ဒီနေ့ ဖေ့စ်ဘွတ်ခ်မှာ အန်တီဂျူဆီက Puzzled Heart Game ကပို့ပေးတဲ့ အသည်းပုံလေးတစ်ခုရတယ်။ အဲဒီမှာ quotes လေးတစ်ခုပါတယ်။ အဲဒါကို ဘာသာပြန်ရင်း သဘောကျလို့ ဒီမှာတင်လိုက်ပါတယ်။
ဝါတွင်းမှာ အချစ်အကြောင်းဖတ်ရတာ၊ ဥပုသ်ကျိုးတယ်။
smoke made with fume of sighs ၊ သက်ပြင်းငွေ့တွေနဲ့တည်ဆောက်
( ၀ီလျံ-တုန်ခါနေသော စပယ်ယာ။)
We've got this gift of love, but love is like a precious plant. You can't just accept it and leave it in the cupboard or just think it's going to get on by itself. You've got to keep watering it. You've got to really look after it and nurture it. ~ John Lennon ~
John Lennon ကိုပြောလိုက်ပါ။ Mark David Chapman ပစ်ခဲ့တဲ့ ကျည်ဆံငါးချက်ကို ဘယ်လောက်ချစ်ခဲ့သလဲ။ ဒီလိုပဲ ... ကျွန်တော်တို့တွေ ချစ်ခဲ့တယ်။ ရေလောင်းပေါင်းသင်ခဲ့တယ်။ ရှင်မလိုရှင်မလိုနဲ့ သေသွားတဲ့သစ်ပင်များ၊ အချစ်များ ၊ ကျောက်တုံးပေါ်ပေါက်ခဲ့တဲ့ သစ္စာတရား(သိပ်လည်းသက်ဆိုးမရှည်ဘူး)။ အရောင်စုံခံစားချက်များ၊ တခုတ်တရသိမ်းထားတဲ့ဒဏ်ရာများ(ပျင်းရင်ထုတ်ကစားဖို့ နဲ့ကဗျာရေးဖို့)။ Lennon ကို peace activist လို့ခေါ်တယ်။ တမလွန်မှာ ဆက်ပြီး ငြိမ်းချမ်းပါစေ Lennon အခုအထိ ဘီတယ်လဲမသေသေးပါဘူး။လွမ်းဆွတ်ခြင်းဟာ ရှည်လျားတဲ့ဆောင်းရာသီပါ Lennon ။ God is a concept by which we measure our pain. .....သိပ်ကိုမှန်ခဲ့ပါတယ်။
Notes:
အင်္ဂလိပ်စာဆရာတွေကတော့၊
ကုလားလေးမောင်သိန်းဝင်း (M.A) or ကုလားလေးမောင်သိန်းဝင်းမ
ဘ၀သစ်ဦးအောင်ကျော်(မောင်ကြာညို) နဲ့ တခြားခြောက်ဆယ့်ရှစ်ယောက်ဖြစ်ပါတယ်။
ဘာသာပြန်တိုင်း လွဲနေတာအတွက် သူတို့ကိုပဲအပြစ်တင်သင့်တယ်။

Peace B with U.