Showing posts with label lyrics. Show all posts
Showing posts with label lyrics. Show all posts

Thursday, February 28, 2013

အပြုံး

အပြုံး

http://www.youtube.com/watch?v=UN8oLGBNXpE
Nat King Cole ရဲ့ အပြုံးကိုနားထောင်ရင်း စိတ်ကိုရွက်လွှင့်နေမိတယ်။

Smile though your heart is aching 
Smile even though it's breaking 
When there are clouds in the sky, you'll get by 
If you smile through your fear and sorrow 
Smile and maybe tomorrow 
You'll see the sun come shining through for you 

အသည်းနာနေရင်တောင် ပြုံးလိုက်ပါ
အသည်းကွဲနေရင်လည်းပြုံးလိုက်
ကောင်းကင်မှာတိမ်တွေနဲ့ရှုပ်ထွေးအုံ့မှိုင်းနေလဲ၊ အရှိအတိုင်းလက်ခံပြီးဖြတ်သန်းလိုက်၊
ကြောက်ရွံ့စိုးရိမ်စရာတွေ၊ ဝမ်းနည်းစရာတွေကြုံနေတုန်း ပြုံးလိုက်နိုင်ရင်
ပြုံးနေရင်း
မနက်ဖြန်လောက်မှာ
လင်းပတဲ့နေမင်း မင်းအတွက် ရောင်ခြည်ဖြာလာတာကို
တွေ့ရလိမ့်မယ်။

Light up your face with gladness 
Hide every trace of sadness 
Although a tear may be ever so near 
That's the time you must keep on trying 
Smile, what's the use of crying? 
You'll find that life is still worthwhile 
If you just smile 

ပျော်ရွှင်ကြည်နူးမှုနဲ့ မျက်နှာကို ကြည်လင် လင်းပအောင်ထားလိုက်
ဝမ်းနည်းစရာအရိပ်အမြွက်တွေကိုဖွက်ထားလိုက်
ငိုချင်လွန်းလို့ တားမရဆီးမရ တိုးထွက်လာတော့မယ် မျက်ရည်စတွေနဲ့ သိပ်နီးကပ်နေတဲ့ စိတ်အခြေအနေမှာ
အဲဒီအချိန်လေးမှာ မင်းဆက်ပြုံးဖို့ကြိုးစားလိုက်စမ်းပါ၊
ပြုံးလိုက်ပါ၊ ငိုနေတာ ဘာအသုံးကျမှာလဲ၊
မင်း ပြုံးလိုက်ရုံနဲ့၊
ဘဝဟာ နေပျော်သေးတယ်ဆိုတာကို နားလည်သွားမှာပဲ။

That's the time you must keep on trying 
Smile, what's the use of crying? 
You'll find that life is still worthwhile 

အဲဒီအချိန်လေးမှာ မင်းဆက်ပြုံးဖို့ကြိုးစားလိုက်စမ်းပါ၊
ပြုံးလိုက်ပါ၊ ငိုနေတာ ဘာအသုံးကျမှာလဲ၊
မင်း ပြုံးလိုက်ရုံနဲ့၊
ဘဝဟာ နေပျော်သေးတယ်ဆိုတာကို နားလည်သွားမှာပဲ။           ။

ငိုချင်စရာကောင်းတဲ့ အပြုံးအကြောင်းသီချင်း။ ကိုနတ်တို့ကတော့ အဆိုပိုင်တယ်။ နားထောင်နေရင်း jazz ဂီတရဲ့ အရိပ်အောက်မှာ စိမ့်ဝင်ပျော်ကျသွားလိမ့်မယ်။ လွမ်းစရာ၊ကြေကွဲစရာ တီးလုံးလေးကို ထပ်ကျော့ပြီး စိတ်ထဲမှာပဲ့တင်ထပ်စေတာကလည်း ဒီသီချင်းရဲ့ အလှတရားတစ်ခု။ Jazz ဂီတရဲ့ စစ်မှန်တဲ့ပေါင်းစပ်မှု၊ နူးညံ့မှု၊ ကြေကွဲမှု အစစ အရာရာ ပါတဲ့သီချင်းလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်ရဲ့ ဖေဖော်ဝါရီကို ပြည့်စုံစေခဲ့တဲ့ သီချင်းလေးပါပဲ။

Regards,
Zephyr




Peace B with U.

