Showing posts with label daily lif3. Show all posts
Showing posts with label daily lif3. Show all posts

Thursday, September 8, 2011

ဒို့ကတော့ မတူ မတူ မတူ ……….။။

ဒို့ကတော့ မတူ မတူ မတူ ……….။။


No wonder, We are men !!!!!!!

ယောကျာ်းတွေဟာ တစ်ခုမဟုတ်တစ်ခုရူးတာပဲ။ သူတို့တွေရဲ့ဝါသနာကလည်း တကယ့်ကို ဘာမှန်းမသိတာတွေ။ ယောကျာ်းတွေက ၀ါသနာမပါတာမှာ ပိုက်ဆံမသုံးဘူး။ ၀ါသနာပါတာဆိုရင်လည်း ဈေးကိုမကြည့်ဘူး။ ၀ါသနာတောင်မှ တစ်ချို့ဆို အမျိုးနှစ်ဆယ်လောက်ရှိတယ်။ အဆင့်ဆင့်ထားတာ။ အဲဒါကို /Zနီးသယ်/ လည်း အခုတော့ သဘောပေါက်စပြုလာပါပြီ။ ယောကျာ်းတွေရဲ့အကျင့်က တစ်ယောက်တည်း ၀ါသနာပါနေရရုံနဲ့ကျေနပ်တာမဟုတ်ဘူး။ ၀ါသနာမပါဘူးလို့ ဘယ်လောက်ပြောထားပြောထား နည်းနည်းတော့ ရှင်းပြသေးတယ်။


For God’s sake, there is no such shopping centre in s’pore.

ဘယ်လောက်ပဲ နားလည်ပေးပါတယ်ဆိုတဲ့ယောကျာ်းပဲ ဖြစ်ဖြစ် မိန်းမတွေ ဖိနပ်ကို ဘာလို့ရွေးတယ်ဆိုတာကို နားမလည်နိုင်ဘူး။ (နားလည်တယ်ဆိုတဲ့ သူတွေကိုလည်း ရနံ့သစ်မှာဖြစ်ဖြစ် လက်ဖက်ရည် ခေါ်တိုက်ချင်ပါသေးတယ်။) ဖိနပ်ဆိုင်သွားရင် ယောကျာ်းတွေက ဝယ်ဖို့သွားပြီး မိန်းမတွေက ဟိုရောက်မှ စရှာတာ။ တကယ်လို့ အထပ် ၂၂ ထပ်ရှိပြီး ဒီဇိုင်းမျိုးစုံရှိတဲ့ ဖိနပ်ဆိုင်ကြီးတစ်ခုလောက်ရှိမယ်ဆိုရင် မိန်းမတွေ အစာအိမ်ရောဂါဖြစ်ဖို့ရှိတယ်။ ဒါမှမဟုတ် စားရင်းသောက်ရင်းများ လိုက်စီးကြည့်နေမလားမသိဘူး။ ဝ


We spend more times in cool places :P

ယောက်ျားတွေက ဒီလို ကိစ္စတွေမှာ အချိန်များများမသုံးနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ တခြားပိုအရေးကြီးတဲ့ဝါသနာတွေရှိသေးတယ်။ အချိန်ကို တစ်နေရာတည်း များများသုံးလိုက်လို့မရဘူး။ စာအုပ်ဆိုင်ရောက်ရင် ခဏဆိုပြီး နှစ်နာရီလောက် ပတ်နေတာတေို့ ဝယ်ခါနီး စာအုပ်ငါးအုပ်လောက်ကို ဖတ်ကြည့်နေရတာတို့၊ ပရိုမိုးရှင်းပေးရင် ဘယ်စာအုပ်ကို ယူမလဲ ကြိုကြည့်ထားရတာတို့ကိုကြတော့ အမျိုးသမီးတွေ နားလည်ဖို့ သိပ်မလွယ်ဘူး။

စီဒီဆိုင်ရောက်ရင်ပိုတောင်ဆိုးသေး။ တစ်ချပ်လုံးနီးပါးနားထောင်ပြီးမှ မကြိုက်ဘူးဆိုပြီး ပြန်လာတာတို့၊ ဈေးချနေတာတွေ့လို့ သိပ်မကြိုက်လှတဲ့ အဆိုတော် အခွေဝယ်လာတာတွေဘာတွေ ယောကျာ်းချင်းပဲနားလည်တယ်။


We are helpless for a while in married life.

ယောကျာ်းတွေကို နားလည်ဖို့ကြိုးစားရတာလည်း လွယ်မှာမဟုတ်ဘူး။ သူတို့ဘာသာသူတို့တောင် တစ်နေ့တစ်မျိုးလောက်ဖြစ်နေလို့ နားမလည်နိုင်ဖြစ်နေတာ။ အထူးသဖြင့် အိမ်ထောင်ကျသွားတဲ့အခါမှာ နောက်တွဲဖြုတ်ချလိုက်တဲ့ ဒုံးကျည်လို အရှိန်နဲ့တက်သွားပြီး ဘယ်ကိုသွားနေတာလည်းမသိသလိုဖြစ်ဖြစ်သွားတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်လည်း နားလည်ရခက်တယ်။ နောက်တော့ ကမ္ဘာ့ဆွဲအားနဲ့လွတ်နေသလို ချာလည်ချာလည်နဲ့ မြေဆွဲအားကင်းမဲ့ဇုန်မှာ အသားကျဖို့ကြိုးစားရသေးတယ်။ အင်နာရှားတွေချော်နေတာ။


She has got a ruler and I am the gas. Please don’t measure me, honey.

ပိုဆိုးတာက ကျွန်တော့်မိန်းမက သူနဲ့သိတဲ့ သူ့အဖေက သိပ်ကို စည်းကမ်းရှိ၊ သိပ်ကို တိကျ၊ သိပ်ကို နားလည်တတ်သူဖြစ်ပြီး၊ သူ့ယောကျာ်းကတော့ ဘာမဆို အဆင်ပြေသလိုလေးပဲနေတယ်။ အချိန်ကတော့ တက်တက်စင်အောင်လွဲပြီး၊ နားလည်မှုကလည်း တကယ့်ကို လုံးဝပါပဲ။ ခေတ်မတူတော့တာလည်းပါမယ်ထင်တယ်။ သူ့ရဲ့ expectation နဲ့ ကျွန်တော့်ရဲ့ တိကျမှုနဲ့ကတော့ တော်တော်လေးဝေးပါတယ်။ ပိုဆိုးတာက စည်းကမ်းတွေ သိပ်များနေရင် creativity ကျတယ်လို့ ကိုယ့်ဘာသာကိုယ်ခံယူထားပါသေးတယ်။ ယောကျာ်းတွေရဲ့ထူးခြားချက်က သူ့ဆင်ခြေကို သူ့ဘာသူ လုံး ဝဥဿုံပစ်ပျက်ယုံလိုက်တာပဲ။

မနက်ဆိုရင် သူက ၇ နာရီ လောက်ဆိုနိုးပြီ။ ကျွန်တော်ကတော့ Quench ကြော်ငြာထဲကလို တစ်စက်ကျန်သည်အထိ အရသာရှိစေရမယ်ဆိုတာကိုအားကျလို့ တစ်စက္ကန့်ကျန်သည်အထိ အိပ်နေတတ်တယ်။ ၈ နာရီမှာ ထ တာတောင် ၈ နာရီထိုးဖို့ နှစ်မိနစ်လိုသေးရင် အဲဒိနှစ်မိနစ်ကို ပြန်အိပ်နေတယ်။ အဲဒီနေရာမှာတော့ ယောက္ခထီးကြီးထက် တိကျတယ်။


The Early worm is caught by too late bird.

ညဆိုရင်တော့ သူ့ရဲ့ Limit က ၁၁ နာရီပဲ။ အဲဒီလောက်ဆို အိပ်ကိုအိပ်မှ။ မအိပ်ရင် ကောင်းကောင်း အိပ်မပျော်တော့ဘူး။ ကျွန်တော်ကတော့ ၁၁ နာရီလောက်မှ စပြီးစာဖတ်တယ်။ စာရေးတယ်။ Anime ကြည့်တယ်။ review ဖတ်တယ်။ သိပ်ကို ကြိုက်တဲ့ wiki ဖတ်တယ်။ သတင်းစာဖတ်တယ်။ Computer အကြောင်း တစ်နာရီလောက်ဖတ်တယ်။ program ရေးစရာလိုတာတွေပါရင် စမ်းပြီးရေးတယ်။ ကဗျာတွေဘာတွေရေးတဲ့နေ့ဆို ပိုဆိုးတယ်။ အခုတလော ကဗျာရေးရင် အသံသွင်းကြည့်သေးတယ်။ ပြန်နားထောင်ပြီးမှ မကြိုက်တာတွေပြင်တယ်။ သွားရင်းလာရင်း ကဗျာရွတ်ထားတာ ပြန်နားထောင်ရတာကိုလည်း ကြိုက်တယ်။ မိန်းမကတော့ ကဗျာရွတ်နေရင် လာလာစတတ်လို့ သူ့ရှေ့မှာ ရွတ်ရတာ အခက်အခဲရှိတယ်။ နောက်ဆုံးရေးထားတဲ့တစ်ပုဒ်ဆို ရွတ်ရတာတာင် ငါးမိနစ်နဲ့ ငါးဆယ့်ငါးစက္ကန့်ကြာတယ်။ မာရသွန်ကဗျာလောက်ဖြစ်နေပြီ။ အဲဒါကို နားထောင်တယ်။ပြင်ရေးတယ်။ မကြိုက်ရင် draft ထဲမှာသိမ်းတယ်။


Bored? Why? I love to watch it again.

video ဆိုလည်း ကြည့်ပြီးသားကားတွေကို ပြန်ပြန်ကြည့်ဖြစ်တယ်။ ပထမတစ်ခေါက် ဇာတ်ကောင်တစ်ကောင်ကို သဘောကျပေမယ့်၊ နောက်တစ်ခါ တစ်ခြားဇာတ်ကောင်ကို သဘောကျတာမျိုးတွေလည်းရှိတယ်။ Angels and Demons ဆိုရင် လေးခေါက်လောက်ကြည့်ပြီးပြီ။ စာအုပ်တော့မဖတ်ရသေးဘူး။ စာအုပ်ဆိုရင်တော့ ပိုပြီး စုံစုံလင်လင်ပါမယ်ထင်တယ်။ /Zနီးသယ်/ကတော့ အဲဒီလို ခဏခဏကြည့်ရတာကို မပျင်းဘူးလားမေးတယ်။ အခုအထိတော့မပျင်းသေးဘူး။ နောက်တစ်ခေါက် ထပ်ကြည့်ဖို့လည်း အစီအစဉ်ရှိသေးတယ်။


There is a hidden philosophy underneath .

AOD game ကို top ဖြစ်အောင်ဆော့နေတယ်ဆိုတော့ မိန်းမက နားမလည်နိုင်ဘူး။ ဘာမှလည်းမလုပ်ရတဲ့ screen ကို ထိုင်ကြည့်နေရတာဟာ game ဆော့နေတာမှမဟုတ်တာလို့ပြောတယ်။ ဒါကို အတူတူဆော့ကြတဲ့သူတွေပဲနားလည်မယ်။ Top 5% ကနေ Top 1% ရောက်တဲ့အထိ ဆော့သွားတာ (မိန်းမရဲ့စကားလုံးအရတော့ iphone ကသိုဏ်းရှူနေတာ)ဟာ အနုပညာမြောက်တယ်။ တဖြည်းဖြည်းချင်း တိုးတက်သွားတဲ့သဘော။ အရင်က ကိုယ်အင်အားနည်းနေတုန်းက လာလာနှိပ်စက်တဲ့အကောင်တွေ အခုလို မရှုမလှ ကျဆုံးနေတာကိုက အရသာမြောက်တာ။ နောက်ပိုင်း သိပ်နှေးလာတဲ့အခါ သေချင်ပါတယ်ဆိုတောင်မှမသေနိုင်တော့လို့ တစ်ပတ်လောက်ပစ်ထားရမလိုဖြစ်လာတယ်။


I am a pet lover.

