Sunday, January 31, 2010

Cancer by My Chemical Romance

သီချင်းလေးတစ်ပုဒ်အကြောင်းပြောရအောင်။
ကင်ဆာဖြစ်ပြီးသေဆုံးသွားမယ့် လူငယ်လေးတစ်ယောက်က ချစ်သူကိုမှာနေတာလေးပါ။
My Chemical Romance ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ
သိပ်ဆူလို့ ကြာကြာနားမထောင်နိုင်တဲ့ အဖွဲ့ထဲမှာပါပါတယ်။ ဒီသီချင်းကိုတော့ ဒီနေ့ သေချာနားထောင်ဖြစ်ပါတယ်။ တော်တော်လေးနှစ်သက်ပါတယ်။ သီချင်းလေးက တိုတိုလေးပါ။ ဒါပေမယ့် ရသအပြည့်ပါတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်ရသလို ... ငိုင်ခနဲ ဖြစ်သွားစေပါတယ်။ သီချင်းကို တတ်နိုင်သမျှဘာသာပြန်ပေးလိုက်ပါတယ်။ တစ်ချို့သီချင်းတွေက မထင်မှတ်ဘဲ စိတ်ထိခိုက်စေနိုင်တယ်ဆိုတာကို မတော်တဆနားလည်မိသွားပါတယ်။


လှည့်ထွက်သွားလိုက်ပါ၊
မင်း ငါ့ကို ရေတစ်ခွက် တိုက်မယ်ဆိုရင်လည်း၊
ငါ့ရဲ့ .. နှုတ်ခမ်းတွေ ဖျော့တော့ ခြောက်သွေ့အက်ကွဲ နေပြီ။
ငါ့အဒေါ် မရီ ကိုခေါ်ပြီး
ငါ့ရဲ့ ပစ္စည်းတွေ ကူသိမ်းပေးလိုက်ပါ။
ငါ့ကို ငါသိပ်ကြိုက်တဲ့ အ၀တ်အစားတွေဝတ်ပေးပြီး မြေမြှုပ်ပစ်လိုက်ပါ။
ညီလေးနဲ့ ညီမလေး .... မလှုပ်မယှက် .. ငြိမ်သက်လို့
ငါမင်းကို မနမ်းတော့ဘူး။
မင်းဆီက ထွက်ခွာသွားဖို့ဆိုတာ ဘ၀မှာ အခက်ခဲဆုံးဖြစ်လို့ပါ .......။


Turn away,
If you could get me a drink
Of water 'cause my lips are chapped and faded
Call my aunt Marie
Help her gather all my things
And bury me in all my favorite colors,
My sisters and my brothers, still,
I will not kiss you,
'Cause the hardest part of this is leaving you.



အခု လှည့်ထွက်သွားလိုက်ပါ။
ငါဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။
ခန္ဒာကိုယ်တစ်ခုလုံး ... အမွှေးအမျှင် အားလုံး ကျွတ်ထွက်ကုန်ပြီ။
အိုး ... ငါ့ရဲ့ ဒုက္ခစရိယာ ...
ငါဘယ်တော့မှ လက်မထပ်နိုင်ဘူးဆိုတာ ငါသိတယ်။
ကောင်မလေးရေ ... ငါအခုပဲ Cancer ဆေးတွေနဲ့ စိုထိုင်းနေခဲ့တယ်
(ကင်ဆာကုထုံးနဲ့ အကုသခံနေရတယ်ဆိုတာကို Soggy from the chemo လို့ လှလှပပလေးသုံးထားတာပါ။)
ငါတို့တွေ လက်ကျန်ရက်တွေကို ရေတွက်ရင်း ....
ဒါဟာ အသက်ရှင်ရုံမျှနေထိုင်ခြင်းတစ်ခုမဟုတ်ဘူး .....
ဒါကို မင်းနားလည်မယ်လို့ ငါမျှော်လင့်မိတယ် ....။

Now turn away,
'Cause I'm awful just to see
'Cause all my hairs abandoned all my body,
Oh, my agony,
Know that I will never marry,
And baby, I'm just soggy from the chemo,
We're counting down the days to go
It just ain't living
And I just hope you know



တစ်ကယ်လို့ Goodbye tonight လို့မင်းပြောတဲ့အခါ ...
ငါက ဒါ တကယ်ပဲ ဒီနေ့အတွက်ပဲလား ဆိုတာကို မေးမိလိမ့်မယ် ......
(ကောင်လေးစိတ်ထဲမှာ Goodbye tonight ဆိုတဲ့နှုတ်ဆက်စကားလေးဟာ တစ်သက်လုံးစာဖြစ်သွားမှာကို စိုးရိမ်နေတာပါ။)
That if you say (if you say)
Goodbye tonight (goodbye tonight)
I'll ask you to be true (cause I'll ask you to be true)

ဘ၀မှာ အခက်ဆုံးက မင်းကို ထားပြီး ထွက်သွားရမှာ
ဘ၀မှာ အခက်ခဲဆုံးက မင်းကို ထားပြီး ထွက်သွားရမှာ ....။

'Cause the hardest part of this is leaving you
'Cause the hardest part of this is leaving you



.... သီချင်းလေးကိုလည်းနားထောင်ကြည့်ပါဦး ....။ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် သေဆုံးသွားဖူးတဲ့သူတွေအတွက်ပါ ....။ Cause the hardest part of this is leaving you ... ဆိုတာကို နားလည်မယ်လို့မျှော်လင့်ပါတယ်။ သေခြင်းတရားဆိုတာ လူကြီးလူငယ်မရွေးဘူးဆိုပေမယ့် .. ငယ်ငယ်ရွယ်ရွယ်နဲ့ သေမိန့်ကျသွားတဲ့ လူငယ်လေးတွေ အတွက် ... ဘာမှ မတတ်နိုင်ခဲ့ကြတာ ၊ ၀မ်းနည်းရုံကလွဲပြီး ဘာမှ လုပ်မပေးလိုက်နိုင်တာတွေအားလုံးအတွက် ....၊ ဒီသီချင်းလေးက အများကြီးပြောပြလိုက်ပါတယ်။ .... သီချင်းမှာပါတဲ့ You ဆိုတဲ့နေရာဟာ ကျွန်တော်တို့တစ်ယောက်စီရဲ့ နာမည်တွေ ဖြစ်နေနိုင်တယ်ဆိုတာကို အလန့်တကြားသိလိုက်ရချိန်မှာ ....





ခင်မင်စွာဖြင့်
/ˈzɛfər/



Peace B with U.