Friday, November 2, 2012

မောင့်လိုလူတစ်ယောက်

မောင့်လိုလူတစ်ယောက်


မောင့်လိုလူတစ်ယောက်

မောင် တခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး အခြေကျနေပြီလို့ကျမကြားတယ်။ မောင် အခုလက်ထပ်လိုက်ပြီလို့လည်းကြားတယ်။ မောင့် အိမ်မက်တွေ လက်တွေ့ဖြစ်လာနေပြီလို့လည်းကြားတယ်။ သူ(မ)က မောင့်ကို ကျမ မပေးနိုင်ခဲ့တာတွေ ပေးနိုင်/ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျမထင်တယ်။ ကျမရဲ့ တချိန်က သူငယ်ချင်း(သို့) မောင် ဘာလို့ အရှက်သည်းနေရတာလဲ။ မောင့်ကို တားဖို့ မရည်ရွယ်ဘူး၊ သိုဝှက်ဖုံးကွယ်ထားဖို့လည်းမရည်ရွယ်ဘူး။ 

ကျမကို မဖိတ်ခေါ်ဘဲ၊ မောင့်ရှေ့မှာ ရုတ်တရတ်ကြီး  ဘွားခနဲပေါ်လာသလိုမျိုးဖြစ်မှာကို တကယ် မုန်းပါတယ်။ ဒါပေမယ့်  ဒါကို ကျမ မထိန်းချုပ်နိုင်ဘူး။ မောင် ကျမမျက်နှာမြင်ပြီး ပြန်ပြီး အမှတ်ရသွားမယ်လို့လည်း မျှော်လင့်နေမိတတ်တယ်။ ဒါဟာ ကျမတစ်ယောက်တည်းအတွက်ပါ။ ဒီလိုလေးပဲ ပြီးဆုံးသွားဖို့ မဖြစ်နိုင်ခဲ့တာတွေပေါ့။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ 
မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

အချိန်တွေဘယ်လိုကုန်သွားလဲမောင်သိလား။ မနေ့တနေ့ကပဲ ကျမတို့ရဲ့ ဘဝလေးအတွက် ပျော်စရာအချိန်လေးရှိခဲ့သေးတယ်။ ကျမတို့တွေ နွေဦးရာသီ မြူနှင်းမှုန်တွေကြားမှာ မွေးဖွားကြီးပြင်းလူလားမြောက်လာခဲ့ကြတာ။ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ ကျမတို့ရဲ့နေ့ရက်တွေက ရလာတဲ့ အံ့သြခြင်းတွေ ဝန်းဖွဲ့နေခဲ့သေးတာ။

ကျမကို မဖိတ်ခေါ်ဘဲ၊ မောင့်ရှေ့မှာ ရုတ်တရတ်ကြီး  ဘွားခနဲပေါ်လာသလိုမျိုးဖြစ်မှာကို တကယ် မုန်းပါတယ်။ ဒါပေမယ့်  ဒါကို ကျမ မထိန်းချုပ်နိုင်ဘူး။ မောင် ကျမမျက်နှာမြင်ပြီး ပြန်ပြီး အမှတ်ရသွားမယ်လို့လည်း မျှော်လင့်နေမိတတ်တယ်။ ဒါဟာ ကျမတစ်ယောက်တည်းအတွက်ပါ။ ဒီလိုလေးပဲ ပြီးဆုံးသွားဖို့ မဖြစ်နိုင်ခဲ့တာတွေပေါ့။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

နှိုင်းယှဉ်နေစရာလည်းမရှိဘူး၊ စိတ်ပူပန်တာ၊ ဂရုစိုက်စရာလည်းမရှိဘူး။ အမှတ်တရရှိနေတာတွေက ဝမ်းနည်းခြင်းတွေနဲ့ အမှားအယွင်းတွေကို ဖန်ဆင်းနေတာ။ ဘယ်သူတွေက ဒီခါးသက်ချိုမြမှုလေးရဲ့ အရသာကို သိနိုင်ကြမှာလဲမောင်။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

မောင့်အချစ်
အဒဲလ်(Adele) 
Someone Like You.