မွေးချင်တဲ့အကောင်ပလောင်တွေများလွန်းလို့ မယူခင်ကတည်းက ဘာအကောင်မှ မမွေးဖို့သတိအမြဲပေးဖို့ မိန်းမကို မှာထားရတယ်။ ငါးဆိုင်ရောက်ရင် ငါးဝယ်မိမလို ခဏခဏဖြစ်တယ်။ ငှက်ဆိုင်ရောက်ရင် ငှက်ဝယ်ချင်လာတယ်။ ခွေးဆိုင်ရောက်ရင်ခွေးမွေးကြရအောင်ဖြစ်လာပြန်ရော။ အမွေးစုတ်ဖွားကြောင်တွေကိုလည်းသဘောကျမိတယ်။ ဒါပေမယ့် အိမ်ကခွေးတွေ ဆုံးပြီးကတည်းက ဘာအကောင်မှ မမွေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဆုံးဖြတ်ထားပေမယ့် မြင်လိုက်ရင် အကောင်ပလောင်လေးတွေက သနားစရာ၊ မွေးချင်စရာတွေချည်းပဲ။ အသက်ကြီးလာရင်တော့ ခွေး ငါးကောင်လောက်မွေးမယ်လို့စိတ်ကူးတယ်။ အခုအထိ မွေးချင်တဲ့ခွေအမျိုးအစားကို စဉ်းစားနေတုန်းပဲ။ သုံးမျိုးကိုတော့စဉ်းစားပြီးပြီ။ အထီးအမ တစ်စုံစီမွေးမယ်ဆိုရင် ခြောက်ကောင်မွေးရမယ်။ အဲဒါကလည်းမဖြစ်သေးဘူး။ ငါးကောင်ပဲမွေးချင်ပြီး အထီးအမတစ်စုံစီဖြစ်ချင်တာဆိုတော့ ခွေး အမျိုးအစား နှစ်မျိုးပဲမွေးရမလိုဖြစ်နေတယ်။ နောက်ဆုံး ခွေးကြောက်တဲ့ မိန်းမကပဲ မမွေးနဲ့ရှုပ်တယ်ဆိုမှပဲ အဲဒီ စိမံကိန်းလည်း gameover သွားမယ်။


My hobbies

ဒါတောင် ကံကောင်းထောက်မပြီး တံဆိပ်ခေါင်းစုတာဝါသနာမပါလို့။ နည်းနည်းလေးစလိုက်ပြီး ပျင်းသွားလို့ရပ်ထားလိုက်လို့ ၀ါသနာတစ်ခုနည်းသွားတယ်။

ကြံကြံဖန်ဖန်ဝါသနာတွေလည်းရှိသေးတယ်။ နာရီကို ဂဏန်းတူတာလေးတွေ စောင့်ကြည့်တာတို့။ အစဉ်လိုက်ဖြစ်နေတာကို သဘောကျတာတို့ရှိသေးတယ်။ Digital နာရီပတ်တုန်းကဆို 12:34:56ကို ကြည့်ပြီးမှ အိပ်တာတို့ဘာတို့။ အဲဒီတော့ တစ်နေ့တစ်နေ့ကို မရိုးရဘူး။ 5:55:55 ဆိုရင် သဘောကျတယ်။ 555 ကြော်ငြာရိုက်တဲ့သူတောင်မှ အဲဒီလို အိုင်ဒီယာကို ယူသေးတယ်ဆိုတော့ သူ့မှာလည်း အဲဒိလိုဝါသနာရှိပုံရတယ်လို့တွေးမိတယ်။

နောက်ပြီးပျောက်သွားတဲ့ဝါသနာတစ်ခုက ဓာတ်ဆီမီးခြစ်လေးတွေစုထားတာ။ အဲဒါလည်း တစ်နှစ်လောက်ဝါသနာပါလိုက်သေးတယ်။ လှည့်ပြီးဖွင့်ရတဲ့ ဘောပင်တွေစုထားတာ အချောင်း လေးဆယ်လောက်အရောက်မှာ စုထားတဲ့တစ်ဘူးလုံးပျောက်သွားပြီး ၀ါသနာကို စွန့်လိုက်ရဖူးသေးတယ်။

ငါးမွေးတုန်းကတော့ Fighter ကို အရောင်စုံအောင်စုရင်းစုရင်း ပုလင်း ငါးဆယ်ကျော်သွားဖူးတယ်။ နောက်တစ်ခေါက်ကြတော့ Red cap တွေ စုထားတာ။ အမောက်လှလှပပနဲ့ red cap မြင်ရင် အခုအထိကို ဝယ်ချင်တုန်း။ ငါးမွေးတဲ့ဝါသနာကတော့ ဒီကိုမလာခင်အထိမွေးတုန်းပဲ။ အခုတောင် ရန်ကုန်အိမ်က ရေချိုးကန်ထဲမှာ အော်စကာအဖြူအကြီးကြီးတစ်ကောင်ရှိသေးတယ်။

နောက်ပြီး ၀ါသနာမဟုတ်တဲ့ အကျင့်တွေလည်းရှိသေးတယ်။ ရယ်စရာတော့ကောင်းတယ်။ ဥပမာ သစ်သီးနဲ့လုပ်ထားတဲ့ ရှောက်သီးဆေးပြားလို စားစရာတွေ Watson မှာရောင်းလေ့ရှိတယ်။ အဲဒါမျိုးကိုဆို ဖွင့်လိုက်တာနဲ့ မကုန်မချင်းစားနေမိတယ်။ အစာအိမ်မကောင်းလို့ သိပ်များများမစားသင့်ဘူးဆိုတာသိပေမယ့် လစ်ရင်လစ်သလို စားနေမိတုန်းပဲ။ /Zနီးthe/ ကတော့ အဲဒါကို သဘောမကျဘူး။ ရှောက်သီးဆေးပြားကို ထမင်းလို မစားနဲ့လို့ မကြာခဏ အပြောခံထိတယ်။


I am sick and tired of traditional medicine powder. Of course, the same rule can be applied to the dangerous fish too.

နောက်တစ်ခုက မြန်မာဆေးအမှုန့်မသောက်နိုင်တာ။ အဲဒါလည်း ဘယ်လိုသင်သင်မတတ်ဘူး။ အရိုးပါတဲ့ငါးကိုစားရတာနဲ့ မြန်မာဆေးအမှုန့်သောက်ရတာဟာ ဒီဘဝမှာတော့ အခက်ဆုံးအလုပ်နှစ်ခုပဲ။ ဘယ်အချိန် စားစား၊ ဘယ်အချိန်သောက်သောက် ဒုက္ခရောက်တယ်။ သူကတော့ အဆင်ပြေပုံရတယ်။


Pumpkins are for Cinderella. But, not for us.

နောက်ထပ် အခုအထိ မစားတတ်တာက ရွှေဖရုံသီး။ ဘယ့်နှာကြီးမှန်းမသိဘူး။ အရသာကလည်း ချိုတွတွ။ ဒီတစ်ခုပဲ ဒို့နှစ်ယောက် တိုက်ဆိုင်တာ။ အဲဒီကနေ စပြီး သံယောဇဉ်ရှိသွားတာဖြစ်နိုင်တယ်။ (ဤ္မကားစကားချပ်တည်း။)


Roselle and Bamboo-shoots

ချဉ်ပေါင်နဲ့မျှစ်ချက်စားရင်တော့ အဆင်ပြေတယ်။ မိန်းမက မျှစ်ပဲစားတယ်။ ကျွန်တော်ကလည်း ချဉ်ပေါင်ပဲစားတယ်။ ဟင်းရည်ချက်စားရင်လည်း မိန်းမက ဟင်းရည်ထဲက အရွက်တွေပဲစားတယ်။ ကျွန်တော်က အရည်သောက်ဟင်းက အဖတ်နည်းနည်းမှမစားဘူး။


Slippers in need are slippers in deed.

ခြေထောက်တွေက အမြဲတမ်း အေးနေတဲ့အတွက် ဖိနပ်စီးထားရတယ်။ မဟုတ်ရင် ကြမ်းပြင်ပေါ်ခြေထောက်ချထားရင် ခြေထောက်တွေကိုက်ခဲတယ်။ (ခြေထောက်တွေကို ကိုက်တာ ခဲတာမဟုတ်ဘူး။ ခြေထောက်တွေကိုက ကိုက်ခဲတာ။) မိန်းမကတော့ ဖိနပ်စီးဖို့ တော်တော်ပြောရတယ်။ Angry Birds ဖိနပ်လည်း ဝယ်လာပြီး စီးတာမတွေ့သေးဘူး။


No more Lemon, please!

သင်းပျံ့တဲ့ရနံ့တွေကို သဘောကျပေမယ့် လီမွန်နံ့ကိုမကြိုက်ဘူး။ မိန်းမကတော့ လီမွန်မှ လီမွန်။


Aircon Vs Anti-Aircon

နောက်တစ်ခုမကြိုက်တာက Aircon။ ဆူညံသံကြောင့် တံခါးကိုပိတ်ပြီးအိပ်ရင်သာ အဲကွန်းကို နည်းနည်းလေးဖွင့်ထားရတာကလွဲရင် အဲကွန်းအေးတာကို နည်းနည်းမှမကြိုက်ဘူး။ မွေးရာပါ အဲကွန်းပါတဲ့လူမျိုးဖြစ်လို့။ နွေရာသီမှာတောင် စောင်လေးနဲ့အိပ်တယ်။ မိန်းမကတော့ တေဇောဓာတ်များတယ်။ တခါတလေ ရေနွေကြမ်းသောက်ရင်းပြန်အေးသွားရင် သူ့လက်နဲ့ထိလိုက်ရင် ပြန်ပူလာမလားထင်ရတယ်။ အရင်ဘဝက ဆဟားရားဘက်ကဖြစ်နိုင်တယ်။ အခုထက်ထိ အပူရှိန်တွေထွက်နေတုန်း။ အဲဒီတော့ သူက အဲကွန်းဆို အေးမှ၊ အရင်အိမ်မှာတော့ စောင်နှစ်ထပ်နဲ့အိပ်ရတယ်။ အခုတော့ အိုကေသွားပြီ။ သဘာဝအေးမြတဲ့ နေရာမှာပဲနေတော့တယ်။ (East Coast ကသဲပြင်မှာ)


We are fusspots

ဇီဇာကြောင်တယ်ပေါ့ဗျာ။ ကျွန်တော်က အိပ်ရင် တောင်အရပ်ကို ခေါင်းထားပြီး အိပ်ချင်တယ်။ ငယ်ကတည်းကပဲ။ ဘာလို့လည်းဆိုတော့ တောင်နဲ့မြောက်အိပ်ရင် လူရဲ့ သံလိုက်စက်ကွင်းက အားပြည့်လွယ်တယ်ဆိုလို့။ (ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ fame က ဆရာဝန်ပြောသွားတာပဲ။)ကျန်တဲ့လူတွေနဲ့ အလိုက်သင့်နေပေမယ့် မိန်းမနဲ့ကတော့ အမြဲတမ်း ညှိရခက်တယ်။ ဒီတစ်ခါနေတဲ့အခန်းက ကုတင်ကို ကျွန်တော်နေချင်သလိုထားလို့ရတယ်။ ဒါပေမယ့် သူက အရှေ့အနောက်ထားလိုက်ရင် နေရာပိုကျယ်မယ်ဆိုပြီးပြောတယ်။ အင်္ဂလိပ်အက္ခရာ L ပုံစံကျယ်တာက တကယ်တော့ အလကားပဲဆိုပြီး သူ့ရဲ့ စတုရန်း ဥပဒေသကိုပြောတယ်။ အဲဒီတော့ နှစ်ယောက်သား ငြင်းလို့မပြီးတော့ဘူး။ ဒါနဲ့ယောက္ခမဆီကိုဖုန်းဆက်ပြီး မြန်မာ့အယူအရတော့ အရှေ့(သို့) တောင်ဘက်ကို ခေါင်းထားကြတယ်။ ဒါပေမယ့် ကြမ်းနဲ့ ကန့်လန့်မဖြစ်တာပိုကောင်းတယ်ဆိုတော့ ကျွန်တော့်ရဲ့ တောင်ဘက် ခေါင်းထားရေးအယူအဆကပိုပြီး လျော်ကန်နေတယ်။ အဲဒီင်္တော့ သူက တောင်ဘက်ကိုခေါင်းထားရင် ကုတင်ကို အရှေ့ခြမ်းကိုပဲကပ်မယ်လို့ပြောတယ်။အဲဒါမှ ပိုကျယ်သလိုဖြစ်မယ်လို့ပြောတယ်။ ပိုကျယ်သွားရင်လည်း ကုတင်ခြေရင်းမှာ ၀ိုင်းကြီးပတ်ပတ်ဆော့မှာမှမဟုတ်တာဆိုလည်းမရဘူး။ အဲဒီတော့ နောက်ဆုံး တောင်ဘက်ခေါင်းထားပြီး အရှေ့ဘက်ကပ်ပြီး ကုတင်ကို ဆင်ခိုင်းလိုက်တယ်။ အဲဒီတော့မှ ပြဿနာက ကုတင်ကို ဖွင့်တဲ့အခြမ်းက နံရံနဲ့ကပ်နေတာ့ အဆင်မပြေဘူး။ ဒီတစ်ခေါက်မှာတော့ သူက အနောက်ဘက်ကို လုံးလုံးမထားနိုင်ဘူးဆိုတာနဲ့ ကြမ်းကန့်လန့်နဲ့ အရှေ့ဘက် ခေါင်းထားပြီး ဆင်လိုက်ရတယ်။ ကုတင်ဆင်တဲ့သူလည်း phone က သံလိုက်အိမ်မြောင် တကြည့်ကြည့်နဲ့ သူတို့ကို ဆင်ခိုင်းနေတဲ့ ကျွန်တော်တို့ကို ဖုန်းရွှေမာစတာတွေလို့ထင်သွားပုံရတယ်။

