Tuesday, January 4, 2011

ဆင်သွားရင် လမ်းမဖြစ်တော့ဘူးဘေဘီ ....

ဆင်သွားရင် လမ်းမဖြစ်တော့ဘူးဘေဘီ ....

၁၇ ရာစုမှာ ပါစကယ်ဆိုတဲ့ သင်္ချာပညာရှင်နဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက်က
အလောင်းအစားတစ်ခုအကြောင်းကို ချပြဆွေးနွေးတယ်။( မြန်မာပြည်မှာဆိုရင်တော့ ဒီလိုလူမရှားဘူး။ ကွန်ပြူတာဘွဲ့၊ အင်ဂျင်နီယာဘွဲ့နဲ့ အီကိုဘွဲ့ သုံးခုရထားတဲ့ ပညာရှင်တွေရှိတယ်။ နောက်တော့ ကွမ်းယာဆိုင်ဖွင့်ကြတယ်။ ဘာနဲ့လုပ်စားရင်ကောင်းမလဲလို့ ကွန်ပြူတာနဲ့တွက်၊ အင်ဂျင်နီယားရင်းနဲ့အမှားရှာ၊ အီကိုနဲ့တွက်ချက်လိုက်တဲ့အခါ ကွမ်းယာဆိုင်လုပ်ငန်းကိုလုပ်ကိုင်ဖြစ်သွားတယ်လို့ဆိုတယ်။)

 လောင်းကစားလုပ်တယ်ဆိုတာ လည်တဲ့သူနိုင်တာပဲ။ အခုလည်း ဘုရားနဲ့ပတ်သက်တဲ့လောင်းကစားအယူအဆတစ်ခုကိုပြောတာပါ။ ၁၇ ရာစုကပြောတာ အခုမှ ရေနှူးနေတာတော့နည်းနည်း outdated ဖြစ်သလိုခံစားရပါတယ်။ သူပြောတာတော့ ထာဝရဘုရား ရှိလားမရှိလား မသေချာရင် ရှိတယ်လို့ ယူဆထားတာက တွက်ချေ ကိုက်တယ် လို့ဆိုပါတယ်။ တကယ်မရှိတော့လည်း ပြဿနာမရှိဘူး။ တကယ်ရှိနေရင်လည်း အိုကေတယ်။ အဲဒီအယူအဆက ၁၇ ရာစုကတော့ တော်တော်ကို ကြီးကျယ်တဲ့ အယူအဆပါပဲ ။ Pascal's wager လို့ နာမည်ကြီးတယ်။

အမှန်တော့ ဒါက Hedging the bets လုပ်တာမျိုးပဲ။ လောင်းတယ်ဆိုတာ အနိုင်နဲ့ အရှုံးပဲ ဖြစ်နိုင်တယ်။ (Hedging the bets)က အရှုံးမရှိဘူး။ သက်သာတယ်။ Hedging the bet ဟာသတစ်ခုလောက်ပြောပြရင် ပိုနားလည်မှာပါ။ ရှင်းလေရှုပ်လေမဖြစ်အောင် ဟာသပဲပြောလိုက်ပါတယ်။

ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက်ရောက်လာတယ်။
ပေါင် တစ်သန်း အပ်ဖို့ ဘဏ် သူဌေးကိုပြောတယ်။
ဘဏ်သူဌေး- ဒီလောက်များတဲ့ငွေတွေ ဘယ်လိုရှာခဲ့တာလဲ
အဘွားအို - ငါက အလောင်အစားနဲ့ အကျိုးပေးတယ်လေ။ အဲဒီလိုရှာလာတာ။

ဘဏ်သူဌေး- မဖြစ်နိုင်တာပဲ။
အဘွားအို - သန်ဘက်ခါ မင်းတင်ပါးမှာတက်တူး ထိုးပြီးသားဖြစ်နေရမယ်ဆိုတာကို ပေါင် တစ်သောင်းကြေးလောင်းမလား။

ဘဏ်သူဌေး- ဟာဗျာ .. ကျွန်တော့်တင်ပါးမှာဘာလို့တက်တူး ထိုးထားရမှာလဲ။ လောင်းရင် ကျွန်တော်ပဲ အချောင် ပေါင်တစ်သောင်းရနေမှာပေါ့။ အလကားမလိုချင်ပါဘူး။
အဘွားအို - မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငွေမအပ်တော့ဘူး။

ဘဏ်သူဌေး- ဒီလိုဆိုလည်း လောင်းမယ်ဗျာ။
အဘွားအို - အိုခေ သန်ဘက်ခါ ရှေ့နေနှစ်ယောက်နဲ့အတူတူ ငါပြန်လာမယ်။

ကြားရက်တွေထဲမှာ သူဌေးက သဘောကျပြီး တပြုံးပြုံးနဲ့။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး။။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ။ တစ်သောင်းလာပေးချင်လို့ အလကားလာလောင်းတာဆိုပြီးတွေးနေတယ်။

သတ်မှတ်ထားတဲ့ရက် ရောက်လာတော့ အဘွားကြီးက လူနှစ်ယောက်နဲ့ရောက်လာတယ်။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်းထောင်ပြတယ်။

