လူဟာ ...
မွေးလာတုန်းက
ကိုယ်တုံးလုံးနဲ့ပေါ့ ။
နောက်တော့ ... လူဟာ
အင်္ကျီင်္ီထဲကို ၀င်သွားတယ်။
လူထဲကိုတော့
ရေ၊ နေရောင်ခြည်၊ တောင်တန်း၊ တိမ်တိုက်၊
ပန်းရနံ့၊ သစ်သီး၊ လေညင်း၊ ရောဂါပိုး၊
အချိန်ကာလ၊ စစ်ပွဲ၊ အနုပညာ၊ အ၀ိဇ္ဇာနဲ့
ကမ္ဘာကြီးတစ်ခုလုံး ၀င်သွားတယ်။
အဲဒါ ...
လူ
မြေကြီးထဲကို မ၀င်ခင်အထိပဲ
ဆိုပါတော့။ ။
(သစ္စာနီ)

Peace B with U.