ဘုရားစင်ကို အရှေ့အရပ်တည့်တည့်ကျအောင် ၂၁ ဒီဂရီစောင်းဖို့ကိုကြတော့ သူမ ကလက်မခံပြန်ဘူး။


Symmetrical Vs Chaotic

/Zနီးသယ်/ နဲ့အဓိက ပြဿနာက သူက အင်မတန်မှ symmetrical ဖြစ်ချင်တာ။ အဲဒီတော့ ကျွန်တော်နဲ့အဆင်မပြေဘူး။ ကျွန်တော်က ခေါက်ချိုးညီနေတာတွေဆို သစ်ရွက်တွေမှာပဲ အဆင်ပြေတယ်လို့ထင်တယ်။ ပစ္စည်းသုံးခုကို တန်းစီလိုက်ရင် အကွာအဝေးအတူတူမှာထားလိုက်ရင် သူတို့မှာ rule တစ်ခု discipline တစ်ခု အောက်ကို ရောက်အောင်လုပ်လိုက်သလိုပဲ။ ဘာကိုသတိရလဲဆိုရင် ဗိုလ်လောင်းတွေ လမ်းလျှောက်သလို၊ ကုလားတွေ နှုတ်ခမ်းမွှေး တစ်ပုံစံတည်းထားသလို၊ ဆံပင်ကို ဘီးနဲ့ အကြောင်းလိုက်ဖော်ပြီး ဘယ်ဆံပင်နဲ့ ညာဆံပင် အချောင်းရေတွက်ပြီးခွဲထားသလိုကြီး။ အဲဒါဟာ သဘာဝမကျဘူးလို့ခံစားရတယ်။ သစ်ပင်တွေတောင် တစ်ပင်နဲ့တစ်ပင်ပုံစံမတူဘူး။ အကိုင်းထွက်တာ၊ မြင့်မားတာတွေ မတူဘူး။ ကမ္ဘာကြီးကို တည်ဆောက်ထားတာကိုက အတိအကျကြီးမဟုတ်ဘူး။ အဆင်ပြေသလိုလေးတွေပဲ။ ဘုရားပန်းအိုးမှာဆိုရင်လည်း /Zနီးသယ်/ က ရောထွေးပြီး ဘယ်တော့မှမထိုးဘူး။ ဂန္ဓာမာပန်းသည် နှင်းဆီပန်းနဲ့ ရောထိုးစရာမဟုတ်ဘူးလို့ သူက ယူဆတယ်။ ကျွန်တော့်ကို ဘုရားပန်းဝယ်ခိုင်းလို့ကတော့ စိတ်ထဲပေါ်တဲ့အရောင်တွေ သုံးလေးငါးမျိုးဝယ်ဖြစ်တယ်။ သိပ်ပြီးတော့ စည်းစနစ်ထဲမှာ မြင်ရတဲ့ အရောင်တွေ ပုံသဏ္ဍာန်တွေကို မကြိုက်ဘူး။ သဘာဆန်ဆန်လေးပဲကြိုက်တယ်။


Iron Man Vs Iron Lady

မီးပူတိုက်ရင် ကျွန်တော်က ခါးလောက်အထိပဲတိုက်တယ်။ ပျင်းလို့။ ဘောင်းဘီထဲ ထည့်ဝတ်မယ့်အပိုင်းကို တိုက်စရာမလိုဘူးလို့ယူဆတယ်။ အဲဒါကိုလည်း /Zနီးသယ်/ ကသဘောမတူဘူး။ အဲဒီလိုမျိုးတွေလည်းအများကြီးပဲမတူဘူး။


I want to make my blanket fly

စောင်ကိုခေါက်ရင် standard ခေါက်ရိုးကနေလွဲချော်ပြီး သေးသေးလေးခေါက်ထားရင် သူ့ဘာသာသူပြန်ခေါက်တယ်။ ကျွန်တော်ကတော့ဖြစ်နိုင်ရင် စောင်ကိုတောင် မိုးပျံပူဖောင်း နှစ်လုံးမှာ ကလစ်နဲ့ညှပ်ပြီး အခန်းထဲမှာ လှမ်းချင်တာ။ ခေါက်ရတာ သိပ်ပျင်းဖို့ကောင်းတယ်။ same old thing ကို ထပ်တလဲလဲကြော့နေရတာ။ အဲဒါတွေကြောင့်လည်း ကမ္ဘာကြီးဟာ ပျင်းစရာကောင်းသထက်ကောင်းလာတာ။


Why buildings are the same lame design, the awful right angels in every corners?

ဟိုတစ်နေ့က အိမ်ပြန်ရင်း တိုက်တွေကို ဘာလို့ လေးထောင့်တုံးကြီးတွေပဲလုပ်ထားတာလဲစဉ်းစားဖြစ်တယ်။ မာရီယိုထဲက မှိုပွင့်လိုမျိုး၊ မီးရထားခေါင်းတွဲပုံစံမျိုးတွေ ဘာလို့မဆောက်ကြတာလဲ။ အဲဒါတွေကို ကလေးဆန်တယ်ထင်လို့လား။ အကုန်လုံးကို ဒီအတိုင်းဆောက်မယ်ဆိုတဲ့ architect ဟာ နည်းနည်းမှ creative မဖြစ်တဲ့သူဖြစ်မယ်။ အဲဒီလိုလူတွေများလာရင် သီအိုရီတွေ၊ ဖွင့်ဆိုချက်တွေမှာ တိုက်တွေဟာ လေးထောင့်ရှိရပြီး အခန်းတွေဟာ စတုဂံပုံကျယ်ဝန်းရမယ်ဆိုတာမျိုးတွေတောင်ဖြစ်လာမယ်။


Though we have right to choose

ပုဆိုးကိုပဲကြည့်။ ပုဆိုးမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဝတ်မယ်ဆိုရင် ပုဆိုးထဲင်လိုက်လို့လည်းရတယ်။ ကိုယ်က ပုဆိုးထဲကို နင်းပြီး င်လိုက်တာ။ နောက်တစ်ခုက ခေါင်းက စွပ်ချလိုက်တာ။ သတိထားကြည့်ရင် ပုဆိုးတ်တာမှာကို တမျိုးတည်း၊ တ်နေကြအတိုင်းပဲ တ်နေကြရင် အတော်လေးပျင်းစရာကောင်းတယ်။


The order in Chaos

chaos ထဲမှာ ရှိတဲ့ order ကို သဘောကျတယ်။ အန်စာတုံးခေါက်တာဟာ random number ကျတယ်ဆိုပေမယ့် တစ်ချိန်မှာ သူ့ရဲ့ order ရှိလာတဲ့အထိ ခေါက်ရင် သူဟာ random မဟုတ်တော့ဘူး။ ခဏလေး နေရတဲ့အခါ ဘဝဟာ ဖြစ်ချင်သလိုဖြစ်နေတယ်ထင်ရပေမယ့် သံသရာကိုပါ ထည့်ပြီး စဉ်းစားကြည့်ရင်တော့ သူ့မှာလည်း order ရှိတယ်ဆိုတာတွေ့နိုင်တယ်။


Anyway,

We are husband and wife. Sigh (oops) Cheers !!!!

With Peace,

The gardener in Friday mood. I start feeling 2day is Friday :). 2morrow will be Frida-ier.



Peace B with U.

Wednesday, September 7, 2011

အတွေးများ

အတွေးများ


ကဗျာတစ်ပုဒ်ကို သတိရတယ်။ လူဖြစ်ရတာကောင်းတယ်။ နေမျိုးရေးတာပါ။ ပထမပိုဒ်လေးကိုပဲရွတ်ကြည့်မိတယ်။

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်


မနေ့က ရုံးမှာ Toilet ၀င်ရင်း သန့်ရှင်းရေး အလုပ်သမားတစ်ယောက် အိမ်သာကြွေခွက်ကို ပယ်ပယ်နယ်နယ်တိုက်ချွတ်နေတာတွေ့တယ်။ ၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးကို ကြမ်းပြင်ပေါ်မှာထိုင်ချရင်း အိမ်သာဆေးနေတာ။ သူ့ကို ကြည့်လိုက်တော့ သာမန်ဉာဏ်ရည် ပြည့်မီသူမျိုးမဟုတ်ဘူး။

အဲဒီတော့ တွေးမိတယ်။ သူ့ကို ဒီလိုအလုပ်တွေ ခိုင်းတာဟာသင့်တော်ရဲ့လားဆိုတာကိုတွေးဖြစ်တယ်။ အရင်တုန်းက နေခဲ့ဖူးတဲ့ အိမ်တစ်အိမ်က အိမ်ရှင် အန်တီက အဲဒီလှိုSpecial needs လိုနေတဲ့ကလေးတွေကို လေ့ကျင့်ပေးတဲ့ကျောင်းမှာ လုပ်တဲ့အတွက် ဒါကိုလည်း နည်းနည်းမေးကြည့်ဖူးတယ်။ စင်ကာပူဟာ နိုင်ငံသေးပေမယ့် Special Needs လိုတဲ့ကလေးတွေကြတော့မနည်းလှဘူး။ အဲဒီလို လေ့ကျင့်တဲ့ကျောင်းတွေမှာ ဘာကို လေ့ကျင့်ပေးလဲဆိုတော့ သူ့ဘာသာသူ ရပ်တည်တတ်အောင်၊ သူလုပ်နိုင်တာတစ်ခုခုသင်ပေးတာမျိုးတွေလေ့ကျင့်သင်ကြားပေးရတယ်။ တစ်ချို့လည်းလုံးဝမတတ်ဘူး။ တစ်ချို့လည်း တတ်မြောက်လာတယ်။ အဲဒိလိုလူတွေကို ဟော့ကာစင်န်တာတွေနဲ့ သန့်ရှင်းရေး လုပ်သားတွေမှာတွေ့ရတတ်တယ်။ အဲဒီလောက်လုပ်နိုင်ပြီဆိုရင်ကို သူတို့ဟာ လေ့ကျင့်ရေးကျောင်းတွေရဲ့ အောင်မြင်မှုဖြစ်နေပြီ။ သူတို့ဟာ ၀န်ထုပ်ဝန်ပိုးမဟုတ်တော့ဘူး။ သိပ်အများကြီးမသိပေမယ့်၊ သူ့ဘာသာသူ ရပ်တည် အသက်မွေးနိုင်ပြီလို့ဆိုနိုင်တယ်။

အိမ်သာဆေးတဲ့အလုပ်ကိုပဲကြည့်။ သာမန်လူတစ်ယောက်သာဆို သူ့ထက် ပိုပြီး smart ကျတဲ့နည်းနဲ့ သက်သက်သာသာဆေးနိုင်မယ်။ သူ့အတွက်တော့ မခက်ခဲပေမယ့် မသက်သာလှဘူး။ လူ့အဖွဲ့အစည်းဟာ Special Needs လိုနေတဲ့သူတွေကို အိမ်သာဆေးခိုင်းနေတာကို မတရားဘူးလို့ခံစားရတယ်။ သူလုပ်နိုင်သလောက် သာမန် ကိစ္စတွေပဲခိုင်းသင့်တယ်လို့ထင်တယ်။ သန့်ရှင်းရေးဆိုလည်း သူလုပ်နိုင်လောက်တဲ့ mop တိုက်တာ အမှိုက်သိမ်းတာလောက်ဆို တော်ရောပေါ့။ ကျန်တာတွေကို ပိုပြီးလုပ်နိုင်တဲ့သူတွေနဲ့တွဲလုပ်ခိုင်းလည်းရလောက်ပါတယ်။ အခုဟာက ဘာနဲ့တူသလဲဆိုရင် သိပ်မသိတဲ့ ကလေးတွေကို လူကြီးတွေက ညာခိုင်းနေသလိုဖြစ်နေတယ်လို့ပဲခံစားရတယ်။

စင်ကာပူဟာ နိုင်ငံဟာ စီးပွားရေးအရ အောင်မြင်ပေမယ့် လူတွေ စိတ်ချမ်းသာဖို့နဲ့ လိုအပ်ချက်ရှိနေတဲ့လူတွေကို ဖေးမကူညီဖို့တွေမှာ တော်တော်လေးအားနည်းပါသေးတယ်။

မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ လူကြီးတွေဘ၀ဟာလည်း အထီးကျန်လွန်းတယ်။ ဘေးအိမ်ကလူ ဘယ်သူမှန်းမသိကြတဲ့ နေရာမျိုးမှာ ကြီးပြင်းလာမယ့် ကလေးတွေရဲ့အတွေးအခေါ်နဲ့ အပြုအမူတွေကလည်း ကျွန်တော်တို့ငယ်တုန်းကလို တစ်ရပ်ကွက်လုံးနဲ့သိတဲ့ လူနေမှုပုံစံမှာ ကြီးပြင်းလာတဲ့သူနဲ့ကွာခြားမှာအမှန်ပဲ။

အခုကိစ္စဟာ အိမ်သာဆေးတဲ့ လူတစ်ယောက်အကြောင်းလည်း ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အပေါ် တာဝန်ယူမှု အကြောင်းလည်းဖြစ်တယ်။ အသေးအဖွဲကိစ္စလို့သတ်မှတ်လို့ရသလို၊ နိုင်ငံရဲ့ မပြည့်ဝမှုသာဓကလည်းဖြစ်တယ်။ စင်ကာပူဟာ ငွေရေးကြေးရေးအရ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှုကို ရောထွေးနေသေးတဲ့ နိုင်ငံငယ်လေးတစ်ခုပဲဆိုတာ ကြာလေ သဘောပေါက်လေ ဖြစ်နေမိတယ်။

နိုင်ငံသားတွေ အေးအေးချမ်းချမ်းနေနိုင်ပြီး စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်ရင်း ပျော်ပျော်ရွှင်ရွှင် အသက်အရွယ်ကြီးရင့်လာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့အတွက်တော့ စင်ကာပူဟာ အများကြီးသင်ယူစရာရှိပါသေးတယ်။ ငွေကြေးနဲ့ဝယ်လို့မရတဲ့ စိတ်ချမ်းသာမှု ဆိုတာကို သူတို့သဘောပေါက်လာတဲ့တစ်နေ့မှာ ပရဟိတ လုပ်ငန်းတွေ ဒီထက် အားကောင်းလာပြီး ပိုပြီးနေပျော်တဲ့ နိုင်ငံဖြစ်လာမယ်လို့မျှော်လင့်ရပါတယ်။

ကဗျာလေးရဲ့ နောက်ဆုံးပိုင်းကိုရွက်ရရင်

လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

လူဖြစ်ရတာကောင်းပါတယ်။ ၀ံပုလွေသံဝေဂနဲ့ လူဖြစ်ရတာ ကောင်းနေတာမျိုးကြတော့မကောင်းဘူး။ လူသားအစစ်ဟာ လူ့တန်ဖိုးအစစ်ကို အသိအမှတ်ပြုပြီး လူကိုလူလို့မြင်ဖို့လိုပါတယ်။ လူဆိုတာ company အတွက်ထွင်ထားတဲ့ စက်ရုပ်မဟုတ်သလို၊ အခွန်ထမ်း အစေခံတွေလည်းမဟုတ်ပါဘူး။ လူအချင်းချင်း ဖျံကျတဲ့ ကိုယ်ချင်းမစာနာတတ်သူတွေလည်းမဖြစ်ရပါဘူး။ လူသားအစစ်ဟာ လူသားဆန်ပါတယ်။ နေရောင်ခြည်ကို လိုလားပါတယ်။ နေမ၀င်ခင် အိမ်ပြန်ချင်ပါတယ်။ မိသားစုဘ၀ကို ပျော်ရွှင်ပါတယ်။ ကိုယ်ပိုင်ဘ၀မှာနေထိုင်လိုပါတယ်။ လူသားအစစ်ဟာ အပြုံးအစစ်ကိုပြုံးပါတယ်။ တစ်ယောက်ယောက်ကို ကြည့်ရင် လှေကားထစ်လို့မမြင်ပါဘူး။ လူသား မိတ်ဆွေတစ်ယောက်လို့ပဲမြင်တယ်။ လူသားအစစ်ဟာ ပရဟိတကို တန်ဖိုးထားပါတယ်။ လူသားအစစ်ဟာ ကလေးတွေရဲ့ ငိုကြွေးသံတွေနဲ့ လူကြီးတွေရဲ့ ရှိုက်သံကိုကြားပါတယ်။ လူသားအစစ်ဟာ ငွေကြေးအကြောင်းကို မေ့ထားလိုက်နိုင်တယ်။ (စကားပြောတိုင်း ငွေအကြောင်းမပါဘူး) လူသားအစစ်ဟာ ဘ၀ကို နေသွားပါတယ်။ (ဘ၀ကို မေ့လျော့ပြီး မျောပါမသွားဘူး။) လူသားအစစ်မှာ ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။ ဘ၀မှာအောင်မြင်မှုကို စိတ်ချမ်းသာမှုနဲ့ တိုင်းတာတဲ့ခေတ်တစ်ခေတ်ရောက်တဲ့အခါ လူသားအစစ်တွေဟာ ဘ၀မှာ အောင်မြင်သူတွေ ဖြစ်လာကြလိမ့်မယ်။ ။


Regards,
The Gardener

Notes
လောလောဆယ်တော့ စင်ကာပူမှာ သစ်ပင်ခုတ်ပြိုင်ပွဲလုပ်နေသလားထင်ရလောက်အောင် ခုတ်တယ်ခင်ဗျ၊ ခုတ်တယ်ခင်ဗျ ... ခုတ်နေပါတယ်ခင်ဗျာ။



Peace B with U.

Tuesday, June 21, 2011

ခုတလောနဲ့ မကြာမတင်နေ့များ။

ခုတလောနဲ့ မကြာမတင်နေ့များ။


ခုတလော ရာသီဥတုမကောင်းသလို၊ ကျန်းမာရေးလည်းမကောင်းဘူး။
အစာအိမ်ကမကောင်းသလို၊ အစာအိမ်ကောင်းလာတော့ ခေါင်းပြန်ကိုက်လာတယ်။ ခေါင်းကိုက်ပျောက်ရင် ဘာရောဂါထပ်ရလာဦးမလဲတောင်လန့်နေရတယ်။

PC show

မှတ်မှတ်ရရ ဒီတစ်ခေါက်အိုင်တီရှိုးမှာ ဘာမှမ၀ယ်ဘဲနေနိုင်လို့ အတော်လေးဝမ်းသာရတယ်။ နေ့လည်ထမင်းစားချိန်မှာ ရုံးကနေ Suntec ကိုသွားကြည့်လိုက်သေးတယ်။ သူငယ်ချင်းတစ်ယောက် broadband လျှောက်တာလိုက်ကူရင်း Starhub မှာလူစည်ကားနေတာတွေ့ရတယ်။ အပြန် ရေပန်းနားက မူတူးဆိုတဲ့ကုလားဆိုင်မှာ စားရင်း ez link ကဒ်ကျန်ခဲ့တာမသိလိုက်ဘူး။ ez link ကဒ်က တစ်လကို ၁၀၀ ၀န်းကျင်ကုန်တတ်တဲ့အတွက် မပျောက်ခင်နှစ်ရက်လောက်ကမှ ၅၀ ထည့်ထားသေးတယ်။ ပျောက်သွားတော့ ကဒ်အသစ်ပြန်ဝယ်ပြီး ရုံးပြန်လာလိုက်ရတယ်။ ပုံမှန်လည်းမကြာမကြာပျောက်တတ်လို့ ကျောပိုးအိတ်ထဲမှာ ကဒ်အပို တစ်ကဒ်၊ နှစ်ကဒ် အမြဲထည့်ထားရတယ်။ အခုပျောက်တာက အမြဲသုံးနေကြ ကဒ်မို့လို့ပိုက်ဆံအတော်များများပါသွားတယ်။ ကဒ်ကလည်း စတစ်ကာ တွေဟိုဘက်ဒီဘက် လှလှပပကပ်ထားတော့ အတော်လေးနှမြောတယ်။ ပြန်လာရင်းမှ ဆိုင်မှာကျန်ခဲ့လားမသိဘူးဆိုပြီး ပိုက်ဆံရှင်းခဲ့တဲ့သူငယ်ချင်းဆီက receipt မှာပါတဲ့ ဖုန်းနံပါတ်ပြန်တောင်းပြီးဆက်ကြည့်လိုက်တယ်။ ကံများကောင်းချင်တော့ သူတို့သိမ်းထားတယ်လို့ပြောတယ်။ စတေကာတွေကပ်ထားတဲ့အကျိုးပေးချင်တော့ ကဒ်မှာပါတဲ့ စာသားတွေရွတ်ပြလိုက်တော့ ကိုယ့်ကဒ်ဆိုတာလည်း သေချာသွားတယ်။ မပျောက်ချင်ရင် အဲဒီလို ကပ်သီးကပ်သပ်ပြန်ရလာတတ်တယ်ဆိုတာပြောချင်တာပါ။ ဘာပဲဖြစ်ဖြစ် လက်မလျှော့ပါနဲ့။ တတ်နိုင်သမျှတော့ ကိုယ့်ပစ္စည်းကိုယ် ပြန်ရဖို့ကြိုးစားသင့်တယ်။

Ubuntu

ပြီးခဲ့တဲ့အပတ်က အိမ်က ပီစီကို ဖုန်ခါရင်း Ubuntu လေးဘာလေးပြန်သွင်းတာ Motherboard ကြွချင်ချင်ဖြစ်သွားတယ်။
ဘယ်ကတည်းက ကြွချင်နေတဲ့ Motherboard မှန်းမသိဘူး။ Ubuntu နာမည်ပျက်ဖို့ဖြစ်တာပဲ။

The Excellent creation

ပျင်းတဲ့အခါ Bedok MRT နားက ဈေးထဲလျှောက်သွားရင်း လျှောက်ဝယ်တတ်တယ်။ ကြက်သွန်ဖြူညှစ်တဲ့ ကိရိယာတွေ့လို့ အတော်ဝမ်းသာပြီးဝယ်သွားလိုက်တယ်။ စ လုံးအိမ်မှာ နေရတာ နေရာတကာအားနာနေရတယ်။ ညှော်မလား။ ထုထောင်းရင် ဆူညံသွားမလား။ စသဖြင့်တွေ။ များသောအားဖြင့် ဆီပြန်ဟင်းချက်တာကို ကန့်ကွက်တာကိုလည်း နားလည်မိတယ်။ ဆီငွေ့တွေပြန်သုတ်ရတာလည်းမသက်သာဖူးကိုး။ အိမ်ရှင်က သူ့ဘာသာသူ သန့်ရှင်းရေးလုပ်တယ်။ မီးဖိုနဲ့ ဘေစင်ကိုတော့ ကိုယ့်ဘာသာကိုယ်သန့်ရှင်းရေးလုပ်တယ်။ အခုတော့ ကြက်သွန်ဖြူတို့ ဂျင်းတို့ကို ညှစ်တယ်။ မထောင်းတော့ဘူး။ အဲဒီကိရိယာတီထွင်တဲ့သူကို Nobel ဆုပေးဖို့ နာမည်စာရင်းတင်သွင်းချင်တယ်။

Married Life Syndrome

စနေနေ့မျိုးတွေမှာ အဲဒီလို ရောက်တတ်ရာရာတွေ လျှောက်ဝယ်ရတာပျော်တယ်။ Happy Feet ကားထဲက Mumble အရုပ်ကို Bedok Point အောက်က အရုပ်ဆိုင်မှာတွေ့တာနဲ့ မိန်းမအတွက် ၀ယ်လာခဲ့တယ်။ လန်ကာဝီက Under water world မှာ ၂၀၀ RM ဆိုပြီး ဈေးတင်ပြီးရောင်းလို့ မ၀ယ်ခဲ့တဲ့အရုပ်ပဲ။ စင်ကာပူမှာ ၃၉ SGD ပဲရှိတယ်။ (နောက်မှပဲ အိမ်က အရုပ်တွေအကြောင်းပို့စ်တစ်ခုရေးမယ်။) အိမ်ထောင်ပြုလိုက်တဲ့အခါမှာ စကားပြောဖော်တစ်ယောက်ရတယ်။ ကာတွန်းကားအကြောင်းပြောရင် သူမကြည့်ဖူးတာများတယ်။ အဲဒီတော့ သူ့ကို ကာတွန်းကားတွေပြန်ပြရင်း revision ပြန်ရတယ်။ Pirates of the Caribbean ရှေ့သုံးကားလည်းပြန်ပြလိုက်တယ်။ ကျွန်တော့်သဘောကတော့ ကြည့်ရင် အစအဆုံးကြည့်စေချင်တယ်။ ကိုယ်က ၀မ်းသာအားရကြီးပြန်ပြောနေတုန်း ကြည့်ဖူးလားဆိုမှ ဟင့်အင်းဆိုရင် ခံစားရခက်တယ်။ အပြန်အလှန်အားဖြင့် ကျွန်တော်လည်း တစ်သက်နဲ့တစ်ကိုယ်မကြည့်လာတဲ့ မြန်မာကားတွေဘာတွေပြန်ကြည့်နေရတယ်။ မြန်မာကားတွေက ဘယ်လိုပြောရမလဲ။ မင်းသား၊မင်းသမီးနဲ့ အရံတွေကြားမှာ သရုပ်ဆောင်ပညာ ကွာဟလွန်းနေတာ၊ ဇာတ်လမ်းက ရယ်စရာကို သရုပ်ဆောင်မပီပြင်တော့သိပ်မရယ်ရတော့တာမျိုးတွေဖြစ်တယ်လို့မြင်တယ်။

