Sunday, June 27, 2010

Cohabitation




Cohabitation

ဆိုတာက Living Together လို မြန်မာလိုပြောနေတဲ့စကားလုံးရဲ့ ဘာသာရပ်ဆိုင်ရာဝေါဟာရဖြစ်ပါတယ်။
ဒါက အကောင်းလား အဆိုးလား မဆိုးမကောင်းလား ဆိုတာတွေကို သုံးသပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ မြန့်မာရိုးရာယဉ်ကျေးမှုဆိုတဲ့ ပေတံကြီးလည်းမရှိတဲ့အတွက် အဲဒီပေတံကြီးနဲ့ တိုင်းပြီးလည်း ပြောမနေပါဘူး။ Living together ကို လက်မထပ်ဘဲ အတူနေတယ်လို့ဘာသာပြန်တာကို တော်တော်လေးလွဲချော်တယ်လို့ထင်ပါတယ်။ အဲဒီလို ဘာသာပြန်တဲ့ သူငယ်ချင်းကို ငယ်တုန်းကမေးကြည့်ပါတယ်။ မင်းအိမ်မှာခွေးမလေးရှိတယ်နော် ...။ မင်းတို့လက်ထပ်ထားလား။ လက်မထပ်ဘဲ အတူနေတယ်ဆိုတော့ မင်းနဲ့ မင်းခွေးမလေးဟာ Living together လို့ပြောနိုင်တာပေါ့။ ..... အဲဒါကိုတော့ သူက လက်မခံပါဘူး။ Living together ဆိုတာ ဒီလက်မထပ်ဘဲ အတူနေရုံလေးတော့ ဟုတ်ချင်မှဟုတ်မယ်ပေါ့လေ ....။

ဘာလို့ လက်မထပ်တာလဲ။
ပြောရရင်တော့အရှည်ကြီး ...။ သွားရရင်တော့ အဝေးကြီး ....။ ပြရရင်တော့ အကြီးကြီး ... လို့ငယ်တုန်းက လူပြက်တွေပြက်တာကို သတိရပါတယ်။ လက်မထပ်ချင်လို့ Living together ဖြစ်လာတာလားဆိုတော့လည်း အဲဒီလိုဟုတ်ပုံမရဘူး။ ဘာလို့လည်းဆိုတော့ တစ်ချို့လည်း တစ်သက်လုံး မြဲမြံစွာပေါင်းသွားလေသတည်းဆိုတာတွေရှိနေလို့ပါ။ ဆန့်ကျင်တဲ့သူတွေကတော့ Living together တွေဟာ Cherry သီးဝယ်ခါနီး မြည်းကြည့်နေတဲ့သူတွေလိုပဲ (Xanthos ပြောတာပါ။)။ ယူဖြစ်ရင်တော့ ဘာအရေးလဲ ...။ မယူဖြစ်ရင်ရောလို့ ကျွန်တော်က ၀င်ဆွေးနွေးတော့ အားလုံးက ကျွန်တော့်ကို အူကြောင်ကြောင်ကြည့်တယ်။ မယူဖြစ်တော့လည်း ဘာဖြစ်လဲတဲ့။ ... ကျွန်တော်ဟာ မြန်မာတစ်ယောက်ဆိုတာ သူတို့မေ့နေတယ်။ ... ဇီဝဗေဒအရတော့ ဘာမှအရေးမဟုတ်ဘူး။ ဓာတုဗေဒအရလည်း အရေးမဟုတ်ဘူး။ ရူပဗေဒအရလည်းအရေးမဟုတ်ဘူး။ ဒါပေမယ့် .. ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ဒါဟာ အရေးဖြစ်လာတယ်။ အနောက်နိုင်ငံတွေနဲ့ အနောက်ဆန်တဲ့ အရှေ့နိုင်ငံတွေမှာတောင် မယူဖြစ်လဲ ဘာအရေးလဲဆိုတာကို တော်တော်လူပြောများလာကြပြီ။

