အတိုဆုံးများ။
တစ်ခါတစ်လေ ရှည်ရှည်ဝေးဝေးပြောရင် မမှတ်မိဘူး။
အရှင်ဆေကိန္ဒရဲ့ တရားတစ်ပုဒ်မှာ (ကုန်းနေရေနေ ချမ်းသာစေထင်တယ်။ အတိအကျတော့မမှတ်မိ) ဗုဒ္ဒဘာသာဝင်တိုင်းကို ဘုရားမှာခဲ့တာ တစ်ခုတည်း ချုပ်ပြီး ပြောရင် ဘယ်လိုပြောလို့ရမလဲဆိုပြီး ဆရာတော်ကို မေးလျှောက်တော့ ဆရာတော်က ဖြေတာပါ။ အဖြေက ရှင်းရှင်းတိုတိုလေးပဲ။
စိတ်ချမ်းသာအောင်နေ။
ခရစ်ယာန်တိုင်းကို Jesus မှာခဲ့တာလည်းတစ်ခုတည်းပဲ။
အချင်းချင်း ချစ်ကြပါ။
ဒီနေ့ဟာ 111111111111111111day->1s day ->Wednesday ဖြစ်တဲ့အတွက် အတိုတောင်းဆုံး အဆုံးအမနှစ်ခုကိုပေါင်းပြီး
စိတ်ချမ်းသာအောင်နေရင်း တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် နေကြည့်မယ်ဆိုရင် ဒီနေ့ရသ ဟာ သိမ်မွေ့လှပတဲ့ အညိုနုရောင် သန္တိတရသ ပြည့်လျှမ်းနေမယ့် နေ့လေးတစ်ရက် ဖြစ်နေမယ်ဆိုတာ အသေအချာပေါ့။
Regards,
The Gardener
Notes: မြင့်မြတ်ခြင်းတရားဟာ ဦးတည်ရာတူတယ်။ စိတ်ကို စင်ကြယ်အောင်ထားဖို့ကို ဘာသာတရားက မသင်ကြားပေးဘူးဆိုရင်တောင်မှ ကိုယ်တိုင်ကြိုးစားသင့်တယ်။
Peace B with U.