Friday, September 19, 2008

တိတ်တဆိတ်လေးပါပဲ ...




တိတ်တဆိတ်လေးပါပဲ ...
အဲဒီမုတ်သုံရာသီဦးမှာ ... မိုးရေစက်လေးတစ်စက် ... သစ်ရွက်ပေါ်က ဟန်ချက်ပျက်ပြီး ... မြေပြင်ပေါ်ကို ကြွေကျသွားခဲ့တယ်။

မြေသင်းနံ့ လေးကို ချစ်တယ် ...
မာယာမပါတဲ့ တိမ်ညိုတွေကို ချစ်တယ် ...
ချစ်သူကို သယ်ဆောင်လာတဲ့ Ferry ကြီးကို ချစ်တယ် ...
ကျောင်းတော်ကြီးကို ချစ်တယ် ...

တိတ်တဆိတ်လေးပါပဲ ...
အဲဒီမုတ်သုံရာသီဦးရဲ့ ... မိုးရေစိုစွတ်နေတဲ့ မြက်ခင်းစိမ်းတွေ ကြားမှာ သပိတ်လွယ်ငှက်လေးတွေ ... ခုန်ပေါက်ပျော်မြူးခဲ့ကြတယ်။

သူငယ်ချင်းတွေပျော်နေရင် ပျော်တယ် . . .
ရင်ဘတ်ထဲမှာ ... အဖြူရောင်တွေ စိုက်ပျိုး ...
.... ...... ......
ကျောင်းတွေ ပြီးသွားခဲ့ရင် ...
ကျောင်းတွေ ပြီးသွားခဲ့ရင် ...

ဖြစ်နိုင်ရင်တစ်ဘ၀လုံးကို ကျောင်းသားဘ၀မှာရပ်ထားလိုက်ချင်တယ် ...
...
...
...

တိတ်တဆိတ်လေးပါပဲ ...
အဲဒီမုတ်သုံရာသီဦးရဲ့ ... ညို့မှိုင်းမှိုင်း ခရေပင်တွေ၊ ကံ့ကော်ပင်တွေ ... ငြိမ့်ငြောင်း တဲ့ canteen ရဲ့ ဂီတသံတွေကြား မှာ ... စာကျက်သံလွင်လွင်တွေ ဖျော့တော့သွားကြတယ်။

သူငယ်ချင်းတွေကို လွမ်းတယ် ...
ကျောင်းသွားဖော်လေးကို လွမ်းတယ် ...
စာသင်ခန်းလေးကို လွမ်းတယ် ...
... ... ...
စံပယ်ပန်းရနံ့တွေကို လွမ်းတယ်။

တိတ်တဆိတ်လေးပါပဲ ...
အဲဒီမုတ်သုံရာသီဦးမှာ ... မိုးရေစက်လေးတစ်စက် ... သစ်ရွက်ပေါ်က ဟန်ချက်ပျက်ပြီး ... မြေပြင်ပေါ်ကို ကြွေကျသွားခဲ့တယ် ...၊

တိတ်တဆိတ်လေးပါပဲ ...
... သီဟိုဠ် ကျောင်းတော် ကို ငါလွမ်းနေဆဲ။ ။

တိတ်တဆိတ်လေးပါပဲ ...




Peace B with U.