Monday, February 3, 2014

မိဘပြည်သူများခညာ

မိဘပြည်သူများခညာ


သို့
သမ်မဒဂျီး ခင်ဗျား ...။

သမ်မဒဂျီးက နွားနို့သောက်ဆိုလို့ ကျုပ်တို့ရွာသားတွေက စဉ်းစားတယ်။ နွားနို့ဆိုတာ သိပ်ရင်ပူတာ။ ရေရောမှဖြစ်မယ်။ လက်ယက်တွင်းကနေ သောက်ရေ ယူနေရတော့ နွားနို့ကို ရောဖို့ ရေမရှိဘူးဆိုတာ သတိထားမိတယ်။တကယ်တော့ နွားနို့မသောက်ချင်ဘူး။ သောက်နေကြ ထန်းရည်က နွားနို့ထက် ပိုကောင်းတယ်။ သို့ပေမယ့် သမ်မဒဂျီးက နွားနို့သောက်ပါဆိုတာကို ထန်းရည်ပဲသောက်မယ် မငြင်းချင်ဘူး။ သမ်မဒဂျီး ကမ္ဘာပတ်ပြီး အကြွေးလျှော်တရားဟောပေးနေတာ ကိုယ်တွေ မျက်မြင်ပဲလေ။ သမ်မတကြီးအကြွေးလျှော်ဟောနေပုံက သုံးလူ့ထွတ်ထားကြီးရှိသေးရင် ကုန်းဆင်းဧဒဂ်ထက် နည်းနည်းမှ လျော့ပေးလို့မရတဲ့ အနေအထားမျိုး။ အရင်ကတည်းက ချောက်ထဲက ကယ်တင်ထားလို့ ကျေးဇူးရှိတာတစ်မျိုး၊ နာဂစ်မှာ  ခေါက်ဆွဲခြောက်ထမ်းလို့ ကျေးဇူးပေါ် ကျေးဇူးဆင့်တာတစ်သွယ်၊ ခြေဥပြင်မယ်ဆိုပြီး ဗိုက်အငှားလိုက်ပြီး ဓားထိုးခံတာကလည်း ကျေးဇူး အနန္တ။ တစ်ချို့ ဒီမိုအစွန်းရောက်တွေရေးနေ၊သားနေသလို အခြေခံဥပဒေကြီးကို ရေးခဲ့တုန်းက သမ်မတကြီးက ငှက်ကထကြီးဆိုတာကို ကျုပ်ဖြင့် နည်းနည်းမှ စိတ်မကောင်းဘူး။ အဲဒါကြောင့်လည်း ကိုယ့်အမှားကိုယ်ပြင်ဖို့ ထောက်ခံတာလို့ဆိုတာလည်း ဆိုတာ ဟုတ်ချင်မှဟုတ်မှာပါ။ အဲဒီတော့ ကျုပ်တို့ ရွာသားတွေရေသန့်ရဖို့တိုင်ပင်ကြသဗျ။

