Wednesday, May 6, 2009

Our Love (Healing Poem)

ကဗျာလေးတစ်ပုဒ်ဖတ်မိတာနဲ့ ဘာသာပြန်ချင်သွားတယ် ... ရိုးလွန်းတဲ့ ကဗျာလေးပါ ....။ တကယ်တော့လည်း စိတ်က ရိုးလွန်းတာတွေကို သိဖို့လိုအပ်တာပါ ...။ ဒီလိုကဗျာတွေကို healing poem လို့ခေါ်ပါတယ် ..။ သူတို့ က အယူအဆတခုခုကိုပေးတယ် .......။လူတွေမှာ အကန့်အသတ်မဲ့စွမ်းအားတွေရှိပါတယ်...။ အကန့်အသတ်မဲ့ရှိနေပေမယ့် ထုတ်ယူသုံးစွဲမှုမရှိရင် .... အကန့်အသတ်မဲ့စွာ မသုံးရသေးဘဲ ဆက်ရှိသွားတော့မှာပါ ...။ ကြောက်ရွံ့မှုဆိုတာဟာ လူသားအားလုံးကို ကန့်သတ်ထားတဲ့ ... အနှောင်အဖွဲ့ဖြစ်တယ် ...။

ငါတို့ရဲ့ဒီကမ္ဘာမှာ
ချစ်ခြင်းတရားတွေများတယ် ...
ငါတို့ရဲ့ နှလုံးသားမှာ
ချစ်ခြင်းတွေများတယ် ...
တခါတရံမေ့လျော့မိ ..
တခါတရံ .. မလုံလောက်ဘူးလို့ထင်မိ
နည်းနည်းလေးပဲရှိတာ လို့တွေးမိ

ဒါနဲ့ပဲ ..
ရှိတာလေးတွေမြုပ်ကြဖွက်ကြနဲ့
ပေးလိုက်ဖို့လည်းစိုးရိမ်
ထုတ်ပြဖို့လည်း စိုးရိမ်မိ ...။

ဒါပေမယ့်
သင်ယူချင်စိတ်ရှိသူတွေသိတယ် ..
ချစ်ခြင်းတရားကို များများစီးဆင်းခွင့်ပြုလေ
ပြည့်ဝလေ... ပိုရလေ ဆိုတာ..။
ဒီဖြစ်စဉ်ဟာ အဆုံးမဲ့ .. ကာလမဲ့။

ရှိသမျှ ကုသနိုင်စွမ်းတွေထဲမှာ ချစ်ခြင်းတရားဟာ စွမ်းအားအမြင့်ဆုံး ...
ချစ်ခြင်းတရားမရှိရင် ...
လုံးဝ ဆက်မရှင်သန်နိုင်ဘူး ...။
တကယ်လို့
ကလေးသေးသေးလေးကို
ချစ်ခြင်းမေတ္တာမပေးဘဲထားလိုက်ရင် ..
သူတို့ညှိုးချုံးသေဆုံးကုန်မှာပဲ ...။

ငါတို့တွေ ..
ချစ်ခြင်းတရားမဲ့စွာ
ရှင်သန်နိုင်တယ်လို့ အယူမှားကြ ..
သိပ်ကိုမှားတယ် ...။

ငါတို့ကိုယ်ကို ငါတို့ ..ချစ်ခင်ခြင်းဟာ ..
ငါတို့ကို ကုသမယ့် အစွမ်းပဲ ...
တတ်နိုင်သမျှ ..
အထုံပါအောင်လုပ်ဖို့ကောင်းတယ် ....။ ။


Our Love
We have so much love in this world,
and we have so much love in our hearts,
and sometimes we forget.
Sometimes we think there isn't enough,
or there is just a small amount.
So we hoard what we have,
or we are afraid to let it go.
We are afraid to let it out.
But those of us who are willing to learn,
realise that the more love we allow to flow out from us,
the more there is within us and the more we receive.
It is endless and timeless.
Love is really the most powerful healing force that there is.
Without love we could not survive at all.
If little ting babies are not given love and affection,
they wither and die.
Most of us think we can survive without love,
but we cannot.
Love for ourselves is the power that heals us.
Practice as much as you can.
(Louise Hay)



Note:
Our only limitations are our fears.
(ဆရာဘိုးဘိုးကို အားကျလို့ ဘာသာပြန်တဲ့အကြောင်း အဝေးရောက် အစ်မကြီး သာဓုခေါ်ဖို့ ... :P )



Peace B with U.