ကျွန်တော်တွေးမိတာကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ။ လက်ထပ်ထားတယ်ဆိုရင် တခြားတွေတော့မသိဘူး။ အရှေ့တိုင်းသားအများစုကတော့ ဒါဟာ အတည်ပဲ။ ဒီတစ်ယောက်ကိုပဲ တစ်သက်လုံး ကောင်းကောင်းဆိုးဆိုး ယူလိုက်တော့မှာ .... လူကြီးတွေကိုလည်း ကိုယ် ဒီလူ့ကိုပဲ ယူတော့မှာလို့ ကတိပြုလိုက်သလို ... ကိုယ့်ကိုယ်ကိုလည်း ပိုင်းဖြတ်လိုက်တာ။ နောက်ထပ် ဂျိုလီလောက် ချောတဲ့သူတွေ့ရင်တောင် အိမ်ကဟာကြိးကိုပဲ မပြောင်းမလဲချစ်တော့မယ် လို့ ပိုင်းဖြတ်လိုက်တာ။ အဲဒီပိုင်းဖြတ်မှုမျိုးကို Living Together society မှာ မတွေ့နိုင်ဘူးလို့ ကျွန်တော်က ယူဆပါတယ်။ Living Together ရဲ့ အဓိပ္ပါယ်က ဘာနဲ့တူလဲဆိုတော့ အလုပ်တွေမှာဆို အစမ်းခန့်ကာလလိုပဲ ...တစ်ခုခုမကြိုက်ရင် ဒီဆက်ဆံရေးဟာ ပြိုကွဲမှာပဲ ...။ အလွယ်တကူပြိုကွဲလို့ရအောင်လုပ်ထားတာကိုက အတည်မပြုနိုင်သေးတဲ့သဘောပဲ။ အမြဲတမ်း Frame of Mind က ဘယ်လိုဖြစ်နေမလဲဆိုရင် အဆင်မပြေဘူးလား ..မပြေရင် လမ်းခွဲလိုက်ရုံပေါ့ဆိုတဲ့စိတ်မျိုးဖြစ်သွားနိုင်ပါတယ်။

အမှန်ကတော့ အခြေအနေအရပေါ်ပေါက်လာတဲ့စနစ်လည်းဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ကွာရှင်းရတာ ပိုက်ဆံအတော်လေးကုန်ပါတယ်။ အဲဒီလို အကုန်မခံချင်တော့ မကွဲချင်ဘူး။ မကွဲချင်မဖြစ်ကွဲရမယ်ဆိုလည်း အကုန်သက်သာအောင် မယူဘဲနေကြတယ်။ တော်တော်လေးကို Straightforward ဖြစ်ပါတယ်။ .... အဲဒီလို နိုင်ငံမျိုးမှာဆိုရင်တော့ ဒီကိစ္စကို ကပ်စေးနှဲပြီး မလိုတာ အကုန်မခံချင်တဲ့လူတိုင်းက ထောက်ခံနိုင်ပါတယ်။

နောက်တစ်ချက်ပြောတာကတော့ ... ဆရာအောင်သင်းရဲ့စကားကို တစ်ယောက်က ပြန်ပြောတာပါ။ ရည်းစားတွေပြတ်တယ်ဆိုတာ အိမ်ထောင်ကွဲတာထက်စာရင်တော်ပါသေးတယ်ဆိုတာကိုပါ။ အဲဒါကို ဆန့်ထွက်ပြီး Living Together တွေ Living Separately ဖြစ်တာဟာ အိမ်ထောင်ကွဲတာထက်တော်ပါသေးတယ်ဆိုတာမျိုးပါ။ အဲဒါကိုတော့ မတူဘူးထင်လို့ အတော်လေးငြင်းခုံလိုက်ပါတယ်။ ရည်စားတွေကွဲတာနဲ့ Living Together တွေကွဲတာမတူနိုင်ပါဘူး...ယဉ်ကျေးမှုအသိုင်းအ၀ိုင်းပေါ်မူတည်ပြီး အဲဒါဟာ ပြဿနာရှိနိုင်တယ်။ အိမ်ထောင်ကွဲတဲ့ အကြောင်းရင်းနဲ့ Living Together ကွဲတာကို တစ်ခုထဲပေါင်းပြီးပြောလို့လည်းမရဘူးလို့ထင်ပါတယ်။