ဘဏ်သူဌေး- ဟဲဟဲ .. အဘွားရေ ... တစ်သောင်းလေးမ စပါဦး။ အဘွားရှုံးပြီ။
အဘွားအို - အေး ဒီမှာ တစ်သောင်း။

ပါလာတဲ့သူထဲက တစ်ယောက်က မေ့လဲမလို ဖြစ်နေတာကို တွေ့တော့ ဘဏ်သူဌေးက အဘွားအိုကိုမေးတယ်။

ဘဏ်သူဌေး- အဲဒီတစ်ယောက်ကနေမကောင်းလို့လား။
အဘွားအို - အော် ဒီလူလား။ အရှုံးသမားလေး။ ဘဏ်သူဌေး -င်လှန်ပြမယ်ဆိုတာကို ပေါင် တစ်သိန်းလောင်းထားတာ အခုရှုံးပြီလေ။
...............
........................
.................................

အဲဒီဟာသထဲက အဘွားကြီးက gamble လုပ်တာမဟုတ်ဘူး။ hedging the bets လုပ်တာပါ။ ဘယ်လိုမှမရှုံးနိုင်အောင် လုပ်ထားပြီး အကွက်ချထားတာမျိုးပါ။ Pascal ရဲ့ wager ထက် ဉာဏ်များတဲ့သူတွေလည်းရှိပါတယ်။ လောကကြီးမှာ ကိုယ်မသိတာတွေကို သိတယ်ထင်နေရင်မှားလိမ့်မယ်။

၂၀၁၁ မှာ ကံကြမ္မာက ဘဏ်သဌေး -င်လှန်ပြမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ လုပ်ရပ်လို မဖြစ်နိုင်ဘူးလို့ သေချာပုံရတဲ့ဖြစ်ရပ်တစ်ခုနဲ့ အလောင်းအစားလာလုပ်တဲ့အခါ ... ကျွန်တော်တို့သတိကြီးကြီးထားရပါမယ်။ မဖြစ်နိုင်ခြင်းတွေ ဖြစ်လာတတ်တဲ့ ထောင့်ကျဉ်းလေးထဲမှာ Chess လောကရဲ့စကားလုံးအရ Smothered mate ဖြစ်မသွားဖို့ သတိထားဖို့လိုပါလိမ့်မယ်။

Notes:

Borders ကနေ vouchers တွေသုံးပြီးဝယ်ထားတဲ့ စာအုပ်တွေဖတ်ရင်း အင်မတန်ဇိမ်ကျနေပါတယ်။အခုတလော Blog မှာ စာရေးဖို့ စိတ်ကူးမရှိသေးပါဘူး။ အခုပို့စ်ကလည်း ရေးထားပြီးသား အင်မတန်ရှည်လျားတဲ့ ပို့စ်တစ်ခုထဲက ရှေ့တစ်ပိုင်းကိုဖြတ်ပြီးတင်လိုက်တာပါ။

အသက်တစ်နှစ်ကြီးသွားသလို ... လုပ်စရာကိစ္စတွေကလည်း ပိုများလာပါပြီ။ ပိုက်ဆံက အရင်က သိပ်အရေးမပါတဲ့နေရာကနေ နောက်ပိုင်းမှာ နည်းနည်း အရေးပါတဲ့နေရာကိုရောက်လာပါတယ်။ ကြည့်ရတာ အသက်အရွယ်အရ ပိုက်ဆံက ပိုအရေးကြီးလာပုံရတယ်။

ချီးကျူးစရာရှိတဲ့လူတွေကိုလည်း မချီးကျူးဖြစ်သေးတာနဲ့၊ ဒီကနေပဲ တစ်ခါတည်းချီးကျူးလိုက်ပါတယ်။ မယ်ကိုး ၀တ္ထုတို ဒီလ အိုင်ဒီယာမှာ ပါတာကို သဘောကျပါတယ်။ အိုင်လွယ်ပန်လည်း မြန်မာပြည်ရောက်တော့ ကဗျာတွေပိုကောင်းလာပါတယ်။ ကိုမျိုးကတော့ မြန်မာပြည်မှာ ဒီဇိုင်းတွေလုပ်ရင်း အိုကေနေတယ်ဆိုလို့ဝမ်းသာပါတယ်။ yeyene လည်း အလုပ်မှာ အသားကျလာပြီး Design တွေ ပိုပြီး empty monkey (ပြောင်မြောက်) လာပါတယ်။ ငယ်တုန်းကတော့ စာတွေရေးပြီး ကြီးလာမှ ဖြေရှင်းရမှာကြောက်ပြီး စာမရေးတာလား လို့လည်း အတွေးပွားနေပါတယ်။ Btw, R U still waiting for 11-11-2011 to be Game over?

Happy New Year to you all though I hate 2011!!!!


>>> Nga Ye, most people come and see your design instead of reading my post :) 
>>> Most of the times, your images depict the sense of my posts, thank you for your artwork.



Peace B with U.