Challenger Review

Bedok Point က Challenger မှာ အိမ်ဖုန်းတစ်လုံးဝယ်ဖို့ နာရီဝက်လောက်စာဖတ်လိုက်ရတယ်။ ပစ္စည်းတစ်ခုဝယ်ခါနီးရင် သူ့မှာပါတဲ့ functions, pros and cons တွေဖတ်ရတာ အတော်လေးဝါသနာပါတယ်။ ၀ယ်မယ့်ပစ္စည်းဆိုရင် မ၀ယ်ခင် သုံးလေးခါသွားကြည့်ဖြစ်တာများတယ်။ ဈေးကြောင့်မဟုတ်ဘူး။ ၀ယ်ပြီးရင် မကြိုက်မှာကို အတော်လေး စိုးရိမ်တတ်တယ်။ ၀ယ်ပြီးမကြိုက်လို့မသုံးရင် ဖြုန်းတီးရာရောက်တယ်လို့ထင်တယ်။ တကယ်လို့ ကိုယ်မလိုတာတစ်ခုခုရရင်လည်း လိုမယ့်သူပေးလိုက်တယ်။ ကိုယ့်မှာ မလိုဘဲ အပိုကြီးဖြစ်နေတာဘာမှမထားဘူး။ Philips ဖုန်းလေးတွေကမဆိုးဘူး။ ဒါတောင် မော်ဒယ်နည်းနည်းနိမ့်တာကို ၂၀ သက်သာလို့ယူလိုက်တာ နည်းနည်းလေး processing လုပ်တာနှေးနေတယ်။ ဥပမာ နံပါတ်ကို အမြန်ရိုက်ရင် သူက ခဏနားပြီးမှ နံပါတ်တွေပေါ်လာတယ်။ ဖုန်းအတွက် ဓာတ်ခဲကို alkaline တွေဝယ်ဖို့လုပ်နေလို့ ရောင်းတဲ့လူက မလိုဘူး၊ ပါပြီးသား။ ဓာတ်ခဲကလည်း alkaline မသုံးရဘူးဆိုမှ ပြန်ထားခဲ့ဖြစ်တယ်။ ဈေးဝယ်ရင်လည်း အရောင်းစာရေးတွေက ပြုံးပြုံးရွှင်ရွှင်ဆို စကားလေးဘာလေးပြောဖြစ်တယ်။ တစ်ချို့လည်းအတော်လေးကူညီကြပါတယ်။

Challenger က Member ၀င်ထားမှ အပြင်ကဈေးလောက်နဲ့ရတယ်။ :)။ ကောင်းတာတစ်ခုက Learning CD တွေတစ်ခါတစ်လေ တစ်ဝက်ဈေးနဲ့ Member တွေကိုရောင်းတယ်။ Funan ကဆိုင်မှာတော့ တစ်ချို့ကောင်တာတွေကလူတွေက သိပ်မပြေပြစ်ဘူး။ သည်းခံရတယ်။ သူတို့ အချိုးမပြေတိုင်း ဒေါသလိုက်ထွက်နေရရင် ကိုယ်ပဲအသက်တိုလိမ့်မယ်။

Cards

စင်ကာပူမှာ ကဒ်လှလှလေးတွေတော်တော်ဈေးကြီးတယ်ဗျ။ သူငယ်ချင်းမွေးနေ့အတွက် ကဒ်သွားဝယ်ရင်း Sorry Card တွေ၊ Thank You cards တွေဝယ်ထားဖို့ကြည့်တာ 8SGD ကနေ 15 SGD လောက်အထိတန်တဲ့ ကဒ်တွေပဲတွေ့တယ်။ ဈေးကြီးတယ်။ ခဏခဏ sorry တွေ thank you တွေမလုပ်နိုင်တော့ဘူး။ (E-card ပဲပို့ဖို့စဉ်းစားတော့မယ်။) ဈေးပေါတာတွေကြတော့ မလှဘူး။ ဖြစ်သလိုလုပ်ထားတယ်။ ၀က်ဝံပုံဆွဲရင် ဗိုက်ကပိန်နေတယ်။ ဖယောင်းတိုင်ပုံဆို စောင်းငန်းငန်းဖြစ်နေတယ်။ ရေးရမယ့်စာရွက်က ပြုတ်ထွက်နေတယ်။ အဲဒါတောင် 2 SGD။ အရင်ရုံးက Senior ရဲ့ မိန်းမက အဲဒီလိုကဒ်တွေကို လက်နဲ့ဆွဲတဲ့ လုပ်ငန်းလုပ်တယ်။ တစ်ကဒ်ကို ၂၀ လောက်ရှိတယ်။ သူရောအောင်မြင်လားမသိဘူး။ နောက်မှပဲမေးကြည့်ရဦးမယ်။ ကဒ်လှလှပပလေးတွေကို Hallmark မှာရတတ်တယ်။ Du Yi bookshop မှာလည်းရှိတယ်။ ငယ်သူငယ်ချင်းတစ်ယောက်ကတော့ ဈေးကြီးပြီး သေးသေးကွေးကွေးလေးတွေကို လက်ဆောင်ပေးရတာသဘောကျတယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ဈေးကြီးကြီးသေးသေးကွေးကွေးလက်ဆောင်လေးတွေရတာ သဘောကျတယ်။


Noise Pollution and Stressful S'pore lifestyle

ဘေးနားကအိမ်မှာ သူငယ်ပြန်သလိုဖြစ်နေတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်။ ညဆိုတော်တော်နဲ့မအိပ်သလို၊ မနက်ကြတော့ ၅ နာရီလောက်နိုးတယ်။ သူ့ဘာသာသူနေတာ အကြောင်းမဟုတ်ပေမယ့် နိုးနေတဲ့အခါ အော်ကြီးဟစ်ကျယ်ပြောနေတတ်တယ်။ အဲဒီတော့ Noise pollution ဖြစ်တယ်။ ကျွန်တော်ကတော့ သူဘာပဲပြောနေပြောနေ အိပ်နေရင် ဘာမှသိတာမဟုတ်ဘူး။ မိန်းမကတော့ ဆူညံသံနဲ့ အိပ်မရတဲ့အမျိုးဆိုတော့ အိပ်ရေးပျက်တယ်။ အိမ်ရှေ့မှာ ဈေးရှိတာ ကောင်းပေမယ့် ညဘက်ဆို သန့်ရှင်းရေးလုပ်တော့ အသံမတိတ်ဘူး။ ည ၁ နာရီလောက်မှ မြန်မာသီချင်းထဖွင့်တဲ့ အပေါ်ထပ်တစ်နေရာက မြန်မာတွေကိုလည်း ဘယ်သူမှမတိုင်ကြသေးဘူး။

စင်ကာပူမှာ ကောင်းကောင်းမွန်မွန်အိပ်လို့ရတဲ့အိမ်ရှာတွေ့ဖို့ဆိုတာ တကယ်တော့မလွယ်ဘူး။ တရားအရှာထွက်ရင် ဆရာမှားနဲ့တွေ့ကြသလို ဘယ်နေရာမှာနေနေ ဆူညံသံတစ်မျိုးမျိုးကြုံလေ့ရှိတယ်။ အဲဒါ သုံးနှစ်အတွင်း အိမ်ခြောက်အိမ်ပြောင်းဖူးတဲ့ ကျွန်တော့်အတွေ့အကြုံအရပဲ။

မလေးရှားမှာတော့ အတော်လေး အသံတိတ်တယ်။ အဲဒီလိုထင်တယ်။ ဒီနှစ်မှာ မလေးရှားကို သုံးခေါက်သွားတယ်။ မြန်မာပြည်ကို တစ်ခေါက်ပြန်တယ်။ နိုဝင်ဘာမှာတစ်ခေါက်ထပ်ပြန်ဖြစ်မယ်။ စင်ကာပူအပြင်ရောက်သွားတာနဲ့ ဘ၀ကြီးက ပိုပြီး အေးချမ်းသာယာသွားတယ်။ ဒါတောင် အလုပ်က အခုလို ပို့စ်လေးရေး၊ မျက်နှာထသစ်၊ အအေးသောက်၊ အပေါ့သွားနဲ့သက်သက်သာသာလုပ်ရတဲ့အလုပ်။ ဒါပေမယ့် ပတ်ဝန်းကျင်က စိတ်ပူလက်ပူပတ်ဝန်းကျင်။ ပြဿနာတွေက ရောက်လာရင် ပြူးတူးပြာတာတွေ။ အခုပဲ သေတော့မလို၊ ဒီ Error ကို ဒီနေ့မရှင်းရင် CEO ပဲအလုပ်ပြုတ်တော့မလိုလိုတွေ၊ over တွေသိပ်များတယ်။ သူတို့ရဲ့ အပူက လာလာဟပ်တယ်။ မနေ့ကလည်း ပြဿနာလေးတစ်ခုကို ရှိသမျှလူတွေဆီလိုက်ပို့နေတဲ့ user ကို Please don't make a false alarm. ဆိုပြီး ပြောလိုက်တယ်။

Exchange Rate

အခုတလော မြန်မာပြည်ကို ပိုက်ဆံပို့ရတာမကိုက်တော့ဘူးလို့ ဈမျဉ်းဇွဲ (ဇကွဲနားနီးတော့ ဈ လို့ခေါ်ရတယ်။) ကပြောတယ်။ အားလုံးမကိုက်တာတော့လည်းမတတ်နိုင်ဘူး။ ကံပဲ။ ကံသာအမိ၊အဖဆိုပြီး ကံကိုပဲလွှဲချလိုက်တယ်။ ဒေါ်လာဈေးတွေဒီလောက်ကျသွားတာတောင် မြန်မာပြည်က ကုန်ဈေးနှုန်းက တင်းခံနိုင်တာကို အံ့သြမိတယ်။ ဒီက ပိုက်ဆံပို့နေရတဲ့သူတွေသာ ကုန်ဈေးနှုန်းလို တင်းခံနေနိုင်ရင် ကောင်းမှာ။ ကျွန်တော်တို့လာခါနီးတုန်းက ၈၀၀-၉၀၀ ကြားမှာခပ်တည်တည်ကြီး ဈေးမြင့်နေတဲ့ ငွေကြေးက အခုလို ၆၀၀ ၀န်းကျင်မှာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတာ သံဝေဂရမယ်ဆိုရင်ရစရာကောင်းတယ်။

Reading and Thinking About

အခု ဦးရွှေအောင်ရဲ့ ကုသိုလ်နှင့်အကုသိုလ်စာအုပ်ဖတ်နေတယ်။ ပင်နီဆူလာက ၅ ကျပ်နဲ့ဝယ်လာတာ။ တစ်လကို သုံးလေးအုပ်တော့ ပုံမှန်ဝယ်ဖြစ်တယ်။ ဘာမဆို စိတ်ဝင်စားတတ်တဲ့အတွက် စာဖတ်နေရရင် စိတ်ချမ်းသာတယ်။ အခုလို စာရေးနေရတာတောင် စာဖတ်နေရတာလောက် အရသာမရှိဘူး။ မြန်မာလူမျိုးတွေက မဟုတ်တဲ့နေရာမှာ ကပ်စေးအနည်းဆုံးလူမျိုးလို့ဆိုရမယ်။ နောက်ဆို စာအုပ်တွေကို အရည်ကျိုသောက်ရင် ဘီယာဖြစ်တဲ့စာရွက်တွေနဲ့ရိုက်ဖို့ကြိုးစားသင့်တယ်။ ဒါဆို စာအုပ်တွေလည်း ရောင်းကောင်းလာနိုင်တယ်။ ငယ်တုန်းက သိပ်မကြိုက်တဲ့စာအုပ်တွေတောင် ကြီးလာတော့ အရသာရှိလာတယ်။ အသက်ကြီးလာတာဟာ အတော်လေးကို နှစ်လိုစရာကောင်းတဲ့အရာပါပဲ။

