Thursday, April 30, 2009

စကားစမြည်

ကန္တာရပင်လေးပါမေမေ ...
အလင်းရတဲ့ဘက်ကို ယိုင်ရတာမောတယ်တဲ့ ..။
သူပြောတာကြားတော့ ...။
သား .. ရယ်နေမိတယ် ...။

ကောက်ကောက်ကြီးရပ်နေတဲ့ သစ်ပင်ကြီးကိုတွေ့တော့ ..
သားက..
ရိုးသားစမ်းပါဗျာလို့ပြောခဲ့တယ် ...။

သစ်ရွက်တွေက အစိမ်းရောင်တွေကို မုန်းတယ်တဲ့ မေမေရဲ့ ...
ကိုယ်ချက်လိုက်တဲ့ အစာကို
ပူပူကြီးစားရင်းဝမ်းနည်းပက်လက်ပြောနေတာ ...။

လူတွေတွေ့တယ်မေမေ...
ရင်ဘတ်ထဲမှာ ငါးမျှားချိတ်တွေနဲ့ ...
လက်ထဲမှာက ပုဆိန်တစ်လက် တောက်ပ၀င်းလက်နေတယ်မေမေ ..
ဒါနဲ့ပဲ ..
သား....
ပုန်းနေလိုက်ရတယ် ...။ ။



Peace B with U.