Hehe.
Regards,
Zephyr

Enjoy Weekends!!!



Peace B with U.

Thursday, September 25, 2008

ငါ မင်းဘက်က ရှိနေမယ်

I'll Stand By You

ငါ မင်းဘက်က ရှိနေမယ်

အိုး ... ဘာလို့များ မင်းဒီလောက် ၀မ်းနည်းနေရတာလဲ ကွယ် ...
မင်းရဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေဝေ့လို့ ....
လာပါ ... ငါ့ဆီကို အခုလာခဲ့ပါ ....
ငိုရမှာကို မရှက်ပါနဲ့ကွယ် ...
ငါ မင်းကို သေချာကြည့် ပါရစေ ...
ငါက မင်းဘ၀ရဲ့ အမှောင်ခြမ်းကိုလည်း သိပြီးသားဖြစ်နေလို့ပါ ....။

ညဉ့်နက်နက်တွေ မင်းအပေါ် ပြိုကျလာပြီး ..
မင်းဘာလုပ်ရမှန်း မသိတဲ့အခါ ...
ဘာမှဖွင့်မပြောဘဲနေရင်တော့ ...
ငါမင်းကို အချစ်လျော့သွားလိမ့်မယ် ...၊
ငါ မင်းဘက်က ရှိနေမယ် ၊
ငါ မင်းဘက်က ရှိနေမယ် ၊

မင်းကို ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်


မင်း လမ်းဆုံလမ်းခွမှာ .. ရပ်ပြီး ...
ဘယ်လမ်းကိုရွေးရမလဲ .. ဝေခွဲမရဖြစ်နေရင် ..
ငါ့ကို အတူလိုက်လာခွင့် ပြုပါ၊
မင်းမှားနေတယ်ဆိုရင်တောင် ...
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်
ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်

ငါ့ကို မင်းရဲ့အမှောင်ဆုံး အချိန်နာရီတွေဆီခေါ်သွားပါ ...
ပြီးတော့ ... ငါ .. မင်းကို ဘယ်တော့မှ မစွန့်ခွာသွားဘူး
ငါ မင်းဘက်က ရှိနေမယ်
ညဉ့်နက်နက်တွေ မင်းအပေါ် ပြိုကျလာရင်.... ကလေးရေ ..
မင်းတစ်ယောက်တည်း အထီးကျန်နေရင် ..
မင်းတစ်ယောက်တည်း မဟုတ်ဘူး
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်

မင်းကို ဘယ်သူကမှ နာကျင်အောင်မလုပ်စေရဘူး ...
ငါ မင်းဘက်က ရှိနေမယ်
ငါ့ကို မင်းရဲ့အမှောင်ဆုံး အချိန်နာရီတွေဆီခေါ်သွားပါ ...
ပြီးတော့ ... ငါ .. မင်းကို ဘယ်တော့မှ မစွန့်ခွာသွားဘူး
ငါ မင်းဘက်က ရှိနေမယ်
ငါ မင်းဘက်က ရှိနေမယ်
။ ။

I'll Stand By You
I'll Stand By You (Lyrics)



Peace B with U.

Tuesday, September 23, 2008

အိမ်


Everyone wanna go home for different reasons ... but all believe home is the best place for us ..., though in this song, the guy wanna go home to meet his lover again..., there are so many people who wanna go home to meet their parents, their close friends, and maybe to meet their beloved pets ....
Dedicated to a friend who wanna go home ... as soon as possible....to meet with her mother .....