စာအုပ်တစ်အုပ်ကို ၁၀ လောက်ပေးရတယ်ပဲထားလိုက်။ တစ်လကို အနည်းဆုံး ၁၈၀၀ လောက်ရတဲ့လူတစ်ယောက် စာအုပ်တစ်အုပ်ဝယ်တယ်ဆိုတာ ၀င်ငွေရဲ့ ၁၈၀ ပုံတစ်ပုံကို သုံးတာပဲရှိသေးတယ်။ ဒါပေမယ့် မ၀ယ်ဖြစ်ဘူး။ မ၀ယ်ဖြစ်တဲ့သူတွေများလာတော့ စာအုပ်ရောင်းတဲ့သူတွေလည်းမရှိတော့ဘူးဖြစ်လာတယ်။ ဖတ်ချင်တဲ့စာအုပ်အသစ်တွေရှိတယ်။ ဒါပေမယ့် မြန်မာပြည်ကို ပြန်မှာနေရတယ်။ ဒီမှာမရှိလို့။ ဒီမှာဝယ်လို့ရတဲ့စာအုပ်တွေကိုတော့ ပုံမှန်ဝယ်ဖြစ်တယ်။ ကျွန်တော်ထင်တာတော့ စာဖတ်တယ်ဆိုတာ အကုန်အကျနည်းတဲ့ ၀ါသနာတစ်ခုပါပဲ။ ကျန်တဲ့ဝါသနာတွေနဲ့ယှဉ်ကြည့်ရင်ပေါ့။

စာမဖတ်လို့မ၀ယ်ဘူးဆိုတဲ့သူတွေကိုတော့ ဘာမှပြောစရာကိုမရှိပါဘူး။ အရင်ကတည်းက မကြိုက်လို့မ၀ယ်တာကိုး။ တကယ်စာဖတ်တဲ့သူတွေအနေနဲ့ကတော့ မနှမြောစေချင်ဘူး။ ကျန်တာတွေကို နှမြောလိုက်ပါ။ ငါးကျပ်တစ်ဆယ်ကို စာအုပ်ဝယ်ဖို့မနှမြောလိုက်ပါနဲ့။ တစ်လကို ၁၀ ဖိုးလောက်ဝယ်ကြရင်တောင် စာအုပ်ဆိုင်တွေ အခြေအနေပြန်ကောင်းလာနိုင်သေးတယ်။ မဟုတ်ရင်တော့ နောက်ဆိုရင် စာအုပ်ဆိုင်မှာ ဘာစာအုပ်မှရောင်းတာမြင်ရမှာမဟုတ်တော့ဘူး။

Writers Review

မြန်မာပြည်ရဲ့ စာရေးဆရာလောကမှာဆိုလည်း မျိုးဆက်ပြတ်သွားပြီ။
နောက်ထပ်လူတော်တွေထပ်မထွက်လာတော့ဘူး။ ကဗျာမှာတော့ မျိုးဆက်မပြတ်သေးဘူး။ ကျန်သေးတယ်။ စာရေးဆရာလောကမှာတော့ Ctrl+C, Ctrl+ V တွေသိပ်များလာတယ်။ ဖတ်လိုက်တာနဲ့ ဘယ်စာအုပ် ဘယ်အကြောင်းက ဘယ်လိုခိုးထားသလဲသိသာနေတဲ့စာတွေများလာတယ်။ စာရေးဆရာဆိုတာ ကျန်တဲ့အကြောင်းအရာတွေထဲက ကူးရေးတာ ပြဿနာမဟုတ်ပေမယ့် နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ စာအုပ်ထဲက ပြန်မကူးသင့်ဘူး။ ပုံစံတူတွေ ပြန်မပွားသင့်ဘူး။ စာဖတ်တဲ့လူတွေလောက်မှ ဖတ်မထားတဲ့ စာရေးဆရာတစ်ယောက်ရဲ့စာကို ဖတ်စရာအကြောင်းကိုမရှိဘူး။ (ကျွန်တော့်အမြင်ပါ။ ပြည်သူ့သဘောထားတော့မဟုတ်ပါဘူး။)


Future Plan

စီးပွားပျက်ကပ်ကလည်းနောက်ထပ် ၁၀ နှစ်အတွင်းမှာ ထပ်ရှိနိုင်တယ်ဆိုလို့ ပိုက်ဆံလေးဘာလေးစုမှလို့ စိတ်ကူးထားတယ်။ ကိုယ်အခုလုပ်တတ်တာနဲ့ဘာမှမဆိုင်တဲ့ အလုပ်တစ်ခုခုကိုလည်း နောက်ဆယ်နှစ်လောက်မှာ လုပ်နေရနိုင်တယ်။ Pendulum swing ကပိုကျယ်လာပြီလို့ ပြောကြတယ်။ ဘ၀ဟာ အရင်လို အသေကြီးမဟုတ်ဘဲ flexibility ဖြစ်ရမယ့် အပိုင်းတွေက ပိုကျယ်ပြန့်လာပြီ။ သိပ်ပြီး ရှေးရိုးစွဲကြီးနေလို့မရတော့ဘူး။ အလိုက်သင့်ပြောင်းလဲရတယ်။အရင်တုန်းကထားခဲ့တဲ့တန်ဖိုးတွေလည်းအတော်လေးပြောင်းလဲသွားတယ်။ အတွေးအခေါ်အယူအဆမတူညီမှုတွေကိုလည်းပိုပြီး လေးစားလာတယ်။ အားလုံးညီညွတ်နေရင် ပျင်းစရာကြီး။


Chaos

ဒီနှစ်မှာ ကဗျာတွေပဲလှိမ့်ရေးမယ်လို့စိတ်ကူးလိုက်ကာမှ သုံးလအတွင်းတစ်ပုဒ်လားရေးဖြစ်တယ်။ ပြီးတော့မကြိုက်လို့သိမ်းထားလိုက်တယ်။ ရသစာပေတွေကို များများရေးဖို့လည်းကြိုးစားတယ်။ ရေးလက်စ စာတွေက 40 MB လောက်ရှိတယ်။ အဆုံးမသတ်နိုင်ဘူး။ ခံစားရတာတွေရေးနေမိလို့ဖြစ်နိုင်တယ်။ မခံစားရတွေပြောင်းရေးကြည့်ဦးမယ်။ လန်ကာဝီကိုလည်း တပိုင်းကျန်နေသေးတာ ဟိုတလောကမှသတိရတယ်။ မှန်မှန်ကြီးတိုးတက်လာတဲ့ ကိုယ်အလေးချိန်နဲ့ အိပ်ချိန်ရယ်၊ စိတ်ချမ်းသာမှုရယ်နဲ့အချိုးချကြည့်ရင်တော့ ဘ၀ဟာ မျှခြေအနေအထားမှာရှိနေပါသေးတယ်။


Excuses

အခုလို စကားစမြည်ပြောကြတာ မြန်မာ့အလေ့အထတစ်ခုပါပဲ။ မမြင်ဖူးပေမယ့် ဒီစာကို ဖတ်လိုက်တဲ့သူတွေကလည်း ကျွန်တော့်အတွေ့အကြုံကို သိလိုက်ရတာပေါ့။ အချိန်ရရင် လင်းဒီပတို့ မယ်ကိုးတို့လို အနုပညာပါတာလေးတွေလုပ်ချင်တယ်။ အခုတလော အာရုံကောင်းကောင်းမစိုက်နိုင်တာနဲ့ ရသစာပေတွေမရေးဖြစ်ဘူး။ အဖေများနေ့အတွက် ကဗျာတစ်ပုဒ်ရေးမယ်လို့စိတ်ကူးထားတယ်။ နောက်တစ်ခုက ကျွန်တော့်သူငယ်ချင်း ယမကာလုလင်ကြီးများအတွက် အရက်နာကျတဲ့အကြောင်းကို ဆောင်းပါးရှည်ကြီးရေးထားတာကို health corner မှာတင်ရမယ်။ Technical Blog အတွက်ရေးလက်စတွေလည်း ဒီနေ့လက်စသတ်ရမယ်။ လုပ်ချင်သလောက် အချိန်မရှိတဲ့အခါ စိတ်ကို အတော်လေးရှည်ရှည်ထားရတယ်။

Role Models

အရင်ခေတ်ကလူတွေ၊ အထူးသဖြင့် ဆရာမြသန်းတင့်၊ ပါရဂူ၊ ကြေးမုံဦးသောင်း တို့ကို သိပ်လေးစားတယ်။ သူတို့က သိပ်ကို productive ဖြစ်တယ်။ ကျွန်တော်တို့ခေတ်မှာ ငချွတ်တွေက သူတို့လို တော်အောင်ကြိုးစားသင့်တယ်။ အထူးသဖြင့်အခုဆို မောင်စူးစမ်းတို့လူထုစိန်ဝင်းတို့လို elite တွေနေရာမှာ gap ဖြစ်နေတာသိသာတယ်။ သူတို့တွေက ပြည့်ဝတယ်။ ကျွန်တော်တို့ခေတ်မှာလည်း သူတို့လိုတော်တဲ့သူတွေရှိစေချင်တယ်။ ကမ္ဘာမှာဖြစ်နေတာတွေကို လူငယ်တွေသိဖို့ စေတနာနဲ့အလုပ်လုပ်တဲ့လူတွေရှိဖို့လိုတယ်။ စာရေးဖို့ကြိုးစားတဲ့လူတော်တွေကိုလည်း ရှေးလူတွေလို အစိုးရနဲ့လက်ပွန်းတတီးနေလို့ နာမည်ပျက်တာတွေမဖြစ်စေချင်ဘူး။ ကိုယ့်ဘာသာကိုယ် ဂုဏ်သိက္ခာရှိရှိရပ်တည်တာကောင်းတယ်။

Gossip

အခုဆို စာပေစီစစ်ရေးမဖြတ်ရတော့ဘူး။ ဒါပေမယ့် ငြိတာပါရင် အယ်ဒီတာ သိန်းငါးဆယ်၊ ထုတ်ဝေသူသိန်းငါးဆယ်လို့ကြားတယ်။ အဲဒီဥပဒေကို စဉ်းစားမိတယ်။ (တကယ်လို့ သိန်းတရာရှိရင် ဒီလမှာ အမေကဗျာတစ်ပုဒ်လောက်ထည့်ဖို့ကြိုးစားမိမလားမသိဘူး။)

Conclusion

ဥပဒေဆိုတာ စိတ်ထဲရှိတာ သတ်မှတ်လို့ရတာမျိုးမဟုတ်ဘူးလို့မသိသေးတဲ့လူတွေပြောတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဟာ နိုင်ငံတော်ဟောင်းနဲ့လည်းသိပ်မထူးပါလားဗျာ။ ။

Regards,
The Gardener

Notes: ဟိုရောက်ဒီရောက်တွေဖြစ်နေလို့ခေါင်းစဉ်ပြန်ခွဲလိုက်တယ်။
အဆုံးအထိဖတ်သွားပြီးမှ ဘာမှလည်းမဟုတ်ပါလားလို့အံ့သြသွားစေချင်တာ။ အင်ဒီဝါးဟိုး ဒါရိုက်တာလုပ်ပြီး ဘာမှမဟုတ်တဲ့အခန်းကိုပဲ တစ်နာရီလောက်ရိုက်ထားတာမျိုးလေ။ ငြီးငွေ့စေတဲ့ရသတစ်မျိုးပေါ့။




Peace B with U.