ရည်းစား ဆိုတဲ့ မြန်မာဝေါဟာရက တော်တော်လေးအဓိပ္ပါယ်ရှိပါတယ်။ ကြင်ဖော်ကြင်ဖက် အဖြစ် လျာထားသူလို့အဓိပ္ပါယ်ရပါတယ်။ လျာထားချက်ပြည့်မီမှ ယူမယ်ဆိုတဲ့သဘောလားတော့မသိပါဘူး။ ရှေး ကဗျာတွေထဲမှာတော့ ကလေးမတွေတောင် ရည်းစားတွေကို လွမ်းတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းပါဆိုတဲ့သူတွေကိုလည်း အဲဒီကဗျာတွေကို မြန်မာယဉ်ကျေးမှုထဲ ဆက်ထည့်ထားဖို့လိုမလို စဉ်းစားစေချင်ပါတယ်။ ... မြန်မာ့ယဉ်ကျေးမှုဆိုတာကိုက တော်တော်လေးပြဿနာရှိပါတယ်။ ဒေါက်တာသန်းထွန်းပြောသလိုဆိုရင် မြန်မာတွေက ပုဆိုးဝတ်တာနောက်ပိုင်းမှလို့ဆိုပါတယ်။ရှေးမြန်မာတွေက ဘောင်းဘီဝတ်တာဆိုတော့ ဘောင်းဘီဆက်ဝတ်နေတာဟာ မြန်မာ့ရိုးရာ စစ်စစ်ကိုထိန်းသိမ်းရာတောင်ရောက်နေပါသေးတယ်။ အဲဒီလိုပါပဲ ... မြန်မာ့ရိုးရာဆိုတဲ့စကားလုံးကို သုံးနှုန်းတဲ့အခါတိုင်း ဒီစကားလုံးရဲ့ အတိုင်းအတာကိုပဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

Living Together နဲ့ပတ်သက်ပြီး သတိရနေမိတဲ့စာအုပ် သုံးအုပ်ရှိပါတယ်။ မြန်မာဝတ္ထုစာအုပ်တွေပါ.....။ အဲဒီမှာ သတိထားမိတာကတော့ တစ်ချို့လူတွေမှာ မွေးရာပါ စိတ်ခံစားချက်တွေရှိတယ်။ တစ်ချို့တွေမှာတော့ မိဘတွေရဲ့အိမ်ထောင်ရေးကို ကြည့်ပြီး လက်ထပ်စာချုပ်တစ်ခုဟာ တစ်သက်လုံးမချစ်တော့ရင်တောင် အတူဆက်နေဖို့ သံကြိုး၀၀ကြီးတွေလို့ယုံကြည်သွားကြတယ်။ တစ်ချို့ကြတော့လည်း အချုပ်အနှောင်လို့ထင်တယ်။ ဒါတွေကတော့ အခြေခံအကြောင်းတရားတွေထဲကတစ်ချို့ပါ။ နောက်ထပ်ဖြစ်နိုင်ခြေရှိတာက မိဘတွေနဲ့ဘာသာရေးတွေပါ။ မိန်းမ မယူတဲ့ ပုပ်ရဟန်းမင်းကြီးက တစ်လင်တစ်မယားစနစ်ကိုထောက်ခံတယ်ဆိုတဲ့စာကြောင်းကိုဖတ်ကြည့်ရင် တစ်မျိုးကြီးပါပဲ။ ဇီဝဗေဒအရတော့ ဒါဟာထောက်ခံစရာ ကန့်ကွက်စရာမရှိပါဘူး။ ဘာသာမတူဘဲလက်ထပ်ခြင်းကို mix married လို့ခေါ်ပါတယ်။ အဲဒီလို Mix married မဖြစ်နိုင်တဲ့နိုင်ငံနဲ့ အသိုင်းအ၀ိုင်းတွေမှာ Living Together စနစ်ဟာ နောက်ဆုံးထွက်ပေါက်တစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မေးချင်တဲ့မေးခွန်းကတစ်ခုထဲပါ ... ဒါဟာ လိုအပ်တဲ့ ယဉ်ကျေးမှုဟုတ်လားမဟုတ်လားဆိုတာပါ။ ကိုယ်နေတဲ့နေရာက ယူချင်ရင်ယူလို့ရတယ်ဆိုရင်လည်း ဘာလို့ Living Together လုပ်ပြီး သူ့ပိုက်ဆံကိုယ်ချေး ..ကိုယ့်ပိုက်ဆံသူချေးနဲ့ သူစိမ်းဆန်နေရတာလဲ။ လက်ထပ်ထိမ်းမြားခြင်းဟာ စာချုပ်စာတမ်းအရ သော့ခတ်သိမ်းထားလိုက်တာလေးပဲမဟုတ်ဘူးလို့ ယုံကြည်မယ်ဆိုရင် Living Together စနစ်ဟာ ဒီလောက်အောင်မြင်လာစရာမရှိပါဘူး။

