Sunday, May 17, 2009

ငြိမ်းချမ်းခြင်းကို သွားရာလမ်းသွယ်လေးတစ်ခု .....၊Soong Sisters (Main Themes)

စမ်းရေစီးသံချိုလွင်နေတယ် ..
ငှက်ငယ်လေး ..
စမ်းချောင်းလေးကို ရခဲ့ပြီ ....။

စိတ်ချမ်းသာစရာကောင်းလိုက်တာ ... ဆည်းလည်းသံတလွင်လွင်လို ... ကျေးငှက်သံလေးက တသွင်သွင်စီးတယ် ...။...တောင်တန်းဒေသတခုခုမှာ မြစ်ဖျားခံလာတဲ့ အသံလေး ... ငါ့ရင်ဘတ်ထဲကိုစီးတယ် .. သူ့ရင်ဘတ်ထဲကိုစီးတယ် ..
ဘာသာစကားမလိုအပ်တဲ့ အရပ်ကို စီးဆင်းတယ် ... ကိလေသာ ပယ်ဖြတ်ပြီးတဲ့ ရဟန္တာ အရှင်မြတ်ရဲ့ရင်ထဲကိုစီးတယ် .. အသေခံဗုံးခွဲဖို့ ဗုံးတွေဝတ်ဆင်နေသူရဲ့ ရင်ထဲကိုစီးတယ် ...။ တချိန်က ဇီဝကလို .. တချိန်က ကုသခြင်းပေးနေတဲ့ Jesus လို .. တချိန်က ...ဆေးဝါးတဖက်ကမ်းခတ်သူတို့လို ... တွေ့သမျှ ဒဏ်ရာတွေကိုဆေးချပစ်လိုက်တယ် ...။သက်သာစေတတ်တဲ့ ....ငြိမ်းချမ်းမှုပါတဲ့ ...တေးသံတသွင်သွင် ...။

တောင်ပေါ်ကိုတက်လာတယ် ...
တဆင့်ချင်းမြင့်သွားရတာပါ ...
တဆင့်ချင်းမြင့်သွားရတာပါ ..
ငါ့ရဲ့ ပုလွေသံလေး...
ငါ့ကိုနှိမ့်ချခြင်းပေးလှည့်ပါ ...။

ငါကအဆင့်မြင့်သူဖြစ်တယ် ... အဲဒီအသံရဲ့နောက်မှာ ... အပေါ်က တစ်ယောက်ကလည်း ...ဒီလိုပဲဟစ်အော်တယ် ... အဆုံးမဲ့လှေကားထစ်တွေမှာ အဆင့်ဆင့်ရပ်နေသူတွေ ... ဘယ်သူက ဘယ်သူ့ထက်အဆင့်မြင့်တာလဲ ... ဘယ်သူက အထက်တန်းစားလဲ .. ဘယ်သူက အညံ့တန်းစားလဲ ... လက်ညှိုးတွေထိုးကျ .. မေးတွေငေါ့ကြ ... ဆဲရေးတိုင်းထွာကြ ... ပညာတတ်ဆန်ဆန်စောင်းမြောင်းပြောဆိုကြ ... ပါရမီပါသူတို့ ...ခေါင်းကိုမော့ထားကြ ... ဥာဏ်ကြီးရှင်တို့ ..မျက်နှာချီထားကြ ... ။...အဆုံးမဲ့တဲ့လှေကားထစ်တွေ ..မျိုးတူရာစုလိုက်တော့ ၃၁မျိုးပဲရှိတယ် ... မာနမကြီးပါနဲ့ ...ငါတို့အားလုံးစီးနေတာ ရဟတ် ... ၃၁ ခုံထဲမှာထိုင်ရင်းလည်နေတာ ... မင်းပြန်ကျလည်းငါမရယ်ရက်တော့ဘူး ..
အပေါ်ကိုရောက်တော့လည်း ဘ၀င်တွေလေမဟပ်တော့ဘူး..။ငါတို့ရဲ့ အသက်ရှူသံဟာ ဘောင်ဘင် မဟုတ်ပါဘူး ..
ငါ့တို့နှလုံးခုန်သံဟာလည်း "အယုတ်၊အမြတ်" "အယုတ်၊အမြတ်" မဟုတ်ဘူး ....။ ပုလွေသံလေးကိုနှိမ့်ချသူတို့ သီကြွေးကြပြီ ... မြေပေါ်မှာလဲနေတဲ့ကျောက်တုံးက တောင်ထိပ်ကကျောက်တုံးနဲ့ အတူတူကြီးမြတ်တယ် ....။ သူ့ဘာသာသူတောင် တည်ဆောက်မှုမပြီးသေးတဲ့ ကမ္ဘာပေါ်မှာရပ်ပြီး ...ငါကတော့ အစွမ်းကုန်တည်ဆောက်ပြီးပြီလို့ ဘယ်သူကမှ ပြောမနေတော့ဘူး ...။ ယုတ္တိဗေဒရဲ့ ကျဉ်းမြောင်းမှုတွေကို စက်ဆုပ်တတ်တာ ငါတယောက်တည်းမဟုတ်ပါဘူး ... ခက်ခဲလာသောခေတ်ကို ငြင်းလိုက်လို့မရဘူး ... ငါတို့အားလုံးဟာ ထွက်ပြေးစရာနေရာမရှိသေးတဲ့ ကမ္ဘာသူကမ္ဘာသားတွေ ... ဒါမှမဟုတ် ကမ္ဘာတူ ကမ္ဘာသားတွေ ...။

ခေါင်းလောင်းသံနဲ့ ..
ပွင့်နေတဲ့ခရေတွေ ...
တဖွဲဖွဲကျနေတဲ့ရေစက်တွေ ..