သမ်မတကြီးရဲ့ ငမူးမြို့အပိုင်စားရတဲ့ ငမူးဝန်ကလည်း ရွာကိုလာပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးမယ်ဆိုတော့ အခွင့်သင့်သဗျ။ ဖဲရိုက်ချင်တုန်း အဖိုးဆုံးသလို အချိန်ကိုက်ကြီး အဆင်ပြေကုန်တာ။ ဘာလိုသလဲပြောဆိုတော့ ရေလိုတယ်ပြောတာပေါ့။ အနားကရွာတွေမှာ ရေသန့်ရှိသလား။ ချိပု။ အဲဒီမှာတင် ငမူးဝန်ပေါက်ကွဲထွက်သွားတယ်။ နယ်လှည့်ပြီး ရိုက်လာတဲ့ ဖဲသမားဆိုတာ ကျုပ်တို့ရွာသားတွေလည်း ဘယ်သိပါ့မလဲ။ ဂျာနယ်လစ်တွေစုံတိုင်း ပုဆိုးလှန်ပြတယ်ဆိုတာလည်း ကျုပ်တို့ လုံးလုံးမသိဘူး။ ကျုပ်လည်းမသိဘူး။ ရွာက ဂွတိုလည်းမသိဘူး။ ငမူးဝန်ကို သေသွားတဲ့ သူ့အဖေမှတ်ပြီး ခါးကိုင်းနှုတ်ဆက်တဲ့ ရွာက ကြပ်မပြည့်တဲ့ ပေါကြီးလည်းမသိဘူး။ အိုဗျာ .. ဘယ်သူ့ ဘယ်သူမှ မသိရပါဘူးဗျာ။ သူက ဗြောင်လိမ်ဗြောင်စားလုပ်လို့ရတယ်ဆိုတာလည်း ကျုပ်တို့မသိဘူးရယ်။ ရွာက ဂျမ်းပုံလည်းဒါကိုမသိဘူး။ ထွေးညိုတို့၊ အေးပိုတို့လည်းမသိဘူး။ ဘယ်သူ့ ဘယ်သူမှ မသိရပါဘူးဗျာ။ သူက ကျုပ်တို့ရွာက ဘဘုန်းကြီးအပါအဝင် မတိုးတက်ဘူးထင်တဲ့သူတွေအားလုံးက သောက်ရူးတွေလို့လည်းဆဲသဗျ။ အဲဒီလိုဆဲတာတောင် သူ့အမေစာမတတ်တဲ့သူက ကျောင်းထားပေးပြီး ဘွဲ့ရလို့သာ ဆဲတတ်တာလို့လည်းဆိုသဗျ။ ဒါကို ကျုပ်တို့ လုံးလုံးမသိခဲ့ဘူး။ ကိုရင်လူထွက် ငပိချက်လည်းမသိဘူး။ သာအေးကြီးလည်းမသိဘူး။ ရွာတောင်ပိုင်းက ကိုဘအေးလည်းမသိဘူး။ လုံးလုံးကို မသိကြဘူးရယ်။

ဆန့်ကျင်ရင်ထောင်ထဲထည့်လို့ရတဲ့ ဒီမိုကရေစီဆိုလား။ ဝံဂျီးကပြောသဗျ။ သူရောက်ဖူးတဲ့ နိုင်ငံတိုင်းမှာ ဒီနည်းသုံးသတဲ့။ (မြောက်ကိုးရီးယားနဲ့ တရုတ်ပြည်ကိုသူရောက်ခဲ့သေးတယ်ထင်တယ်လို့ ရွာက ကိုရင်ကြီးကတော့ပြောတယ်။ ကျုပ်တို့ဖြင့်နားကိုမလည်နိုင်ပု)။ သူက ဒီမိုကရေစီကိုတောင် စိတ်ပညာနည်းလမ်းနဲ့ချဉ်းကပ်လို့ ဆိုလား psychopath ဘွဲ့ထူးရထားမှန်း ကျုပ်တို့ လုံးလုံးမသိဘူးရယ်။

ရေလိုချင်တယ်ဆိုတာ စိတ်ဆိုးစရာလားဗျ။ ရေလိုချင်တာ ပြက္ခဒိန်ပေးရအောင် ကျုပ်တို့က ရွာသားတွေဗျ။ အရူးတွေမဟုတ်ဘူး။ သမ်မဒဂျီးပြောပြောနေကြ မိဘပြည်သူများ ခညာလေးတောင် ဝံဂျီးကို သင်မပေးထားဘူးဆိုတာသိတော့ ကျုပ်တို့ တော်တော်လေးတုန်လှုပ်သွားတယ်။ ၂၀၁၅ မှာ ဖြစ်နိုင်ရင် သောက်ရူးတွေကို ဝံဂျီးမခန့်ဖို့ ကျုပ်တို့ရွာသားတွေ တောင်းဆိုချင်တယ်။ ဝံဂျီးကိုလည်း ကျုပ်တို့ တစ်ရွာလုံး( ကျောင်းထိုင်ဘုန်းကြီးအပါအဝင်) ပုဆိုးရော၊ သင်္ကန်းပါ လှန်ပြလိုက်တယ်ဆိုတာ သမ်မတဂျီးကပဲ တစ်ဆင့်ပြောလိုက်ပါနော်။

သမ်မဒဂျီး မဆင်းခင်၊ ဝံဂျီးပြုတ်သွားတာ မြင်ချင်လိုက်ပါဘိတောင်း။

တော်သေးပြီ။
နွားနို့မသောက်တော့မယ့် ရွာသားတစ်ဦး။



Peace B with U.