အောင်မြင်တာလား .... ခေတ်ရဲ့တောင်းဆိုမှုလားတော့မသိဘူးပေါ့ဗျာ .... Wiki မှာတော့ အခုလို ကိန်းဂဏန်းတွေနဲ့ပြောထားပါတယ်။

ဘူဂေးရီးယားမှာ မွေးတဲ့ကလေးတစ်ဝက်ကျော်ရဲ့ မိဘတွေဟာ လက်မထပ်ရသေးတဲ့ လူပျိုကြီး အပျိုကြီးတွေဖြစ်ကြသတဲ့။ ကြည့်ရတာ ကလေးတွေကို ပန်းကြဲခိုင်းဖို့ အရင်မွေးထားတာလို့ ယူဆမိပါတယ်။

ဒိန်းမတ်၊ နော်ဝေနဲ့ ဆွီဒင်တွေမှာလည်း ထိုနည်းလည်းကောင်းလို့သိရပါတယ်။

ယူကေမှာတော့ ကလေး လေးပုံတစ်ပုံလောက်ဟာ လူပျိုကြီး အပျိုကြီးတွေကို အဖေနဲ့အမေလို့ခေါ်ကြရပါသတဲ့။

ပြင်သစ်မှာတော့ ၁၉၉၉ စစ်တမ်းအရ ကလေးတွေရဲ့ ၁၇.၅ ရာခိုင်နှုန်းဟာ လက်မထပ်ထားတဲမိဘတွေရဲ့သားသမီးတွေလို့သိရပါတယ်။
စစ်တမ်းတွေရဲ့အဆိုအရတော့ နောက်ပိုင်းမှာလက်ထပ်သွားကြလေသတည်းဆိုတဲ့ ဇာတ်လမ်းတွေ အတွေ့ရများတယ်လို့ဆိုပါတယ်။

Living Together လို့ဆိုရင် Gay နဲ့ Les တွေကို ထည့်မပြောကြတာများပါတယ်။ သူတို့အနေနဲ့ တရားဝင်ယူခွင့်ပြုတဲ့နိုင်ငံတစ်ချို့မှာကလွဲရင် ကျန်တဲ့နိုင်ငံတွေမှာတော့ ဒီလိုပဲနေစရာရှိပါတယ်။

ကလေးတွေအကြောင်းပါလာတော့ .. အဲဒီမိသားစုတွေက ကလေးတွေရော အဖေနဲ့အမေဆိုတာကိုဘယ်လိုနားလည်သလဲ .... အိမ်ထောင်ပြုတယ်ဆိုတာကိုဘယ်လိုနားလည်သလဲ ဆိုတာကို တော်တော်လေးတွေးမိပါတယ်။ မိဘတွေကိုကြည့်ပြီးကြီးလာမယ့်ကလေးတွေမှာ မိဘတွေဆီက ဘာတွေ တတ်မြောက်လာဦးမလဲဆိုတာကိုလည်း စိတ်ဝင်စားမိပါတယ်။

