Tuesday, September 30, 2008

တံခါးသုံးပေါက်


လေယာဉ်မှုး တစ်ယောက်ဟာ ... ရွှေရောင်ဆံပင်နဲ့ လေယာဉ်မယ်လေးကို သဘောကျနေတယ်။ သူတို့ သွားမယ့် လေယာဉ်ခရီးစဉ်က မြို့တစ်မြို့ မှာခရီးတစ်ထောက်နားရတယ်။ အဲဒီမြို့ကိုရောက်တော့ လေယာဉ်မှုးက လေယာဉ်မယ်လေးကို လေယာဉ်အမှုထမ်းတွေ အတွက် အကောင်းဆုံးအစားအသောက်တွေရနိုင်တဲ့ ၊ အကောင်းဆုံးဈေးဝယ်ထွက်နိုင်တဲ့ ၊ ညအိပ်တည်းခိုနိုင်တဲ့ အကောင်းဆုံးနေရာ တစ်ခုကို ညွှန်လိုက်တယ်။

နောက်တစ်နေ့ရောက်တော့ လေယာဉ်မှုးက ခရီးစဉ်အတွက် ၀န်ထမ်းတွေကိုစစ်ဆေးတယ်။
ရွှေရောင်ဆံပင်နဲ့ လေယာဉ်မယ်လေး ပျောက်နေတာကိုသတိထားမိလိုက်တယ်။ Hotel ကို phone ဆက်ပြီး ဘာများဖြစ်သလဲလို့ မေးတယ်။ လေယာဉ်မယ်လေးက ငိုပြီးပြောတယ်။

"ကျွန်မ ... ကျွန်မ .. အခန်းထဲမှာပိတ်မိနေလို့ ..."
"ဘယ်လို"
"'ဒီအခန်းက တံခါးသုံးပေါက် ပဲ ရှိတာ ...၊ .. တစ်ခုက ... ရေချိုးခန်း တံခါး၊ နောက်တစ်ခုက အ၀တ်ဗီရို ... နောက်တစ်ခုက ... "Don't Disturb" လို့စာချိတ်ထား တယ်...."။ ။



Peace B with U.