HOME (Michael Buble)

အိမ်

Paris နဲ့ Rome မှာတော့
နောက်နွေရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိရင်လည်း ရှိလိမ့်မယ် ...
ဒါပေမယ့် ငါအထီးကျန်နေတယ် ...
မင်းသိမှာပါ ...
ငါ မင်းကို သိပ်လွမ်းတယ် ဆိုတာကို ....

နောက်ထပ် လေယာဉ်တစ်စီး
နောက်ထပ် နေသာတဲ့ နေရာတစ်ခု ၊
ငါ ကံကောင်းမှန်း ငါသိတယ် ...
ဒါပေမယ့် ... ငါအိမ်ပြန်ချင်နေတယ် ...
ငါ အိမ်ပြန်ရောက်တော့မှာပါ ...

ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းနဲ့ အရမ်းဝေးကွာနေလို့ပါ ...
ငါ အိမ်ပြန်လာချင်နေပြီ ....

ငါ တစ်ခြားလူတစ်ယောက်ရဲ့ ဘ၀ထဲမှာ ၀င်နေရသလို ခံစားရတယ် ...
အရာရာအဆင်ပြေနေတဲ့ နေရာမှာ ငါတစ်ယောက်ထဲ အပြင်ထွက်ရပ်နေသလိုပါပဲ ...
မင်း ဘာလို့ ငါနဲ့ အတူမလိုက်ခဲ့လည်း ဆိုတာ ငါ အခုမှ နားလည်တယ်။
ဒါဟာ မင်းမျှော်လင့်တဲ့ ဘ၀ မဟုတ်ဘူးလေ ...
ဒါပေမယ့် မင်း ငါ့ကို အမြဲ ယုံကြည်ပေးခဲ့တယ် ...။

Paris နဲ့ Rome မှာတော့
နောက်ထပ် ဆောင်းရာသီ တစ်ခု ...
လူးလားခေါက်တုံသွားနေပြန်ရဲ့ ...
... ငါ အိမ်ပြန်ချင်နေတယ် ...
... ငါ့ကို အိမ်ပြန်ခွင့်ပြုပါ .....

ဘေးပတ်ဝန်းကျင်မှာ ..
လူတွေ သန်းပေါင်းများစွာ ရှိနေတယ် ...
ငါ အထီးကျန်နေဆဲပဲ ...
ငါ့ကို အိမ်ပြန်ခွင့်ပေးပါ ...
ငါ မင်းကိုလွမ်းနေတာ မင်းသိပါတယ်။

ငါ့ကို အိမ်ပြန်ခွင့် ပြုပါ ..
ငါ အခု အပြေး လာခဲ့ ပြီ ...
ကောင်မလေးရေ ... ငါဆုံးဖြတ်လို့ ရသွားပြီ ...
ငါ အိမ်ကို ရောက်တော့မှာပါ ....
ငါ့ကို အိမ်ပြန်ခွင့်ပြုပါ ..
အားလုံး အဆင်ပြေသွားမှာပါ ....
ဒီညမှာ ငါ အိမ်ပြန် ရောက်ပြီ ...
ငါ အခု အိမ်ပြန်လာနေပြီ .........။ ။

HOME (Michael Buble)
Lyrics



Peace B with U.

Friday, September 19, 2008

Leaving on the Jet Plane ...




ကျွန်တော်တို့ သိပ်ကြိုက်ခဲ့တဲ့သီချင်းလေးတစ်ပုဒ်ပေါ့။...(Zephyr)

...
...
...
...
...........

ငါလေ ... ငါ ... (ငါ့အသံတွေ မှိုန်ဖျော့သွားတယ် ....)

ငါ့ရဲ့ အထုပ်အပိုးတွေ ကိုလည်း သိမ်းဆည်းပြီးပြီ ... ငါလည်းသွားဖို့အဆင်သင့်ဖြစ်ပြီ . . .
မင်းရဲ့အခန်းတံခါးရှေ့ မှာရပ်ပြီး
"နှုတ်ဆက်ပါတယ်" လို့ပြောဖို့ မင်းကိုနှိုးရတာကို ငါမုန်းတယ်။

ဒါပေမယ့်အရုဏ်တက်ပြီ . . . မနက်ခင်းစောစောမှာ ...
Taxi က သူ့ horn ကို တပွမ်ပွမ် တီးပြီး ငါ့ကို စောင့်နေပြီ ...
ငါလည်း သေလုနီးပါး အထီးကျန်လွန်းနေပါပြီ ...