လူတွေဟာ ရပိုင်ခွင့်ကိုတော်တော်လေးပြောဆိုလာကြပါတယ်။ ရပိုင်ခွင့်ကို တန်ဖိုးထားဖို့ကြတော့ သိပ်မပြောတော့ပါဘူး။ ဥပမာ လွတ်လပ်ရေးရတာကို၁၉၄၈ နောက်ပိုင်းမှာ အရေးကြီးတယ်လို့ သင်ကြားခဲ့တာ သိပ်မရှိတော့ပါဘူး။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုမှာ ရသင့်တာတွေရဖို့ကိုပဲ အာရုံစိုက်ကြပါတော့တယ်။ လွတ်လပ်ရေးကို တန်ဖိုးမထားတဲ့အတွက် လွတ်လပ်ရေးရနေရက်နဲ့ လွတ်လပ်ရေးအစစ် ဆုံးရှုံးသွားပါတယ်။ ရပိုင်ခွင့်အကြောင်းကိုပဲတွေးနေမယ်ဆိုရင် တန်ဖိုးထားတတ်တဲ့ အလေ့အထ ပျောက်ဆုံးသွားပါလိမ့်မယ်။ သူ့ကျွန်ဘ၀ဆိုတာကို စာထဲမှာကြားရရင် မကောင်းဘူးဆိုတာလောက်ပဲခံစားရပါတယ်။ သေချာတွေးကြည့်တော့ ဆင်းရဲတာ ချမ်းသာတာထက် လွတ်လပ်ရေး ရတာ မရတာက အများကြီး စိတ်ပိုင်းဆိုင်ရာကို လုံခြုံစေပါတယ်။ ဘယ်နေရာမှာမဆို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရ မရ ဆိုတာကို တွေးသင့်ပါတယ်။ အိမ်ထောင်ပြုတာဖြစ်ဖြစ် Living Together ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကနေပဲ စပြီးတန်ဖိုးကို ပိုင်းဖြတ်သင့်တယ်လို့ထင်ပါတယ်။

တစ်ချိန်မှာ မယားပြိုင် ...(တော်တော်ကြားရဆိုးတာပဲနော် .. စကားလုံးလှလှနဲ့ အချစ်ကြီးချစ်သူကြီး ဖြစ်ဖြစ် ... မြိုင်မြိုင်ဆိုင်ဆိုင်လတစ်ဆောင်တိုင် ဖြစ်ဖြစ်ပြောင်းလဲခေါ်သင့်တယ်။) ... ကြုံလို့ပြောရရင် လင်ပြိုင်ဆိုပြီးမရှိတာကို သဘောမကျဘူး ....။ မဟာဖိုဝါဒသမားဆိုရင် မီးဖိုကိုဖက်ပြီး ဖိုထိုးနေတဲ့ ဆတ်ဖိုကြီးကိုပဲပြေးပြေးမြင်တယ်။ အရင်က ပညာတတ်တွေက ယောကျာ်းဘသားကြီးတွေဆိုတော့ အချင်းချင်း ဘက်နည်းနည်းလိုက်ခဲ့ကြတယ် ဆိုတာကိုတော့ ညာလို့မရဘူး။ အမျိုးသမီးတွေကို One down လုပ်ထားတာတွေကို တော်တော်လေး ယောကျာ်းမဆန်တဲ့ ယောကျာ်းကြီးတွေက လုပ်ခဲ့ကြတာကိုတွေ့ရတိုင်း ယောက်ျားဘသားကွလို့ ဂုဏ်ယူနေတာ နည်းနည်း Feeling out တယ်။ ပြောချင်တာကတော့ အခု အိမ်ထောင်ရှိတဲ့သူတွေ ၀ါသနာအရ မယားပြိုင်ယူလို့ရသလို Living Together တွေလည်း အပြိုင် တူဂဲသားလာရင် ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်တွေးချင်တဲ့သူတွေအတွက် အစထုတ်ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ ဥာဏ်မမီတဲ့အတွက် ကြုံရာတိုင်မှာ မီပြီး ရပ်နေခဲ့လိုက်ပါတယ်။ ဆက်တွေးကြပါ။ ဆက်တွေးကြပါ။