ခေါင်းလောင်သံတွေကြီးစဉ်ငယ်လိုက်ထိုးသွားတယ် ..ဒီခေါင်းလောင်းသံရဲ့အစမှာ ..ဘုရားကျောင်းထဲကို ပြုံးနေတဲ့မိဘတွေနဲ့ ၀င်လာခဲ့တယ် ... .... ... ခေါင်းလောင်းသံပေါင်းများစွာကို ဖြတ်သန်းတယ်
....ငါ့ရဲ့ နောက်ဆုံးခေါင်းလောင်းသံကို ငါကြားခွင့်မရှိတော့... ငါ့ရဲ့မိဘတွေလည်းမရှိတော့ ... ချစ်ခင်သူတွေလည်း ၀မ်းနည်းကြေကွဲစွာ.. ... ခြောက်ထောင့်ပုံသေတ္တာလေးမှာ .. ငါပြုံးနေလိုက်တယ် ...။

ထက်သန်တက်ကြွမှု
ကောက်ရိုးမီး
အလံဖြူလေးတလက် ..
ရင်ခွင်အက်အက်
စိုက်ထူပြိုလဲ ...
ပန်းပေးထားထဲ့နေ့ရက်တွေ ..
နောက်ဆုံး ..
သန္တိတရဲ့ရင်ခွင်ဆီ
ဆောင်းခိုချင်တဲ့ ငှက်တကောင် လို...။ ။

အလံလေး လေထဲမှာလွင့်နေတယ် ..သူကိုချီမထားတဲ့သူကမြေကြီးထဲကိုရောက်နေတယ် ..ကိုယ့်ကိုမြှင့်တင်ဖို့ ..သူကနိမ့်ဝင်လိုက်တယ်...စိတ်နဲ့ကျရတဲ့မျက်ရည်တွေမို့လို့ ..အက်ဆစ်ပြင်းတို့ တုန်လှုပ်ကြတယ် ....။ ....
ကိုယ်လဲရဲရင့်ခဲ့ပါတယ် ... လို့ လဲပြိုနေတဲ့၊ အသွားလိပ်နေတဲ့ ... သွေးအလိမ်းလိမ်းနဲ့ညှီနေတဲ့ .. သူရဲကောင်းအို ကိုင်ဆောင်ခဲ့ဖူးတဲ့ ဓားကပြောတယ် ....။ စစ်ချီတေးဆိုတာ ... ငါတို့ရဲ့ဇာတိမာန်လောက် ဒက်ဆီဘဲလ် (dB) မမြင့်ဘူး ...။ သူရဲကောင်းဆိုတာ လုပ်ပြရတာမျိုးမဟုတ်ဘဲ အသိအမှတ်ပြုခံလိုက်ရတဲ့ အပြုအမူတစ်ခုပဲ ...။ (...ကျေးဇူးပြု၍ ငါ့ကို မသင်ကြားပါနဲ့ Kitaro ..။ ) ငြိမ်းချမ်းခြင်းဆီကိုသာခေါ်သွားပါ .... ငြိမ်းချမ်းခြင်းဆီကိုသာ ခေါ်သွားပါ ... ငြိမ်းချမ်းခြင်းဟာ အဂ္ဂဘုံမဟုတ်ဘဲ ... နိမ့်ကျတဲ့တဲလေးဆိုရင်တောင် ....ငြိမ်းချမ်းခြင်းဆီကိုသာခေါ်သွားပါ ။ ။


Remarks:

Kitaro ရဲ့ Soon Sisters (Main Themes) ကိုခံစားကြည့်တာပါ ...။
ဘာစာသားမှမပါတဲ့ ... instrumentals တွေဟာ ... ပိုလှပါတယ် ....။ စိတ်အေးချမ်းပါတယ် ...။ တေးသံလေးတွေကိုနားထောင်ကြည့်မိရင်း ဆက်စပ်လာတဲ့အတွေးလေးတွေဟာ တေ့ဆက်မဟုတ်ဘဲ ကွင်းဆက်ဖြစ်လာပါလိမ့်မယ် ...။ နားထောင်ဖြစ်အောင်နားထောင်ကြည့်စေချင်ပါတယ် ...။ အထူးသဖြင့် အိပ်ရာထထခြင်း .. ဘာအာရုံတွေနဲ့မှများများ မထိတွေ့ခင်လေးမှာ အေးအေးချမ်းချမ်းလေးဖြစ်သွားအောင်နားထောင်ဖို့ကောင်းပါတယ် ...။
... ငြိမ်းချမ်းခြင်းကို သွားရာလမ်းသွယ်လေးတစ်ခု .....၊Soong Sisters (Main Themes) ....။ ။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။သီချင်းပို့ပေးတဲ့အတွက် ... ကျေးဇူးဆပ်ခြင်းမှာ ဤ post ပင်ဖြစ်၏ ။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



Peace B with U.