မင်း ငါ့ကို နမ်းပါ ... ငါ့ကို ပြုံးပြပါ ...
ငါ့ကို စောင့်နေမယ်လို့ပြောပါ ...
ငါ့ကို ဘယ်တော့မှ သွားခွင့်မပြုတော့မလို ဖက်ထားပါကွာ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါဘယ်တော့ပြန်ရောက်လာနိုင်မလဲဆိုတာငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။


ငါလေ ...

ငါမင်းကို စိတ်မချမ်းမသာဖြစ်အောင် အတြိမ်ကြိမ် လုပ်မိခဲ့တယ်။
အကြိမ်ကြိမ် သစ္စာမဲ့ခဲ့တယ်၊
အခုတော့ ... ဒါတွေဟာ တမင်လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ငါပြောချင်တယ်။

ဘယ်နေရာသွားသွား ငါ မင်းကိုပဲ တွေးနေမိတယ်၊
ငါ ဘယ်သီချင်းဆိုဆို မင်းအတွက်ပဲဆိုနေမိတယ်၊
ငါ ပြန်လာတာနဲ့ မင်းကို လက်ထပ်မယ်။

မင်းငါ့ကိုနမ်းပါ ... ငါ့ကိုပြုံးပြပါ ...
ငါ့ကို စောင့်နေမယ်လို့ပြောပါ ...
ငါ့ကို ဘယ်တော့မှ သွားခွင့်မပြုတော့မလို ဖက်ထားပါကွာ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါ ဘယ်တော့ ပြန်ရောက်လာနိုင်မလဲဆိုတာ ငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။


အခုတော့ မင်းကိုချန်ထားပြီး သွားရတော့မယ် ...
ငါ့ကို နောက်တစ်ကြိမ်လောက် ... ထပ်ပြီးနမ်းခွင့်ပေးပါကွာ ...
ပြီးတော့ မင်းမျက်စေ့မှိတ်ထားလိုက်ပါ ... ငါလည်း ဆက်သွားတော့မယ်။

ရောက်လာမယ့်နေ့ရက်တွေကို တွေးပါ ...
အဲဒီအချိန်ရောက်ရင် ... ငါ မင်းကို တစ်ယောက်တည်းထားခဲ့ဖို့မလိုတော့ဘူး
အဲဒီအချိန်တွေ ရောက်ရင် ... ငါ မင်းကို goodbye လို့ပြောဖို့ မလိုတော့ဘူး

မင်း ငါ့ကိုနမ်းပါ ... ငါ့ကိုပြုံးပြပါ ...
ငါ့ကို စောင့်နေမယ်လို့ပြောပါ ...
ငါ့ကို ဘယ်တော့မှ သွားခွင့်မပြုတော့မလို ဖက်ထားပါကွာ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါ ဘယ်တော့ ပြန်ရောက်လာနိုင်မလဲဆိုတာ ငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။


ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါ ဘယ်တော့ ပြန်ရောက်လာနိုင်မလဲဆိုတာ ငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါ ဘယ်တော့ ပြန်ရောက်လာနိုင်မလဲဆိုတာ ငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...
ငါ ဘယ်တော့ ပြန်ရောက်လာနိုင်မလဲဆိုတာ ငါမသိဘူး၊
...ကောင်မလေးရေ ... ငါ သွားရမှာကို မုန်းတယ်။

ဒါပေမယ့် ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...

ငါက jet လေယာဉ်ကြီးနဲ့ ထွက်ခွာသွားရတော့မှာမို့လို့ပါ ...




Leaving on the Jet Plane (John Denver)
Leaving on the Jet Plane (Chantal Kreviazuk)



Peace B with U.