ဆိုကြပါတော့ Cliche ဖြစ်နေတာတဲ့စကားကို ပြန်ပြောကြရအောင် မင်းဘက်က ကြည့်တော့ လက်ဖမိုး ငါ့ဘက်က ကြည့်တော့ လက်ဖ၀ါးဆိုလား ...။ အဲဒါကြီးကိုပြောရတာတောင် ၁၉၆၂ လောက်ကစကားကို အခုပြန်ပြောရသလို အောက်တယ်။ ကျွန်တော့် ဥပမာနဲ့ပဲ ဥပမာပေးချင်ပါတယ်။
ဟိုတစ်နေ့က xanthos ဆီက မေးလ်ရတယ်။ ရေးထားတာက ငါ 141ယောင် ဖြစ်နေတယ်တဲ့။ ၁၄၁ ကိုဘာလို့ယောင်တာလဲဆိုတော့ မှ ၀မ်းဖောဝမ်းရောင်ကိုရေးထားတာပါလို့ပြောတယ်။ သူ့ဘက်က 141 ယောင်က ... ကိုယ့်ဘက်မှာ ၁၄၁ ယောင်ဖြစ်နေတယ်။ ဆိုလိုတာက တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူး ..သဘောထားမတူဘူး ...အမှိုက်ကောက်သမားတွေရဲ့ အမှိုက်ကောက်တံတွေတောင် အတိုအရှည်မတူတာ ပညာတတ်တွေရဲ့ တွေးခေါ်မှု Pattern တွေနဲ့ ဆက်စပ်တွေးခေါ်မှုတွေဟာလည်း ဘယ်လိုမှမတူနိုင်ဘူး။ အဲဒီတော့ အကောင်းအဆိုးတွေ ဆုံးဖြတ်ဖို့ တိုင်းတာတဲ့ပေတံတွေမတူဘူး။ တစ်ချို့လူတွေကိုင်ထားတဲ့ပေတံတွေကိုက ပေတံစဉ်မမီဘူး ....။ အဲဒီတော့ အမှန်အမှားကို ကျွန်တော်ဟာ ပြောရေးဆိုခွင့်ရှိသူမဟုတ်ပါဘူး ...။ Living Together ဟာ မှန်လား မှားလားဆိုတာကို ဒါကို ကျင့်သုံးတဲ့သူတွေက အဖြေရှာပါလိမ့်မယ် ....။ သေချာတာကတော့ ကျိုးပဲ့မှုတွေကြောင့် အကောင်းအတိုင်းဖြစ်သွားတာမရှိပါဘူး။ Broken Family ကမွေးလာတဲ့ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေရှိသလို ကွဲကွာသွားတဲ့ Living Together တွေရဲ့ သားသမီးတွေမှာ ဘာတွေဖြစ်မယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ လူနှစ်ဦးရဲ့ မိုက်မဲမှုကို သူတို့ရဲ့ ရင်သွေးတွေ မခံစားရရင် ကောင်းပါတယ်။ ..... ကျန်တာတွေကတော့ Good တယ်ထင်ရင် Do သာ Do လို့ပြောရပါမယ်။

