်ရင် မပျော်တဲ့သူဘယ်သူရှိသလဲ။ လေထဲမှာ ခဏလောက် တောက်ပသွားတာလေးဟာ ကျွန်တော်တို့ရဲ့ လောကမှာရှိတဲ့ အောင်မြင်မှုတွေလို။ သိပ်လှတယ်။ ကြာရှည်မခံဘူး။ ဒါပေမယ့် ဒီအလှကို လစ်လျူမရှုနိုင်ကြပြန်ဘူး။
Peace B with U.