Wednesday, December 22, 2010

လောလောဆယ် ဖြတ်မျဉ်းများ။

လောလောဆယ် ဖြတ်မျဉ်းများ။

ကမ္ဘာပြားပြီ။
အခု The world is flat ကို ဆရာကျော်ဝင်းဘာသာပြန်ထားတာ ဖတ်ရင်း ... တော်တော်ဒုက္ခရောက်နေတယ်။ မြန်မာစာကို မြန်မာနားမလည်တာတွေပါနေတယ်။ အင်္ဂလိပ်စကားလုံးကို ဘာသာပြန်ဖို့ခက်တာတွေကို အတင်းကြီးပြန်ထားတာတွေလည်းတွေ့တယ်။ ခေါ(လ)စင်တာဆိုတော့ Call centre ကိုဆိုလိုဟန်တူတယ်။ နောက်ဖေးရုံးခန်းဆိုတာတော့ ခန့်မှန်းနေတုန်းပဲ။ ဆုပ်ဆုပ်ကိုင်ကိုင်မပြနိုင်တဲ့အရာ ဆိုတာလည်းပါတယ်။ သေချာပါတယ်။ ကျွန်တော် The world is flat မူရင်းဝယ်ပြီး တိုက်ဖတ်ကြည့်တာပိုအဆင်ပြေမယ်။ ဘာသာပြန်အခက်အခဲကိုပြောချင်တာပါ။ မြန်မာပြည်မှာ လိုအပ်တဲ့စာအုပ်တွေ ဘာသာပြန်ပေးနေတဲ့ကျေးဇူးကိုလည်း အသိအမှတ်ပြုပါတယ်။ တတ်နိုင်ရင်တော့ အဲဒီလို နားလည်ရခက်တဲ့စာလုံးတွေနောက်မှာ မူရင်း စကားလုံးလေးကို အင်္ဂလိပ်လိုလေးများရေးပေးလိုက်ရင် ပိုပြီးသဘောပေါက်လွယ်သွားမယ်ထင်တယ်။ အဲဒီစကားလုံးလေးတွေမသိရုံနဲ့ မူရင်းရသတော့မပျောက်ပါဘူး။ ဒါပေမယ့် စာပေဗိမာန်စာမူဆုရတဲ့စာအုပ်ကြီးကို ဒီထက်ပိုမျှော်လင့်တာတော့အမှန်ပဲ။


ဒီဘိုနိုးနှင့်လေ့ကျင့်ခန်းများ
ဒီဘိုးနိုး ...ဆိုတဲ့သူကိုလည်း အတော်လေး လေးစားတယ်။ သူ့ကို six thinking hats အယူအဆမူပိုင်ခွင့်နဲ့ပတ်သက်ပြီး သူတက်ခဲ့တဲ့ကျောင်းက ဒီဘိုနိုးထွင်တာလား၊ ကျောင်းက ထွင်ပြီးသားကို သူက ချဲ့ထွင်တာလားဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားတာ ဟိုတလောက ပြန်ရှာဖတ်ကြည့်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။ ဟိုတစ်ပါတ်က စာကြည့်တိုက်မှာ စာအုပ်တွေ နှစ်ဆငှားခွင့်ပြုနေတဲ့အတွက် အပို ထပ်ငှားလာတာ Master thinker's handbook ဆိုတာလည်းပါတယ်။ ဒီဘိုနိုးရေးတာပဲ။ စာအုပ်ကို ဖေဖော်ဝါရီလမှာ မြန်မာတစ်ယောက်ငှားသွားသေးတယ်လို့ ညပ်နေတဲ့ဖြတ်ပိုင်းအရသိရတယ်။ အဲဒီစာအုပ်မှာတော့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေနဲ့ Thinking Technique တစ်ခုလုပ်ထားတာကို တွေ့ရပါတယ်။ BFT လို့ခေါ်ပါတယ်။ Body Frame Thinking ပါ။ Object-Oriented Concepts တွေနားလည်ရင် ခဏလေးနဲ့နားလည်သွားပါမယ်။ သူက ရိုးရှင်းထိရောက်တာတွေ အများကြီးရှိပါတယ်။ ၀ါသနာပါရင် ကိုယ့်ဘာသာကိုယ်ဝယ်ဖတ်ပါ။ ငှားဖတ်ပါ။

On Bullshit
အဲဒီစာအုပ်လည်း အတော်လေးခိုးခံထိထားတယ်။ On trace ဆိုတာတွေချည်းပဲ။ စင်ကာပူက စာကြည့်တိုက်တွေမှာ အခိုးအခံရဆုံးစာအုပ်များလားမသိဘူး။ Essay ရှည်ဖြစ်တယ်။ Reserved လုပ်ထားတဲ့ ပိုက်ဆံကာမိအောင် scan ဖတ်ထားလိုက်တယ်။ (Library Blog ဘက်မှာတင်ရမယ်။) စင်ကာပူမှာ လူများပစ္စည်းအချောင်လိုချင်တဲ့သူတော်တော်များတယ်။ မယုံရင် အိုင်ဖုန်းလေးပဲ ချထားကြည့် ပြန်လာမပေးတော့ဘူး။ အဲဒါ ဖော်ရိန်းတဲလန့်(Foreign Talent)က ပြန်လာမပေးတာလား၊ နိုင်ငံသားက ပြန်လာမပေးတာလား စစ်တမ်းတော့ကောက်သင့်တယ်။ ပြောချင်တာက (ပိုက်ဆံအိတ်ပျောက်လို့ ကဒ်ပါသွားတဲ့သူတစ်ယောက်ရဲ့အတွေ့အကြုံအရ)  ကောက်ရတဲ့ အိုင်စီကို အသုံးပြုပြီး လိုင်ဘရီမှာ စာအုပ်တွေခိုးသွားလို့ ပြန်လျော်ပေးရတာမျိုးလည်းရှိတယ်လို့ကြားသိရတယ်။ အာလားမား။

Holiday Mood
ရုံးမှာ အလုပ်လုပ်ရခက်လာတယ်။ အကုန်လုံးက ခွင့်ယူဖို့တွေပဲတွေးပြီး မေးလ်ပြန်ဖို့တောင် ဖုန်းဆက်ပြီးပြောရတယ်။ ... ဒီဇင်ဘာလဟာ အလုပ်လုပ်ဖို့ မသင့်တော်တဲ့လဖြစ်တယ်လို့တွေးမိတယ်။

Mentalists
အဲဒီစုံထောက်ကားကို နှစ်ပါတ်ဆက်တိုက်ကြည့်လိုက်တာ Season 3 (Episodes ၅၅ နီးပါးအထိကြည့်ပြီးပြီ)တစ်ဝက်ကျိုးတဲ့အထိပြီးသွားပါပြီ။ စုံထောက်ကားကြိုက်တဲ့သူတွေသိပါတယ်။ ကြည့်လို့ကောင်းပါတယ်။ အတော်လေးစိတ်ဝင်စားစရာကောင်းတယ်။ Season တစ်ခုကို ဒီဗီဒီဝယ်ကြည့်ရင်တော့ ၅၀၊ ၆၀ လောက်ကျမယ်။ ဒေါင်းလုပ်ဒ်လုပ်လို့ရတဲ့နေရာတွေက ခဲရာခဲဆစ်ဒေါင်းပြီးကြည့်လိုက်မယ်ဆိုရင် ပိုက်ဆံ ၁၅၀ လောက် အပိုမသုံးဖြစ်ဘူးဆိုပြီး အတော်လေးကျေနပ်သွားနိုင်တယ်။

Ladies and gentlecars
Ladies and gentlemen ကို Cars ဆိုတဲ့ကာတွန်းကားထဲမှာ (သူတို့က ကားလောကသားတွေမို့လို့) လေဒီအင်န်ဂျန်ထယ်ခါးစ် ဆိုပြီး ကားပြိုင်ပွဲမှာအဖွင့်မှာအော်ပါတယ်။ အတော်လေး သဘောကျမိပါတယ်။ မြန်မာပြည်ကထွက်လာခါနီးမှာတစ်ခေါက်ကြည့်ပြီးသားကို အခုတစ်ခါ revision ပြန်ကြည့်ပါတယ်။ ကာတွန်းကားတွေဟာ ကျောင်းစာလိုမဟုတ်ဘူးဆိုတာသေချာသွားပါတယ်။ ကျောင်းစာတွေဆို မေ့သွားသည့်တိုင်အောင် ပြန်ဖတ်ကြည့်ဖို့စိတ်မကူးပါဘူး။ ငယ်တုန်းကသင်ပေးလိုက်တဲ့ Gates 48 ခုလောက်ပါတဲ့ logic diagram လေးမမှတ်မိလို့ ပြန်ရှာကြည့်နေတယ်ဆိုတာမျိုး ဘယ်တော့မှ မဖြစ်ပါဘူး။ 

How to train your Dragon
ဒီအပါတ်ထဲမှာ Revision ပြန်ဖြစ်တဲ့နောက်ထပ် ကားတွန်းကားတစ်ကားပါ။ အရင်တစ်ခေါက်ကြည့်တုန်းက စာတန်းမထိုးလို့ အကုန်လုံးမရယ်လိုက်ရတာကို စာတမ်းထိုးတာထပ်ကြည့်ပြီး အပြည့်အ၀ရယ်လိုက်ပါတယ်။ Dreamworks Animation ကို လက်မနှစ်ချောင်းထောင်ပါတယ်။ အဲဒီကားထဲမှာ ဟစ်ကပ်(ဖ)(Hiccup ) ထက် the Night Fury "Toothless" ပိုသဘောကျပါတယ်။ ဇာတ်လမ်းတွေကို ကာတွန်းကားတွေလောက်ကို အနုပညာမြောက်အောင်ရိုက်ဖို့ခက်ပါတယ်။ အထူးသဖြင့် ကာတွန်းမှာ စိတ်ကူးက ကွန့်မြူးချင်သလောက်ကွန့်မြူးလို့ရတဲ့အတွက် ပိုပြီး စိတ်လက်ပေါ့ပါးပါတယ်။ နောက်တစ်ခုက သတိထားကြည့်ရင် ကျွန်တော်တို့ဟာ logic ထဲမှာပိတ်မိနေတာကြာပါပြီ။ ဒီလိုဆိုရင် ဒီလိုပဲ အသေမှတ်ထားတယ်။ ဥပမာ နတ်ဆိုးဆိုပါတော့ ...။ ရုပ်ဆိုးဆိုးကောင်ပဲပြေးမြင်ကြတယ်။ ကျမ်းစာအရဆိုရင် စာတန်ဟာ ဘုရားသခင်လောက်နီးပါး ရုပ်ဖြောင့်တဲ့ နတ်သားလို့ဆိုတယ်။ ကိုးရီးယားကားထဲက မင်းသားထက်ချောတဲ့ဗီလိန်လိုဖြစ်နေပြီ။.. အဲဒီလိုကိစ္စမျိုးတွေရှိတယ်။ ထင်နေတာကြီးနဲ့ပိတ်မိနေတဲ့စိတ်တွေကို relax လုပ်ဖို့ ကာတွန်းကားများများကြည့်သင့်တယ်။ ကာတွန်းကားထဲမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ နဂါးကလည်း ပြုံးပြချင် ပြုံးပြမယ်။ ချစ်စရာကောင်းချင်လည်းကောင်းနေမယ်။ သာမန် အခြေအနေမှာ လက်မခံနိုင်တဲ့ကိစ္စတွေကို ကာတွန်းကားထဲမှာတော့ လက်ခံလိုက်ရတာပဲ။ ဘ၀ကြီးကလည်း ကာတွန်းကားလိုပဲ။ ကိုယ်ဖြစ်စေချင်တာဖြစ်နေတာမဟုတ်ဘူး။ သူဖြစ်ချင်သလိုဖြစ်နေတာကို လက်ခံပေးနေကြရတာပဲမဟုတ်လား။

Inception
အိမ်မက်ထဲမှာ အိမ်မက်ဆက်မက်ကြစို့ လို့ ကျောင်းမှာတုန်းက ကဗျာတစ်ပုဒ်ရေးဖူးတယ်။ ၂၀၀၂ လောက်က။ အခုတော့ ဒီဒါရိုက်တာကလည်း အိမ်မက်ထဲမှာ အိမ်မက်ကို အကွက်ဆင်ပြီးမက်ဖို့ကြိုးစားတာကိုတွေ့ရတယ်။ Impressive!!!စိတ်ရှည်လက်ရှည်ကြည့်ဖို့တော့လိုတယ်။ Zသိမ်းပိုင်းကို အရင်ကြည့်ထားတဲ့အတွက် ရှေ့ပိုင်းကိုပြန်ကြည့်လိုက်တယ်။ ဒါကလည်း မြန်မာ့ရိုးရာ ရုပ်ရှင်ရိုက်ကူးရေးနည်းအရကြည့်တာပါ။ မြန်မာကားတွေဘယ်လိုရိုက်သလဲဆိုတာ သိကြလားမသိဘူး။ ကြုံတဲ့အခန်းအရင်ရိုက်တာပဲ။ ဒီနေ့ မိုးရွာနေတယ်ဆိုပါတော့ outdoors မရိုက်နိုင်ဘူး။ ဒါဆိုလည်းကိစ္စမရှိဘူး။ အိမ်ထဲမှာ ဇာတ်သိမ်းခန်းဖြစ်ဖြစ်အရင်ရိုက်ထားလိုက်တယ်။ တခါတလေ costumes အတွက် ပြင်ဆင်တဲ့သူက ဘယ်အ၀တ်အစားအသုံးပြုရမယ်ဆိုတာ မှတ်ထားတာမှားတဲ့အခါ ထိုင်နေရင်းနဲ့ အ၀တ်အစားတွေပြောင်းသွားတာမျိုးတွေပါ အံ့သြဖွယ်ခံစားရတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်တယ်ဆိုတာလိုမျိုးဖြစ်နေမလားမသိဘူး။ သူ့အရပ်နဲ့သူ့Z ဥိုခေရင် ပြီးတာပါပဲလေ။