ဘာသာရေးအရဆိုရင်တော့ ယောကျာ်းလေးမှာ ကာမသေုဖြစ်ပြီး မိန်းကလေးမှာတော့ အခြား အကုသိုလ်တစ်မျိုးဖြစ်တယ်လို့မှတ်မိပါတယ်။ နေရင်းထိုင်ရင်း အကုသိုလ်ရနေသလိုဖြစ်နေတယ်လို့ ယူရမလိုဖြစ်နေပါတယ်။ ၀ိနည်းလွတ်အောင် ဘယ်အကုသိုလ်ကို ဘယ်ခေါင်းစဉ်အောက်မှာ ပြန်ထားမလဲဆိုတာကတော့ သေခါးနီးကြတဲ့ ဇောစိတ်က တာဝန်ယူပါလိမ့်မယ်။ ဘာသာရေးနဲ့တိုင်းတာတဲ့ အကျင့်ကိုလည်းနေရာတကာမှာ သုံးလို့မရတာကို ကျွန်တော်တို့ နားလည်လာကြပြီလို့ထင်ပါတယ်။ ဥပဒေပြုတဲ့သူဟာ ရာဇ၀တ်သားကို သေဒဏ်ပေးစရာ ဥပဒေရေးထားတာ သေစေချင်လို့ဟုတ်မှာမဟုတ်ပါဘူး။ လျှပ်စစ်ကုလားထိုင်ခလုတ်ကို နှိပ်နေရတဲ့သူတစ်ယောက် (အဲဒီလိုပြောရင် ခင်များတို့က Albert Camus ထဲက ငပေါကိုပဲပြေးမြင်နေဦးမယ်) ရဲ့ အကုသိုလ်လိုပဲ ...... သူ့မှာလည်း တာဝန်အရ နှိပ်နေရတာ ....။ Ideal ဖြစ်တဲ့အနေအထားမှာပဲ သုံးလို့ရတဲ့ ယဉ်ကျေးမှုတွေမှာ အမြဲတမ်းလိုအပ်ချက်တွေရှိနေဦးမှာပါ။ လူတွေဟာ ပြောင်းလဲနေတယ်။ အဲဒီပြောင်းလဲနေတာနဲ့ Flexible ဖြစ်တဲ့ ယဉ်ကျေးမှုတစ်ခုလိုအပ်လာပါတယ်။ မိဘတွေကလည်း သားသမီးတွေကို သဘောမတူဘူးဆိုရင် ခိုင်လုံတဲ့အကြောင်းရင်းမရှိရင် ဒါဟာ နူးညံ့တဲ့ ရာဇ၀တ်မှုပါပဲ ....။ မိဘကျေးဇူးကို နေရာတကာ အလွဲသုံးစားလုပ်တာလည်း အကုသိုလ်ပါပဲ။ ကုသိုလ် အကုသိုလ်ကို စိတ်ရဲ့ သန့်ရှင်းမှုနဲ့ပဲတိုင်းတာတဲ့ အသိုင်းအ၀န်းမှာပဲ လူတိုင်းဟာ နေချင်ပါတယ်။ ကုသိုလ် အကုသိုလ်ကို စာအုပ်ထဲရေးထားတဲ့ ယဉ်ကျေးမှုဟာ နေရတာ မွန်းကြပ်ပါတယ်။ စာအုပ်ထဲက ကုသိုလ်အကုသိုလ်ဟာ လူလည်တွေအတွက်တော့တော်တော်လေးကို လုပ်ရကိုင်ရလွယ်ပါတယ် ...။ မှတ်မိတာက အနာထပိဏ် ရဲ့သားကလေးထင်ပါတယ်။ ဥပုသ်စောင့်ခိုင်းရင် ဥပုသ်ယူပြီး သွားသွားအိပ်နေတာ။ စာထဲက အတိုင်းဆိုရင်တော့ သူသီလလုံနေတာပါပဲ ....။ ထပ်ခွဲရင်တော့ သူ့သီလဟာ ငုတ်တုတ်ထိုင်သီလလို့ခေါ်တဲ့ ဘာမှ တိုးတက်ဖို့မရှိတဲ့ သာမန်သီလဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ မဟာဇနကပါ ...။ ပင်လယ်ထဲ အစာမစားရမယ့်အတူတူ သီလယူတယ်တဲ့ ....။ ပါးနပ်တာကို ပြောချင်တာပါ။ သဘောလည်းကျပါတယ်။ အဲဒီလို Situational လုပ်ကိုင်ဆောင်ရွက်သွားတာတွေကို .... ။ နောက်ထပ်လည်းရှိပါသေးတယ် ကြံကြံဖန်ဖန်ပြောတဲ့ကောင်တွေ ... နာမည်တော့မပြောတော့ပါဘူး ....။ နေ့တိုင်းမလှူဘူး သာဓုပဲထိုင်ခေါ်နေမယ်ဆိုတဲ့ငနဲတွေ .....။ ပညာလွန်တော့ ကောက်ကျစ်တယ်ဆိုတာမျိုးတွေပါ။

Living Together ကို Temporary Solution လို့ပဲယူဆပါတယ်။
ဒါဟာ အဖြေမဟုတ်သေးပါဘူး။ ပြီးတော့ လူတိုင်းအတွက် လိုအပ်လာနိုင်တာမျိုးမဟုတ်ပါဘူး။
ရည်ရွယ်ချက်မှားပြီး လွတ်လပ်ခွင့်ကို တလွဲသုံးလိုက်မယ်ဆိုရင်တော့ အဲဒီလွတ်လပ်ခွင့်ဟာ ကိုယ့်ဆီကနေ အပြီးအပိုင်ထွက်ခွာသွားပါလိမ့်မယ်။ တန်ဖိုးထားတဲ့သူဟာ တန်ဖိုးအတွက် ထိုက်တန်တဲ့လဲလှယ်မှုကိုပဲ လုပ်မယ်။ ကိုယ်တန်ဖိုးထားတာတစ်ခုအတွက် .... အချိန်အနည်းငယ်စိတ်ရှည်သည်းခံလိုက်မယ်ဆိုတဲ့သူတွေ နည်းသထက်နည်းလာတာ ဆုတ်ကပ်ထဲမှာ သိသာတဲ့ အပြောင်းအလဲဖြစ်နိုင်ပါတယ်။၂၁ ရာစုနှစ်မှာ Conservative အမြင်ရှိတဲ့ ကျွန်တော်ရေးနေတာဟာ အတော်လေး OOD (Out of Date or Out Dated) ဖြစ်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကိုယ်ယုံကြည်တာကို ပြောကြရပါမယ် ....။ ကျွန်တော်တို့ယုံကြည်တာကို မပြောခဲ့ရင် ဘယ်သူကမှ ဒီအယူအဆကို ဘယ်သူတွေ ဘယ်လိုယုံကြည်ပြီး ဘယ်လို လက်ခံခဲ့သလဲတွေးကြမှာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ်လျှောက်နေတဲ့လမ်းကို ဘယ်ကိုရောက်သလဲဆိုတာတော့ မလျှောက်သွားခင်မှာ စဉ်းစားသင့်ပါတယ်။ တစ်ချိန်မှာ လမ်းဆုံးက ကိုယ်ထင်သလို မဟုတ်ပါလားဆိုရင် ပြန်လှည့်လို့မရတော့ပါဘူး။ ဘ၀ဟာ အဝေးပြေးလမ်းနဲ့တူပါတယ်။ U- Turn တွေဟာ တော်တော်ဝေးဝေးမှာမှရှိတတ်ပါတယ်။ လွယ်လွယ်နဲ့ U-Turn မလုပ်နိုင်တဲ့အခါမှ ..D0 နဲ့မျက်ရည်သုတ်ရတယ်တို့ ရင်ဘတ်ကို C တီးရတယ်တို့ ဖြစ်ရရင် မကောင်းပါဘူး။ ကိုယ်ရွေးချယ်တဲ့လမ်းကို အဆုံးအထိ အောင်မြင်စွာလျှောက်သွားနိုင်တာက ဘ၀မှာ ကျေနပ်စရာကောင်းတဲ့အောင်မြင်မှုဖြစ်ပါတယ်။

ကျွှန်တော် နောက်ဆုံးတွေးမိတာက .... လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တကယ်တန်ဖိုးထား ချစ်ခင်ရဲ့လားဆိုတာပါပဲ .....။


......။ ။


ခင်မင်စွာဖြင့် ...
အဖြေရောက်တဲ့အထိ စဉ်းစားလေ့မရှိသော
Zephyr


Notes:

Cohabitation is an arrangement whereby two people decide to live together on a longterm or permanent basis in an emotionally and/or sexually intimate relationship. The term is most frequently applied to couples who are not married.

Contributors List:

Zephyr
Xanthos

//Now, We are trying to make images for the post in order to read from phone which cannot use Zawgyi -one fonts from the browser. I also hate to jailbreak the phone and also hate to see myanmar fonts in squares. Someone should inform Apple to add Myanmar Language in default keyboard and font.

Thanks ye ye ne for his design. We thought a lot to get a suitable image for the post.
We don't want to distribute misleading concepts to youths .That's why we tried to present our thoughts frankly in this post.

There will be something that holds the relationship firmly ..that can be love or lock ...
But don't worry I will not post the philosophy of marriage or whatever concerned to it. Coz I don't believe in any sort of so-called relationship. I hate the term "legal" ... .

Let me say a joke. In California, it takes 6 months to divorce and it only takes 15 days to buy a gun. So .... for citizens, the government makes the solution to be easy ... do you wanna wait to divorce or choose the faster way ...That's it!!

Sometimes, our society is closed in everywhere .... Nobody discusses what he/she/gay/lesbian believes. So most of us only possess superstitions. And sometimes, we got allergies for conflicts instead of thinking further. And somebody starts presenting his or her or gay's or lesbian's belief,
we rejected not because of we see it is wrong but because of it conflicts with our traditional point of view.

I am sorry for not allowing comments section in my blog. But I love to discuss with my close friends and with elders for various issues. I do respect to readers who read and digest data into information. I will never make a conclusion for everything I believe. And will never say what I believe is the universal truth.

Thanks for reading a long post and notes.

With Peace,
Z

Post (part 1)
Post (part 2)



Peace B with U.