Fringe
စုံထောက်ဇာတ်လမ်းတွဲနောက်တစ်ခုပါပဲ။ Coma ရနေတဲ့သူဆီက နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကို ကြိုးနဲ့သွယ်ပြီး ယူတယ်ဆိုလို့ အတော်စိတ်ဝင်စားသွားပါတယ်။ နောက်ပိုင်း အဲဒီလိုမျိုးတွေတော်တော်လုပ်လာပါတယ်။ အဗာတာ(Avator)မှာ အမြီးကနေ USB ဖြစ်နေတာမျိုးတွေ ...။ Monk တို့ Mentalist တို့လိုတော့ သိပ်ပြီး မဆွဲဆောင်နိုင်သေးပါဘူး။ Season တစ်ခုလောက်ကြည့်ပြီးမှ အမြင်ပြောင်းမလားမသိဘူး။

Fracture 
ဒါကတော့ Anthony Hopkins (Sir Philip Anthony Hopkinsကိုအားပေးတဲ့အနေနဲ့ကြည့်ဖြစ်သွားတာပါ။ သူကတော့ သရုပ်ဆောင်တဲ့နေရာမှာ ကွက်တိအကျဆုံးလို့ထင်ပါတယ်။ အထူးသဖြင့် psycho ဇတ်ကောင်စရိုက်တွေမှာ ပီပြင်လွန်းပါတယ်။ နောက်ပြီး သူပြောတဲ့ဟန်က အင်မတန်သေသပ်ပါတယ်။ ဂျူရီလူကြီးကိုပြန်ပြောတဲ့အခန်းဆို (အင်မတန်)x77 သဘောကျပါတယ်။ The Silence of the Lambs, ကတည်းက သူ့ကို မှတ်မိသွားတာပါ။ အဲဒီကားရဲ့အဆက်  Hannibal နဲ့ Red Dragon  တွေကိုလည်း အရမ်းကြိုက်ပါတယ်။ မြန်မာပြည်မှာ ဘွဲ့ရအလုပ်လက်မဲ့ဘ၀မှာ တစ်နေ့တစ်နေ့ ဗီဒီယို လေးကားကနေ ခြောက်ကားလောက်အထိကြည့်ပါတယ်။ အဲဒီအချိန်မှာတော့ ဘ၀ဆိုတာ ဗီဒီယိုကြည့်ခြင်းနဲ့ ထမင်းစားခြင်းပါပဲ။ နောက်ထပ် Hopkins ရဲ့မမေ့နိုင်တဲ့ကားကတော့ ၁၉၉၄ ကရိုက်တဲ့ Lengends of the fall ဖြစ်ပါတယ်။Tristan Ludlow အဖြစ်သရုပ်ဆောင်တဲ့ Brad Pitt အင်မတန်မှ နာမည်ရသွားတဲ့ကားဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းကို ခါတော်မီ မြန်မာကာတွန်းဆရာတွေက ကာတွန်းအဖြစ်ရေးလိုက်ပါသေးတယ်။ ဂျူးကလည်း ရုပ်ရှုင်ခံစားမှုဆောင်းပါးရေးလိုက်ပါသေးတယ်။ ကာတွန်းရော၊ ရုပ်ရှင်ခံစားမှုဆောင်းပါးပါ အတော်လေးကောင်းတယ်ဆိုတာမှတ်မိပါတယ်။ ကျောင်းစာတွေသာမေ့သွားတယ်။ ဒါမျိုးတွေကတော့ သေခါနီးတောင်မေ့ပါ့မလားမသိဘူး။ :P

Harry Potters 
ဟယ်ရီပေါ့ထားရဲ့ အမာခံပရိတ်သတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ်ကိုသာ သူ နင်းဘတ်တံမျက်စည်းပေါ်ကပြုတ်ကျလာရင် သေဖို့ရှိပါတယ်။ အားလုံးက အမာခံပရိတ်သတ်ဖြစ်နေလို့ အကျတော်မှာမဟုတ်ပါဘူး။ Harry Potters ကို စာအုပ်မဖတ်ဘဲ ဇာတ်လမ်းပဲကြည့်ရင် အရသာမရှိပါဘူး။ အများကြီးလွတ်သွားပါလိမ့်မယ်။ စာအုပ်ဖတ်ပြီး ပြန်ကြည့်ကြည့်ပါ။ အင်မတန်မှ အရသာရှိပါလိမ့်မယ်။ အခန်းမှောင်နေတာလေးကို နှစ်မျက်နှာလောက်ဖွဲ့တာနဲ့ တစ်နာရီခွဲလောက်ပဲကြာတဲ့ရုပ်ရှင်နဲ့တော့ ယှဉ်ပြောစရာမလိုအောင်ကွာပါတယ်။ ဂျေကေ ရိုးလင်း (J.K Rowling) အကြောင်းကိုလည်း မြန်မာပြည်မှာတုန်းက အင်တာနက်ရှင်းနယ်(International) မဂ္ဂဇင်းမှာဖတ်လိုက်ဖူးပါတယ်။ (အိမ်ကတော့ အင်္ဂလိပ်စာတိုးတက်အောင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာတွေဝယ်ပေးပေမယ့် တစ်ခါမှ အင်္ဂလိပ်လိုမဖတ်ဘူးထင်ပါတယ်။ ) ရိုးလင်းခမျာ အေးလို့ စာရေးဖို့ကို ကော်ဖီဆိုင်မှာသွားသွားရေးရတာ သနားဖို့တောင်ကောင်းခဲ့ပါတယ်။ သူ့သမီးလေးအတွက် ဆိုတဲ့ရည်ရွယ်ချက်ကိုလည်း သဘောကျပါတယ်။ မှော်လောကကြီးတစ်ခုကို ရေးဖို့ဆိုတာ အတော်ကြီးကိုခက်ပါတယ်။ မအောင်မြင်ခင်က ထုတ်ဝေသူခက်နေလို့ မြန်မာပြည်မှာပူစီနှစ်ကောင် စာအုပ်တိုက်တွေဘာတွေကိုတောင်ချဉ်းကပ်သေးတယ်လို့သိရပါတယ်။ တစ်ချို့နေရာတွေမှာ မလိုအပ်ဘဲကလေးတွေနားလည်အောင် အကြာကြီးရှုင်းပြနေတာတွေကလွဲရင် ဖတ်ကြည့်သင့်တဲ့စာအုပ်ပါပဲ။ စာအုပ်ဖတ်ပြီးရင် ဗစ်ဒီယို(hi buddy, xanthos , pls check my pronunciation ...haha) (video) ပြန်ကြည့်ကြည့်ပါ။ ဘယ်အရာမဆို ပြီးစလွယ်မလုပ်လိုက်ပါနဲ့။ ဇာတ်လမ်းကို အရသာခံဖို့ဆိုတာ သိသင့်တာသိမှ ပိုပြီး အရသာရှိပါတယ်။ (ချွင်းချက်ကတော့ မြန်မာကားတွေပါ။ ၀တ္ထုဖတ်ပြီးရင် ဆုတောင်းနေမိတာက ရုပ်ရှင်မရိုက်ပါစေနဲ့ ..ရုပ်ရှင်မရိုက်ပါစေနဲ့ဆိုတာပါပဲ။ မရိုက်လိုက်နဲ့... ရိုက်လိုက်တာနဲ့ ပျက်ပြီ။)

Regards,
The gardener in X'mas mood ..
Posted from office (I didn't say I wrote @ 0ffice :P)

NOTES:
ဒီပို့စ်ကတော့ ရုပ်ရှင်တွေ ဒီလောက်ကြည့်နေပြီးဘာမှရေးတာမတွေ့ရဘူးဆိုတဲ့သူတွေ တွေ့ရအောင်ပါ။ ရုပ်ရှုင်ဇာတ်လမ်းတွေကို ပြန်ပြောပြရတာဝါသနာပါပေမယ့် ရေးရမှတော့ အင်မတန်ပျင်းပါတယ်။ ငယ်တုန်းကတော့ ကြည့်ပြီးတဲ့ဇာတ်လမ်းတွေကို တစ်စုံတစ်ယောက်ဖတ်ဖို့ ပြန်ရေးထားပါတယ်။ ရှေ့မှာရေးသွားကြတဲ့ သစ္စာနီနဲ့ဂျူးတို့လို ရုပ်ရှင်ခံစားမှုမျိုးရေးနိုင်ဖို့ကြိုးစားခဲ့တာပါ။ နောက်တော့လည်း ပျင်းသွားတယ်ထင်ပါတယ်။ ဆက်ပြီးမကြိုးစားတော့ပါဘူး။

ကာတွန်းကားတွေအကြောင်းတော့ အားတဲ့အခါ အသေးစိတ်ရေးဖို့ရှိပါတယ်။ ရေးလက်စတွေလည်းရှိပါတယ်။ ကာတွန်းကားနဲ့ပညာရေး ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ အသက် ၂၉ နှစ်ပြည့်ခါနီးမှာ ဘ၀ကြီးကိုကြည့်တဲ့အခါ Walt Disney Blue ဖြစ်နေပါတယ်။ ကာတွန်းကားကလို မထော်မနမ်းတွေ အများကြီးပါတဲ့လောကကြီးမှာ သိပ်အများကြီးပျော်စရာမရှိသလို၊ စိတ်ညစ်စရာလည်းမရှိပါဘူး။

ဘ၀ဟာတိုတိုလေးပါ။
ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်လေးတွေကို သူများအတွက် မကုန်သွားအောင် သတိထားမယ်ဆိုရင် ဘ၀ကို ပိုပြီး ပြည့်ပြည့်၀၀ နေသွားတယ်လို့ပြောလို့ရမှာပါ။ သူများအတွက် အချိန်များများကုန်သွားတဲ့အခါ ... ကိုယ်လုပ်စရာရှိတာတွေ မလုပ်နိုင်တော့ဘူး။ တစ်ခါတစ်လေ ဘ၀မှာ ဂငယ်ကွေ့တွေက သိပ်ဝေးလွန်းတယ်။ လမ်းတစ်ခုခုရွေးတာမှားသွားရင် ပြန်လှည့်လာဖို့မလွယ်တော့ဘူး။ အကျင့်မပါသင့်တာတစ်ခုခု အကျင့်ပါသွားရင် ပြန်ပြုပြင်ဖို့မလွယ်တော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာတွေများများလုပ်ရင် စိတ်ချမ်းသာရမှာပါ။ ပျော်မယ်ထင်လို့ လုပ်နေတာတွေဟာ တကယ်တမ်းမှာ မပျော်ဖို့ပဲဖြစ်လာတတ်ပါတယ်။ ကိုယ့်အသိဉာဏ်ကိုလေးစားတဲ့ အလုပ်တွေမလုပ်ရင် ကိုယ့်ကိုယ်ကို လေးစားလို့မရပါဘူး။ ကိုယ့်ကိုယ်ကိုလေးစားလို့မရရင်တော့ ဒီဘ၀ဟာ Game over ဖြစ်သွားပါပြီ။ ဘ၀ဟာ တိုတိုလေးပါ။ ဒီ ဘ၀တိုတိုလေးထဲမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်စရာလို့ မထင်အောင်နေတတ်ဖို့ ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုမလဲ။ ဘ၀ကို အလောတကြီးသွားနေမယ့်အစား၊ ခဏလေးရပ်ပြီး ငါသွားနေတာမှန်ရဲ့လားလို့ ရပ်တွေးကြည့်ဖို့မကောင်းဘူးလား .....။ နောက်ဆုံးမှာ ကိုယ်တစ်ယောက်တည်းသွားရမယ့်လမ်းတွေရှိသေးတယ်။ ... တစ်ယောက်တည်းလျှောက်သွားရမှာဖြစ်လို့ တစ်ယောက်တည်း လမ်းဖြောင့်ဖြောင့်လျှောက်တတ်ဖို့လည်း လေ့လာဖို့လိုမှာပါပဲ။ ဒီနေ့အတွက်မေးခွန်းဟာ သင်တစ်ယောက်တည်း လမ်းဖြောင့်ဖြောင့်လျှောက်နိုင်ပြီလားဆိုတာပါပဲ။ အနားမှာ ဘယ်သူမှမရှိတော့ရင် နေလို့ရပြီလား။ Peace B With U all ...


Notes:Publish Post
post အတွက် ပုံကို yeyene ဆွဲထားတာ အတော်လေးသဘောကျပါတယ်။
ပုံကို သေချာကြည့်ရင် စာရေးထားတာကိုတွေ့ရပါလိမ့်မယ်။ ကြည့်ကြည့်ပါဦး။ Slim, Smart and Sexy Web Designer ရဲ့ Good,Great, and Gorgeous Image ဖြစ်ပါတယ်။ LOL.



Peace B with U.